ေရႊဘိုသားJune 23, 20111min24312
ကျွန်တော်. သူငယ်ချင်းတစ်ယောက် ရန်ကုန်ကနေ ရွှေဘို ပြန်ပြီး မိန်းမခိုးလာလို. ဘာမှမသိသေးပဲ မင်းကောင်မလေးကိုတော်တော်ချစ်တာပဲဟနော်ဆိုတော. ဟိတ်ကောင်ရ ချစ်တော.ချစ်တယ်ဒါပေမဲ.ယူဖို. စိတ်ကူးမရှိသေးဘူးဟဆိုပဲ ဒါနဲ.မင်းကဘယ်လိုဖြစ်လို.ခိုးလာတာလဲဆိုတော.မှ ကိုယ်ဝန်က 3 လဖြစ်နေပြီဟတဲ. ကျွန်တော်လည်း တော်တော်လေးကို အံ.ဩသွားတာပေါ. ငါလည်းနောင်လည်း ယူမဲ.တူတူ မို.ကွာအခုဖျက်စီးမပစ်တော.ပါဘူး ကိုယ်.သွေးပဲဆိုပြီး ယူလိုက်တာတဲ. ကျွန်တော် လည်းကောင်မလေးဘက်ကနေ တော်တော်ကိုဝမ်းသာပေးလိုက်ရတာပေါ. ဟုတ်တယ်လေ မယူတဲ.ကောင်နဲ.တွေ.ရင် ဒီကောင်မလေး ငယ်ငယ်ရွယ်ရွယ် နဲ.အရှက်ကွဲအကျိုးနည်းဖြစ်ရအုံးမယ် အခုတော.ကောင်မလေးကိုတကယ်ချစ်တဲ.စိတ်ရယ် ကိုယ်.ရင်သွေးမို.ဖျက်မချပဲ ယူလိုက်တာဆိုတော. သူ.ကိုတောင် တော်တော် လေးစားမိပါရဲ. တစ်ချို.မယူချင်သေးလို.ဆိုပြီး ဖျက်ချတဲ.လူတွေ အများကြီးရှိတယ်လေဗျာ အသက်အားဖြင်.တော. ငယ်ငယ်လေးရှိပါသေးတယ် အခုမှ 20 ဝန်းကျင်တွေပါပဲ ဘာပဲပြောပြောသူ.ကိုတော.ကျွန်တော် လေးစားတယ်ဗျ ကိုယ်.တာဝန်ကိုယ်ယူလို.ပါ ဒီနေ.ဒီချိန် အဲလိုမိန်းမကို ငယ်ငယ်ရွယ်ရွယ် နဲ.ယူရဲ.တဲ. သူ.ကိုလည်း တော်တော် ချီးကျူးမိတယ်ဗျ။ […]


ေရႊဘိုသားJune 23, 20111min1545
ဒါဆို မှားနေပြီ “ငါးဟင်းစားရင် ဦးနှောက်ကောင်းတယ်ဆိုပဲကွ” “အေးလေ ဒါကြောင့် ငါနေ့တိုင်း ငါးဟင်းစားနေတာ” “ဟင်း-ဒါဆို ဒီသီအိုရီ မှားနေပြီ” သူ နှုတ်မှာမဟုတ်လို့ “ကျွန်တော်တို့ အလျင်လိုနေလို့ မေ့ဆေး၊ထုံဆေး မပေးဘဲ သွားနှုတ်ပေးပါဆရာ” “ခင်ဗျား အတော်ကို သတ္တိကောင်းတာပဲ။ ကဲဘယ်သွားလဲ ပြောစမ်း” “မိန်းမရေ မင်းကိုက်နေတဲ့သွားကို ပြလိုက်စမ်းပါကွာ” အချက်ပြကိရိယာ “ခင်ဗျားရဲ့ကားမှာ မိုင်နှုန်းပြမီတာ မရှိပါလား” “မလိုလို့ ဖြုတ်ရောင်းပစ်လိုက်ပြီ” “ဟင် ဒါဆို ကားရဲ့ အမြန်နှုန်းကို ဘယ်လိုသိတော့မလဲ” “သိပါတယ်၊ တစ်နာရီ မိုင်နှစ်ဆယ်နှုန်း မောင်းနေရင် ရှေ့စက်ဖုံးက အသံမြည်တယ်။ မိုင်သုံးဆယ်နှုန်းဆိုရင် တံခါးကမြည်တယ်။လေးဆယ်နှုန်းရောက် ရင် ကိုယ်ထည်က မြည်လာတယ်လေ” ဖြည်းဖြည်းတော့ ရောက်လာပါလိမ့်မယ် “ဒေါက်တာ အခုနှုတ်နေတာ ကိုက်တဲ့သွား မဟုတ်ဘူးဗျ” “သိပါတယ်၊ […]


