ဒါက အပိုင်း(၁) အဲဒီနောက်မှ မက်ခ်ဟိန်းစ် သတိရမိတာက ကိုယ်တော် ဗန်ဒါဟုဖ် ရယ် တူဖြစ်တဲ့ ကျွန်တော့်အကြောင်းကို ပြောတာ ကြားဖူးတဲ့အကြောင်းပေါ့။ အဲဒါ ကျွန်တော့်ဦးလေး ကိစ္စရှင်းလင်းနိုင်ဖို့ တစ်ခုခုများ ကျွန်တော် သိလေမလား ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူက ကျွန်တော့်ကို စာရေး ခေါ်တာပဲ။ ကျွန်တော်လည်း ဟိန်းစ်ကို ပြောပြရတယ်။ တကယ်တော့ ဦးလေးအကြောင်း ကျွန်တော် ဘာမှ မသိဘူးရယ်။ အမေ တစ်ခါပြောဖူးတာ ရှိတယ်။ ဦးလေးက လူကောင်သာကြီးတာ သရဲဘောကြောင်သတဲ့။ဟိန်းစ် ပြောတာတွေ နားထောင်ပြီးတော့ ကျွန်တော် နာရီငုံ့ကြည့်တယ်..။ နေ့လည်တောင် ကျော်နေပါပကော။ “ဘုရားကျောင်းကို ဒီကနေ ဘယ်လောက်ဝေးဦးမလဲဗျ…နေမဝင်ခင် အရောက်သွားနိုင်မလားလို့” ကျွန်တော် မေးမိတယ်။ “အေး..အသေအချာပဲ ကောင်လေးရေ..အဲဒီကို..အဓိက အဲဒီနေရာကို ညကြီး မသွားလေနဲ့..” […]


ရမ်မာပို တောင်တန်းက ဝမ်းနည်း ငြီးငွေ့စရာ ဒယ်ဘာဂျန်ရွာကလေးမှာရှိတဲ့ ရွာခံနည်းနည်းတွေထဲက တစ်ချို့ပဲ ကျွန်တော့်ဦးလေး အဘိုးကြီး ဒေါမနီ ဗန်ဒါဟုဖ် တကယ်သေရှာပြီလို့ ယုံကြတယ်။ တစ်ချို့က တော့ ဘုရားကျောင်းစောင့် အဘိုးကြီးရဲ့ ကျိန်စာကြောင့်  ကောင်းကင်ဘုံနဲ့ငရဲကြားမှာ ဟိုမရောက် ဒီမ ရောက် ဖြစ်နေတယ်လို့ ထင်ကြတာ..။ ဒီ မှော်ဆရာအိုကြီးကြောင့်သာ မဟုတ်ရင် မြက်ရိုင်းပင်တွေ ဟို တဖက်နားက စွတ်စိုထိုင်းမှိုင်းတဲ့ သူ့ ဘုရားကျောင်းအိုကလေးမှာ တရားတွေ ဟောနေဦးမှာတဲ့။ ဒယ်ဘာဂျန်ရွာ မှာ ကျွန်တော် တွေ့ကြုံဖြစ်ပျက်ပြီးတာတွေနောက်မှာ ဒီရွာသားတွေရဲ့ အထင်အမြင် တွေကိုလည်း ဝေမျှနိုင်ဦးမှာပါ။ ဦးလေး သေမသေ ကျွန်တော် မသေချာပေမဲ့ ဟောဒီ ကမ္ဘာပေါ်မှာ အသက်နဲ့ ခန္ဓာတွဲလျက် မရှိတာတော့ သေချာတယ်။ ဘုရားကျောင်းစောင့် အဘိုးကြီးက […]


