Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


MandalayTharAugust 14, 20121min3316
ရန်ကင်းတောင်နဲ့ ရေစက်ကို ပါတာလို့ဘဲပြောရမှာဘဲ… ငယ်ငယ်တုန်းက မန္တလေးနဲ့ နီးနေတော့ မန္တလေးတောင်ကို တကူးတက မသွားဖြစ်ဘူး။ ဒါပေမဲ့လည်း ရန်ကင်းတောင်ကျတော့ အောင်ပင်လယ် လယ်ပြင်ကြီးကို ဖြတ်ပြီး တကူးတကသွားဖြစ်လို့လားမသိဘူး။ နှစ်စဉ်နွေရာသီကျောင်းပိတ်လို့ ကျောင်းဖွင့်ခါနီးဆို အမြဲလိုလို အိမ်ကလိုက်ပို့ပြီး သွားဖြစ်ကြတယ်။ သွားတိုင်းလည်း တိုက်ဆိုင်လို့လား မသိဘူး အမြဲမိုးရွာတယ်။ တောင်ပေါ်ကနေ ကြည့်လိုက်ရင် စိမ်းနေတဲ့ အောင်ပင်လယ် လယ်ကွင်းတွေ ပေါ်မှာ မိုးတွေကွက်ပြီး ရွာနေတဲ့ ရှုခင်းတွေက ဒီနေ့အထိ အမှတ်ရနေခဲ့တယ်။ အိမ်က လူကြီးတွေက နှစ်စဉ်နွေရာသီဆို တနေရာမဟုတ်တနေရာပို့ပေးတယ်။ နေ့ချင်းပြန်တွေပေါ့။ ကျောက်ဆည် ကျောက်သင်္ဘောတို့၊ မုံရွာ ဘောဒိတစ်ထောင်တို့၊ စစ်ကိုင်းတို့၊ မင်းကွန်းတို့၊ အင်းဝတို့ တနေရာမဟုတ်တနေရာ ပို့ပေးတယ်။ ဝမ်းကွဲ ညီအစ်ကိုတွေ တသိုက်နဲ့ သွားခဲ့တဲ့ မိသားစု ပျော်ပွဲစားလေးပေါ့။ […]


MandalayTharAugust 9, 20121min2843
နောက်ရက်တွေကြတော့ ဆန္ဒပြတဲ့ အဖွဲ့တွေ ပိုပို များလာပြီ။ ဆန္ဒပြတဲ့ လူတွေလည်း ပိုများလာပြီ၊ ကြွေးကြော်သံ တွေ ပိုအော်လာပြီ။ အလံတွေ၊ ဆိုင်းဘုတ်တွေလည်း ပါလာပြီ။ စစ်ကိုင်းဘက်က လူတွေလည်း မန္တလေးတတ်ပြီး ဆန္ဒပြလာကြပြီ။ သူတို့ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ စစ်ကိုင်းမှာ ပစ်သတ်တဲ့ ပုံတွေပါလာတယ်။ မှတ်မိသေးတယ် တပုံက ကလေးလေး ပစ်သတ်ခံရတဲ့ပုံ၊ မျက်လုံးကြီး ပြူးပြီး ထွက်နေတဲ့ပုံကြီး။ ပထမတော့ ဆန္ဒပြကြတာ ကိုယ့်အဖွဲ့နဲ့ကို ပြကြတာ။ ၈.၈.၈၈ ပြီးတဲ့ နောက်က စပြီး စစ်ကြောင်းကြီးတွေနဲ့ ချီတတ်ကြတယ်။ သက်ဆိုင်ရာ အဖွဲ့တွေက မိမိတို့နဲ့ဆိုင်တဲ့ စစ်ကြောင်းတွေမှာ သွားပေါင်းပြီး ဆန္ဒပြကြရတယ်။ မှတ်မိတဲ့ စစ်ကြောင်းတွေက အောင်တော်မူစစ်ကြောင်းတို့၊ ဈေးချိုစစ်ကြောင်းတို့ ဂဋုနီစစ်ကြောင်းတို့ပေါ့။ တခြားစစ်ကြောင်းနာမည်ေတွေကတော့ မေ့သွားပြီ။ အိမ်ရှေ့မှာ […]