ေရႊဘိုသားJune 21, 20111min22018
MG ရွာသို.လူဆိုးတွေဝင်ခြင်းဆိုတဲ. ဆောင်းပါးမှာ ဦးပေါက် ရဲ.နာမည်ကို ငပေါက်လို. သုံးမိတာကိုအထူးတောင်းပန်ပါတယ်ခဗျာ ဦးဖတ်တီး ပြောသလို ကျွန်တော်ရိုင်းသွားတာဝန်ခံပါတယ်။ အမှန်ပြောရရင် ကိုပေါက်တို. ဦးဖတ်တို.က ကျွန်တော. အဖေအရွယ်တွေပါပဲ ကျွန်တော်အခုမှ အသက် 19 နှစ်ပဲရှိပါသေးတယ်။ စာအရေးနုသေးတာလည်းဟုတ်ပါတယ်။စာကိုဖတ်တဲ.သူနားလည်အောင်လည်းကောင်းကောင်းမရေး တတ်သေးလို.ပါ။အထူးတောင်းပန်ပါတယ်နော်ဦးပေါက် ဦးပေါက်ပြောသလိုကျွန်တော်.ကိုစရင်လည်းစိတ်မဆိုးပါကြောင်းပြောကြားလိုပါတယ်။ နောက်ပြီးအဲဒီပို.စ်ထဲမှာ ယူသုံးထားတဲ. မမနောဖြူလေး Bigcat မိုက်ကယ်ဂျော်နီအောင်ပု သူကြီး တို.ကိုလည်းအထူးတောင်းပန်ပါတယ်ခဗျာ အခုလိုရေးပြီးပို.စ်တင်တာကလည်း ပွိုင်.လိုချင်လို.မဟုတ်ပါဘူး။ဒီလိုတင်ပါမှ ဝင်ဖတ်ကြမယ်လို.ထင်လို.ပါ။ အဲဒီပို.စ်တင်ပြီး ပြန်ဖတ်ကြည်.တော. စာရေးတာရိုင်းသွားတာကိုတွေ.ပါတယ် ဘယ်လိုမှပြင်လို.မရတော.လို.ပါ။  


ေရႊဘိုသားJune 20, 20111min39939
  သူကြီးတပည်.ကျော်မောင်ဂျော်နီအောင်ပုအပြေးလေရောက်လာတော. သူကြီးကဘာဖြစ်လို. အမောတကောပြေးလာတာလဲလို.မေးတော. ဂျော်နီက သူကြီး လူဆိုးဗိုလ်ကြောင်ကြီးတို.အဖွဲ. ကျွန်တော်တို. MG ရွာရဲ.နံမည်နဲ.လိုက်အောင်လှတဲ.အလှဆုံးအချောဆုံး မနောဖြူလေး ဆိုတဲ. ကောင်မလေးကို ညတုန်းကဖမ်းသွားတယ်တဲ.သူကြီး ဟေဟုတ်လား ဒါဆိုမောင်းထုပြီးလူစုကွာဂျော်နီ ဟုတ်ကဲ.သူကြီးဆိုပြီး ဂျော်နီအောင်ပု မောင်းထုပြီးလူစုပြီး လူစုံတော. ရွာသား Bigcat ကထပြီး သူကြီး လူဆိုးကြောင်ကြီးတို.အဖွဲ. မနောဖြူလေးကို ရွာနောက်ဖက်က တောအုပ်ထဲခေါ်သွားတယ်လို. ထပြောတဲ.အခါ မင်းဘယ်လိုလုပ်သိလဲ Bigcat ဆိုတော.ကျွန်တော်ညက လယ်ထဲကရေယူပြီး ပြန်လာ တော.လှမ်းမြင်မိတာပါ။ လူအုပ်တစု တောအုပ်ထဲဝင်သွားတာတွေ.မိတာပါဆိုတော. သူကြီးက ရွာသားတို. အိမ်ပြန်ပြီး ရရာလက်နက်ယူခဲ.ကြပါ ပြီးရင်တောထဲကိုလိုက်ကြမယ်ဆိုတော. ရွာသားတွေလည်း အိမ်ပြန်လက်နက်တွေယူကြပေါ. ကဲဂျော်နီ ငါ.နှစ်လုံးပြူး သေနတ် ယူခဲ.ဆိုတော. သေနက်ကမတွေ.ဘူးဆရာ ဒါဆိုဘယ်ရောက်နေလဲကငါ.နှစ်လုံးပြူးကဆိုတော. သူကြီးကတော်ညက ပွတ်တိုက်နေတယ်လေ သူကြီးနှစ်လုံးပြူး ဖုံတက်နေလို.ဆိုပြီးတော. ဒါဆိုသူ.ကိုမေးလိုက်ကွာဆိုတော. […]


