Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာကြောင့် မုန်းနေကြသလဲ

moethuzarApril 27, 20121min57819

စာရေးဆရာတစ်ယောက် ပြောတာ မှတ်သားဖူးပါတယ်။ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေဟာ ပြည်သူလူထုက သူတို့ကို အားကိုးယုံကြည်လာအောင် လူမျိုးခြား မုန်းတီးရေး ကိုဦးတည်တဲ့ အစွန်းရောက် အမျိုးသားရေးဝါဒကို  သွတ်သွင်းလေ့ရှိကြတယ်တဲ့။ ပြီးရင် လိုရင်လိုသလို လူမျိုးရေး- ဘာသာရေး အဓိကရုဏ်း ဖန်တီးပြီး နိုင်ငံရေး အာရုံပြောင်းအောင် လုပ်လေ့ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ခေတ်ကစလို့ ဒီနေ့ထိ  ဗုဒ္ဓဘာသာဝင်တွေ နဲ့  အစ္စလမ်ဘာသာဝင်တွေကို ရန်တိုက်ပေးတဲ့ နည်းကို ကျင့်သုံးနေတာ အထင်အရှားပါပဲ။ ရလဒ်ကတော့ လူနည်းစုဖြစ်တဲ့ မူစလင်တွေသာ မြေစာပင်ဖြစ်ရတာ အမြဲပါပဲ။ လူနည်းစုကိုစွတ်စွဲပြီး မြေနိမ့်ရာ လှံစိုက်တာကတော့ အင်မတန်သေးသိမ်တဲ့ လုပ်ရပ်ပါပဲ။ (သတိရတာလေးတခု ပြောရရင် ဆူနာမိကာလ ထိုင်းနိုင်ငံကမ်းခြေက မြန်မာအလုပ်သမားတွေကို ပစ္စည်းတွေ ခိုးနေတဲ့လူတွေ လို့စွတ်စွဲတာ သတင်းတွေထဲပါလာတော့ မြေနိမ့်ရာ လှံစိုက်ကြလေတယ် ဆိုပြီး ပြောခဲကြသေးတယ်လေ။ ) အဲ့တော့ ပြောရရင် ဒီ extreme nationalism ဆိုတာ racism ကိုပဲ ဦးတည်ပါတယ်။ အစိုးရက ဖန်တီးသွေးထိုးထားတာ လူအများစုက သူတို့ကို အားကိုးလာအောင်၊ ကိုးကွယ်လာအောင် ဆိုတဲ့ ရည်ရွယ်ချက်ပါပဲ။
 
အခုလက်ရှိကိစ္စကို ပြောရရင် ပထမတစ်ခုက ကံမမြို့ကကိစ္စ သတင်းထဲမှာရေးထားတာက…

ယခင်နှစ်များစွာကတည်းက ပြိုင်ဘက်မရှိ စက်လှေလိုင်စင်ရနေသည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် နီးစပ်သူများထံမှ ယခုနှစ်တွင် ဟာဂျီမ ဒေါ်ဝါဝါက အဆိုပါလိုုင်စင်ကို ၃၂ရ သိန်းဖြင့် လေလံအောင်ခဲ့ရာမှ စတင်မြစ်ဖျားခံခြဲ့ခင်းဖြစ်ကြောင်း သိရသည်။“စက်လှေတွေကို ဒီနှစ်ဧပြီ လဆန်းပိုင်းကစပြီး ဆွဲခွင့်ရတယ်၊ ဒါပေမယ့် သူတို့က တစ်ပတ်လောက် သူတို့ကိုငှားပါဦးဆိုလို့ အငှားပေးလိုက်ရတယ်´´ဟု ဟာဂျီမဒေါ်ဝါဝါနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောကြား သည်။ထိုသို့စက်လှေကို ကြံ့ခိုင်ရေးက နောက်ခံပေးထားသည့် ဦးဝမ်းတို့က ရက်ပြည့်သည့်နောက်တွင် ပြန်လည်ပေးအပ်ခြင်းမရှိဘဲ ယခုအခါ လေလံဖိုးငွေပြန်ပေးရန် သိမ်းယူထားလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။ “ဆက်မငှားဘူးဆိုတော့ ငါတို့ကို စက်လှေလိုင်စင်ပြန်မပေးရင် ကုလား-ဗမာ အဓိကရုံးဖြစ်သွား မယ်လို့ ကံမမြို့နယ်၊ ကြံ့/ဖွံ့ပါတီမှ အမတ်ဦးဝင်းနိုင်ကပြောတယ်´´ဟု အထက်ပါပုဂ္ဂိုလ်ကပင် ဆက်လက် ပြောကြားသည်။ထို့ကြောင့် ဟာဂျီမ ဒေါ်ဝါဝါက စက်လှေလိုင်စင်လေလံဖိုးငွေနှင့် အထွေထွေကုန်ကျစရိတ်တန်ဖိုးဖြင့် စက်လှေလိုင်စင်ကို ကြံ့ဖွံ့ပါတီ ကျောထောက်နောက်ခံပေးထားသည့်သူများထံသို့ ပြန်လည်လွှဲပြောင်း ပေးခဲ့ရ သည်။” Source:http://news.mmsy.info/news/2202
ကဲရှင်းပါတယ်နော်။
 
