moethuzarOctober 24, 20131min1766
သဗြုချိုင်ကျေးရွာတွင် အောက်တိုဘာလ ၂၃ ရက်နေ ့နေ ့လည် ၁၁နာရီခွဲအချိန်ခန် ့က တွေ့ရှိခဲ့ ရသော ဗုံးကို ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ သိမ်းယူသွားပြီး အဆိုပါ ဗုံးမှာ မီးလောင်ဗုံး သို ့မဟုတ် မီးခိုးဗုံးဖြစ်သ သည်ဟု အတည်ပြုပြောကြားခဲ့ပြီးဖြစ်သည်။ အဆိုပါ မီးခိုးများထွက်နေသော ဗုံးကို ဒေါ်ဝိုင်းကြီး နေအိမ် အနီး(သဗြုချိုင် ဗလီ တက်လမ်း)အနီးတွင် ဦးမောင်ပုက ရေဖြင့် ငြိမ်းသတ်လိုက်ရသည်ဟု သ တင်းပို ့ခဲ့သည်။ ရခိုင်အစွန်းရောက်အကြမ်းဖက်သမားများ လက်နက် စုဆောင်းနေသည်ဟု သတင်းပေါက်ကြားထားသော သဗြုချိုင်ရွာတွင် ယခုလို အရပ်ဖက်သုံးလက်လုပ်မ ဟုတ်သော ဗုံတလုံးတွေ့ရှိရသည်မှာ စဉ်းစားသင့်ပေ သည်။ယခုလ လဆန်းရက် ၂ရက်နေ့ ၃ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဒေသခံ ကမန်တိုင်းရင်းသား မွတ်စလင်မ်များအပေါ်အကြမ်းဖက်မှုတွင် အာဏာပိုင် […]


moethuzarOctober 10, 20131min1882
သံတွဲ၏ မင်းမဲ့စရိုက်ပုံရိပ်များ   ရခိုငြ်ပည်နယ်သံတွဲမြို့ကလေးသည်အေးချမ်းသောမြို့ကလေးဖြစ်ပါသည် သို့သော် ၉၆၉ ဂိိုဏ်းများသံတွဲသို့ရောက်ရှိလာသောအခါ ယခင်ကအစွန်းရောက် ချင်သူများသည် ထို့အဖွဲ့သို့ရောက်သွားကာ ဘာသာရေးများကိူလူမျိုးရေးများနှင့် ရောထွေးက သွေးခွဲပြီး ပြဿနာရှာဖွေခြင်း၊စော်ကားခြင်းအစရှိသောအပြုအမှုတို့ကို စတင်ပြုလုပ်နေကြပါသည်။ ယခင်းကတစ်ဘာသာနှင့်တစ်ဘာသာအေးချမ်းစွာချစ် ကြည်စွာသွားလာနေကြသူများမှာ ယခုအခါသွေးကွဲလာကြနေပြီးဖြစ်ပါသည်။ သံတွဲမြို့နယ်တွင်လည်းအခြားဒေသများတွင်ဖြစ်သောပြဿနာများဖြစ် ပွါးအောင်းနည်းမျိုးစုံဖြင့်၉၆၉ ဂိုဏ်း၊RNDP ရခိုင်ပါတီများကပြုလုပ်ခဲ့ကြပါသည်။ ယခင်ပြဿနာများ၏ပုံသေနည်းအတိုင်း မုဒီန်းမှုတစ်ခုကိုဟန်ပြပြုလုပ်ပြီးဒွါရာဝတီ ကွက်သစ်တွင်နေထိုင်သောအစ္စလာမ်ဘာသာဝင်(၄၃) အိမ်ကိုဖျက်ဆီးခြင်း၊မီးရှို ခြင်းတို့ကိုပြုလုပ်ခဲ့ကြပြီး သက်ဆိုင်ရာရဲ၊တပ်၊အာဏာပိုင်တို့မှမတားဆီးဘဲလွတ် ပေးထားခဲ့ပါသည်။အမှုဖွင့်ရန်သွားသောအခါလည်းဖွင့်မပေးဘဲထားပြီးနောက်မှ အမှုမဖွင့်ချင်ဖွင့်ချင်ဖြင့်အမှု(၅)မှုကိုသာဖွင့်ပေးပြီးဆူပူဖျက်ဆီးမှုတွင်ပါသောအရေးမပါသောဆိုက်ကားသမား(၆)ဦးကိုသာဖမ်းထားပြီးတိုင်ကြားသူတို့မှတရားရုံသို့မလာရဲ အောင်လူအုပ်စု့ဖြင့်ဝို်င်းပြီးဆန္နပြခြင်း၊ငြိမ်းခြောက်ခြင်းတို့ပြုလုပ်ခဲံ့ကြပါသည်။ သံတွဲသည်ပုဒ်မ ၁၄၄ ထုတ်ထားသောနယ်မြေဖြစ်သော်လည်း လုအုပ်စု့ကာ-သောင်းကျန်းနေခြင်းကိုသက်ဆိုင်ရာတို့မှခွင့်ပြုထားပြီးထိထိရောက်ရောက်အရေးမယူခဲ့ပါ၊ခေါင်ဆောင်ပိုင်းကိုလွတ်ထားသဖြင့်ပိုမို့သောင်းကျန်းရဲနေခြင်းဖြစ်ပါသည်။ယခုအ ခါထိုအိမ်ခြေ ၄၃ အိမ်ကိုဖျက်ဆီးထားသူများမှာ မဖြစ်လောက်ဖမ်းထားသော လူ(၆) ဦးကိုအာမခံဖြင့်ပြန်လွတ်ပေးလိုက်ပြီဖြစ်ပြီးဖျက်ဆီးခံထားရသူမီးရှိုခံထားရသူအစ္စလာမ်ဘာ သာဝင်များမှာ တရားဥပဒေ၏အကာအကွယ်မရဘဲ ထိုဒွါရာဝတီကွက်သစ် ရှိမိမိတို့ပိုင်မြေကွက်၊မိမိတို့ပိုင်အိမ်တွင်ပြန်နေခွင့် လည်နေထိုင်ခွင့်မရဘဲထွက်ပြေးနေကြရပါသည်။ဆူပူဖျက်ဆီးသူတရားခံများမှ လွတ်မြောက်ပြီးသွားလာနေကြပါသည်။ဤသည်မှာလည်းမင်းမဲ့တိုင်းပြည်ကဲ့ ဖြစ်နေပါသည်။ ဆူပူသောင်းကျန်းသူများကို အရေးမယူသော၊ထိုင်တိုင်ကျဲ လူစုမီးရှို့ ပစ္စည်းလု ၊စိတ်တိုင်းကျသတ်ဖြတ်သော်လည်း ကျူလွန်သူတရားခံမှာမည်သို့မျှ ဖမ်းဆီးခြင်းအရေးယူခြင်းမခံရဘဲ […]


