တောင်ပေါ်သားSeptember 4, 20131min1265
စက်တင်ဘာလ(၂)ရက်နေ ့ညက  မန္တလေး  ရဲတိုင်းရုံး၊ မှုခင်းဖော်ထုတ်တဲ့ဌာနက  in charge  ရဲအုပ် မောင်တင့်ကို အဲဒီဌာနမှာ  တာဝန်မှူးကျတဲ့  ဒုရဲအုပ် သိန်းသန်းစိုးက  ပစ္စတိုသေနတ်နဲ့  ပစ်သတ်လိုက်ပါတယ်။ (၂)ဦးစလုံး  မန္တလေး တိုင်းရုံး မှုခင်းဖော်ထုတ်တဲ့ ဌာနကဖြစ်ပြီး အဲဒီနေ့က  ရဲအုပ် မောင်တင့်က  အပြင်ရောက်နေတဲ့  ဒုရဲအုပ် သိန်းသန်းစိုးကို တာဝန်တစ်ခုဆောင်ရွက်ဖို့  လူစု(တန်းစီ)တာ မှာ  မရှိလို့ တာဝန်မှူး လုပ်ပြီး  ဘာကြောင့် မရှိသလဲ ဖုန်းနဲ့ပြောကြရင်း  ရန်ဖြစ်ကြတယ် လို ့ဆိုပါတယ်။ အဲဒီနောက်တော့ ဒုရဲအုပ် သိန်းသန်းစိုးက   ရုံးကို  ရောက်လာတယ် ။  တန်းလုပ်တာတော့ မဟုတ်ဘူး  အေးအေးဆေးဆေးဘဲ နေရင်း ခဏနေမှ သူ(ရဲအုပ်) နားကဖြတ်သွားပြီး  နားထင်ကို ကပ်ပစ်လိုက်တာ ၊ […]


“အခုတစ်လော ဖုန်းလာရင် ကိုင်ရမှာတောင် ခပ်လန့်လန့်ပဲ” အထက်ပါစကားကို ကျမအနေနှင့် ရယ်စရာပြောခြင်း မဟုတ်ပါ။ စာရေးဆရာတယောက် ကွယ်လွန်၍ ဈာပန လိုက်ပို့သည့်နေ့မှာ နောက်တယောက် ကွယ်လွန်ကြောင်း ကြားရသည်။ ထိုတယောက်ကို လိုက်ပို့ပြီး နောက်နေ့မှာ နောက်တယောက် ကွယ်လွန်ကြောင်း ကြားရပြန်သည်။ သူတို့သည် ရိုးရိုး စာရေးဆရာများ မဟုတ်။ တိုင်းပြည်အပေါ် စေတနာမှန်သူများ ဖြစ်သည်။ တိုင်းပြည်အတွက် တစုံ တရာ စွန့်လွှတ် အနစ်နာခံခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် ဤကဲ့သို့ ပုဂ္ဂိုလ်မျိုး ကွယ်လွန်သွားကြခြင်း၊ အထူးသဖြင့် ရှေ့ဆင့်နောက်ဆင့်ကွယ်လွန်သွားရခြင်းသည် တိုင်းပြည်အတွက် များစွာထိခိုက်သည်ဟု ဆိုရပါမည်။ ထို့ပြင် တိုင်းပြည်တည်ဆောက်ရေး ကာလ၊ အားပြိုင်နေရသော ကာလတွင် ကိုယ့်ဘက်သားများ အင်အားလျော့နည်းသွားရသဖြင့် အားလျော့မိတာကိုလည်း ဝန်ခံရပါမည်။ မတရားမှုကို “သရော်စာ” ဖြင့် […]


သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။ အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို […]