ဒုတိယတစ်ခုက ဖားကန့်မြို့နယ် ဆိုင်းတောင် ကျေးရွာမှာ… facebook user တစ်ယောက်ရေးထားတာက–”
လွန်ခဲ့တဲ့ နှစ် ၂ဝ လောက်က စတင်ပြီး ဝတ်ပြုကိုးကွယ်ခဲ့တဲ့ဗလီလို့ဆိုရင်လည်း မမှားဘူး။ အစ္စလာမ်ဘာသာဝင် ၇၀ဝ လောက်ရှိတဲ့ ဆိုင်းတောင်မှာ ဘုရားဝတ်ပြုသူ ၄၀ဝ လောက်ရှိတယ်လို့ သိရတယ်။ လူဦးရေ ၁၅ဝ လောက်သာဆန့်တဲ့ ဗလီကို ချဲ့ထွင်ဖို့ကြိုးစားရာမှ ပြဿနာကစတင်လာပါတော့ တယ်။ ဆိုင်းတောင်အုပ်ချုပ်ရေးမှူးကိုတိုင်ကလည်းအစ္စလာမ်ဘာသာဝင် ဖြစ်နေပြန်တော့ ပြဿနာကပိုပြီးရှုပ် ထွေးလာတယ်။ ဆိုင်းတောင်ဒေသခံတွေနဲ့ ဘုန်းတော်ကြီးတချို့ အထက်ကို အကြိမ်ကြိမ်စာတင်ပေမဲ့လည်း ထူးခြားမှုမရှိလာဘူး လို့သိရတယ်။ နောက်ဆုံးတော့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက ဆိုင်းဘုတ်ဖြုတ်ပေး ဖို့ကစ္စနဲ့ အခန်းဟောင်းဖြုတ်ပေးဖို့ကိစ္စတွေကိုပြောဆိုလာတယ်လို့သိရတယ်။ ဒီလ ရ ရက်နေ့ကစပြီး ဝတ်မပြုရဘူးဆိုတဲ့ ဆိုင်းဘုတ်လည်း လာချိတ်သွားတယ်လို့သိရတယ်။ နောက်ဆုံးမတော့ ၁၃ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကျောင်းထိုင်ဘုန်း တော်ကြီး ၅ ပါးနဲ့ သံဃာအပါး ၁၅ဝ ခန့်က ဗလီကျောင်းဝန်းကို စတင်ဖြိုဖျက်ဖို့ကြိုးစားလာပါတော့တယ်။ ထိုအချိန်မှာ ဆိုင်းတောင်အုပ်ချုပ်ရေးမှူး က “အရှင်ဘုရား ကျွန်တော်တို့ မနက်ဖြန်ခါဖျက်ပေးပါ့မယ်” လို့ ပြောပေမဲ့ ကျောင်းထိုင်ဘုန်းတော်ကြီးတပါးက “ကုလားပါးစပ်က အရှင်ဘုရားလို့လဲမခေါ်နဲ့၊ ကုလားပါးစပ်က မနက်ဖြန်ဖြုတ်ပေးမယ်ဆိုတဲ့ ကတိကို လည်းမယုံဘူး” ဆိုပြီး တုန့်ပြန်တာကိုပြန်ကြားမိလိုက်ပါတယ်။ နာရီပိုင်း အတွင်း လာကြည့်တဲ့ပြည်သူ ၃၀၀၊ ၄၀ဝ ခန့်ရှိသွား ပါတယ်။ လက်သမားတွေကို ခေါ်ပြီးဖျက်ခိုင်းတယ်လို့ သိရ ပါတယ်။ ည ၉းဝဝ နာရီလောက်ရောက်တော့ စစ်ကြောင်း တစ်ခုက ဖြန်ဖြေရမဲ့အစား လုံခြုံရေးယူပေးနေတာကို မြင်တွေ့လိုက်ရပါတယ်။ စိတ်ကြိုက် ဖျက်ပြီးတော့ အချိုရေတွေ၊ ရေသန့်ဘူးတွေတောင် အလှူလုပ်ပြီးပျော်ရွှင် နေတာကို ဝမ်းနည်းစွာတွေ့ခဲ့ရပါတယ်။ အသက် အန္ဒရာယ်စိုးရိမ်ပြီး မိသားစုလိုက် ထွက်ပြေးနေတဲ့ မိသားစု တွေကိုလည်း စိတ်မကောင်းစွာနဲ့ ငေးကြည့် မိပါတယ်။ မတရားမှုပြုကျင့်နေတာကို သိပါလျက်နဲ့ အားပေးနေတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ အစိုးရအာဏာပိုင်တွေ၊ ဘုန်းတော်ကြီးတွေကို စာရေးသူနားမလည်နိုင်ခဲ့ပါ။
” Source : https://www.facebook.com/notes/jinghpaw-kasa/ဥပဒေရဲ့-အထက်မှာ-ဘုန်းတော်ကြီးများလည်းရှိတယ်/268931379866570 
 
ကဲ… စစ်တပ်ကလာပြီး ဗလီဖျက်တဲ့သူတွေကို  လာပြီးကာကွယ်ပေးတယ်ဆိုတာ ဘာသဘောပါလဲ။ ဒီပြဿနာကို စတင်အောင် ကျောင်းထိုင်ဘုန်း တော်ကြီးတွေကို ကြံ့ဖွံ့ သို့မဟုတ် စစ်တပ်က ကြိုတင်သွေးထိုးပေးခဲ့တာ မဖြစ်နိုင်ဘူးလား။ 
 
နောက်ထပ်ကျနော် စဉ်းစားစေချင်တာတွေကတော့ မြန်မာနိုင်ငံမှာ ဘာလို့ အစ္စလမ် ဘာသာဝင်တွေကို အသားလွတ် မုန်းနေကြတာလဲ ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ အများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာအပြင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်မှုဘာသာ ဆိုပြီးရှိပါတယ်။ ကဲဒီမှာ ခရစ်ယာန်ဘာသာကတော့ တိုင်းရင်းသားတွေ ကိုးကွယ်ကြတာက တစ်ကြောင်း လူတိုင်းအထင်ကြီးတဲ့ အနောက်နိုင်ငံရဲ့ ဘာသာတရား ဖြစ်တာက တကြောင်း ခရစ်ယာန်ကို မမုန်းကြဘူး။ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ မှာ နှစ်မျိုးလုံးက အိန္ဒိယ နွယ်ဖွားတွေ ကိုးကွယ်တယ်ဆိုပြီး လူမျိုးရေး ပါလာတယ်။ ဒီမှာ အိန္ဒိယ နွယ်ဖွားတွေချင်း အတူတူ ဟိန္ဒူတွေကို မမုန်းကြဘူး ဘာလိုလည်းဆိုတော့ သူတို့က  ဗုဒ္ဓဘာသာကိုပါ တစ်ပြိုင်တည်း ကိုးကွယ်လို့။ (တကယ်ဆို မြန်မာ သမိုင်းမှာ လူတွေမုန်းခဲ့တဲ့ ချစ်တီးကုလားဆိုတာ ဟိန္ဒူတွေပါ။ မူဆလင်တွေဟာ ငွေတိုးချေးရင်ကို အပြစ်ကြီးပါတယ်။ ဒါ… ဟိန္ဒူတွေကို မုန်းပါလို့ ပြောတာ မဟုတ်ဘူးနော်။ ဂျပန်တွေကို မမုန်းသလို သူတို့ကိုလည်း မုန်းစရာမလိုဘူး။)။ နောက်ဆုံး အိန္ဒိယနွယ်ဖွား ဖြစ်တော့ရော မုန်းစရာမှ မဟုတ်တာ။ ဗုဒ္ဓမြတ်စွာဘုရားကိုယ်တော်တိုင်ပင်လျင် အိန္ဒိယ လူမျိုးပဲ။ ထားပါတော့  အကုန်လိုက် စဉ်းစားကြည့်တယ်။ မူဆလင်တွေက မြန်မာတွေကို ထိခိုက်အောင် ဘာလုပ်ခဲ့လို့လဲ။ ကျနော်တို့ဆိုရင် မြန်မာ-အိန္ဒိယ  ကပြားပေမယ့် မိဘတွေကစ မြန်မာနိုင်ငံမှာမွေးတယ်။ ကိုယ့်ကိုယ်ကို မြန်မာနိုင်ငံသားလို့ ခံယူတယ်။ မြန်မာနိုင်ငံကို ချစ်တယ်။ မြန်မာနိုင်ငံ တိုးတက်တာ မြင်ချင်တယ်။ မြန်မာနိုင်ငံ သာယာဝပြောဖို့ ဒီမိုကရေစီ ထွန်းကားဖို့ ဘက်ပေါင်းစုံက ကြီုးစားခဲ့တယ်။
 
