loneSeptember 13, 20111min2698
သင်ရဲ့ ရှိရင်းစွဲပုံစံကို ကျေနပ်သဘောကျဖို့ပြီးပြည့်စုံတဲ့ ကိုယ်ခန္ဓာအချိုးအဆစ်နဲ့ ရုပ်ရည်ကို ပိုင်ဆိုင်နေစရာမလိုဘူး။အခုပြောပြမယ့် လျှို့ဝှက်ချက်တွေက သင့်ကိုယ် သင်ခေါင်းအစခြေအဆုံးအမြဲယုံကြည်မှုရှိစေမှာပါ။ ၁။ သင်ရဲ့ခန္ဓကိုယ်မှာရှိတဲ့ အရာအားလုံးဟာ သူများနဲ့မတူ တမူထူးခြားနေတယ် ဆိုတာ သိထားပါ။ သင့်မျက်ခွံတွေက ငိုက်စင်းနေမယ်။သင့်နှာခေါင်းက မှိုပွင့်တစ်ပွင့်နဲ့ တူနေမယ် ၊ဒါမှမဟုတ် သင့်ဒူးခေါင်းတွေက ရယ်စရာဖြစ်နေမယ်ဆိုရင်လည်းဘာဖြစ်လဲ။ အဲဒါ တွေက သင့်ကိုသူများနဲ့မတူစေဘဲ တမူထူးခြားစေတယ်လေ။ လူအားလုံးတထေရာ တည်းတူပြီးလှပနေကြမယ်ဆိုရင် ကမ္ဘာကြီးကပျင်းစရာကြီးဖြစ်နေမယ်လို့ သင်မထင် ဘူးလား။ ၂။ ကျန်းမာရေးကိုပဲ အဓိကထားပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အစာကိုဂရုတစိုက်စားဖို့လိုပါတယ်။ ဒါမှကျန်းမာသန် စွမ်းတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရမှာပေါ့။ ဒါပေမယ့် အစာအငတ်ခံတာ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးတာတွေဟာ ကျန်းမာလှပတဲ့ ခန္ဓာကိုယ် တစ်ခု ဘယ်လိုမှမရနိုင်ပါဘူး။ ၃။ သင့်ရဲ့အလှဆုံးနေရာကိုပြသလိုက်ပါ။ သင့်ခန္ဓာကိုယ်မှာ သင်အကြိုက်ဆုံးနေရာတစ်ခုရှိရင် […]


loneSeptember 2, 20111min60824
(ကိုရီးယားမှ girl generation အဖွဲ့အားpostအတွက် ငှားရမ်းအသုံးပြုထားသည်) မိန်းကလေးတွေ ဘာကြောင့်အလုပ်နေရာတော်တော်များမှာနေရာရလာကြတာ လဲ။ အခုခေတ်ယောက်ျားလေးတော်တော်များဟာ အလုပ်မလုပ်ပဲ ရေသာခိုအပျော်လိုက်ချင်နေတဲ့ ယောက်ျားတွေများလာသလိုလိုပါပဲ နောက်ပြီးခေါ်သမျှအလုပ်တွေကလည်း မိန်းကလေးဆိုတာတွေချည်းဖြစ်သည်။ အခုဆိုရင်ပဲကြည့်  မကြာသေးခင်ကပေါ်လာတဲ့ ပုဂ္ဂလိကဓါတ်ဆီဆိုင်တွေမှာ မိန်းကလေးတွေ ဆီဖြည့်နေတာတွေ့လာရတယ်။ နောက်ပြီးဘီယာဆိုင်အချို့မှာမိန်းကလေးတွေကို waiter အဖြစ်သုံးလာတယ်။ ဘိလယက်ဆိုင်အချို့မှာလည်း မိန်းကလေးတွေပဲထိုင်တာများလာတယ် ။ အဆိုးဆုံးကတော့ စီးကရက်promotion girl တွေပါပဲ ။သူတို့ခမျာလစာကောင်း မကောင်းတော့မသိ  သူတို့ကိုမြင်ရသည်ကတော့တော်တော့်ကို စိတ်မချမ်းသာစရာပါပဲ။ စားသောက်ဆိုင်၊ ဘီယာဆိုင်တွေမှာ ထိုင်နေတဲ့ယောက်ျားတွေကို သူတို့ စီးကရက်ဘယ်လောက် ကောင်းကြောင်းပြောပြီး “သောက်ကြည့်ပါဦး ဘာလေးတော့လက်ဆောင်ရတယ်နော်”စသည်ဖြင့် နည်းအမျိုးမျိုးစွယ်ကာ ရောင်း ကြသည် ။တစ်ချို့ယောက်ျားတွေကျတော့လည်း ယဉ်ကျေးပါသည် ။မဝယ်ချင်ရင် မဝယ်ကြဘူး။ ဘာမှရိသဲ့သဲ့မလုပ်တတ်ကြဘူး။ တစ်ချို့ကျတော့လည်း စီးကရက်ဘူး ကိုင်သလိုလိုနဲ့ လက်ကိုမထိတထိ ကိုင်ကြအခြစ်ရှိလားတို့ဘာတို့နဲ့နောက်ကျ သည်။ဝယ်ချင်ဝယ်မဝယ်ချင်နေကြပေါ့ […]