ေရႊဘိုသားJune 19, 20111min1397
ဒီပို.စ်ကိုတင်ရတာကတော. ကျွန်တော်အကြောင်းဆိုရင်လည်း မမှားပါဘူး။ကျွန်တော်နယ်မှာ နေတုန်းက တော်တော်ကချော်ကချွတ်နိုင်ပါတယ်။ကျွန်တော်တို.မှာ ညီကိုနှစ်ယောက်ရှိပါတယ်။နှစ်ယောက်ထဲရှိတာဆိုတော.  ဘယ်လောက်ထိချစ်ကြသလဲဆိုရင် တစ်နေကုန်တောင်မှ မျက်နှာချင်းမဆိုင် ဖူးပါဘူး။အရင်ကြိုပြော ထားမယ် ကျွန်တော်.အမေကအမြင်.ဆို တော်တော်ကိုကြောတတ်ပါတယ်။ရွာဘက်က မိန်းကလေးတွေက အတော်သင်.ကတော. အသီးအရွက် မန်ကျီးသီး မန်ကျီရွက် လောက်ကတော. ကိုယ်တိုင်တက်ခူးပြီးမှ ချက်ကြပါတယ်။ဘယ်သူမှပိုက်ဆံကုန်ခံပြီးမဝယ်ကြပါဘူး။အစ်မကတော. တစ်ခြားလူတွေနဲ. ဆန်.ကျင်ဘက်ပါပဲ။အမြဲဝယ်ချက်ပါတယ်။ကျွန်တော်တို.ကလည်း တက်ခူးမပေးပါဘူး။အစ်မေကိုယ်တိုင်မတက်သလို ကျွန်တော်တို.ကိုလည်း ဘယ်တော.မှအမြင်. ကိုမတက်ခိုင်းပါဘူး။တစ်နေ. ကျွန်တော်.ညီလေးက သစ်ပင်ပေါ်တက်ပြီးသရက်သီးတက်ခူးပါတယ် အမြင်.ကအနည်းဆုံး ပေ 50 လောက်တော.ရှိမယ် သူတက်တဲ. အပင်မှာ ပျားအုံးတစ်အုံးလည်းရှိပါတယ် ကျွန်တော်ကလည်း သူ.ကိုမတည်.တော. ဘာမှမစဉ်းစားပဲ ပျားအုံးကို လေးခွ နဲ.ပစ်လိုက်ပါတယ်။အဲဒီမှာ ပျားကောင်တွေက ကျွန်တော်.ညီကို ဝိုင်းပြီးတုပ်ကြပါရော ညီလေးကလည်း အပေါ်မှာတအားငိုနေပါတော.တယ် ကျွန်တော်လည်းဘာလုပ်ရမှန်းမသိ ဒီတိုင်းကြည်.နေပါတယ် ကိုယ်လုပ်ပြီးမှ ညီလေးကိုတော်တော်လည်း သနားမိပါတယ် အဲဒီမှာ အမေက ညီလေးငိုလို.ဆိုပြီး […]


ေရႊဘိုသားJune 18, 20111min27724
ကျွန်တော် တကယ်ကို နှိုးဆော်ပါတယ်ရွာသားတို.ရေ။ ဘာကိုလည်းဆိုတော. ကျွန်တော်တို. ဆိုဒ်က မန်ဘာဝင်တွေ အကုန်အပြင်မှာတွေ.ပြီး အလှုအတန်းလေး ဘာလေးလုပ်ဖို.တိုင်ပင်ချင်ပါတယ်။ ရွာထဲက တစ်ချို.လူတွေလည်းသိမှာပါ www.mutdfan.com ဆိုတဲ. အားကစားဆိုဒ်ကလူတွေတောင် အလှုတွေလုပ်ကြ ပါတယ်ကျွန်တော်လည်း တကယ်အားကျမိပါတယ်။ သူငယ်ချင်းတို.