ဝန်ကြီးချုပ် ကျောက်ကျီနဲ့ သူ့လက်ထောက် ဝမ်ယန်ပို က ရှေ့ထွက်လာတဲ့ပြီး ကျောက်ကျီက – “ကူးစက်ရောဂါဆိုးကြီးက လျော့ပါးသွားသည် မရှိ တိုးလို့သာ ဆိုးလာပါသဖြင့် လူသူအများ သေဆုံးနေကြ ပါသည် အရှင်မင်းကြီး။ ကျွန်တော်မျိုးတို့အနေဖြင့် အရှင်မင်းကြီးသည် နတ်ဒေဝတာများကို တောင်းပန် ပူ ဇော်စေချင်ပါသည်။ ရာဇဝတ်သားများကိုလည်း အပြစ်ပေါ့လျော့ပေးစေ လိုပါသည်။ အခွန်များကိုလည်း လျော့ချပေးစေ လိုပါသည်။ မိုးကောင်းကင်အား တိုင်တည်၍ လူအများ ဤကပ်ဆိုးကြီးမှ ချမ်းသာရာရ စေကြောင်း ဆုတောင်းစေလိုပါသည်။” ဒီလို လျှောက်တော့ ဧကရာဇ်ကလည်း ချက်ချင်းပဲ ဟန်လင်း အကယ်ဒမီက စာရေးတော် ပညာရှိတွေကို အမိန့်ပြန်တမ်း ရေးစေသတဲ့။ ပြစ်ဒဏ်တွေ လျော့ဖို့၊ အခွန်တွေ လျော့ဖို့၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားကျောင်း တွေမှာ ရောဂါဆိုးကြီးက လွတ်ဖို့ […]


တန် မင်းဆက် ကုန်ခါနီးက စလို့ မင်း ငါးဆက်အတွင်းမှာ ပြည်တွင်းစစ်တွေ မနားတမ်းကို ဖြစ်နေခဲ့တာ။ ကနေ့မနက် စစ်သူကြီးတစ်ယောက် အထွတ်အထိပ်ရောက်တယ်။ ကနေ့ ညနေပဲ နောက်စစ်သူကြီး တစ်ယောက် အာဏာသိမ်းလိုက်တယ်။ စစ်သူကြီးတွေ တစ် ယောက်ပြီး တစ်ယောက်။ စစ်သူကြီး ချူ ချွမ်ချွင်၊ လိစွမ်းစူ၊ ရှိချင်းတန်၊ လျိုချင်ယွမ်၊ ကွော်ဝေ တို့ အသီးသီးက မင်းငါးဆက်ဖြစ်တဲ့ လျောင်၊ တန်၊ စင်၊ ဟန်၊ ချို တို့ရဲ့ နောက်ကွယ်မှာ ရှိခဲ့ ကြတာပေါ့။ ဆယ့်ငါးနှစ်အတွင်းမှာ ဧကရာဇ် ဆယ့်ငါးပါး စိုးစံခဲ့ကြတာ။ ဟိုမင်းတက် ဒီမင်း ဆင်း နဲ့ ဖြစ်လာလိုက်တာ နောက်ဆုံး ကျောက်ကွမ်းရင် က စုံမင်းဆက်ကို ထူထောင်တဲ့ တိုင်အောင်ပဲ။ […]


  ယောကျာ်းတစ်ယောက်ဟာ အသက်သုံးဆယ်ကျော်ရင် အိမ်ထောင်မပြုသင့်ဘူး။ အသက်လေးဆယ်ကျော်မှ အစိုးရအမှုထမ်း ဝင်မလုပ်သင့်တော့ဘူး။ ငါးဆယ်ကျော်ရင် နောက်ထပ်ကလေး မယူသင့်တော့ဘူး။အသက်ခြောက်ဆယ်ကျော်ကာမှ ခရီးဝေးသွားလို့ မတော်တော့ဘူးတဲ့။ ဘာလို့လဲဆိုတော့ အချိန်ကောင်းက လွန်ခဲ့ပြီ။ အရုဏ်တက်မှာ ကိုယ့်မြို့ရပ်ရွာကို ကြည့်တော့ တောက်ပလတ်ဆတ်လို့။ နောက်တော့ လျှော်ဟဲ့၊ ဖွပ်ဟဲ့၊ စားဟဲ့ သောက်ဟဲ့ နဲ့ သိပ်မကြာဘူး၊ နေ့လည်ရောက်ကရော။ ဪ အချိန်ကုန်တာ မြန်လှ ချည့်လို့ သတိပြုမိတာ။     တစ်ချို့များ သူများအသက် ဘယ်လောက် ဘာညာနဲ့ ပြောရတာများ ကျုပ်ဖြင့် သိပ်အံ့ဩ တယ်။ လူ့ဘဝသက်တမ်းဆိုတာဖြင့် အချိန်ကြာကြီးတစ်ခုရဲ့ အစိတ်အပိုင်းကလေးပါပဲ။ ကိုယ့်ရှေ့မယ် ကမာ္ဘကြီးတစ်ခုလုံး ရှိတာများ အင်းဆက်ပိုးမွှားလေးတွေအကြောင်း အရေး လုပ်ပြောနေတာ။ အချိန်ဆိုတာ တကယ်ပဲ နှစ်အပိုင်းအခြားနဲ့ တိုင်းတာလို့ […]