loneAugust 19, 20111min113955
သူ့နမည်ကချောအိ … ဆေးကျောင်းသူလေးပါ…အသက်က ၂ဝ ပါ။ ချစ်စရာကောင်းတယ်မဟုတ်လား ရွာသားအပေါင်းတို့ဆီ    MG ရဲ့ပင်တိုင်မော်ဒယ် အဖြစ်သူကြီးဆီလျှောက်လွှာတင်မလို့ပါ ။သူကြီးလက်ခံပါရဲ့လား…ဝေဖန်ပေးကြပါဦး ရွာသားအပေါင်းတို့ … နောက်ထပ်ပုံများလည်း ဆက်လက်တင်ပြပါဦးမည်… အဆင်ပြေရင်လက်ခုပ်သံလေးကြားချင်ပါတယ်….


loneAugust 17, 20111min2696
ဆည်ဆောက်တာနဲ့ ပတ်သက်လို့ ကိုယ်တွေ့ အဖြစ်အပျက်ကလေး တစ်ခုပြောပြချင်လို့ ပါ။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်ကျေးရွာ ရှိ အမှတ်(၁) စစ်တောင်းစက္ကူစက်ရုံ အနောက်ဘက်မှာ ၂၀၀၆-၂၀၀ရ ခုနှစ်လောက်က နိုင်ငံတော်အစိုးရက ဆည်တစ်ဆည်တည် ဆောက်ခဲ့ပါသည်။ အဲဒီ့နှစ်က lone ၁ဝ တန်းနှစ်ပါ။ lone ၈ တန်းထိ သိမ်ဇရပ်မှာနေခဲ့ပါတယ်။ အဘိုးတို့နဲ့အတူတူနေပါတယ်။ အဖိုးက စစ်တောင်းစက္ကူစက်ရဲ့ လက်ထောက်စက်ရုံမှူးတစ်ယောက်ပါ။ အဖိုးက ဘာသာရေးတရားသမားကြီးဆိုတော့  ဘုရားတည်ကျောင်းဆောက်ဖို့အရမ်းစိတ်အား ထက်သန်ပါတယ်။ အဲဒါ့ ကြောင့် ယခင်က စစ်တောင်းစက္ကူစက်ရုံရဲ့ အနောက်ဘက် (ဆည်ဆောက်ခဲ့သောနေရာတွင်) တွင် အဖိုးက ဘုရားလေးဆူအမည်ရှိ စေတီနှင့် တကွ ဘုရားလေးဆူကို တည်ထားကိုးကွယ်ခဲ့သည်။ ဇရပ်များစွာ နဲ့ကျောင်းထိုင် ဆရာတော်တစ်ပါးနှင့် အတူ ဘုန်းကြီးကျောင်းတစ်ကျောင်းလည်း ဆောက်လုပ်လှူဒါန်းခဲ့သည်။ နှစ်စဉ်နှစ်တိုင်းလိုလို ဘုရားလေးဆူတွင် ဘုရားပေါင်းများစွာ […]