အဲတော့ ဘာလို့ မူဆလင်မုန်းသလဲ။ စဉ်းစားကြည့်ရင် အာဏာရှင် အစိုးရ အဆက်ဆက်က သွေးထိုးလှုံ့ဆော်ခဲ့တဲ့ ဝါဒမှိုင်းတွေကြောင့်ပါပဲ။ ကြားဖူးပါတယ် စာရွက်တွေ ဖြန့်တယ်။ ဒီခေတ်မှာ email တွေပို့တယ်။ ရေးထားတာတွေက…. မူဆလင်ယောက်ျားတွေက မြန်မာမိန်းကလေးယူပြီး အစ္စလမ် ဘာသာဝင်ခိုင်းရမယ်တဲ့။ အထူးသဖြင့် ဆရာမတို့ ဆရာဝန်မတို့ ယူရင် ပိုက်ဆံတောင် ဆုချတယ်တဲ့။ နောက်ဇာတ်နာအောင်ရေးသေးတယ် ဘယ်က ဗမာမိန်းကလေးဆို မူဆလင်နဲ့ယူပြီး အိမ်မှာ နှိပ်စက်ပြီး အလုပ်ခိုင်းတယ်ဘာညာနဲ့။ စုံနေတာပဲ။ စိတ်ပျက်ဖို့ကောင်းတာက လူတွေကလည်း ယုံတယ်။ အမှန်မှာက မူဆလင်တစ်ယောက်ဟာ ဘာသာခြားနဲ့ကို ယူခွင့်ကိုမရှိတာပါ။ ဒါပေမယ့် ချစ်ကြလွန်းလို့ ယူကြပြီဆိုရင် တစ်ချို့လည်း နှစ်ယောက်လုံး  ဗုဒ္ဓဘာသာဝင်ဖြစ်သွားကြတာ ရှိသလို မူဆလင် ဖြစ်သွားကြတာလည်း ရှိပါတယ်။ ဒါသူတို့ရဲ့ လွပ်လပ်ခွင့်နဲ့ သူတို့ ပြောင်းတာ။ ဒါပေမယ့် ကျနော့်ရှေ့မှာ မြင်ဘူးသလောက်တော့ ဗုဒ္ဓဘာသာဝင်ဖြစ်သွားကြတာတောင် များနေသေးတယ်။  
 
နောက်တစ်ချို့က ပြောနေကြတဲ့ မူဆလင်တွေက ဗမာဆိုင်မှာ မဝယ်ဘူးတဲ့။ လုံးဝ လုံးဝကို မှားပါတယ်။ ကျနော် အခုချက်ချင်း စဉ်းစားကြည့်လိုက်မယ်။ ကျနော် နေ့တဓူဝ ဈေးဝယ်နေတာ မူဆလင်ဆိုင်တစ်ခုမှကို မပါဘူး။ အားလုံး ဗမာဗုဒ္ဓဘာသာဝင် ရောင်းတဲ့ ဆိုင်ချည်းပဲ။ တစ်ခုပဲရှိတယ် ကြက်သားဝယ်ရင်တော့ မူဆလင်ရောင်းတဲ့ ဟာလာလ်သားမှ စားလို့ရတယ်။ ဒါက ဟာလာလ်သားဆိုတာ တရားတော်ကသတ်မှတ်ထားတဲ့နည်း နောက် ဘုရားစာဆိုပြီး မှ အသားပေါ်ရတယ်။ (Avator ရုပ်ရှင်ထဲမှာတောင် ဒီသဘောမျိုးပါတယ်။) ကဲ ရှင်းပြီနော်။ တလွဲဆံပင်ကောင်းပြီး မတွေးကြပါနဲ့ဗျာ။
 
မူဆလင်တွေက မြန်မာနိုင်ငံကို  ဘယ်လိုချစ်ခဲ့ကြတယ်ဆိုတာ ပြောပြအုံးမယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေထဲက ဦးရာဇတ်။ နောက်ရဲဘော်ကိုထွေး။  ဦးရာဇတ်ဆို အထူးရေးပြစရာတောင်မလိုဘူး မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြက်ရေး လုပ်ခဲ့တဲ့ အမျိုးသားကျောင်း ကျောင်းအုပ်ကြီး။ ဗိုလ်ချုပ်တို့ လေးစားတဲ့ ဆရာကြီး။  လွပ်လပ်ရေးကြိုးပမ်းရင်း ကျဆုံးခဲ့တယ်။ နောက်  အင်္ဂလိပ်အစိုးရကို ရဲရဲတောက် ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင် ကိုရာရှစ်။ ဒါတွေက လွပ်လပ်ရေးကြိုးပမ်းမှုကာလ။ ပြီးတော့ ဒီခေတ်မှာ အာဏာရှင်ဆန့်ကျင်ရေး လုပ်ခဲ့တဲ့ ဗိုလ်မှူးဘသော် (သို့) စာရေးဆရာ မောင်သော်က။ ဆရာ မောင်သော်ကဆိုရင် စစ်အဏာရှင်က ထောင်ချထားတုန်း ထောင်တွင်း အစာငတ်ခံတိုက်ပွဲမှာ ကွယ်လွန်ခဲ့တယ်။ မန္တလေး NLD ခေါင်းဆောင် ဒေါ်ဝင်းမြမြ ဆိုရင် စီးပွားရေးတွေ ဆုံးရှုံးတဲ့ထိ ပေးဆပ်ခဲ့တယ်။ ထောင်တွေကျခဲ့တယ်။ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေထဲက ကိုမြအေး။ ထောင်ဒါဏ်နှစ်ရှည်တွေကျခံပြီး ကိုမင်းကိုနိုင်တို့နဲ့ အတူ တော်လှန်ရေးကို တစိုက်မတ်မတ် လုပ်ခဲ့တယ်။ မြန်မာ့ကျောင်းသားတော်လှန်ရေး သမိုင်းစာအုပ် ပြုစုလို့ ထောင်ကျခဲ့ရသူ ကိုအောင်ထွန်း။ နောက်ပြီး မထင်ရှား သူတွေ  အများကြီး။ မူဆလင်တွေ နိုင်ငံရေးနဲ့ ထောင်ကျရင် ပိုပြီးနှိပ်စက်ဆဲဆိုခံရ တယ်တဲ့။ ABSDF မှာ ပါဝင်ဆောင်ရွက်သူတွေလည်း ရှိသေးတယ်။ ABSDF -ABကကိစ္စတွေ ကြားဖူးရင် သိကြမှာပါ။ ကိုထွန်းအောင်ကျော်တို့နဲ့ အတူ ပေးဆပ်ခဲ့ကြသူတွေ ထဲမှာလည်း မူဆလင်တွေ ပါတယ်။
 