MandalayTharAugust 9, 20121min4999
ရှစ်လေးလုံး ၂၄ နှစ်တောင် ပြည့်သွားပြီကိုး… ရွာထဲမှာ ၈၈၈၈ လုံးတုန်းးက ကိုယ်တိုင်ပါဝင်၊ ကြုံတွေ့ခဲ့ရတဲ့ သူတွေ ရှိသလို။ ၈၈၈၈ လုံးဆိုတာ ဘာမှန်းမသိတဲ့ အရွယ်ရောက်နေ ခဲ့တဲ့ သူတွေလည်းရှိမှာပါ။ ကျွန်တော်ကတော့ ငယ်သေးတော့ ကိုယ်တိုင် မပါဝင်ခဲ့ရပေမဲ့ ကြုံတွေ့ခဲ့ရသမျှကို မှတ်မိနေတဲ့ အရွယ်ဖြစ်နေတော့ ကျွန်တော်ကြုံခဲ့ တွေ့ခဲ့ ဖြတ်သန်းခဲ့ရတာတွေကို ပြန်လည် ဝေငှာ ပြောပြချင်လို့ ဒီပိုစ့်ကို ရေးတာပါ။ ကျွန်တော်လိုဘဲ ရွာထဲက လူတွေ သူတို့၈၈ တုန်းက ကြုံခဲ့ရတာတွေကို ရေးရ ဖတ်ရရင် ၈၈ မှတ်တမ်းလေး တခုလို ဖြစ်နေမှာဘဲနော်။ အဲတော့ ခေါင်းစဉ်ကို “ရှစ်လေးလုံးနှင့် ကျွန်တော်” လိုဘဲ ရိုးရိုး ခေါင်းစဉ်တပ်လိုက်ပါတယ်။ မန္တလေးသားဆိုတော့လဲ “မန္တလေးရှစ်လေးလုံးနှင့် ကျွန်တော်” ပေါ့ဗျာ။ […]


MandalayTharJuly 15, 20121min3836
ဟို လွန်ခဲ့တဲ့ ၂ လလောက်က ျမန္တလေးကို အလည် ခဏပြန်ရောက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ဆို တော့ မန္တလေးဟာ အရမ်း ပူနေတဲ့ အချိန်လောက်ပေါ့။ အရင်တုန်းက အလည် မပြန်လာခင်တုန်းက အင်တာနက်ကနေ စိမ်းရောင်စို အကြောင်း စိတ်ဝင်စားနေတော့ ဒီတခေါက်ပြန်လာရင် ဒီအဖွဲ့နဲ့ သွားတွေ့မယ် ဆိုပြီး မှန်းထားတာ။ တကယ်ပြန်ဖြစ်တော့ ရက် သိပ်မရတာရယ် အရမ်း ပူ လို့ အပြင်ထွက်ရမှာ ကြောက်တာနဲ့ မထွက်ဖြစ်ဘူး။ စိမ်းရောင်စို အဖွဲ့နဲ့ မဆက်သွယ်ဖြစ်ခဲ့ပါဘူး။ စိမ်းရောင်စို အဖွဲ့ရဲ့ အလုပ်တွေ ရည်ရွယ်ချက်တွေက နည်းနည်း သိပြီးသားဖြစ်နေလို့ အဲဒါတွေကို မပြောနေတော့ ဘဲ။ လိုတာကိုဘဲ ပြောချင်မေးချင်ပါတယ်။ စိမ်းရောင်စို အဖွဲ့မှ ကျွန်တော်တို့ လို့ မန္တလေးကို […]