                                                          နိဂုံး   ဘဝမှာ အရှည်ကြာဆုံးဖြစ်တဲ့ အဲဒီညကိုလွန်ခဲ့တာ ခြောက်လရှိခဲ့ပြီ။   စမီတာက သူ့စကား သူတည်တယ်။ အမေတစ်ယောက်က သူ့ရင်သွေးအတွက် တိုက်ပွဲဝင်သလိုမျိုး ကျွန်တော့်အတွက် ရင်ဆိုင်ခဲ့တာ။ အရင်ဆုံးရဲတွေနဲ့ သူ ပြောဆိုရတာပေါ့။ ကျွန်တော့်ကို ဖမ်းစရာ ဘာအခြေခံအကြောင်းတရားမှ မရှိဘူးဆိုတာ သက်သေပြခဲ့တယ်။ နောက်တစ်ခုက ရထား ပေါ်မှာ သေသွားတဲ့ဓားပြ အကြောင်း ဘယ်သူမှ မကြားဖူးဘူးဆိုတာရယ်၊ အဲဒီကိစ္စအတွက် ဆိုင်းငံ့ စုံစမ်းစစ်ဆေးမှု လည်း မရှိဘူး ဆိုတာသူ သတင်းရခဲ့တယ်။ ဆိုတော့ ဒီ အမည်မသိ ဓားပြဟာ သေ သွားတာတောင် အမည်မဲ့မြဲပေါ့ဗျာ။   နောက် ပြိုင်ပွဲလုပ်တဲ့ ကုမ္ပဏီနဲ့ ရင်ဆိုင်ရတယ်။ သူတို့က ကျွန်တော် လိမ်ညာတယ်၊ မသမာဘူး ဆိုတဲ့ […]


ပရမ်ကူးမားက လက်ကလေး တကာကာ နဲ့ အော်ရင်း နောက်ဆုတ်သွားတယ်။ အဲဒါ ညာဘက် ခြေထောက်က ရေမြောင်းထဲ ကျသွားပါလေရော။   “မလုပ်..မလုပ်ပါနဲ့..မပစ်ပါနဲ့ကွာ..အဲဒါကြီးကို ချထားလိုက်ပါ..နော်။”   သူ့နှလုံးတည့်တည့်ကို သေနတ်နဲ့ ချိန်လိုက်တယ်။ ငနဲကြီး ကတုန်ကယင် ဖြစ်နေလိုက် တာများဗျာ။   “နီတာ့ကို နာကျင်အောင်လုပ်ခဲ့တဲ့သူကို ဒဏ်ခတ်ဖို့ ကျုပ် ကျိန်ခဲ့တယ်ဗျ။ ဒါပေမဲ့ ခင်ဗျားကို ဘယ်လိုရှာရမှန်း ကျုပ်မသိဘူး။ အက်ဂရာမှာတုန်းက သတင်းစာမှာ ကြော်ငြာတွေ့လို့ပေါ့ဗျာ။ မျောက်မျက်ခွက်လို ဖြီးနေတဲ့ ခင်ဗျား အခွက်ကြီး နဲ့လေ။ မွမ်ဘိုင်းမှာကျင်းပမဲ့ ပဟေဠိပြိုင်ပွဲ အတွက် ဖိတ်ခေါ်ထားတာလေ။ အဲဒါကြောင့် ကျုပ် ရောက်လာခဲ့တာပဲ။ ပထမဆုံးမေးခွန်း ကတည်းက ကျုပ်မဖြေနိုင်ရင် ခင်ဗျားကို တစ်ခါတည်း ပစ်သတ်ဖို့ပါပဲ။ ဒါပေမဲ့ နတ်သိကြားများ […]


