manawphyulayJuly 15, 20101min2139
မိန်းကလေးများအတွက် သတိပြုစရာများပါ။ မနေ့က ကျွန်တော် အင်တာနက် သုံးဖို့ဆိုင်ကိုသွားတယ်…ကြည့်မြင်တိုင်ဘက်က ဆိုင်တစ်ပေါ့ဗျာ…. ဆိုင်လေးက တော်တော်သန့်တယ်… ဆိုင်ရဲ့ဖွဲ့စည်းပုံရော … သုံးထားတဲ့အရောင်တွေရော… မိုက်တယ်ဆိုပါတော့ဗျာ။ ဒီလိုနဲ့သုံးနေရင်း နာရီဝက်လောက်ကြာတော့ ကျွန်တော့်ဘေးစက်ကိုလူတစ်ယောက် လာသုံးတယ်ဗျ…. သူဟာသူသုံးလိုက် ဆိုင်မှာရှိတဲ့သူနဲ့သိတဲ့ ကောင်လေးတွေကို သူသုံးနေတဲ့စက်ကိုခေါ်ပြလိုက်နဲ့….. အော်ကျယ်အော်ကျယ်နဲ့ပေါ့…. ကျွန်တော်လည်းကိုယ့်အာရုံနဲ့ ကိုယ်မို့လို့သူ့ကို ပထမတော့သတိမထားမိဘူး…. နောက်တော့ ကိုယ့်ဆရာကဘယ်ဟုတ်မလဲဗျ … vzo ကိုဖွင့်ပြီး web cam ကိုသူ့ခြေမ နဲ့ ခြေညှိုးကြားမှာညှပ်ပြီး အောက်ကနေ ရှေ့ကကောင်မလေးတွေကိုကြည့်နေတာကိုဗျ…. ကောင်မလေးတွေက စကပ်တိုလေးတွေနဲ့ဆိုတော့ ကိုယ့်ဆရာသမားက အကြိုက်တွေ့နေတော့တာပဲ….ဓါတ်ပုံတွေလဲရိုက်လိုက်တာတဖျပ်ဖျပ်နဲ့….. နောက်တော့ ကောင်မလေးတွေပြန်သွားတယ်… ကျွန်တော်လည်းသူ့ကို သတိထားလိုက်မိတယ်… သူလုပ်တာကို ကိုယ်ကမြင်နေပေမယ့် ဟိုကောင်မလေးတွေက လုံးဝမသိဘူး… နောက်ထပ်ရောက်လာတဲ့ကောင်မလေးကတော့ ထမီတွေနဲ့ဆိုတော့ ငနဲကတွက်ချေမကိုက်တော့ဘူး… နောက်ကျွန်တော်လည်းသူ့ကို သေချာဘုရှိုးရှိုးလိုက်တယ်… ခဏကြာတော့ငနဲထလစ်သွားတယ်… […]


manawphyulayJuly 15, 20101min1300
စာဖတ်ရင်း စကားလုံး အသုံးအနှုန်း ကောင်းလေးတွေတွေ့လျှင် စာအုပ်ထဲမှာ ကျွန်တော်တို့ မျဉ်းသားမိတတ်ကြသည်။ အကယ်၍ ကိုယ့်ဘဝ ကိုယ့်အတွေ့အကြုံနှင့် တိုက်ဆိုင်တူညီလွန်းသော၊ ကိုယ့်ခေါင်းထဲက မပီမသ အတွေးကို ပီပီသသ လှလှပပကြီး ဖော်ပြလိုက်သော စာပိုဒ်မျိုးအရေးအသားမျိုး တွေ့လျှင်မှု ဝမ်းသာ၍ မဆုံးတော့။ အကြောင်းကြုံကြိုက်လျှင် အဲ့သည်နှစ်နှစ်ခြိုက်ခြိုက် စာပိုဒ်မျိုးကို ကျွန်တော်တို့ ကိုးကားပြောဆိုမည်။ ကိုယ်တိုင်စာရေးသားသည့်အခါ ငှားရမ်းယူငင် သုံးစွဲကြမည်။ တကယ် အံဝင်ခွင်ကျ အနေအထား ကြုံ၍ကား စကားကောင်းတစ်ခုကို မသုံးစွဲဘဲ လုံးဝမနေနိုင်။ သို့ဖြင့်ပင် ရှေးလူတွေ ပြောခဲ့သည့် ထိမိသော စကားနှင့် ယင်းတို့က သယ်ဆောင်လာသည့် ထူးခြားသော အတွေးများသည် နောက်လူတွေ လက်ဆင့်ကမ်း ကိုးကားခြင်းဖြင့် အဓွန့်ရှည်တည်တံ့နေကြခြင်းဖြစ် သည်။ စကားတစ်ခုကို ကိုးကားဖန်များသည့်အခါ ရိုးသွားသည် ၊ အာနိသင်ပြယ်သွားသည်။ […]