MandalayTharMarch 11, 20121min82023
ပထမဦးဆုံး ဒီပို့စ်ဟာ လူမျိုးရေးခွဲခြားလိုခြင်း၊ တခြားလူမျိုးခြားများကို ဆော်ကားလိုခြင်းမျိုး လုံးဝ မရှိကြောင်းပြောလိုပါတယ်။ ဖြစ်နေတဲ့ ပြသာနာကို ဘယ်လို အကောင်းဆုံးဖြေရှင်းမလဲဆိုတာ အကြံပေးဆွေးနွေးခြင်းဖြစ်ပါတယ်။ အကြောင်းက… အခုဆို ကျွန်တော်တို့ မန္တလေးမြို့မှာ မန္တလေးမြို့ခံ (ဒီနေရာမှာ မြန်မာလူမျိုးတွေ လို့ မသုံးပါဘူး၊ မြို့ခံလို့သုံးထားပါတယ်။ ဗမာ၊ တရုပ်၊ ကုလား အစုံ ပါတဲ့ မန္တလေးမြို့ ပေါက်၊ မန္တလေးမြို့မှာကြီး၊ မန္တလေးကို သံယောဇင်ကြီးတဲ့ မန္တလေးမြို့သူ/သား တွေကို ဆိုလိုတာပါ။) ဒီမြို့ခံ တွေဟာ မြို့အပြင် မြို့သစ်ကို ရောက်ပြီး မြို့ထဲမှာ တခြားသော လူမျိုးခြားများ နေရာတဖြည်းဖြည်း နေရာဝင်ယူနေကြပါပြီ။ မြို့ရဲ့ စီးပွားရေးအခြေအနေ၊ ခေတ်အခြေအနေ၊ မီးလောင်မှု့များ၊ အစိုးရ ညံဖျင်းသော ပေါ်လစီ၊ ခေတ်ရဲ့ လက်ပေးလက်ယူမှု့ တွေကြီးထွားလာမှု့၊ […]


MandalayTharJune 17, 20111min3226
ရန်ကုန်လေဆိပ်တွင် စစ်လေယဉ်အချင်းချင်းတိုက်သဖြင့် လေယာဉ်ဆပ်ကို ပိတ်ထားရကြောင်းနဲ့ စင်္ကာပူ MAI လေယာဉ်သည်လည်း မန္တလေးလေဆိပ်သို့ ဆင်းသက်သွားကြောင်းသတင်းရရှိပါတယ်။ မှန်မမှန် confirm လုပ်ပေးကြပါ။ သိရင် အပြည့်အစုံတင်ပေးကြပါ ခင်ဗျာ။


MandalayTharNovember 13, 20101min2652
မနက်ဖြန် နေ့လည် (၁၂)နာရီကို ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများသို့ အမျိုးသားဒီမိုကရေစီ ရုံးချုပ်မှ နေပြီး တတိုင်းပြည်လုံးသို့ သူကို ချစ်သော မြန်မာပြည်သားများသာမက တကမ္ဘာလုံးသို့ မိန့်ခွန်းပြောကြားမှာ ဖြစ်ကြောင်း မိမိ လွတ်မြောက်လာစဉ်က ပြောကြားခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် ရန်ကုန်မြို့မှမဟုတ်သော မြန်မာနိုင်ငံ အခြားသော ဒေသများမှ ပြည်သူများ၊ အမိမြန်မာပြည်မှ အကြောင်းကြောင်းကြောင့် ခွဲခွာနေရသော သူမကို အလွန်ချစ်မြတ်နိုးသော မြန်မာပြည်သားများနှင့် တကမ္ဘာလုံးမှ သူမ၏  မိန်ခွန်းကို နားထောင်ရန် အလွန်တောင်းတလျှက် စောင့်မျှော်လျှက်ရှိနေပါသည်။ သို့သော် မည်သို့  မည်ပုံ မည်ကဲ့သို့ Live ကို နားထောင်ရမည်ကို မသိဖြစ်နေသော်ကြောင့် သိရှိသူများ၊ သိလိုကြသူများကို  သိသော်သူများက လမ်းညွှန်ပြောကြား ရေးသားပေးကြပါရန် တောင်းခံအပ်ပါသည်။