ဘယ်လိုလည်း မလုပ်ချင်ကြဘူးလား အားလုံးအလုပ်ကိုယ်စီနဲ.ဆိုလည်း အားတဲ.လူ တစ်ယောက်လောက်က ဦးဆောင်ပြီး လုပ်စေချင်ပါတယ်။ မိဘမဲ.ဂေဟာတို. သီလှရှင် ကျောင်းတို. တကယ်ကို ဆွမ်းရှားပါးတဲ. ကျောင်း တစ်ကျောင်းမှာ လှုချင်ပါတယ်။တကယ်လုပ်မယ်ဆို မနက်ပိုင်း ထမင်းကြော် (သို.) မုန်.ဟင်းခါးနဲ. အချိုပွဲ ပါတာတောင်မှ အလွန်ဆုံး သုံးသိန်းကျော် လောက်ပဲကျပါတယ်။ လူဦးရေ 100စာလောက်ပြောတာနော်။ဦးဆောင်ပြီး လုပ်မဲ.လူရှိရင် အလွန်ကောင်းပါတယ်။ ခွဲတမ်းအနေနဲ.ကတော. အပြင်မှာ တွေ.ပြီးမှ တိုင်ပင်လို. ကောင်းပါလိမ်.မယ်။ ဘာ.လို.လည်းဆိုတော. ဒါမှ အဖွဲ.ဝင်ဘယ်လောက်ရှိလည်းဆိုတာ သိရမှာမို.ပါ။ […]


ေရႊဘိုသားJune 18, 20111min1209
ဒီခေါင်းစဉ်နဲ.စာရေးတာက တော.ကျွန်တော်နေ.စဉ်ကြုံတွေ.နေရတဲ. လူနှစ်ယောက်ကိုနှိုုင်းယှဉ်ကြည်.ပြီး ရေးဖြစ်တာပါ။ ကျွန်တော် နေ.စဉ် တာမွေဈေးဗလီ ကိုအမြဲ ရောက်နေပါတယ်။ အလုပ်ကအပြန် ကားကနှစ်ဆင်.စီးရတာဆိုတော. ဗလီထိပ်ကနေ ပြောင်းစီးရတာဆိုတော. အမြဲလိုလိုတွေ.နေရတာပါ။ အဲဒီထဲက တစ်ယောက်က အမြဲတမ်း အစ်ကို ကားခလေး ကူညီပါဆိုပြီး နေ.တိုင်းတောင်းနေတဲ.လူတစ်ယောက်ပါ ကျွန်တော်လည်း အရင် နှစ်ရက်လောက်ကတော. ပေးပါသေးတယ်။ တကယ် အကူညီတောင်းတယ်ထင်ပြီးပေးတာပါ။ နောက်ပိုင်းကျတော. နေ.တိုင်းတွေ.နေရတော. ထင်တာနဲ.တလွဲ တောင်းစားတာပါပဲ။ဒါကလည်း မှန်မှန်ကန်ကန် ပြောတောင်းပေါ.ဗျာ။ လူတွေကိုလိမ်တောင်းသေးတယ် လူကြည်.တော.လည်း အသက်က အလွန်ဆုံးရှိမှ 50 ပတ်ဝန်းကျင်ပါပဲ။ သန်သန်မာမာပဲရှိ ပါသေးတယ်။တကယ်လုပ်စားမယ်ဆို လုပ်စားနိုင်ပါသေးတယ်။ဘာ.လို. ဒီလိုအလွယ် လိုက်တောင်းတာလည်းဆိုတာကတော. မစပ်စုကြည်.မိပါဘူး။ ကျွန်တော်ကတော.သူ.ကိုသိပ်စိတ်တိုင်းမကျမိပါဘူး။ နောက်ပိုင်းကျတော. မသိချင်ယောင်ပဲဆောင်နေရပါတယ်။ စိတ်ကတော. သနားမိပါတယ်။ ဒါပေမဲ.လည်း နောက်ပိုင်းကျတော. တစ်ခါမှမပေးမိတော.ပါဘူး။ ကိုယ်.စိတ်က ကိုမပေးချင်တော.တာပါ။ […]