ကြော်ငြာထိုးချိန် ခဏနားတဲ့အခိုက်မှာပေါ့။ ပရမ်ကူးမား က ထောင့်တစ်ထောင့်မှာ ပရိုဂျူဆာ ဆံရှည်ကိုယ်တော်နဲ့ ဘာတွေ ညှိနှိုင်းတိုင်ပင်နေသလဲ မသိပါဘူး။ စတူဒီယို ထဲ ဟိုဟိုသည်သည် မျက်လုံးဝေ့ကြည့်မိတယ်။ မျက်နှာကျက်တို့ တံခါးတို့ ဘာညာ ပြင်ဆင်မွမ်းမံထားတာ အမိုက်စားဗျ။ စပေါ့တ်လိုက်တွေ၊ ကင်မရာတွေ၊ နည်းပညာ မြင့် အသံထွက် စနစ်တွေ နဲ့ တကယ့်ကို ကျကျနန။ ပရိသတ်ကတော့ ကျွန်တော့်ကို ငေးနေကြတယ်။ သူတို့က ဒီကောင်လေးစိတ်ထဲ ဘာများဖြစ်နေသလဲ ဆိုပြီး စဉ်းစား နေမှာပေါ့။ ပရမ်ကူးမားက ဆံရှည်ကိုယ်တော်နဲ့ ပွားလို့ပြီးတော့ ကျွန်တော့်ဘက် ပြန်လျှောက် လာတယ်။ မျက်နှာမှာ မသမာတဲ့ အပြုံးနဲ့ ၊ရုပ်ကိုက။ “ဟေ့..သောမတ်စ်.. ရှေ့မေးခွန်း ဆယ့်တစ်ခုတော့ မင်းဘယ့်နှယ်လုပ် ဖြေသွားသလဲ တို့မသိဘူး..၊ဒါပေမဲ့..    နောက်ဆုံး မေးခွန်းတော့ […]


စမီတာ့ အိပ်ယာပေါ်ထိုင်ရင်း မျက်ရည်တွေ ကျလာမိတယ်။ စမီတာ့ကိုကြည့်တော့လည်း မျက်လုံးမှာ မျက်ရည်စလေးတွေ သီဝေ့နေပါရော့လား။ ကျွန်တော့်လက်ကို သူက ခပ်သာ သာဆုပ်ညှစ်လို့ အားပေးရှာတယ်။ “ရှန်ကာလေး သနားစရာနော်…ရှင်ပြောသလောက်ဆို သူက အထီးကျန် စိတ် ဝေဒနာသည်ကလေးများဖြစ်နေသလားပဲ…သေတော့လည်း ခမျာလေးမှာ အသေဆိုး လိုက်တာ…ရှင်တော့ ရူးမတတ် ဖြစ်နေမှာပဲနော်..ဒီ..နာကျင်မှုတွေက ရှင်နဲ့ မမျှအောင်ပါပဲလား..” “ကျွန်တော့်ထက်စာရင် နီတာ့ခမျာ သာဆိုးသေးတာပေါ့ဗျာ..ကြည့်ပါဦး..ဆယ့်နှစ်နှစ်သမီး ကတည်းကဘယ်ဘဝရောက်ပြီး ဘာတွေကြုံခဲ့ရတယ်ဆိုတာ..” “ဟုတ်ပါတယ်..ကျွန်မ သိပါတယ်ရှင်..ဒါနဲ့ သူရော အက်ဂရာမှာပဲလား..” “အင်း…ဟုတ်မှာပေါ့..သေတော့မသေချာပါဘူးဗျာ…လွန်ခဲ့တဲ့လေးလကတည်းက သူ့သတင်း မရတော့တာ..သူ့ကို ပြန်တောင်တွေ့ရပါဦးမလား မသိတော့ပါဘူးဗျာ..” “ရှင် သူ့ကို ပြန်တွေ့မှာပါ..ကဲ..နောက်ဆုံးမေးခွန်းမတိုင်မီ မေးခွန်းကလေး ကြည့်လိုက်ကြရအောင်..” ********************* စတူဒီယို သတိပေးဆိုင်းဘုဒ်ကလေးမှာ ငြိမ်ပါ လို့ ပြနေပေမဲ့ ပရိသတ်တွေကတော့ အရေးဂရုမပြုကြဘူး။ ကျွန်တော့်ကို ကြည့်ပြီး […]