MandalayTharOctober 27, 20101min2650
အိန္ဒိယကို ဥပမာထားပြီးပြောရရင် ၁၉၇၅မှာ အင်ဒီရာဂန္ဓီက အတိုက်အခံတွေ အားလုံးကို ထောင်ထဲ ထည့်ပစ်လိုက်တယ်။ ရွေးကောက်ပွဲ ကြေညာတဲ့အချိန်မှာ နိုင်ငံရေး ခေါင်းဆောင်တွေကို ထောင်ချထားပေမယ့် ထောင်ထဲကနေ ဝင်ပြိုင်ခွင့် ပြုခဲ့တယ်လေ။ အဲဒီတုန်းက ဂျော့ဖာနန်ဒစ်လဲ ထောင်ထဲမှာပဲ။  သူ့ဓာတ်ပုံကို ယူပြီးတော့ တနိုင်ငံလုံးမှာ ကားတွေနဲ့လှည့်ပြီး စည်းရုံးရေးတွေ လုပ်ကြတယ်။ အဲဒီမှာ သူက တနိုင်ငံလုံး ဒုတိယ မဲအများဆုံးနဲ့ နိုင်ခဲ့တယ်။ ဒါ့ကြောင့် နေအိမ်အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ ထောင်ကျနေတာပဲဖြစ်ဖြစ် ရွေးကောက်ပွဲမှာ ပါဖို့ ဘာလို့ မဖြစ်နိုင်ရမှာလဲ ဒီစကားလေးကို ကြိုက်မိလို့ ဧရာဝတီကနေ ကူးပြီး sharing လုပ် တင်ပေးလိုက်ပါတယ်။ မဖြစ်နိုင်တာလဲ သိပါတယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံ မဟုတ်သလို။ မောင်သန်းရွှေဟာလည်း အင်ဒီရာဂန္ဓီမဟုတ်ဘူးဗျာ။ မဖြစ်နိုင်မှန်းသိပေမဲ့လည်း တိုင်းပြည်ကို ချစ်တဲ့သူတယောက်အနေနဲ့ […]


MandalayTharOctober 22, 20101min54514
အတော်ကို ကျက်သရေတုုံးတာဗျာ။ မရေးချင်ပါဘူး ဒါပေမဲ့ အတော် အမြင်ကက်နေလို့ ရေးလိုက်ရအုံးမယ်။ ကြည့်ဗျာ မြို့တော်ဝန်တဲ့ စောက်ဆင့်မရှိတာဗျာ။ အလံပြောင်းတုန်းက မြို့တော်ဝန်က ရာဘာဖိနပ် (ကြက်ပေါင်ဖိနပ်) နဲ့ အလံလာချတာတဲ့ဗျာ။ ငါတို့ တိုင်းပြည်က ခေါင်းဆောင်တွေလို့ ပြောတဲ့အကောင်တွေ ဦးနှောက်မရှိမှန်းသိသာတာ။ ရှက်စရာကောင်းလိုက်တာဗျာ။ ဒီကောင်မို့လို့ မရှက်တယ်။ စောက်ရှက်ကို မရှိဘူး။ ပြည်ပမီဒီယာတွေများ ဒီပုံကြီးကို ကမာဖြန့်လိုက်ရင် သူများတွေက မြန်မာလူမျိုးတွေ အဲလောက် အဆင့် မရှိဘူးလား ထင်မှာ။ ဆောက်ကောင်စုပ်တွေ စောက်ရှက်နည်းနည်းမှ ကို မရှိဘူး။ အတော်ကို တင်းလာတာ။ မနေနိုင်လို့ကို ပိုစ်တင်လိုက်တာ။ ဧရာဝတီဘလောက်က ဓါတ်ပုံဖြစ်ပါတယ်။ http://www.irrawaddyblog.com/2010/10/blog-post_6959.html