ကျွန်တော်ဒီမှာမန်ဘာဝင်ပြီး ပို.စ်တွေကို narziparty2009 ဆ်ိုတဲ.နံမည်နဲ.ရေးနေတာပါ။ အခုဒီနံမည်နဲ.သုံးရတာ အဆင်မပြေတာလေးတွေရှိလာလို. မန်ဘာနံမည် ပြောင်းချင်ပါတယ်။ ဒါကလည်း ကျွန်တော်.ဘက်ကဖြစ်နေတာပါ။ ဒီဆိုဒ်ကဖြစ်တာလုံးဝမဟုတ်ပါဘူး။ ဒါ.မို.ပြောင်းခဲ.ရင် အရင် ပို.စ်လေးတွေနဲ. ပွိုင်.လေးတွေကို ပြောင်းလဲပြီး ထည်.ပေးသလားဆိုတာကို သိချင်ပါတယ်။ သို.မဟုတ် နံမည်narzipart2009 ကို ဒီဆိုဒ်မှာ ဝင်ပြီးပြင်လို.ရသလားဆိုတာ သိချင်ပါတယ်။ ပွိုင်.လေးတွေနဲ. ရေးထားတာလေးတွေကို နှမြောမိလို.ပါခဗျ။ သိသူရှိရင်ကျေးဇူးပြုပြီးပြောပြပေးပါ။ သို.မဟုတ် zinmyonaung2016@gmail.com သို.ပေးပို.ပေးပါရန် လေးစားစွာ မေတ္တာရပ်ခံပါတယ်ခဗျ။


ေရႊဘိုသားJune 17, 20111min12410
ကျွန်တော်ဒီမှာမန်ဘာဝင်ထားတာကြာပါပြီ narziparty2009 နံမည်နဲ.ပါ။ အခု နံမည်ပြောင်းပြီး အသစ်ထပ်လုပ်ပြီးရေးချင်ပါတယ်။ အခုဒီနံမည်နဲ. ရေးနေရတာ နည်းနည်းအဆင်မပြေတာလေးတွေရှိလို.ပါ။ ဒီအဆင်မပြေတာလည်းကျွန်တော်.ဘက်ကဖြစ်နေတာပါ။ ဆိုဒ်နဲ.လုံးဝမဆိုင်ပါဘူးခဗျ။ ဒါ.ကြောင်.အရင်ရေးထားပြီးရတဲ.ပို.စ်လေးတွေနဲ. ရထားတဲ.ပွိုင်.လေးတွေကို အသစ်ထဲသို.ပြောင်းလည်းပေးသလားဆိုတာသိချင်ပါတယ်။ရတယ်ဆိုရင် ပြောင်းလဲပေးစေလိုပါကြောင်းမေတ္တာရပ်ခံပါတယ်ခဗျ။ဘာရယ်မဟုတ်ပါဘူး ကိုယ်ရေးထားတဲ.စာလေးတွေနဲ. ပွိုင်.လေးတွေကိုနှမြောမိလို.ပါ။ အဓိက ကတော. ပွိုင်.လေးတွေကိုပေါ. ကျေးဇူးတင်စွာဖြင်.


ဒီလိုခေါင်းစဉ်နဲ. စာရေးလိုက်လို. ရေမြေခြားမှာ အလုပ်လုပ်နေတဲ.သူတွေဝမ်းနည်းမှာကိုလည်း စိုးရိမ်ပါတယ်။ပြည်တွင်မှာလုပ်နေကြတဲ.ဝန်ထမ်းတွေကိုလည်း အားနာမိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်းသူများဆီမှာလခစားလုပ်နေတာပါ။အင်တာနက်ဆိုင်မှာပါ။ဒီနေ.ကျွန်တော်တို.ဆိုင်ကို အဖွားကြီးတစ်ယောက်လာတယ် ကျွန်တော်အပါအဝင်ဝန်ထမ်းအားလုံးအဖွားအင်တာနက်သုံးဖို.ဝင်လာတာလို.လုံးဝကိုထင်မထားတာပါ။ပြောရင်ယုံမှာတောင်မဟုတ်ဘူး အသက်အားဖြင်.အနည်းဆုံး70ကျော်လောက်ရှိပါပြီ။ ဝတ်ထားတာကလည်းခပ်နွမ်းနွမ်းဆိုတော. ဘယ်လိုမှကိုအင်တာနက်လာသုံးတာလို.မထင်ဘူး။ နိုင်ငံခြားဖုန်းဆက်တာလို.ပဲထင်ခဲ.တာ။အဖွားဘာလုပ်ဖို.လည်းဆိုတော. အင်တာနက်သုံးဖို.