manawphyulayNovember 25, 20101min1340
Speaker : Daw Khaing Khaing Tin (British Council Teaching Centre) Date : Friday 26 November 2010 Time : 5:00 to 6:00 p.m. Venue : British Council Library Registration : register online or at the library desk သင်နိုင်ငံခြားသို့ပြောင်းရွှေ့ရန်စီစဉ်နေပါသလား။ သင်နိုင်ငံခြားမှာ သွားရောက်ပညာသင်ကြားရန် စီစဉ်နေပါသလား။ တက္ကသိုလ် ကောလိပ်များ ရဲ့ ဝင်ခွင့်လိုအဎ်ချက် နဲ့ ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ချက်တွေ ပြည့်မှီဖို့ IELTS (International English Language Testing System) က […]


manawphyulayNovember 25, 20101min2679
လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို လက်ထပ်မှာလားလို့ […]


manawphyulayNovember 25, 20101min1130
လောကမှ ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြချင်ပါတယ်။ လူတွေရဲ့ ပြောင်းလဲမှု မြန်ဆန်ပုံလေးပေါ့။ ကောင်မလေးတစ်ယောက်ရဲ့အကြောင်းပါ။ သူဟာ လူတွေအားလုံးကို မုန်းနေတယ်။ နောက်ဆုံး သူ့ကိုယ်သူလည်း မုန်းတယ်။ ဘာလို့လဲဆိုတော့ သူဟာ မျက်မမြင်လေးတစ်ယောက်မို့လို့ပေါ့။ ဒါပေမဲ့ သူမ မုန်းတဲ့ထဲမှာ မပါဝင်တာကတော့ သူမရဲ့ချစ်သူ ကောင်လေးတစ်ယောက်ပဲရှိတယ်။ သူ့ချစ်သူဟာ သူ့နားမှာ အမြဲတမ်းနေပေးတယ်လေ။ တစ်နေ့တော့ သူ့ချစ်သူကို ပြောတယ်။ သူသာ ကမ္ဘာလောကကြီးတစ်ခုလုံးကို မြင်ရရင် ရှင့်ကို လက်ထပ်ပါမယ်လို့ ပြောတယ်။ တစ်နေ့မှာ တစ်စုံတစ်ယောက်က သူ့မအတွက် မျက်စိတစ်စုံ လှူဒါန်းခဲ့တယ်။ သူမဟာ ကမ္ဘာလောကကြီးရယ်၊ သူ့ချစ်သူရယ် အရာအားလုံးကို မြင်ခွင့်ရခဲ့ပြီလေ။ သူ့ချစ်သူကောင်လေးက ပြောတယ်။ အခု မင်း မြင်ချင်တဲ့ ကမ္ဘာလောကကကြီးတစ်ခုလုံးကို မြင်ရပြီနော်။ မင်း ငါ့ကို လက်ထပ်မှာလားလို့ […]


manawphyulayNovember 24, 20101min1875
စာမေးသော ဆရာသို့ ကျက်စာတွေ မင်းမကျက်ပါလ ကျက်ပါလဲ ညပ်စွာမရပါဟု ခက်ပါလှ တပည့်ရယ် “ဆရာ စိတ်မောပါဘိ ငေါက်သောအခါ မျက်ရည်လည်မိ အော်ခံရတော့ မျက်ရည်ကျရဲ့ မင်း ဘာကြောင့် ညံ့ရတယ်” ဆရာ မေးပြန်တော့ တပည့်ကလေး အဖြေ ထွက်လာတာ “နံနက်ဆို စောစောထရ အလုပ်သွားဖို့ ပြင်ဆင်ရနှင့် ကျောင်းတက်ရက်ရောက်ပြန်တော့ အချိန်ပိုင်းအလုပ်ပြေးရ အလုပ်ရှုပ်လို့ စာမကျက်သာတယ် ခက်ပါတယ် ဆရာရဲ့ ဝမ်းစာအရေး” တဲ့။ မနောဖြူလေး www.manawphyu.net