manawphyulayJuly 15, 20101min25311
ကျွန်မရဲ့ ဘဝတစ်လျှောက် တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဘူးတဲ့ တွေ့ကြုံမှုတစ်ခုကို တွေ့ကြုံခဲ့ပါတယ်။ ဒါဟာ ဘာလဲဆိုတော့ ဗုဒ္ဓဘာသာမှာတော့ တစ်ခါဖူးမှ မကြားဖူးပါဘူး။ တရုတ်အခေါ်ဆိုရင်တော့ တစ္ဆေကြီးပွဲ ပုံစံမျိုးပေါ့။ တူ မတူတော့ မသိပါဘူး။ နှစ်စဉ် ကျင်းပခြင်းလည်း မရှိခဲ့ပါဘူး။ ပြောရရင် ‘ဒီလို အလှူဒါနမျိုးကို ခုမှသာ မြင်ရကြုံရခဲ့ ရခြင်း ဖြစ်ပါတယ်။ ရွှေတိဂုံဘုရားအသင်းမှာ တစ်ပတ်တစ်ခါဆိုသလို တံမြက်စည်းလှဲ၊ သန့်ရှင်းရေးလုပ်၊ ဘုရားပန်းလဲ ဆိုသလို သွားရောက်ကုသိုလ်လုပ်ဖြစ်ခဲ ့ပါတယ်။ ထူးထူး ခြားခြား ပြီးခဲ့တဲ့နှစ် လွတ်လပ်ရေးနေ့မှာ ရွှေတိဂုံဘုရားသန့်ရှင်းရေး အသင်းက ကြီးမှူးပြီး မကျွတ်မလွတ် သေးတဲ့ နာနာဘာဝတွေကို အစာသွားကျွေးမယ်လို့ ပြောပါတယ်။ မနောလည်း တစ်ခါမှ မကြားဖူး၊ မမြင်ဖူးလို့ သွားကြည့်ချင်တာလည်းပါတယ်လေ။ ‘ဒါကြောင့် လိုက်သွား ခဲ့ပါတယ်။ […]


manawphyulayJuly 15, 20101min970
ကမာ္ဘတစ်ဝှမ်း လူတွေ သေဆုံးရခြင်း၏ အဓိက အကြောင်းများထဲတွင် ဆေးလိပ်သောက်ခြင်းဟာ တစ်ခု အပါအဝင် ဖြစ်ပါတယ်.. အမေရိကတွင် နေ့စဉ် ပျမ်းမျှ လူ ၁,၀၀ဝ ခန့် ဆေးလိပ်သောက်ခြင်းကြောင့် သေဆုံးနေပြီး၊ သေဆုံးသူ ၆ ဦးတွင်၁ ဦး မှာ ဆေးလိပ်ကြောင့် ဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟု ဆိုရာတွင် စီးကရက်၊ ဆေးတံ၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်စတဲ့ ဆေးရွက်ကြီးကို နည်းအမျိုးမျိုးဖြင့် ရှူရှိုက်သောက်သုံးခြင်းများ ပါဝင်ပါတယ်.. ဆေးလိပ်သောက်ခြင်းဟာ ကြီးစွာသော ကျန်းမာရေး ခြိမ်းခြောက်မှုကို ဖြစ်စေရုံသာမက လူမှုဆက်ဆံရေးမှာလည်းအနှောက်အယှက် တစ်ခုဖြစ်ပါတယ်.. ဆေးလိပ်သောက်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းသို့ ဓာတုပစ္စည်း အမျိုး ၄,၀၀ဝ ကျော်ဝင်ရောက်ပြီး ဇီဝကမ္မ လုပ်ငန်းစဉ်ကို ထိခိုက် ပျက်စီးစေပါတယ်.. ၎င်းတို့ထဲတွင် နီကိုတင်းဓါတ် (Nicotine)၊ ကတ္တရာ […]