သားတဲ. ဒါနဲ.စက်တစ်လုံးပေးလိုက်တယ် အီးမေးတွေကိုသူ.ဖာသာဖွင်.တာပေါ.ပြီးမှ သားလာပါအုံးဆိုပြီးခေါ်တယ် မျက်စိသိပ်မကောင်းလို. ဒီနေ. Date နဲ.ပို.ထားသေးလားဆိုတာကြည်.ပေးပါဆိုပြီး ခေါ်မေးတာပါ။အဖွားပို.မထားပါဘူးဆိုပြီးပြောလိုက်ရတယ်။ဒါနဲ.ဘယ်လောက်ကျလဲဆိုပြီးမေးတာ အဖွားကောင်တာမှာရှင်းလိုက်ပါဆိုတော.အေးအေးသားဆို ပြီးထသွားတယ်။ကောင်တာလည်းရောက်ရော ကောင်တာထိုင်နေတဲ.ကောင်မလေးကို How much လို.မေးလိုက်တယ် ကောင်မလေးကရယ်တာပေါ. အဖွားကြီး ကိုအထင်သေးလို.ဖြစ်မှာပေါ. ကောင်မလေးကလည်းအခုမှ ဆယ်တန်းအောင်ခါစဆိုတော. အလုပ်သဘောနားမလညလူငယ်သဘာဝရယ်တာဖြစ်မှာပေါ.။ ဒီလိုနဲ.ကောင်မလေးက 400 ကျတယ်ဆိုတော. အဖွားက 500 တန်ပေးတာပြန်အမ်းစရာ 100 မရှိလို. ကော်ဖီမစ်ယူသွားပါအဖွားလို.ပြောတာကို ရိုးရိုး မပြောပဲ အဖွား 100 ပြန်အမ်းဖို.အကြွေမရှိလို. ပြင်သစ်က လာတဲ.ကော်ဖီမစ်ယူသွားပါဆိုပြီး နောက်သလိုပြောင်သလိုနဲ.သွားပြောတာ။အဖွားကလည်းဘယ်ရမလဲ ပြင်သစ်ကရေမွှေးပဲ နံမည်ကြီးတာ ကော်ဖီနံမည်မကြီးဘူးလို.ပြန်ပြောတယ်။ ပြီးတော. ပြင်သစ်လို.ကျေးဇူးတင်ပါတယ်မင်္ဂလာပါ […]


တစ်ခါကမြို.တစ်မြို.မှာအလွန်တရာချမ်းသာတဲ.သူဌေးကြီးရှိသတဲ.။ သူ.မှာလည်းသားလေးက  တစ်ယောက်တည်းရှိတော. သားလေးကို အပျိုမစစ်တဲ.သူနဲ.ရမှာကို အရမ်းတွေးပြီးစိတ်ပူနေသတဲ.။ ဒါနဲ.သေခါနီးမှာမှာ တမ်းတွေချွေပေါ.ငါ. သားမိန်းမယူရင်တော. သူယူကျွန်ငှားမယ်ဆိုကုလားသာငှားဆိုပြီး သေသွားသတဲ.ဒါနဲ.သူ.သားက လည်းဘာမှစီးပွားရေး မလုပ်တတ်တာနဲ.ကုလားတစ်ယောက်ကိုငှားခိုင်းသတဲ. ကုလားကလည်းသစ္စာရှိရှိနဲ. လုပ်တော. အဖေပြောတာတယ်မှန်ပါလားဆိုပြီးမိန်းမယူ မယ်ဆိုလည်းတောသူရှာမယ်ဆိုပြီး တကယ်ကိုတောကျတဲ. ရွာလေးတစ်ရွာကိုထွက်ခဲ.သတဲ. ဘယ်လောက်တောကျတဲ. ရွာလည်းဆိုရင် ဘာမှမလုပ်ကြပဲမျှစ်ပဲချိုး ပြီးချက်စားပြုတ်စားလုပ်နေကြတဲ.ရွာဖြစ်ပါတယ်ဗျာ။ ရောက်တော.ရွာထဲလှည်.လည်ကြည်.တော.သူသဘောကျတဲ. ရွာသူလေးတစ်ယောက်ကိုတွေ.ရောကြောင်တော.တာပေါ.။ဒါနဲ.သမီးရည်းစားတွေဖြစ်ရောချစ်ကြောင်းကြိုက်ကြောင်းတွေပြောပေါ.။ကောင်လေးကပြောသတဲ. မင်းနဲ.ငါနဲ.