manawphyulayNovember 23, 20101min1101
ဖြစ်ချင်တာတွေ မြိုသိပ် ကြိတ်မှိတ်ခံစား ဒါ ဘဝတဲ့လား… လောကဒဏ်ကို အံတု ကမ္ဘာမြေကို ဗဟိုပြု လျှောက်ခဲ့တဲ့လမ်း ကြမ်းတမ်းနေပါလား…. လမ်းအစ လမ်းအဆုံး မျှော်ကိုးရင်း လျှောက်ခဲ့တဲ့လမ်း သာယာတော့မည်လား… မရေမရာ မသေမချာ အတွေးတွေနဲ့ စိတ်ကူးကိုပုံဖော် လောကကို ထုဆစ် ဆက်လျှောက်မည့်လမ်း ဖြောင့်ဖြူးလာပါလား… မှုန်ရီ ဝိုးတဝါးနဲ့ အကောင်းအဆိုး ဒွန်တွဲ ဖြစ်ခြင်း ပျက်ခြင်း မတည်မြဲ နင်လား လောကဒဏ် အားမတန် မာန်တင်း ကြိုးစားဆက်လျှောက် အောင်မြင်မှုက လက်တစ်ကမ်းမှာ မနှေးမမြန် ရောက်တော့မည်ပါတကား……


manawphyulayNovember 23, 20101min1992
သူငယ်ချင်း၊၊ ၊၊ “သူငယ်ချင်း”ဆိုတဲ့ မြန်မာဝေါဟာရကို ပါဠိစာပေမှာ‘သဟာယက’လို့ခေါ်ပြီး၊ အင်္ဂလိပ်မှာတော့ Friend, သီရိလင်္ကာလို ‘ယာလုဝ’လို့ခေါ်ပါတယ်၊၊ လူတိုင်းအတွက် အပေါင်းသင်း သူငယ်ချင်းဆိုတာ အရမ်းအရေးကြီးသလို ရှိဖို့လည်း လိုအပ်ပါတယ်၊၊ အပေါင်းအသင်း သူငယ်ချင်း မိတ်ဆွေမရှိတာဟာ လူတစ်ယောက်အတွက် ပတ်ဝန်းကျင်ဝင်ဆံမှု နည်းတာကို ပြရာလည်းရောက်ပါတယ်၊၊ လူတစ်ယောက်မှာ မိသားစုအသိုင်းအဝိုင်းကောင်းရှိဖို့ လိုအပ်သလို သူငယ်ချင်း မိတ်ဆွေကောင်းရှိခြင်းသည်လည်း တိုးတက်ဖို့ လမ်းကောင်း ဖြစ်ပါတယ်၊၊ နေ့စဉ်ဘဝ နေထိုင် လှုပ်ရှားမှုတွေမှာလည်း သူငယ်ချင်း မိတ်ဆွေကောင်းရှိသူတွေဟာ တကိုယ်တည်း သမားတွေထက် ပိုအောင်မြင်တတ်ပါတယ်၊၊ ဘဝပျော်ရွှင်မှု အပိုင်းကဏ္ဍတွေမှာဆိုရင် သူငယ်ချင်း မိတ်ဆွေ ကောင်းရှိသူများမှာ သူတကာထက် ပိုပျော်ရွှင်ရတတ်ပါသေးတယ်၊၊ တစ်ကိုယ်တည်းသမား တွေ အတွက်တော့ အဆိုးအကောင်းခံစားချက်ကို မျှဝေစရာလည်း မရှိ၊ တိုင်ပင်စရာလည်း မရှိနဲ့ အ တော်ကို […]


manawphyulayNovember 21, 20101min1863
(ဒီနေ့တော့ ဆရာတော် ဦးဇောတိကရဲ့ ဘာကိုတန်ဖိုးထားရမလဲ စာအုပ်ထဲက ကာလမ သုတ်ကို ဝေမျှလိုက်ပါတယ်။) ကိုယ့်မှာ ကိုယ်ပိုင်ဉာဏ်နဲ့ ထိုးထိုးထွင်းထွင်း သိဖို့မြင်ဖို့ (self-knowledge) နဲ့ creativity ဆိုတာ ဖြစ်လာဖို့ဆိုတာ သတ္တိရှိရှိ ရိုးရိုးသားသား ရင်ဆိုင်မှပဲ ရတယ်။ အဲဒီလို မဟုတ်ပဲနဲ့ မျက်ကန်းယုံကြည်မှုနဲ့ နေမယ်၊ ပုံသေကားချ မှတ်သားထားတဲ့ အတိုင်းပဲ ကိုယ့်ဘဝ ကိုယ်နေသွားမယ် ဆိုရင် ကိုယ့်မှာ new creativity ဆိုတာဖြစ်လာမှာ မဟုတ်တော့ဘူး။ အမှန်တော့ အမှန်တရားတစ်ခုခုကို ကိုယ်ပိုင်ဉာဏ်နဲ့ နက်နက်နဲနဲ ထိုးထွင်းပြီး သိမြင်လိုက်ရတာဟာ လူသားတစ်ယောက်အနေနဲ့ ရနိုင်တဲ့ အကောင်းဆုံးအရာ ဖြစ်တယ်။ အမှန်တရားတစ်ခုဟာ သူ့ဟာသူ မှန်နေပေမဲ့၊ ကိုယ်ကိုယ်တိုင်က ကိုယ်ပိုင်ဉာဏ်နဲ့ မသိသေးဘူးဆိုရင် အဲဒါ ကိုယ့်အတွက်တော့ အမှန်တရား […]