မောင်ဘလိုင်September 25, 20131min38510
တစ်ခုသော ကာလ၌ မဟာသမုဒ်ပြင် တစ်နေရာရှိ ကျွန်းစုများထဲမှ သာယာစိုပြည်ခြင်း ကင်းဆိတ်သောကျွန်းတစ်ကျွန်းပေါ်တွင် မျောက်တို့သည် ငြိုငြင်စွာ အသက်မွေးကြရကုန်၏။ တစ်နေ့သောအခါတွင်မျောက်တစ်ကောင်သည် ကမ်းခြေတွင်လာတင်နေသော အုန်းသီးတစ် လုံးကို ကောက်ယူလာခဲ့၍ အဘယ်အရာ ဖြစ်ဘိသနည်း ဟု စူးစမ်းဆင်ခြင်လျက်ရှိရာ အခြား မျောက်တို့လည်း မြင်တွေ့ သည်ဖြစ်ရကား စုစုရုံးရုံး အုန်းအုန်းကျက်ကျက် နှင့် ဆူညံသောင်းသဲ ပွဲတော်ကြီးကဲ့သို့ဖြစ်လာလေတော့ သတည်း။ မျောက်အကြီးကဲတို့လည်း မနေသာဘဲ သင်တို့ အဘယ်အကြောင်းရာကြောင့် ဤမျှ ဆူညံ ငြင်းခုန်နေ သနည်း ဟုမေးမြန်းရာ မျောက်တို့လည်း မိမိတို့ထင်ရာ တောရမ်းမယ်ဘွဲ့ အကျယ်ချဲ့၍ တွေ့ကရာရှစ် သောင်း ကို အခိုးချောင်းချောင်း ထွက်လုမတတ် အလုအယက် ဆိုကြကုန်လေ၏။ တစ်ကောင်သော မျောက်က – “ကျွန်တော်မျိုးတို့သည် မျောက်ပြူးတစ်ကောင် ယူဆောင်လာခဲ့သော […]


  ယူနီဖောင်းဆင်တူနဲ့ အစောင့်တွေက ကျွန်တော့်ကို တားတယ်။ ဒါပေမဲ့ ကျွန်တော်ပွေ့လာတဲ့ အလောင်းကိုတွေ့တော့ လန့်ဖျတ်ပြီး တံခါးကို မြန်မြန်ဖွင့်ပေးလိုက်ကြတယ်။ ကျွန်တော်လည်း အိမ်ဝင်း လမ်းအတိုင်း လျှောက်ဝင်လာခဲ့တယ်။ ဈေးကြီးတဲ့ နိုင်ငံခြားဖြစ်ကားတွေ အစီအရီနဲ့ ရပ်ထားတာလည်းတွေ့ မိသဗျ။ နောက်တော့ အလွန်အကျွံ မွမ်းမံထားတဲ့ အိမ်တော်အဝင်ပေါက် ကိုတွေ့တယ်။ ပိတ်တော့မထားဘူး။ ကြိုဆိုပါ၏ လို့တောင်ရေးထားသေးတယ်။ အဲဒါနဲ့ ကျွန်တော် လည်း ဝင်ချသွားတယ်။ မာဘယ်လ် ကျောက်တွေနဲ့ အလှဆင်ထားတဲ့ အဝင်ပေါက်ကို ဖြတ်ပြီး ထမင်းစားခန်းထဲရောက်တော့ ဧည့်သည်တော်များက အချိုပွဲတည်းမလို့ ပြင်နေတဲ့အချိန်။ ကျွန်တော့်ကို မြင်တော့ စကားသံတွေ တိခနဲ ရပ်သွားတယ်။               ကျွန်တော်လည်း ထမင်းစား စားပွဲပေါ်တက်ပြီး ရှန်ကာ့အလောင်းကို သာသာလေးချလိုက် တယ်။ ကိတ်မုန့်တွေ၊ […]


