စစ်သားအိုကြီး ည ရှစ်နာရီခွဲပြီဆို လေကြောင်းတိုက်ခိုက်မှုအတွက် သတိပေး ဥဩသံက အချိန်မှန် ဆွဲ ပြီ။ ဥဩဆွဲသံကြားတာနဲ့ ကျွန်တော်တို့နေတဲ့ တန်းလျားမှာ ဝရုန်းသုန်းကားတွေဖြစ်တာလည်း အမြဲလိုလိုပေါ့။ လွန်ခဲ့တဲ့အပတ်အတွင်းကတည်းကပဲ.. စစ်ရေးအခြေအနေကြောင့် ဒီလိုမျိုးတွေကို ကြိုတင်မှန်းမျှော်ပြီး လူတွေကို အန္တရာယ်ကင်းအောင် လော်စပီကာကနေ ညွှန် ကြားချက်တွေ ထုတ်ပြန်ခဲ့တာ။ မီးတွေ ရှိသမျှ ပိတ်၊ ငြှိမ်း။ ကိရိယာတန်ဆာပလာမှန်သမျှ ပိတ်ထား ၊ ဖြုတ်ထား။ဓာတ်ငွေ့ ပိုက်တွေလည်း ပိတ်ထား။ အိမ်ကို တံခါးပိတ်ပြီး ဗုံးခိုကျင်းထဲသွား။ အဲဒီညွှန်ကြားချက်တွေအတိုင်း အစီအစဉ်တကျ လိုက်နာ။ ဗုံးခိုကျင်းက ကျောင်း အောက်မှာရှိတာ။တော်တော်တော့ ကြီးသား။ ထောင့်မှန်စတုဂံပုံ ခန်းမကြီးတစ်ခုပါပဲ။ အထဲမှာ မီးရောင်ကတော့ ခပ်အုပ်အုပ်ပဲ ထွန်းထားတယ်။ အရောင်းအဆင်း လွင့်ပြီး ဖုန်တသောသောတက်နေတဲ့ အနီရောင် […]