manawphyulayNovember 21, 20101min1301
အင်ဂျင်နီယာ—–“ဘာများ ဝန်ဆောင်ပေးရမလဲ ခင်ဗျာ။” ဧည့်သည်——–“နှလုံးသားမှာ အချစ်ကို တပ်ဆင်မလို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လို တပ်ဆင်ရမလဲဆိုတာကို တဆင့်ခြင်း ပြောပြလို့ရမလား။ အင်ဂျင်နီယာ—–“ရပါတယ်. . .တပ်ဆင်ဖို့အဆင့်သင့်ဖြစ်ပြီလား။” ဧည့်သည်———“ဟုတ်ကဲ့။ အဆင်သင့်ဖြစ်ပါပြီ.ဒါပေမဲ့ နည်းပညာတွေကို သိပ်နားမလည်လို့ ပထမဦးဆုံး ဘာလုပ်ရမလဲ ဆိုတာကို ပြောပြပါလား။” အင်ဂျင်နီယာ—-“ပထမအဆင့် အနေနဲ့ ရင်ဘတ်ကို ဖွင့်လိုက်ပါ။ နှလုံးသားကို ရှာတွေ့ပြီလား။” ဧည့်သည်——“တွေ့ပါပြီ။ ဒါပေမဲ့ တချို့ပရိုဂရမ်တွေ အလုပ်လုပ်နေတာ တွေ့ရတယ်။ သူတို့ အလုပ်လုပ်နေတဲ့ အချိန် အချစ်ကို တပ်ဆင်ရမှာ အခက်အခဲ ရှိနိုင်လား။” အင်ဂျင်နီယာ—-“ဘာပရိုဂရမ်တွေ အလုပ်လုပ်နေသလဲ။” ဧည့်သည်——–“အင်း… ဒဏ်ရာဟောင်း၊ တစ်ကိုယ်ကောင်းဆန်စိတ်၊ မနာလို ဝန်တိုစိတ်၊ နာကျည်းစိတ်တွေက အလုပ်လုပ်နေပါတယ်။ အင်ဂျင်နီယာ—–“ကိစ္စမရှိပါဘူး. . .အချစ်ကိုတပ်ဆင်လိုက်တာနဲ့ အချစ် ဒဏ်ရာဟောင်းကို စစ်စတန်(system) […]


manawphyulayNovember 21, 20101min1180
ခုတစ်လော စိတ်ညစ်နေတာကို ပျော်အောင် ဖျောက်ရင်း ကျောင်းတုန်းက သူငယ်ချင်းတွေကို သတိရနေမိတယ်။ နင်တို့ကရော ငါကို သတိမှရသေးရဲ့လား။ ကျောင်းတက်ခဲ့စဉ် လေးနှစ်အတွင်း ငါလေ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ခံစားခဲ့ရတယ်သိလား။ ငါ့မှာ ငါ့အပေါ်အရမ်းကောင်းတဲ့ သူငယ်ချင်းတွေလို မောင်နှမတွေလို ဆက်ဆံတဲ့သူတွေနဲ့ တွေ့ခဲ့ရတယ်။ အဲဒီအချိန်တုန်းက ငါလေ နောင်တစ်ချိန်မှာ ဒီလိုဘဝကို ပြန်မရတော့ဘူးဆိုတာ သဘောပေါက်မိခဲ့ပါတယ်ဟာ။ ခုတော့ ကျောင်းကြီးကိုလည်း လွမ်းတယ်။ နင်တို့ကိုလည်း သတိရတယ်။ ငါ့အပေါ်မှာ ကျောင်းပြီးတဲ့အထိ ကလေးတစ်ယောက်လို နင်တို့ မြင်နေတုန်းနော်။ ဟော ဟိုတစ်လောက ထပ်တွေ့ကြတော့ နင်တို့က ငါ့ကို ပြောတယ်။ နင် ခုထိ လူကြီးမဖြစ်သေးပါလားတဲ့။ ဟွန်း ငါ တော်တော် စိတ်တိုသွားတယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ တွေ့တဲ့လူတိုင်းက ငါ့ကို […]