loneAugust 16, 20111min56326
ရှုံးနိမ့်မှုများနဲ့လူ ပြောသွားတဲ့ယဉ်ကျေးမှု(ဝတ်စားဆင်ယင်မှု)အကြောင်းနဲ့ပတ်သက်လို့ ကိုယ့်ရဲ့ ကိုယ်တွေ့အဖြစ်လေး တစ်ခုပြောပြချင်လို့ပါ။ အဲဒီ့နေ့က လှည်းတန်းမှာ မုန့်စားပြီး သင်တန်းအသွား နှစ်ယောက်သား လှည်းတန်းမီးပွိုင့် လွတ်အောင်  မီးပွိုင့်ထိပ်နားမှာရပ်စောင့်ပြီးလူတင်နေတဲ့ ကားတစ်စီးပေါ်အမြန်ပြေးတက်လိုက်ကြတယ် ။ နို့မို့ဆို ကားဂိတ်က သာ စောင့်စီးလို့ကတော့ မီးနီနှစ်ခါစောင့် ပြီး လူခေါ်ရင်ကြာတတ်တဲ့ ပါရမီကားတွေ ကြောင့် သင်တန်းနောက်ကျလိမ့်မယ်လေ ။ အဲဒါကတော့ ပါရမီ ကားတွေအကြောင်း ကြုံတုန်းကြေငြာဝင်တဲ့သဘောပါ ။ တကယ်က ယဉ်ကျေးမှုဆိုလို့ နဲနဲပြောချင်လို့ပါ။ အဲဒါ့နဲ့ ကားပေါ်ရောက်တော့ ထိုင်စရာနေရာမရှိတာနဲ့ မတ်တပ်ရပ်ပြီးလိုက်လာခဲ့ရပါတယ် ။ အရှက်ကွဲပုံ က ဒီလို စတာပေါ့ ။ ကိုယ်က အဲဒီ့နေ့က စကပ်တိုလေး ဝတ်လာခဲ့တယ် ။နဂိုတည်းက လည်းစကပ်တို ဘောင်းဘီတိုလေးတွေကို ဝတ်ရတာ အရမ်းနှစ်သက်တယ်လေ။ ကားပေါ်မှာ စာအုပ်ရောင်းတဲ့လူတစ်ယောက်က […]


loneAugust 4, 20111min42314
အစွဲ လို့ပဲပြောရမှာ ပေါ့နော် ။ အောက်မျက်ခမ်းလေး နဲနဲလှုပ်ပြီဆိုရင် နမိတ်မကောင်းတတ်ဖူးလို့ကြားဖူးထားတော့ ဘာများဖြစ်တော့မလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ရတယ် ။ အထက်မျက်ခမ်း လှုပ်ရင်တော့နမိတ်ကောင်းတယ် ဆိုပြီး ဘာများ ဖြစ်တော့မလဲပေါ့နော် ။ အဲလိုပဲ သူများတွေကို မေးကြည့်တော့ လည်း မဆိုင်ပါဘူး အကြောလှုပ်တာပါလို့ဆိုကြပေ မယ့် မသိစိတ်က အစွဲလေးတစ်ခုလို စိုးရိမ်စိတ်လေး တစ်ခုတော့ ရှိမြဲဖြစ်နေခဲ့တယ်။ အဓိက ကတော့ ဘုရားဖူးဖို့ကြောက်နေတာပဲဖြစ်ပါတယ် ။” ကျောက်တော်ကြီးဘုရား ကို ချစ်သူနဲ့ အတူ မဖူးနဲ့ ကွဲတတ်တယ်” တဲ့ မယ်လမုဘုရား၊ကျိုက်ဝိုင်းစေတီ ၊ ရေလည်ကျောက်တန်း၊ ကျိုက်ခေါက်၊ ဗိုလ်တစ်ထောင် …. စသည့် ရန်ကုန်က ဘုရားများကို တူတူသွားမဖူးရဲသည့် အစွဲကတော့ အဆိုးဆုံးပါပဲ ။ တော်သေးတာက ရွှေတိဂုံမပါဘူးတဲ့ […]