MandalayTharOctober 22, 20101min4116
ဒီနေ့ မနက် ၉နာရီ (၂၂ အောက်တိုဘာ ၂၀၁၀) စင်္ကာပူရှိ မြန်မာသံရုံးကို ဆက်ကြေးသွားပေးတာ (အဲယောင်လို့ အခွန်သွားဆောင်တာ)။ သံရုံးမရောက်ခင် အရင်ဆုံးသတိထား ကြည့်မိတာ အလံဘဲ။ မြန်မာသံရုံး အလံက လွင့်ထားတာ အလံအဟောင်းဘဲဗျ ဘာ အလံသစ်ကိုမှ မပြောင်းသေးဘူးဗျာ။ အလံသစ်ဘဲ မရှိလို့လား၊ ပိုက်ဆံယူဖို့ဘဲ လုံးပမ်းနေလို့လား၊ ဘာညွှန်ကြားချက်မှ မရလို့လား။ အလံသစ်ကို သူတို့လည်း စိတ်မဝင်စားလို့လား။ သံရုံးမှာ ဗုဒ္ခဟူးသားနဲ့ အင်္ဂါသားဘဲ မရှိလို့လား။ သံအမတ်ကြီးက တပ်ချုပ်ကြီးရဲ့ အမိန့်ကို အာခံတာလား။ ဘာပြောပြော သူတို့လဲ အလံဟောင်းဘဲ တင်မယ်ကွာ ဆိုပြီးတင်တာလား။ မြန်မာသံရုံးက ဒီကောင်တွေ ပြည်တွင်းမှာ လုပ်ချင်တာ ငါတို့ ပြည်ပမှာ လုပ်ချင်တာလုပ်မယ် ကွာဆိုပြီးလား မသိပါဘူး။ အလံသစ်ကို မပြောင်းဘူးဗျာ။ […]


MandalayTharOctober 20, 20101min4309
ရဲရွာဆည် ကို မနေ့က spillway ကနေ ရေ လွှတ်တာ အခု အိ လိုက် လာပြီ။ မီတာ ၂၈ဝ ရှိတဲ့ ရေထုဖိအားနဲ့ ကြိုးသွားနိုင်တဲ့အခြေအနေရှိတယ်။ သူ့အောက်မှာ ကြွက်နဖား။ စဉ့်ကိုင်၊ အမရပူရ၊ အင်းဝ၊ မန္တလေးပါ။ ဟိုကလူတွေသိရင်လဲ အချိန်မှီ ရှောင်လို့ရနိုင်အောင် ဟိုကောင်တွေက တော့သတင်းထုတ်ပြန်မှာမဟုတ်ဘူး နီးစပ်ရာ အသိပေးလို့ရအောင်ပါ……


MandalayTharJune 10, 20101min2971
မြစ်ငယ်မြစ်ဆိုတာ မနလေးနဲ့ ၁ဝ မိုင်လောက်သာ ဝေးပြီး မနလေးမြို့အဝင်တွင် မြစ်ငယ်မြစ်ကို ဖြတ်ရလေသည်။ ထိုမြစ်ငယ်မြစ်ထဲတွင် ယခင်တပတ်လုံး အလွန်ကြီးမားပြီး ထူးဆန်းသော ပုံသဏ္ဍရှိသည့် ငါးကြီးတစ်ကောင်သည် သံတံတားဟုခေါ်သော မြစ်ငယ်တံတားနှင့် ဧရာဝတီမြစ်တို့ဆုံရာ မြစ်ဆုံထိ စုန်လိုက် ဆန်လိုက် အပေါ်တက်လာလိုက်နဲ့ သွားသည်။ ကလေးတွေရောလူကြီးတွေရော ကမ်းဘေးမှာ ကြည့်နေကြပြီး ဟောပေါ်လာပြီ။ ဟိုနားရောက်သွားပြီ စသဖြင့် ကြည့်နေကြသည်။ အချို့ လူတွေက အဲဒီငါကြီးက နတ်ငါးကြီးလို့လဲပြောကြသည်။ တချို့က ဒီငါးကြီးသည် နှစ်စဉ်နှစ်တိုင်း မြစ်ကမ်းပေါ်ရှိ ပေါ်တော်မူဘုရားဆီလာဖူးတာတဲ့။ စက်ကွေ့မှာ နေသော ကိုမျိုးဝင်းပြောတာက ဒီငါးကြီးဟာ ဧရာဝတီမြစ်ထဲက နေမျက်စိလည်လမ်းမှားပြီး ဒီမြစ်ငယ်မြစ်ထဲဝင်လာတာပါတဲ့။ ဘာနတ်ငါးမှ မဟုတ်ပါဘူးတဲ့။ မနလေးမြို့ထဲကို အလုပ်လာလုပ်တဲ့ မရီပြောတာကတော့ သူအလုပ်မလာခင် မနက်ကတည်းက သံတံတားနားမှာ ပေါ်လိုက်ငုတ်သွားလိုက်နဲ့ လူတွေကလည်း […]