manawphyulayJuly 15, 20101min1400
လူရယ်လို့ဖြစ်လာရင် ဘဝမှာ အလိုချင်ဆုံးအရာ၊ အလိုအပ်ဆုံးအရာဟာ ဘာလဲ။ ပြီးတော့ ငါဘာဖြစ်ချင်တာလဲ။ ဘယ်လမ်းသွားချင်တာလဲ။ လူတစ်ဦးနဲ့တစ်ဦးဟာ မတူပါဘူး။ အရာအားလုံးကွဲပြားခြားနားနေတယ်။ တခြားသူတွေ တွေးတာနဲ့ ကိုက်ညီအောင်ရယ်လို့ ကိုယ့်ရည်မှန်းချက်ကို မချမိစေနဲ့။ ကိုယ်အမှန်တကယ် ဘာစိတ်ဝင်စားလဲ။ ဘာလုပ်ချင်လဲ။ ဘာဝါသနာပါလဲ ကိုယ်နဲ့ကိုက်ညီတာသာ လုပ်ပါ။ ဒါမှလည်း ဘဝမှာ ပျော်ရွှင်မှုဆိုတာ ခံစားရမယ်လေ။ ဘဝဆိုတာ ပြောတော့သာ တိုတိုလေးဆိုပေမဲ့ ဒီခဏတာရနေတဲ့ဘဝမှာ စိတ်ညစ်စရာလည်း ကြုံရမှာပဲ။ စိတ်ချမ်းသာစရာလည်း တွေ့ရမှာဘဲ။ ကိုယ့်ဘဝမှာ ပျော်ရွှင်ဖို့အတွက်တော့ လုပ်သမျှတိုင်း အောင်မြင်လိုက်တာလို့ ဖြစ်စရာ မလိုပါဘူး။ ကိုယ့်ဘဝအပေါ် ကိုယ်မားမားမတ်မတ်ရပ်နိုင်ပြီး အကောင်အထည်ဖော်နိုင်ရင် ပြီးတာပါပဲ။ ကိုယ့်ဆုံးဖြတ်ချက် ကိုယ့်နေရာအတွက် ကိုယ်တာဝန်ယူနိုင်တယ်လို့ ခံစားတတ်ရင်လည်း ပျော်တာပါပဲ။ ကျွန်မတို အရင်တုန်းက ကိုယ့်ဘဝကိုယ် ဘယ်အရာမှ အလိုမကျခဲ့ဘူး။ စိတ်အားငယ်တတ်တဲ့အကျင့်ပေါ့လေ။ […]


manawphyulayJuly 14, 20101min1080
တစ်ခါက လင်မယားနှစ်ယောက် စကားအချေအတင်ပြောကြသတဲ့။ အဲ ယောက်ျား ဖြစ်သူက computer crazy၊ မိန်းမဖြစ်တဲ့သူကတော့ ဒီယောက်ျား ငါ့ကိုတော့ ကွန်ပျူတာလောက် အလေးမထားဘူးဆိုပြီး စကားနာထိုးတဲ့ စကားစစ်ပွဲတစ်ခု ဖန်တီးတဲ့အကြောင်းအရာလေး ဖြစ်ပါတယ်။ ကဲ… သူတို့ နှစ်ယောက်ပြောတဲ့ စကား တွေကို ကြည့်ကြပါဦးနော်။ မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။ ယောက်ျား။ ။ Set Default မိန်းမ။ ။ ကျွန်မကို crazy အကျႌလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။ ယောက်ျား။ ။ Bad command or file name မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ […]