အဲ့ဒါပါပဲ။ စဉ်းစားကြည့်ရင် မူဆလင် မုန်းစရာ ဘာအကြောင်းမှ မရှိဘူး။ အသားလွတ်ကိုမုန်းတာဗျ။ ပြောရရင်ဗျာ မူဆလင်တွေထဲမှာလည်း မကောင်းတဲ့လူရှိမှာပေါ့။ ဗမာဗုဒ္ဓဘာသာဝင်ထဲမှာလည်း မကောင်းတဲ့လူတွေ ရှိတာပဲ။ ဥပမာဗျာ မူဆလင်လူဆိုးတစ်ယောက်က မုဒိန်းမှူ ကျုးလွန်တယ် ဆိုပါတော့။ ပြောကြပြီလေ။ “ဟဲ့… ကုလားတစ်ယောက်က ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်သတဲ့။ ကုလားတွေ @$!*#!!!….”  ပြောကြရောဗျာ။ အမှန်ဆို မှူခင်းဂျာနယ်လိုမျိုး ဖတ်ကြည့်ပါလား။ မုဒိန်းမှူ ကျုးလွန်သူ ဗမာ ဘယ်နှစ်ယောက်။ ကုလားဘယ်နှစ်ယောက်။ stastics ချကြည့်ပေါ့။ ဗမာဗုဒ္ဓဘာသာဝင် လူဆိုးက မုဒိန်းကျင့်ရင် “ဟဲ့…  ဗမာတစ်ယောက်က ဗမာမိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်သတဲ့။ ဗမာတွေ @$!*#!!!….” ဆိုပြီး ပြောကြလို့လား။ အဲ့ဒါပါ။ သိမ်းကြုံးပြီး အပြစ်မမြင်ပါနဲ့လို့ ပြောချင်တာ။ မူဆလင်တွေမှာလည်း လူဆိုးတွေ ရှိမှာပဲ။ တကယ်တော့ ဒီလူဆိုးတွေဟာ တရားတော်ကို မလိုက်နာတဲ့ မူဆလင်မစစ်တဲ့ လူတွေလို့တောင် ပြောလို့ ရပါတယ်။ 
 
နောက်တစ်ခုက နိုင်ငံအနေနဲ့ အိန္ဒိယကိုများ မုန်းတာလားလို့ စဉ်းစားမိတယ်။ ဘာမှ မဆိုင်ဘူး။ ကျနော်တို့ဆို ဒီမှာမွေးတာ မျိုးဆက် သုံးဆက်လောက်ကတည်းကပဲ။ မြန်မာနိုင်ငံကိုပဲ ချစ်ကြတာပဲ။ မန္တလေးမှာ ပြည်ကြီးက မနေ့တနေ့ကမှ ဝင်လာ လဝကကို လဘ်ထိုးပြီး နိုင်ငံသားကဒ်ကိုင်ထားပြီး မြန်မာစကား မပြောတဲ့ လူမျိုးမဟုတ်ဘူး။ လူတွေက ဘယ်လောက်တလွဲ ဆံပင်ကောင်းလဲ ဆိုတော့ ရီရတယ်။ ဟိုတလောက ဘင်္ဂလားဒေ့ရ်ှနဲ့ ရေပိုင်နက်ကိစ္စမှာ တကယ်တော့ မြန်မာက နိုင်ငံအတွက် အကျိုးရှိတဲ့ ၊ဧရိယာတွေ ရလိုက်တာ အဆင်ပြေရက်နဲ့ ဘယ်သူက ဖွလိုက်လဲမသိ။  ဘင်္ဂလားဒေ့ရ်ှက နိုင်သွားတယ်ဆိုပြီး မဆီမဆိုင် “ဟေ့ မနက်ဖန် ကျောင်းမှာ ကုလားတွေကို ဆဲမယ်…” ဘာညာ ပြေတဲ့သူကပြော။ ဘာမှမဆိုင်ဘူး။ အဲလိုသာ တွေးခေါ်မယ်ဆိုရင် တရုပ်နိုင်ငံလို မြန်မာ့ သယံဇာတရော သဘာဝပတ်ဝန်းကျင်ရော အကုန် တစစီ ဖဲ့ယူသွားတာရော ဆိုရင် ပြည်တွင်းက တရုပ်တွေ ဘယ်သွားပုန်းရမှန်းသိမှာ မဟုတ်ဘူး။
 
ဒီ racisimကို ထပ်ပြောရရင်တော့ ကမ္ဘာမှာ အင်မတန် စိတ်ဓါတ် အောက်တန်းကျတဲ့ အပြုအမူအမြစ် သတ်မှတ်ပါတယ်။ အင်္ဂလန်လို နိုင်ငံမျိုးမှာ လွန်ခဲ့တဲ့ အနှစ် ၃ဝလောက်ကဆို racist အရမ်းများတယ်လို့ ဆိုပါတယ်။ အခုတော့ သူတို့ရဲ့ civilization တိုးတက်လာတာနဲ့ အမျှ racisim ဆိုတာ ရှက်စရာ ရွံမုန်းစရာ အဖြစ် မြင်လာကြပါပြီ။ racisim ဆိုတာ တနည်းပြောရရင် အတွေးအမြင် ကျဉ်းမြောင်းခြင်း (narrow minded) ပါပဲ။ ကျနော်တို့ဟာ ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် open minded ဖြစ်ဖို့လိုပါတယ်။ ဥပမာပေးရရင်… ကျနော်တို့လို အရင်ခေတ်က Rock music ကို နားထောင်ခဲ့တဲ့ အရွယ်တွေဟာ Hiphop music ကို မကြိုက်ဘူး။ ကျနော်တို့ အနေနဲ့ Hiphop တဲ့… ဒါလားကွာ music လို့ ရှုံ့ချနေမယ့်အစား။ ဪ… သူတို့ခေတ်နဲ့ သူတို့ ဂီတပဲလို့ တွေးပေးပြီး open minded ဖြစ်ပေးရမှာပေါ့။ (ကိုယ်ကြိုက်တဲ့ rock ကိုယ်နားထောင်၊ သူများကြိုက်တဲ့ Hiphop ကိုလည်း မရှုပ်ချပါဘူးပေါ့။ ) ထားပါတော့… open mindedကို အနီးစပ်ဆုံး ဥပမာပေးကြည့်တာပါ။ နောက်ဆုံးအနေနဲ့ကတော့ အားလုံးအနေနဲ့ လောကပါလတရား သုံးပါးဖြစ်တဲ့ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီ မျှခြင်းဆိုတဲ့ အချက်သုံးပါကို လက်ကိုင်ထားကြပါလို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံသား အားလုံးတရားမျှတခြင်းကို မြတ်နိုးလာကြပါစေ။ လွတ်လပ်ခြင်းကို မြှင့်တင်ကာကွယ်နိုင်ကြပါစေ။ တန်းတူညီ မျှခြင်း ကို အမြဲ နှလုံးသွင်းပြီး လူလူချင်း နှိပ်စက်ခြင်း ကင်းဝေးကြပါစေ။