နော်မင်္ဂလာဦးညမှာပျော်စရာကြီးဖြစ်လာမှာသိလား ဆိုသတဲ. ကောင်မလေးကလည်းဘယ်လောက်တော. ကျလဲဆိုရင်မင်္ဂလာဦးညကဘာကိုပြောတာလည်း အစ်ကိုလို.မေးသတဲ.ဒီတော.ကောင်လေးကလည်းမင်္ဂလာဆောင်တဲ.နေ.မှပြောပြမယ်လို.ပြောလိုက်သတဲ.။ ဒါနဲ.မင်္ဂလာလည်းဆောင်ပြီးညဘက်လင်မယားအရာလည်း မြောက်ပြိး။ကောင်မလေးကသူမေးစရာရှိတာကိုသတိရပြီး အစ်ကိုဟိုတစ်ခါပြောပြမယ်ဆိုတဲ.မင်္ဂလာဦးညအပျော်ဆိုတာဘာလည်းဟင်လို.မေးသတဲ.ဒီတော. ကောင်လေးကစောစောကဖြစ်သွားတာ မင်္ဂလာဦးညအပျော်လေ မပျော်ဘူးလာချစ်လေးဆိုပြီးမေးသတဲ.။ ကောင်မလေးပြန်ပြောလိုက်ပုံက ဒါများမင်္ဂလာဦးညအပျော်တဲ.  ကိုဖိုးထောင်နဲ. မျှစ်ချိုးရင်းခဏခဏ ပျော်နေရလို. ရိုးတောင်နေပြီလို.ပြောလိုက်သတဲ.ဗျာ ကဲအဲဒီစာဆိုကမှန်သေးသလားပြောပြကြပါ။


ေရႊဘိုသားApril 29, 20111min1056
ဒီခေါင်းစဉ်နဲ.ပို.စ်ကိုတင်ရတာကတော.အခုခေတ်ဝတ်စားဆင်ယင်မှုတွေကြောင်.ပါအခုခေတ်မိန်းကလေးတစ်ချို.တော်တော်ကိုအရှက်မဲ.ဝတ် တာတွေတွေ.နေရတာဝမ်းနည်းစရာကောင်းလှပါတယ။်ဟိုတလောကမြေနီကုန်းတည်းခိုခန်းတစ်ခုကထွက်လာတဲ.အတွွဲွဲဲဆိုရင်ပြောင်းပြန်တောင် ဖြစ်နေတယ်ကားပေါ်ကနေမြင်လိုက်ရတာပါကောင်မလေးကစီကရက်ခဲပြီးထွက်လာတာ။တော်တော်တောင်မြန်မာမိန်းကလေးတစ်ချို.ပျက်စီးနေကျပြီ တည်းခိုခန်းကထွက်လာတာကမှအခက်ခဲရှိလို.လာတည်းတာဆိုတာတွေးလို.ရသေးတယ်ဆေးလိပ်တောင်သောက်နေမှတော.စာရိတ္တကိုဖော်ပြနေသ လိုဖြစ်နေပြီ။မိန်းကလေးတစ်ချို.ပြောတာနော်ကားပေါ်ရောက်မှဟိုဟာဆွဲဖုံးဒီဟာဆွဲဖုံးနဲ.အိမ်ကကတည်းကလုံလုံခြုံခြုံမဝတ်လာကြပဲနဲ.လူရှေ.ရောက် မှရှက်သလိုဖြစ်ကုန်တာယောက်ျားလေးတွေကတော.ကြည်.မှာပဲလေအကြည်.တွေကတော.ဘယ်တူနိုင်မလဲအမျိုးမျိုးပေါ.။ဒါကိုလာရှက်ပြနေတယ် သူတို.ဖာသာသတ်သတ်ဖော်ဝတ်လာပြီးမှတော.ဆက်သာဖော်ပါတော.လို.ပြောချင်ပါတယ်။ ပြောင်းပြန်ဖြစ်တဲ.စကားစုကတော အရင်က အရှက်လုံအောင်ဝတ်တာအခုခေတ်ကတော.အလုံဝတ်ရမှာရှက်တာကိုပြောတာပါဗျာ မိန်းကလေးတစ်ချို.ကိုပဲပြောချင်းဖြစ်ပါသည်။


ေရႊဘိုသားApril 28, 20111min20022