                  လဂျ်ဝန်တီ အဖမ်းခံရလို့ စိတ်ထဲမှာ ဝမ်းနည်းလို့ မဆုံးသေးဘူး ၊ နောက်ထပ် ကြေကွဲစရာ ကြုံရပြန်တယ်။ ရှန်ကာတစ်ယောက် ချောင်းလေးတဟွတ်ဟွတ် နဲ့ ကျွန်တော့်အခန်းကိုရောက်လာပြီး အိပ်ယာပေါ် ပစ်လှဲချလိုက်တယ်။ သူ့ကြည့်ရတာတော် အင်အားကုန်ခမ်းနေပုံပဲ။ သူ့ခြေတွေ လက်တွေ နာကျင် ကိုက်ခဲနေတဲ့အကြောင်း ဝူးဝူးဝါးဝါးနဲ့ ရှင်းပြသေးတယ်။ကျွန်တော် သူ့နဖူးစမ်းကြည့်တော့ အဖျားနည်းနည်းရှိ ပုံရတယ်။             “ကဲ..ရှန်ကာရေ..မင်း အအေးမိတယ်နဲ့တူတယ်..သွား..မင်းအခန်းမှာ နားချေဦး..ငါဆေးလေးဘာလေး             ယူလာခဲ့မယ်..” အဲဒါနဲ့ သူလည်း အိပ်ယာပေါ်က ထလို့ သူ့အခန်းကို ခြေဖျားလေးထောက်ပြီး ပြန်သွားတယ်။ ကောင်လေးကြည့် ရတာ ဂဏှာမငြိမ်ဘူး..။ မသက်မသာခံစားနေရသလား မသိဘူး။         […]


  ရှန်ကာ တစ်ယောက် ကျွန်တော့်အခန်းထဲ ပြေးဝင်လာပြီး ကွိကွိကွကွ နဲ့ လဂျ်ဝန်တီအခန်းဘက် လက်ညှိုးထိုးပြီး ပြောတယ်။             လဂျ်ဝန်တီက သူ့အိပ်ယာပေါ်လှဲပြီး ငိုနေတယ်။ မျက်ရည်စတွေက ပါးပြင်ကတစ်ဆင့် အင်မတန်သန့်ရှင်းဖြူစင်တဲ့ အိပ်ယာခင်းပေါ်ကျတော့ အမဲစက်ကလေးတွေလို ဖြစ်နေတာ။ ဒါလေးတစ်ခုနဲ့တင် အိပ်ယာခင်းက သပ်ရပ်လွန်းတဲ့ သူ့အခန်းနဲ့ လားလားမှ မဆိုင်တော့သလိုပဲ။             “ဘာဖြစ်လို့လဲ အစ်မ လဂျ်ဝန်တီ..ဘာလို့ငိုနေတာလဲ..” “ဘာဖြစ်ရမလဲအေ..ဟို..ခွေးမကြီး ဆွာပနား ဒေဝီပေါ့…ငါလိုတဲ့ ပိုက်ဆံမချေးလိုက်ဘူး.. ခုတော့..ငါ့ညီမလေး..မင်္ဂလာဆောင် ဘယ်လိုလုပ်ရပါ့မတုန်း..အီး…ဟီး..ဟီး..” ပြောပြောငိုငိုပဲ။ ကျွန်တော်လည်း ဘာပြောရမှန်းမသိဘူး။ ခေါင်းထဲပေါ်တဲ့ အကြံလျှောက်ပေးမိတယ်။             “ဒီလိုလုပ်ပါလား အစ်မ..ဒီမှာ ငှားနေတဲ့လူတွေမှာလည်း အဲဒီလောက်ပိုက်ဆံမရှိဘူး..ဆိုတော့             ဘဏ်ကနေ ချေးလို့မရဘူးလား..ဟင်..”             “ဟေ..အောင်မလေး…ငါ့လို အိမ်ဖော် သူဆင်းရဲမ ကို ဘယ်ဘဏ်က […]