19 comments

  • captainamerica

    April 28, 2012 at 12:04 am

    ဟုတ်ညား 😉 မင်းတော်ကီတော့ညက်တယ်နော် လိုရာဆွဲပြောတတ်တယ်။
    Debate ဆက်လုပ်သေးတာပေ့ါ စစ်တပ်က ဝါဒမှိုင်းတိုက်လို. ဖြစ်တယ်ဆိုရအောင်
    ဒီကကောင်တွေက ပညာမတတ် စာမတတ်တဲ့ ကလေကချေတွေမှ မဟုတ်ကြတာ
    မင်းနှဲ.တို. များကိုအထင်သေးလှချီလား လက်တွေ.ကိုကြုံခဲ့ရလို.နာခဲ့ရတဲ့သူတွေကြီးပဲ
    မင်းပြောတော့မစော်ကားပါဝူးဆို ဗုဒ္ဒဘာသာဝင်တို.အတွက်စေတမန်ဆိုတဲ့ပို(စ်)ကိုရေးတဲ့
    ကောင် မင်းတို.ဘာသာဝင် ငါ့တို.ဘာသာအကြောင်းနကန်းတစ်လုံးမှနားမလည်ဘဲနဲ.
    ယုတ်ယုတ်မာမာ စော်ကားထားတာတွေ.တယ်မလား ငါတို.ဘာသာဝင်တွေ မင်းတို.
    ဘာသာဝင်တွေကို ယုတ်ယုတ်မာမာ ရိုင်းရိုင်းစိုင်းစိုင်းအဲလိုစော်ကားထားတဲ့ဆိုဒ်တွေ
    ရှိခဲ့ဖူးလို.လား။ရှိရင် ညွှန်စမ်းပါဦး မင်းတော်ကီတွေက အဲကောင်တော်ကီတွေနဲ.ခပ်ဆင်ဆင်
    လေးသာွးတူနေတယ်။

    • kaung kin pyar

      April 30, 2012 at 8:42 am

      နင်တို့ကို ဘယ်သူမှ ရှိခိုးတောင်းပန်ပြီး မြန်မာ့မြေ လာနေလို့ မပြောဘူး…။ မကျေနပ်ရင် ဂျောင်းပဲ…။ မြေတောင်သန့်သွားသေးတယ်…။

  • Min Khant

    April 28, 2012 at 12:11 am

    မဟုတ်ဘူးဗျ….

    လူတွေကိုတိုင်ကိုက အမုန်းတွေပွားနေကြတာ….
    ဒီက ဗမာတွေ တင်ထားတဲ့ ကွန်မန် ့တွေ ဖတ်ကြည့်တာ တော်တော် စိတ်ပျက်ဖို ့ကောင်းတယ်။
    အားလုံး အုံလိုက်ကျင်းလိုက်ကြီးကို မွတ်ဆလင်ကို ဘယ်လိုမုန်းကြောင်း မွတ်ဆလင်ဘယ်လိုမကောင်းကြောင်း ဝိုင်းပြီးဖော်ပြနေလိုက်ကြတာ။

    ဒီအထဲမှာ ဗမာတွေကို ဝင်ဆဲတဲ့ ဝင်မကောင်းပြောတဲ့ မွတ်ဆလင်ကျနော်မတွေ ့မိဘူး။
    အေး အခုကျနော်ကလည်း မကောင်းပြောနေတယ်လို ့ထင်ချင်လဲ ထင်ကြ။
    ကို ့ကိုကိုလည်း ပြန်ဆန်းစစ်ကြည့်ဦး
    မကောင်းတာဆိုတာ လူတိုင်းမှာရှိတယ်။
    ဘာလဲ ဗမာတွေကကော မွတ်ဆလင်မကို ယူထားတာတွေ အများကြီး မမြင်ဘူးလား?
    သူတို ့နှိပ်စက်တာတွေ ကောမမြင်ဘူးလား?

    ခင်ဗျားတို ့ဗမာတွေ အားလုံးပေါင်းပေါင်းပြီး ကုလားဆို နှိမ်နေတာကျတော့ အောက်တန်းမကျဘူး
    မကောင်းတဲ့ မွတ်ဆလင်တချို ့က နှိပ်စက်တာ ဘုရားပုံကျော်ခိုင်းတာကျ အောက်တန်းကျတယ်တဲ့လား?

    ဟေ….ကျုပ်တို ့မွတ်ဆလင်တွေမှာ ကလေးဘဝမှာလည်း အတန်းထဲမှာ အမျိုးမျိုးအနှိမ်ခံရ…အလုပ်သွားရင်လည်း ကုလားဆိုပြီး ဝိုင်းပယ်ခံရ…အနိုင်ကျင့်ခံရ…..တခါတလေများ လူရာတောင် မဝင်သလိုဆက်ဆံခံရ…..
    အဲအွန်လိုင်းပေါ်မှာတောင် အစကအကောင်းပြောနေတုန်း မွတ်ဆလင်မှန်းလဲသိရော အချိုးကပြောင်းကုန်ကြရော……………………………….

    မင်းတို ့ပြောနေတဲ့ ဆိုးရွားတဲ့ မွတ်ဆလင်တွေရဲ့ တစ်ဝက်ကို မင်းတို ့ပဲဖန်တီးပေးလိုက်တယ်ဆိုတာမမေ့ပါနဲ ့
    မင်းတို ့ဝိုင်းဝန်းပစ်ပယ်ထားတာနဲ ့အမျှစိတ်ထဲမှာဗမာတွေ အပေါ်နာကျည်းစိတ်ဆိုတာ အနည်းနဲ ့အများဝင်လာတတ်တယ်။
    မင်းတို ့က ကိုယ်တိုင်မခံစားဘူးတော့ သူများကို အပြစ်တင်ဖို ့ကအရင်……

    ငါကလည်း မင်းတို ့ကိုသိပ်မုန်းနေလို့ မဟုတ်ဘူး မင်းတို ့လုပ်ပုံတွေက မသင့်တော်လို ့ဝင်ပြောတာ
    ကြိုက်သလိုတုန် ့ပြန် ဆဲချင်ရင်လည်းဆဲ
    တစ်ခုတော့ရှိတယ် မင်းတို ့အဆင့်အတန်းကို မင်းတို ့ဘာသာမနှိမ့်ချချင်ပါနဲ ့မင်းတို ့ကြောင်း ကောင်းမွန်တဲ့ ဗမာတွေ အများကြီးရဲ့ ဂုဏ်သိက္ခာထိခိုက်အောင်မလုပ်ပါနဲ ့လို ့ပဲပြောချင်တယ်။

    ရှင်းပါတယ်နော် အားလုံး?