moethuzarMay 1, 20121min291
ကိုယ့်အပြုအမူ၊ကိုယ့် စိတ်ထားက ကိုယ့်သမိုင်းကိုရေး၊ကိုယ့်လမ်းကိုယ်လျှောက် ခဲ့ကြတာ မဟုတ်လား။သူများကို လက်ညှ ိုးတစ်ချောင်းထိုးရင် ကိုယ့်ဖက် သုံးချောင်းပြန်ထိုးမှာ မေ့နေ တယ် ထင်ပါတယ်။ဝိုင်း ဆဲနေတာ၊ကိုယ့် အပြစ်ကိုယ်မှ မမြင်ကြဘဲလေ။သနားစရာ ထို သတ္တဝါ တွေပါလား။


moethuzarApril 27, 20121min25719
စာရေးဆရာတစ်ယောက် ပြောတာ မှတ်သားဖူးပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေဟာ ပြည်သူလူထုက သူတို့ကို အားကိုးယုံကြည်လာအောင် လူမျိုးခြား မုန်းတီးရေး ကိုဦးတည်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒကို  သွတ်သွင်းလေ့ရှိကြတယ်တဲ့။ ပြီးရင် လိုရင်လိုသလို လူမျိုးရေး- ဘာသာရေး အဓိကရုဏ်း ဖန်တီးပြီး နိုင်ငံရေး အာရုံပြောင်းအောင် လုပ်လေ့ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ခေတ်ကစလို့ ဒီနေ့ထိ  ဗုဒ္ဓဘာသာဝင်တွေ နဲ့  အစ္စလမ်ဘာသာဝင်တွေကို ရန်တိုက်ပေးတဲ့ နည်းကို ကျင့်သုံးနေတာ အထင်အရှားပါပဲ။ ရလဒ်ကတော့ လူနည်းစုဖြစ်တဲ့ မူစလင်တွေသာ မြေစာပင်ဖြစ်ရတာ အမြဲပါပဲ။ လူနည်းစုကိုစွတ်စွဲပြီး မြေနိမ့်ရာ လှံစိုက်တာကတော့ အင်မတန်သေးသိမ်တဲ့ လုပ်ရပ်ပါပဲ။ (သတိရတာလေးတခု ပြောရရင် ဆူနာမိကာလ ထိုင်းနိုင်ငံကမ်းခြေက မြန်မာအလုပ်သမားတွေကို ပစ္စည်းတွေ ခိုးနေတဲ့လူတွေ လို့စွတ်စွဲတာ သတင်းတွေထဲပါလာတော့ မြေနိမ့်ရာ […]


moethuzarApril 26, 20121min712
မြန်မာနိုင်ငံတွင် မွတ်စလင်မ်မုန်းတီးရေးရေချိန် မြင့်သထက်မြင့်လာနေသည်။ ယခင့်ယခင်က မွတ်စလင်မ်မုန်းတီး ရေး စာပေများကို အစိုးရနှင့် ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ ့အစည်းများက ဖြန် ့နေကြောင်း ကြားဖူးသော်လည်း ကိုယ်တိုင်မတွေ ့ဖူးမမြင်ဖူးခဲ့။ အင်တာနက်ခေတ်စားလာသော ယခုခေတ်သယမတွင် မွတ်စလင်မ်ပြည်သူများ အားပုတ်ခတ်ရေးသားသော အီးမေးလ်များ၊ ဖေ့စ်ဘွတ်စာမျက်နှာများ၊ ကော်မန် ့များကို နေ ့စဉ်လိုလို မြင်နေ ကြားနေရသည်။ ဒီကိစ္စနှင့် ပတ်သက်၍ မြန်မာမွတ်စလင်မ်ပြည်သူတစ်ယောက်အနေဖြင့် မြန်မာဗုဒ္ဓဘာသာ ပြည် သူများကိုမေးခွန်းတချို ့မေးချင်သည်။ မေးခွန်းများ မမေးခင် ကျနော့်အကြောင်း ပြောပါမည်။ ကျနော်သည် မြန်မာပြည်တွင်မွေးဖွားသော မြန်မာပြည်သားတယောက်ဖြစ်သည်။ မနေ ့တနေ့ကမှမြန်မာပြည်သို ့ တိုင်းတပါးမှ ဝင်ရောက်လာသူမဟုတ်။ အိနိ္ဒယမှ ရွေ ့ပြောင်းဝင်ရောက်လာသော မိဘများမှမွေးဖွားသည်မဟုတ်။ အဘိုးအဘွားမဆို သူတို ့၏မိဘများပင် ဗမာနှင့် […]