manawphyulayNovember 21, 20101min2667
လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကေကိုယ်ပိုင်တဲ့လမ်းကလေး လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ […]


manawphyulayNovember 21, 20101min1371
လင်းပြီး မမှောင်၊ အေးမြမေတ္တာ နေရောင်ဖျော့ဆင်း၊ ညနေခင်းသို့ မာန်ကင်းချိုသာ၊ ဘွား မျက်နှာသည် ကြည်သာဘိခြင်း၊ ရင့်ကျက်ခြင်းဖြင့် အလှမာန၊ ဒေါသမောဟ တဏှာဆန္ဒ၊ ကင်းစင်ပလျက် လက်က ပုတီး၊ ပွားစည်းရွတ်ကြား နှုတ်တရားနှင့်၊ အဘွား မပြတ် နေပျော်တတ်၏။ ကွမ်းမြုံ့ငုံဝါး၊ ရေနွေးသောက်လျက် တရားပွေ့ပိုက်၊ အခါးကြိုက်ကာ ဘွားမျက်နှာသည်၊ ဇရာရိပ်တိုး အရွယ်မျိုးမို့၊ နိုးကြားမှုကင်း နုမျစ်ခြင်းတို့၊ ပကင်းရင့်နွမ်း ပါးရေတွန့်လျက်၊ ပပ်ကြားအက်နှင့်။ နုခြင်း လှခြင်း စိုပြေခြင်းတို့ အလျဉ်းကွယ်ပျောက်၊ ပင်အိုခြောက်ဟု တွေးထောက်ဆင်ခြင်၊ ဘွားကိုမြင်စဉ် မနောရင်ထဲ ကြည်နူးရိပ်ထင် ပြုံးပျော်ရွှင်မြဲ အိမ်အပြန် မနောအရိပ် မေတ္တာနဲ့ ကြိုဆိုလက်ကမ်း ဘွားအိုဘဝ၊ နေညိုစလည်း အလှဝေစု၊ အနုလက်ကျန် ရှင်သန်နေမြဲ၊ ဘွားရဲ့အပြုံး အလျှံဖိတ်ဖိတ်၊ မနော […]


manawphyulayNovember 21, 20101min1230
တန်ဆောင်မုန်းလသည် မြန်မာလများမှာ ရှစ်လမြောက်ဖြစ်ပြီး အောက်တိုဘာလနှင့် နိုဝင်ဘာလတွင် ကျရောက်ပါတယ်။ ဒီလမှာ ကထိန်အလှူပွဲတော်၊ မသိုးသင်္ကန်းရက်လှူပွဲ၊ ပံ့သကူပစ်ပွဲ၊ ကြာသင်္ကန်းကပ်လှူပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲတော်၊ ရှင်မာလဲပွဲတော်တို့ကို ကျင်းပတဲ့ တန်ဆောင်မုန်းလဆိုလည်း မမှားပါဘူးရှင်။ ကထိန်လို့ဆိုတဲ့နေရာမှာ သင်္ကန်းဖြတ်ခြင်း၊ ချုပ်ခြင်း၊ ဆိုးခြင်း၊ ခင်းခြင်း စတဲ့ ကထိန်မှုနှင့် စပ်ဆိုင်တဲ့အရာအားလုံးကို ခြုံငုံပြီး သုံးစွဲတဲ့ ဝေါဟာရတစ်မျိုးဖြစ်ပါတယ်။ ကထိန်သင်္ကန်းအလှူဟာ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ကြိမ်သာ အချိန်အခါနှင့် ပြုရသော ကာလဒါနဖြစ်ပါတယ်။ ကထိန်ပွဲတော်ကို ပုဂ္ဂလိက ကထိန်ပွဲ၊ ဘုံကထိန်ပွဲနှင့် ပစ္စည်းရှင်တစ်ဦးက မတည်ဦးစီးပြီး လူအများစုက ဝိုင်းဝန်းကူညီလှူဒါန်းသော ကထိန်လို့ခေါ်ဆိုပြီး ကျင်းပလေ့ရှိကြပါတယ်။ မြန်မာများရဲ့ ချစ်စရာ ဓလေ့ အလှူဒါနပြုတဲ့ပွဲလို့ ပြောလို့ရတာပေါ့။ ဒီလို လှူဒါန်းခြင်းဟာ မြို့ရွာနယ်ပယ်ဒေသအသီးသီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။ တန်ဆောင်တိုင်ဆိုရင် […]