    • Onyx

      April 28, 2012 at 11:15 am

      ဟေ့ကောင် မင်းမကြိုက်ရင် ငါတို့ နိုင်ငံကနေ ကြိုက်တဲ့အချိန်ထွက်သွားလိုက် ။
      စကားကို ကြည့်ပြောကွ နီးရင်တော့လားကွာ

    • မတူတာလေးတွေ ဘယ်ဖယ်ထားပြီး၊တူတာလေးတွေ လက်တွဲ လုပ်ကြပါစို ့ဗျာ။
      သွေးကွဲရင်. အပျက်ပျက်နဲ ့ဗျာ။အင်မတန် စိတ်ရှည်သီးခံကြတဲ့ ရွာထဲက အကို၊
      အမ ဆရာသမားတွေ. နားလည်ခွင့်လွှတ် ပေးဖို ့မျှော်လင့်မိပါတယ်။

  • ဦးဦးပါလေရာ

    April 28, 2012 at 1:14 am

    ဗမာမွတ်ဆလင်လို့ခေါ်တဲ့ ပြည်တွင်းမှာဘိုးစဉ်ဘောင်ဆက်နေလာတဲ့ မွတ်ဆလင်အားလုံးကို မြန်မာတွေမုန်းတာမဟုတ်ပါဘူး။
    အဲဒီထဲက မြန်မာလူမှု့ဝန်းကျင်မှာ တန်းတူ ရောနှောနေထိုင်ပြီး အပြန်အလှန်လေးစားမှု့ရှိတဲ့ မွတ်ဆလင်တွေ၊ မြန်မာပြည်ကို ကိုယ့်တိုင်းပြည်လို့သတ်မှတ်ပြီး(ဟုတ်လဲဟုတ်တာပဲ) ကိုယ့်တို်င်းပြည်နဲ့ လူထုအကျိုးကို ဆောင်ရွက်တဲ့ မွတ်ဆလင်တွေကို မမုန်းပါဘူး။
    မြန်မာတွေမုန်းတာက မြန်မာတွေကြားမှာ တမင်ထောင်လွှားတဲ့ မွတ်ဆလင်တွေ
    အခွင့်အရေးရရင် ရသလို မြန်မာတွေကို မထေမဲ့မြင်ပြုတဲ့ မွတ်ဆလင်တွေ
    လူမျိုးနဲ့ဘာသာကို တမင်(တမင်)စော်ကားတဲ့ မွတ်ဆလင်တွေကို မုန်းတာပါ။
    အဲဒါကတော့ မုန်းရုံမက ဒီအချိုးကိုမပြောင်းရင် မကြာခဏလဲ ထသတ်ကြမှာပါ။
    အပေါ်ကအချက်တွေကိုလုပ်ရင်တော့ မွတ်ဆလင်ကုလားမကလို့ ဘယ်ဘာသာ ဘယ်လူမျိုးကိုဖြစ်စေ မုန်းမှာပါပဲ။
    ဟိန္ဒူကုလားတွေကိုကြည့်။
    အဲဒီသုံးချက် လုံးဝနီးပါးမလုပ်ဘူး။
    ဒါကြောင့် မြန်မာတွေက(မြန်မာတိုင်းရင်းသားအားလုံး) ဟိန္ဒူကုလားတွေကို လုံးဝနီးပါးမမုန်းဘူး။
    ပြည်တွင်းပေါက် တရုတ်တွေကိုကြည့်
    အပေါ်ကသုံးချက်ကို လုပ်တဲ့လူ နဲတယ်။
    ဒါကြောင့် တရုတ်တွေထဲမှာ အမုန်းခံရသူနဲတယ်။
    အခုပြည်ပကဝင်လာတဲ့ တရုတ်တွေထဲမှာ အပေါ်ကသုံးချက်ကို လုပ်ကြတယ်။
    ဒါကြောင့် ပြည်ပကဝင်လာတဲ့တရုတ်တွေကို ပြည်တွင်းတရုတ်အပါအဝင် မြန်မာပြည်သူအားလုံး မုန်းတယ်။

    အဖြေက အဲဒါပဲ

    မြန်မာလူမျိုး(ရခိုင်၊ချင်း အပါအဝင် မြန်မာတို်င်းရင်းသားအားလုံး) တွေကို အမြင်ကျဉ်းတယ်
    လူမျိုးရေးအစွဲအလန်းကြီးတယ်၊ လို့စွတ်စွဲရင် မမှန်ပါဘူး။
    မြန်မာလူမျိုး(ရခိုင်၊ချင်း အပါအဝင် မြန်မာတို်င်းရင်းသားအားလုံး) အများစုကြီးဟာ စိတ်သဘောနူညံ့ပြီး နှစ်လိုဘွယ်အကောင်းဆုံးလူမျိုးပါ။

    မြန်မာမွတ်ဆလင်တွေအမုန်းမခံချင်ရင်
    လူပါးဝတဲ့မွတ်ဆလင်တွေ/ယုတ်မာတဲ့မွတ်ဆလင်တွေကို
    သူတို့ကိုယ်တိုင် ဆန့်ကျင်ပါ။ ဆန့်ကျင်ကြောင်းပြသပါ။
    မြန်မာပြည်သူအားလုံး(ရခိုင်၊ချင်း အပါအဝင် မြန်မာတို်င်းရင်းသားအားလုံး) နဲ့အတူရပ်တည်ပါ။
    အခု ပြည်တွင်းနေ မြန်မာတရုတ်တွေက စိမ့်ဝင်လာတဲ့ ကိုးကန့်တရုတ်တွေ ပြည်ကြီးတရုတ်တွေကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ပြီး
    မြန်မာတိုင်းရင်းသားအားလုံးနဲ့အတူ တသားတည်းရပ်တည်သလို နေကြည့်ပါ။

    အလကားနေရင်း မွတ်ဆလင်ချင်းတူတိုင်း ဝင်ကာမယ် ဝင်ပါမယ်ဆိုရင်တော့ မြန်မာတွေက ဆက်လက်မုန်းတီးနေဦးမှာဖြစ်ပါတယ်။