loneAugust 4, 20111min126
အစွဲ လို့ပဲပြောရမှာ ပေါ့နော် ။ အောက်မျက်ခမ်းလေး နဲနဲလှုပ်ပြီဆိုရင် နမိတ်မကောင်းတတ်ဖူးလို့ကြားဖူးထားတော့ ဘာများဖြစ်တော့မလဲဆိုပြီး ရင်တထိတ်ထိတ် ဖြစ်ရတယ် ။ အထက်မျက်ခမ်း လှုပ်ရင်တော့နမိတ်ကောင်းတယ် ဆိုပြီး ဘာများ ဖြစ်တော့မလဲပေါ့နော် ။ အဲလိုပဲ သူများတွေကို မေးကြည့်တော့ လည်း မဆိုင်ပါဘူး အကြောလှုပ်တာပါလို့ဆိုကြပေ မယ့် မသိစိတ်က အစွဲလေးတစ်ခုလို စိုးရိမ်စိတ်လေး တစ်ခုတော့ ရှိမြဲဖြစ်နေခဲ့တယ်။ အဓိက ကတော့ ဘုရားဖူးဖို့ကြောက်နေတာပဲဖြစ်ပါတယ် ။” ကျောက်တော်ကြီးဘုရား ကို ချစ်သူနဲ့ အတူ မဖူးနဲ့ ကွဲတတ်တယ်” တဲ့ မယ်လမုဘုရား၊ကျိုက်ဝိုင်းစေတီ ၊ ရေလည်ကျောက်တန်း၊ ကျိုက်ခေါက်၊ ဗိုလ်တစ်ထောင် …. စသည့် ရန်ကုန်က ဘုရားများကို တူတူသွားမဖူးရဲသည့် အစွဲကတော့ အဆိုးဆုံးပါပဲ ။ တော်သေးတာက ရွှေတိဂုံမပါဘူးတဲ့ […]


loneJuly 23, 20111min55123
“ဟေ့သူငယ်မရာ ချောလို့ဝလို့ တုတ်လို့ ပါ ဘာကြောင့် ကွယ် ဒီလောက်တောင်များ တုတ်နေရသလဲ ကွာ ဆီလီကွန်ထည့်လို့လား . ဘာလုပ်လို့ လဲ…..”မဟုတ်ရပါ ကိုကြီး ရာ ဟိုနေရာမှာဟိုနေရာ မှာ အဆော့လွန် ပြီးမှောက်လျက် လဲ လို့ပါ ရောင်သွားတာ….” cobra ရဲ့   နေ့စဉ်အမျိုးသမီးများ၏ရင်သားကိုဆယ်မိနစ်ခန့်ကြည့်ခြင်းသည် အမျိုးသားများ၏သက်တမ်းကို၅နှစ်ပိုရှည်စေနိုင်  ဆိုတဲ့ post ကို အထောက်အကူပြုမယ် ထင်ပါတယ် ။ သင်ဇာလေးလည်း ကုသိုလ် ရတာပေါ့ ….. အသက်ရှည်ဆေးကြီးဖြစ်သွားတာပေါ့ …..


loneJuly 22, 20111min34616
သူငယ်ချင်း အားလုံးမင်္ဂလာပါ …. ပထမဦးဆုံးတင်တဲ့ ပို့စ် လေးမို့လို့ အမှားပါရင် ခွင့်လွှတ် ပေးကြပါ… mandalay gazette ထဲ ကို အခုမှ စရောက် ဖူးတာပါ. အခု ခေတ် မမတွေထဲက ပိန်ချင်တဲ့ သူတွေ သုံးစွဲ နိုင်ပါတယ် ဂျိုလီကိုယ်တိုင် ထောက်ခံထား ပြီး ISO လက်မှတ်ရ အီသီ ယိုးပီးယား နိုင်ငံမှ ပထမဦးဆုံးတင်သွင်း တဲ့ ဆေးဖြစ်ပါတယ် မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ် ဆီမှ ဝယ်ယူနိုင် ကြောင်းသတင်းကောင်းပါးအပ်ပါတယ် ။ဆေး နမည်က ‘unsleepeat’  ပါ။ ဆက်သွယ်ရန် .. Ph:091234567(နောက်ထွက်လာမည့် GSM တစ်ထောင်တန်)