manawphyulayJuly 14, 20101min1503
ငွေ၏အသုံးတည့်မှုက တိုး၍သာလာနေတော့သည်။ ရှေ့ကိုရောက်လေ အရေးပါလာလေဖြစ်နေဦးမည်။ ငွေအကြောင်း စဉ်းစားမိတိုင်း ငွေထည့်ပြောသော စကားတွေ ၊ ငွေတွေဖြင့်လိမ်းကျံနေသော မြင်ကွင်းတွေ ၊ ငွေကြောင့် လမ်းချော်တိမ်းမှောက်ကုန်သော တစ်သုတ်ပြီးတစ်သုတ်၊ တစ်ယောက်ပြီးတစ်ယောက် လမ်းချော်ထွက်သွားသော ရထားတွဲနှယ် ဘေးရောက်ကုန်သည့်မြင်ကွင်းတွေ ခေါင်းထဲဝယ် အတွေးပုံရိပ်တွေအဖြစ် တရိပ်ရိပ်ဖြတ်ပြေးနေသည်။ လူသည် ငွေနှင့်ဖက်မွေးလာရသည်။ ထို့အတူ လူသည် ငွေနှင့်ကြီးထွား ဖွံ့ဖြိုးကာ ရှင်သန်လာရသည်။ ထို့အတူ လူသည် ငွေနှင့်ဖက်ကာ အသက် ပျောက်ရပြန်သည်။ ထိုလူသည် သူ့နေ့စဉ်ဘဝတလျှောက် ငွေကိုကြည့်ကာ ငွေနှင့်ဆက်စပ်နေသောကြောင့် ငွေလူသား ငွေအထိန်းအချုပ်အောက် နစ်မြုပ် နေတော့သည်။ ထိုက်သင့်သည်ထက် ပိုမိုလွန်းသော ငွေတွေက လူ တွေတစ်ယောက်ပြီးတစ်ယောက် သတ်ပစ်သည်။ ထိုက်သင့်သလောက်ပိုပင် မရသောအခါ ငွေကလူကို သတ်ပြန်သည်။ လူသည် ငွေကိုချစ်လာသည်မှာ ငွေသည် […]


manawphyulayJuly 14, 20101min1802
လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုဩဇာအရှိန်အဝါက တာသွားလှတယ်။ အိုင်တီရဲ့ ဩဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊ လုပ်ငန်း တွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အို်င်တီရဲ့ရိုက်ခတ်မှုဩဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဉာဏ်အဆင့်မြင့် သူက ပညာဉာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြား သွားတာနဲ့ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကို တွေ့ရှိ ရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့ အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ […]


manawphyulayJuly 14, 20101min3164
မိမိကိုယ်ကို မိမိမေးရမည့် မေးခွန်း ၅ ခု ၁။ ဘာကြောင့် စင်္ကာပူနိုင်ငံမှာ ပညာသင်ကြားချင်ရတာလဲ။ ၂။ မိမိတက်ရောက်လိုသော သင်တန်းအတွက် လုံလောက်သော ငွေကြေးပမာဏကို ပြင်ဆင်ထားပြီလား။ သို့မဟုတ် အနည်းဆုံးပေးရမည့် ငွေကြေးနှင့် လစဉ်အသုံးစရိတ်အတွက် အဆင်သင့်ဖြစ်ပြီလား။ ၃။ နိုင်ငံခြားမှာ ပညာသင်ကြားရန်အတွက် ဘာသာစကားလိုအပ်ချက်တွေ ပြင်ဆင်ထားပြီလား။ ၄။ စင်္ကာပူနိုင်ငံပညာရေးစနစ်နဲ့ပတ်သက်ပြီး လုံလုံလောက်လောက် သတင်းအချက်အလက်တွေ ရပြီလား။ ၅။ မိမိပညာသင်ကြားမည့်ကျောင်းနှင့် မိမိရဲ့စိတ်ဝင်စားမှု တစ်ထပ်တည်းကျပြီလား။ ပညာသင်ကြားမည့်ကျောင်း (သို့) အေးဂျင့်ကို မိမိမှာ မေးရမည့်မေးခွန်း ၁ဝ ခု ၁။ မိမိတက်ရောက်မည့်ကျောင်းမှ မည်သည့်ဘာသာရပ်များကို သင်ကြားသလဲနှင့် သင်ကြားမှုပုံစံ မေးရန်။ ၂။ စင်္ကာပူအစိုးရ အသိအမှတ်ပြု န SQC(Singapore Quality Class)ှင့် Case […]