    ကိုယ်ရေးကိုယ်တာအရပြောရရင်-
    ကျုပ်တသက်မှာ အလွန်မုန်းတီးမိတဲ့ မွတ်ဆလင်တချို့ ရှိပါတယ်။
    ချစ်ခင်လေးစားတဲ့ မြန်မာမွတ်ဆလင်တချို့လဲ ရှိတယ်။
    အရေအတွက်အားဖြင့်ဆို ချစ်ခင်လေးစားတဲ့ မွတ်ဆလင်ဦးရေကများပါတယ်။
    မန်းဂေဇက်ဆိုက်ထဲမှာလဲ ခင်မင်လေးစားမိတဲ့ မြန်မာမွတ်ဆလင်တဦးရှိပါတယ်။
    အဲဒါဟာ မွတ်ဆလင်ကို မုန်းတာ ချစ်တာမဟုတ်ဘူး-
    မကောင်းတဲ့လူအမျိုးအစားကိုမုန်းပြီး ကောင်းတဲ့လူအမျိုးအစားကို ချစ်ခင်တဲ့သဘောပဲ။

    တခုသတိပေးပါမယ်-
    မွတ်ဆလင်တွေ မကောင်းတာဘာမှမလုပ်ဘူးလို့တော့ မြန်မာပြည်ထဲလာမပြောပါနဲ့နော….
    ခံထားရတာတွေ များ…. များ…. များ….လွန်းလှပါပြီ။

    • windtalker

      April 28, 2012 at 2:16 pm

      ဦးပါ ရဲ ့ကွန်မင့် တော်တော်ကောင်း တယ်ခင်ဗျ ။ +1 ပေးခဲ့ပါသည် ။
      ကျွန်တော်သိတဲ့အချက်တစ်ခုကတော့ ၊ မွတ်စလင် စားသောက်ဆိုင်များ လက်ရာကောင်းလျှင် မြန်မာအားလုံး သွားအားပေးကြသော်လည်း ၊ မြန်မာ အစားအသောက်ဆိုလျှင် ဟာလာဖြစ်ပါတယ် ။ 786 ဆိုင်က ဝယ်ပြီး ချက်တာပါ ။ ဆီဘယ်လောက်သန် ့ပါတယ် ပြောပြော မွတ်စလင်များ မစားကြပါ ။

      • ကိုရင်မောင်

        April 28, 2012 at 9:45 pm

        ဦးပါလေရာရော ကိုပေရော ။+ပေးသွားပါတယ်ဗျာ
        ကွန်မန်းတွေကောင်းလွန်းလို့….
        ငယ်ငယ်ကကျနော်နေတဲ့ရပ်ကွက်မှာ ကုလားတန်း (ကလယ်တန်း)
        ဆိုတာရှိပါတယ် ဒီအစ္စလန်ဘာသာကိုးကွယ်တဲ့မွတ်ဆလင်တွေက
        ဘယ်မြို့မှာဘဲကြည့်ကြည့်သီခြားနေကြတာများပါတယ်..
        ဒါကြောင့်ကုလားတန်းဆိုတဲ့အမည်တွင်တာပါ..
        အဲ့ဒီကုလားတန်းမှာနေတဲ့ မွတ်ဆလင် ဇနီးမောင်နှံနှစ်ဦးရဲ့ဖြစ်ရပ်လေးပြောပြချင်လို့ပါ
        တနေ့သူဇနီးရောဂါတခုဖြစ်လို့သွေးသွင်းဘို့အခြေအနေဖြစ်လာပါရော..
        ဒီမှာတင်ယောကျာ်းဖြစ်သူကသူတို့ဘာသာတူသွေးမရှိလို့သွေးသွင်းဘို့
        လက်မခံဘူး..အဲ့ဒီအမျိုးသမီးကွယ်လွန်သွားတဲ့အဖြစ်ကိုရောက်သွားရပါရောလား..
        ဒီလူမျိုးတွေထဲမှာ အဲ့ဒီလောက်အယူပြင်းတဲ့လူတွေရှိနေတာနော်..
        တခြားဘာသာတွေကဒီလောက် အယူသီးတာမရှိကြပါဘူး
        သောက်ရေဆိုလဲဒီလိုပါဘဲသူဆို့ဆီကရေသောက်ရဘို့အတော်မလွယ်ဘူး….

  • ပေစိ

    April 28, 2012 at 7:50 am

    ခရစ်ယာန်ဘာသာဝင်များသည် အခြားဘာသာတရားကို စော်ကားသည့်အပြုအမူမျိုး ပြုပ်သူ နည်းလိမ့်မည် ဟိန္ဒူဘာသာဝင်များသည် အခြားဘာသာတရားကို စော်ကားသည့်အပြုအမူမျိုး ပြုလုပ်သူ နည်းလိမ့်မည် ဗုဒ`ဓဘာသာဝင်များသည် အခြားဘာသာတရားကို စော်ကားသည့် အပြုအမူမျိုးပြုလုပ်သူ နည်းလိမ့်မည် မွတ်စလင်ဘာသာဝင်များသည် ……………………….
    ဟိုတလောက သတင်းလေးတစ်ပုဒ်ဖတ်ရပါသည်။ ထိုင်းနိုင်ငံတောင်ပိုင်းတွင် တစ်စုထဲသာရှိတော့သော ဗုဒ`ဓဘာသာဝင် မိသားစုအား မွတ်စလင်များမှ မိသားစုလိုက်သတ်ဖြတ် တဲ့ စဉ်းစားကြည့်ပါ မင်းတို့ဘာသာ အခုကမ္ဘာပေါ်မှာ အကြမ်းဖက်သမားဆိုဘယ်သူတွေလဲ ကြည့်လိုက်ပါ
    မွတ်စလင်တွေက အားသိပ်စမ်းတတ်တယ် သူတို့နိုင်မယ်ဆိုရင် အားများရင် တွယ်မယ် အပိုင်စီးမယ် သူတို့အားနည်းတယ်ဆိုရင် ပြန်ပြီးလျှိုသွားပြီး ဆင်ကြံကြံတတ်တယ် အခုလည်း တို့ရွာကို သိမ်းဖို့များ လာပြီး အားစမ်းနေတာလားမသိဘူး တို့ရွာကို တို့ဝိုင်းပြီးကာကွယ်မယ်ဟေ့

    • jujuma

      April 28, 2012 at 9:52 am

      မွတ်ဆလင် တွေ တော်တော်များများကိုမုန်းတယ်..
      မြန်မာပြည်မှာနေပြီး မြန်မာနည်းမြန်မာ့ဟန် နဲ့ ဆန့်ကျင်တဲ့အပြုအမူတွေ အများဆုံးလုပ်တာလဲ သူတို့တွေပဲ..
      တရုတ် ၊ ကုလား(ဟိန္ဒူဘာသာ) ၊ ခရစ်ယာန်ဘာသာကွဲတွေ တော်တော်များများရှိတယ်..
      ဘယ်ဘာသာနဲ့မဆို လိုက်လျောညီထွေ နေနိုင်ကြတဲ့သူတွေချည်းပဲ…
      မွတ်ဆလင်တွေလောက် ဇီဇာကြောင်ပြီး စိတ်ညစ်တဲ့ သူတွေ မရှိဘူး …