ဒီပို.စ်ကိုတင်ချင်တာကြာပါပြီအခုတလောလိုင်းကမကောင်းတာနဲ.မတင်ဖြစ်တာ။စာဖတ်သူတွေကိုမေးချင် ပါတယ်အဆင်.တန်းဆိုတာဘာကိုပြောတာလည်းဆိုတာဝိုင်းပြီးဆွေးနွေးပေးကြပါ။ဘာ.လို.လဲ ဆိုတော.ဟိုတလောကနာမည်ရှိကျောက်မျက်ရတာနာကုမ္မဏီကပြုလုပ်တဲ.ပြပွဲံတစ်ခုမှာ မော်ဒယ် ဂျူးဂျူးကေ ဖြေသွားတဲ.စကားလေးအတွက်မေးချင်တာပါ။ MRTV4 ကအစီစဉ်တင်ဆက်သူက အင်တာဗျူးမေးပါတယ်။လက်ဝတ်ရတနာတွေဝတ်လို.ဘယ်လိုတွေပြောင်းလဲတယ်ထင်လဲဆိုတာကို မေးတာပြန်ဖြေတဲ.လူကလက်ဝတ်ရတာနာတွေကလူတစ်ယောက်ရဲ.အဆင်.အတန်းကိုဖော်ပြပေးတာပါတဲ.။ ကိုယ်တောင် MRTV4ြြကြည်.နေရင်းနဲငါတော.လက်ဝတ်ရတာနာနဲ.ပတ်သတ်တာတူတာဆိုလို.ဘာမှမ ရှိပါလားငါအဆင်.တန်းမရှိဘူးလားလို.တောင်တွေးမိပါသေးတယ်။စာဖတ်သူတွေရောဘယ်လိုမြင်လဲ ဆိုတာပြောပြပေးပါလားဗျာ။သူဖြေတဲ.ပုံကလက်ဝတ်ရတာနာဝတ်မှအဆင်.တန်းရှိတယ်ဆိုတဲ.ပုံမျိုးဖြေ သွားတာနော်။နောက်တစ်ခုက ကျွန်တော်ကလူတစ်မျိုးဗျသူများတွေမသွားချင်တဲ.ရေဝေးဆိုတဲ.နေရာ ကိုမှမရောက်ဖူးလို.သွားချင်နေတာကြာပြီ။တစ်ရက်အလုပ်ရှင်ကသူ.အဖေအုတ်ဂူသွားရှင်းမလို.ဆိုတာ နဲ.လိုက်ခဲ.မယ်ဆိုပြီးလိုက်သွားတာကျွန်တော်ရောဝန်ထမ်းနောက်တစ်ယောက်ရောပေါ.။အဲဒီမှာဖြစ်ချင် တော.တူတူလိုက်လာတဲ.မာနခဲကိုတော်တော်ဒေါသထွက်အောင်လုပ်လိုက်တဲ.စကားကတော. အုတ်ဂူလာပြီးသန်.ရှင်းရေးလုပ်တဲ.သူတစ်ယောက်က ကျွန်တော်နဲ.တူတူလာတဲ.သူကိုအစ်ကို အုတ်ဂူတစ်ခုရှာပေးပါဆိုပြီးနာမည်ပြောရော။ဟိုကောင်ဘာပြောကောင်းမလဲမျက်နှာကိုချက်ချင်းနီမြန်း လာပြီးလာမေးတဲ.သူကိုပြောလွှတ်လိုက်တော.တာပဲ။ကျုပ်ကအဲဒီအဆင်.တန်းကမဟုတ်ဘူးဗျ။ ခဗျလိုပဲလာပြီးသန်.ရှင်းရေးလုပ်တာဘာညာပြောလွှတ်တာပေါ.။သူ.ပုံစံကလည်းမေးချင်စရာလေနေပူလို. ဆိုပြီးအကျင်္င်္ီကချွတ်ထားသေးတယ်။ပုဆိုးက ရေသည် ယောက်ျားပုဆိုးနဲ.ဆိုတော.မေးတာပေါ.။ သူကပြန်မေးသေးတယ်ငါ.ပုံစံကဒီကလူတွေနဲ.တူနေလို.လားပေါ.။ငါအဲဒီအဆင်.အတန်းကလူတွေ နဲ.တူနေလို.လားစုံနေတာပါပဲ။ဒါလေးမှားပြီးလာမေးတာကိုမဟုတ်ရင်မဟုတ်ဘူးပြေပြေလည်လည် မပြောဘူး။ဘုတော တောလိုက်တာမေးတဲ.သူကိုတောင်အားနာစရာကောင်းတယ်။သူကအဲဒီကလူတွေ ကိုလည်းအဆင်.တန်းနိမ်.တယ်လို.ပြောတယ်။အဆင်.တန်းဆိုတာကိုဘာနဲ.ခွဲခြားလည်းဆိုတာ စာဖတ်သူများပြောပြပေးပါဗျာ