manawphyulayJuly 13, 20101min1916
စိတ်တွင် မနော ဖြူသည့် စိတ်ရင်း သတ်မှတ်ရင်းဖြင့် မနောဖြူလေးဟု မည်တွင်သညာ၊ အဟံ ငါသည် အလင်္ကာမှ၊ သိမ်မွေ့လှသည့် ရသစာပေ၊ ကဗျာများကို ပေးဝေပြီးခါ၊ ဆက်၍သာလျှင် ဖြန့်ဝေသွားမည်။ မိတ်ဆွေအပေါင်း စိတ်ချမ်းသာမှု ဝမ်းနည်းမှုကို မျှဝေသွားမည် လောကတစ်ခွင် ဘုံ ၃၁ နေနေသမျှ ကာလပတ်လုံး သင်းပျံ့ပန်းကုံး သီကုံးရင်းနဲ့ တတ်စွမ်းသမျှ ကူညီသွားမည့် မနောဖြူလေးပင် ဖြစ်ပေသည်။


manawphyulayJuly 13, 20101min28411
၁။ မပျင်းရိ၊ လုံ့လကြီး၏။ ၂။ ကြမ်းတမ်းမှု မရှိ၊ ချိုသာ၏။ ၃။ စဉ်းလဲမှုမရှိ၊ ဖြောင့်မှန်၏။ ၄။ စင်ကြင်သန့်စင်သော ကိုယ်စိတ်အမူအရာများရှိ၏။ ၅။ မှန်သော စကားမြဲ၏။ ကတိသစ္စာရှိ၏။ ၆။ အရာရာ၌ မက်မောမှု လောဘနည်း၍ စီးပွားအရာ၌ သမာအာဇီဝ မျှတစွာရှိ၏။ ၇။ သိမ်းဆည်းတတ်၍ တိုးပွားအောင်လည်း လုပ်တတ်၏။


manawphyulayJuly 13, 20101min2119
၁။ ပေးနိုင်ခဲသော ပစ္စည်းကို ပေးရဲ၏။ ၂။ ပြုနိုင်ခဲသော အမှုကို ပြုရဲ၏။ ၃။ သည်းခံနိုင်ခဲသော ပြဿနာကို သည်းခံရဲ၏။ ၄။ လျှို့ဝှက်ခဲ၏။ ပွင့်လင်း၏။ ၅။ ဇနီး ခင်ပွန်း၏ လျှို့ဝှက်မှုကို သိမ်းဆည်း၏။ ၆။ ရန်ဘယာရှိသောအခါ ဇနီးအား မစွန့်ပယ်၊ ရဲဝံ့၏။ ၇။ ဥစ္စာချို့တဲ့ ကုန်ခန်းသဖြင့် လည်းကောင်း၊ အရွယ်လွန်သဖြင့် လည်းကောင်း မငြိုငြင်၊ မထီမဲ့မြင် မပြုသော ခင်ပွန်းကောင်းချစ်သူ…..


manawphyulayJuly 13, 20101min1832
လူထုဦးစိန်ဝင်း၏ရေးသားချက် အမျိုးသမီး ထုတ်ဝေသူ များရဲ့ စာအုပ် ရောင်းပွဲ တစ်ခု ကျင်းပမယ် ဆိုတဲ့ သတင်း တစ်ပုဒ် ဂျာနယ်တွေ ထဲမှာ ဖတ်လိုက်မိတယ်။ ဒီသုံးလေး နှစ်အတွင်းမှာ အမျိုးသမီး ထုတ်ဝေသူ တွေ ကြိုးစား ပမ်းစား လှုပ်ရှားတက်ကြွ နေကြတာ ကိုလည်း သတိပြုမိတယ်။ အင်မတန်မှကို အားရဝမ်းသာ ဖြစ်ရပါတယ်။ နယူးစ်ဝိခ် မဂ္ဂဇင်း ထုတ်ဝေသူ ကမ္ဘာကျော် သူဌေးမကြီး “ကက်သရင်း ဂရေဟမ်” လိုပဲ အောင်မြင်မှုတွေ ရကြပါစေလို့ စိတ်ထဲမှာ အောက်မေ့ နေမိပါတယ်။ ထူးခြားတဲ့ မြန်မာအမျိုးသမီး မြန်မာ အမျိုးသမီးများဟာ အာရှတိုက် တစ်ခုလုံးမှာရှိကြတဲ့ တခြား ဘယ်နိုင်ငံက အမျိုးသမီးများနဲ့မှ မတူတဲ့ ထူးခြားသူတွေ ဖြစ်ပါတယ်။ အာရှနိုင်ငံ အားလုံးလိုလိုမှာ […]