  • ထုံးဘဲဥ

    April 28, 2012 at 9:31 am

    မွတ်ဆလိမ်တွေ မကောင်းဘူးလို့ ဘူကျောတာယဲ
    ကောင်းပါတယ်ကွ အထူးသဖြင့် မွတ်ဆလင်မတွေ တအားကောင်း ဂွတ်ရှယ်ပဲ (စိတ်) သတိ.လိုရာဆွဲမတွေးရ 😆

  • laypai

    April 28, 2012 at 10:38 am

    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    Rule နဲ့ မညှိ ပေမဲ့ဒီပို့ က ရွာ တော့ နဲနဲ ဆူ တယ် သဂျီးရေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 28, 2012 at 1:00 pm

    ကျုပ်ကတော့ အစွန်းရောက် ( အယူသီးမှု့ ) ဆိုတဲ့သဘောကိုဘဲ ထပ်ပြောပါတယ်ဗျာ
    အစွန်းရောက်သူတွေဆိုတာကတော့ သူငါလူမျိုးခွဲလို့ရမယ်ထင်ဘူး
    အစွန်းရောက်သူကစွန်းမှာဘဲ
    ( ကိုယ့်ခံယူချက်က သူများတွက်အစွန်းရောက်နေတာကိုတစ်ဖက်ထား သတိချပ်ရပါမယ် )
    အနည်းအများကွာမယ် သဘောကွာမယ်
    ဆိုတော့ကာ ကျုပ်ကအစွန်းရောက်သဘောကိုနှစ်ဖက်မျှအောင်ညှိကြည့်မယ်ဗျာ
    ကဲ ဆိုခဲ့သလို
    ဗလီကိုဘုန်းကြီးတွေဖျက်တယ် အရပ်ကူတယ် လူဝိုင်းတယ် အမှန်မြန်မာနိုင်ငံသံဃာ့ဂိုဏ်ချုပ်ကြီးက
    အဲ့သည်လုပ်ရပ်ကို ခွင့်မပြုဘူးလို့ဆိုနိုင်တဲ့အတွက် အဲ့သည်အဖွဲ့ကိုအစွန်းရောက်ထဲထည့်တယ်ဗျာ )
    ( စာထဲမှာတော့ မြတ်စွာဘုရားကျောင်းနား တိတ္ထိတွေကျောင်းလာဆောက်လို့ မြတ်စွာဘုရားက
    တပည့်တွေကို အရပ်စကားနဲ့ပြောရရင် ဟရောင်တွေ သွားဖျဲပလိုက်ကွာလို့ ခိုင်းလို့ တိတ္ထိကျောင်းတွေ
    အဖျက်ခံရဘူးတယ်လို့တော့ဆိုသဗျ ကျမ်းပြန်လှန်တာ မတွေ့သေးလို့ 😀
    တစ်ခုရှိတာက အဲ့ဒါက ရဟန်းတာကြီးတွေဗျ ( စကားချပ် ) )
    နောက်ပြီး အသေခံဗုံးခွဲကြတယ် ဖျက်ဆီးတယ်
    ဒါကိုအစွန်းရောက်တဲ့လုပ်ရပ်လို့ အာရပ်မွတ်စလင်ကမ္ဘာကလည်းအသိမှတ်ပြုတဲ့အတွက်
    အဲ့သည်ဗုံးခွဲတဲ့ကောင်တွေကိုလည်း အစွန်းရောင်ထည်းထဲ့တယ်ဗျာ
    ဆက်ချကြဗျာ 😀 😀 😀
    ( နှလုံးသွင်းလေးလည်းကောင်းကြဦး ဘာသာရေးစကားဝိုင်းထဲ လီးလိုလိုမှိုလိုလိုတွေလာမလုပ်နေကြနဲ့ဦး )
    👿 👿 👿

    • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

      April 28, 2012 at 1:30 pm

      ဒီငခြောက်ကတော့ မဟုတ်သေးပါဘူး
      ခုနစ်တန်းတောင်မအောင်ဘဲနဲ့
      ဘယ်ကကြားဘူးနားဝတွေကိုဒီမှာဆရာကြီးလေသံနဲ့လာလွှတ်နေတာလဲ
      ဂေဇက်ကိုဘာများမှတ်နေလဲ
      ခင်ဗျားတို့လို အလုပ်ထဲကအလကားရတဲ့အင်တာနက်နဲ့စာရေးနေတာမဟုတ်ဘူး
      ကိုယ်ပိုင်အင်တာနက်လိုင်းတွေနဲ့စာရေးစာဖတ်နေတဲ့ဆရာကြီးတွေကို
      ဘီလူးကျွန်းနွားတွေများအောက်မေ့နေသလား
      ခင်ဗျားကိုလည်း အစွန်းရောက်ထဲထည့်တယ်
      ဂျောင်း

  • Foreign Resident

    April 28, 2012 at 4:21 pm

    ” ဘာကြောင့် မုန်းနေကြသလဲ ” တဲ့

    မေးခွန်းလေးက ကောင်းသားပဲ ။
    ဘာသာရေး မို့လို့ မတို့မထိချင်ပေမယ့် ၊
    မေးရဲတဲ့သူက မေးလာပြီ ဆိုတော့ ၊
    အမေးရှိတော့လဲ အဖြေရှိရတော့မှာပေါ့လေ ။

    ဒါပေမယ့် Comment လောက်နှင့် မလုံလောက်ပဲ ၊
    Post တစ်ခုရေးတင်ရတော့မှာ ဖြစ်တဲ့အပြင် ၊
    အဘ မှာလည်း သင်္ဘောပေါ်မှာ အလုပ်တစ်ဖက်နှင့် ရေးရမှာ ဖြစ်တဲ့အတွက် ၊
    တစ်ရက် နှစ်ရက်တော့ စောင့်ပေးပါကွယ် ။

    မြို့မေတ္တာတော့ ခံရချေသေးရဲ့ ။ 😛

  • Patriotic Burma

    April 28, 2012 at 10:59 pm

    As far as I know,there are some rascals in both Myanmar and Moslem.But yeah right sometimes there are more criminals who are Myanmar.But Do u really know that Myanmar people are getting more poor because there are more rich Moslem Guys who make our people losers?Don’t be so ridiculous.I think u just pretend to be a good Moslem guy but inside u is a racist.>:(

  • Patriotic Burma

    April 28, 2012 at 11:00 pm

    and I really want u to take part in this debate Mr.Foreign Resident.

  • Foreign Resident

    May 1, 2012 at 6:56 am

    ဆရာ နာနာ (သံတွဲ) ရေ ၊ အဘ ရဲ့ Post
    ” စဉ်းစားကြစေလိုပါတယ် ( ၂ဝ ) ( ဘာကြောင့် မုန်းနေကြသလဲ ) ”
    မှာ နဲနဲ တို့ထိထားပါတယ် ။ အားပေးသွားပါအုန်း ။

Leave a Reply