၁၉၈၈ ခုနှစ်၊ ဇွန်လ ရန်ကုန်မြို့ရှိ ကျွန်မအိမ်က ပြည်လမ်းမကြီးဘေးမှာ ဖြစ်၏။ ပြည်လမ်း၊ လှည်းတန်းမီးပွိုင့်ကား ထူးခြားမှု ဝိသေသ ရှိသည်။ လမ်း ၅ လမ်းဆုံသဖြင့် စည်ကားသည်။ အနားမှာ ရန်ကုန် တက္ကသိုလ်ကြီး ထီးထီးရှိနေခြင်းကလည်း တစ်မျိုးဂုဏ်ရှိနေသည်။ ထို့ကြောင့်ပင် တစ်ခုခု လူသိရှင်ကြားဖြစ်လိုလျှင် ဤဆုံရပ်ကို လာတတ်ကြ၏။ ထိုနေ့က ပြည်လမ်းမပေါ်မှာ အဖြူ၊ အစိမ်းလေးတွေ လျှောက်လာကြသည်ဟု ကြားရ၏။ ကျွန်မ ထွက်ကြည့်ပါသည်။ ကလေးလေးတွေကို အံ့ဩစိတ်ဖြင့်ကြည့်ရင်း ဝမ်းနည်းသလို ခံစားရပါသည်။ စာရေးဆရာ မောင်အောင်မွန် ရောက်လာသည်။ သူက လက်ခုပ်တီး၏။ ကျွန်မက မတီးရဲချေ။ ထိုနေ့ ညနေမှာပါပဲ….. ကလေးလေးတွေကို မြေနီကုန်း ရုပ်ရှင်ရုံအနီးတွင် လုံခြုံရေးခေါ် မော်တော်ကားကြီးများနှင့် တိုက်ပစ်သတဲ့။ ကျွန်မ ဝမ်းနည်းနေသည်။ […]


အမေနဲ့ကျမ အဖေမရှိတော့တဲ့ဘဝမှာ ဟောဒီရွာလမ်းအလယ် ဈေးသည်လုပ်ခဲ့ရင်း ထမင်းပြဿနာကိုရှင်း ပင်ပမ်းခြင်းလို့မထင် ပျော်ရွှင်ခဲ့ကြတာပဲလေ ၊ ပေါ်နေတဲ့ ရာသီစာ ရတာတွေအကုန်ရောင်း ဟောင်းနွမ်းနေတဲ့အိမ်ကလေးမှာ နွေးထွေးလျက်သာပေါ့ ၊ နောက်တော့လည်း ကံကြမ္မာ ရက်စက်စွာဖန်တီးရစ် နာဂစ် တဲ့ ၊ အမိမဲ့ဘဝ သေခဲ့တာကမှတော်သေး ဖော်ဝေး ဆွေမရှိ နေကြည့်စရာရွာပျက် ကျမ ထွက်ခဲ့ရပြီ ၊ ဦးတည်ရာမဲ့ သွားနေခဲ့လမ်းမှာ ရိုးသားစရာတွေ မရှိလာ တွေ့တာတွေနဲ့ပေါင်းရင်း ကောင်းခြင်းကလည်းမပါ အဲသလိုသာနဲ့ ရောက်ခဲ့ရှာရ မြို့ရန်ကုန် ၊ အကြံအဖန်စုံတဲ့ မြို့တော်မှာ နာဂစ်၏ သမီးပျို ခိုဝင်နား ဘာများလဲလို့ သိချင်မှာ အဲဒါမာဆတ်ပါ ၊ လာသမျှကိုဆီးကြို မောင်မောင်ကိုကိုခေါ်ဆိုပြ နေသားတကျမဖြစ်ခင် ညစ်ချင်တဲ့စိတ်တွေကိုထုတ် ကိုယ်လုပ်မှကိုယ်စား ကိုယ့်ကိုယ်ကိုသနားရင် ဆက်ရှင်ပြည့်မှဆိုတာက ခြိမ်းခြောက် […]


ဆေးလိပ်ကို ဟန်ပါပါကိုင် ငါထိုင်နေတဲ့အနားလာ တစ်တို့လောက်ပါ တဲ့ ၊ သောက်တတ်ခဲ့ရင်ဆောင်ထား နောင်များလည်း အဆင်ပြေသပေါ့ အခုတော့ငါ့ခမျာ ဆေးလိပ်ဆိုင်ပမာ ဟိုလူလာ ဒီလူလာ တစ်ခါ တစ်ခါ ပါသွား မီးခြစ်များတွေလည်း မနည်းလှ သတိရတော့ ခြစ်စရာမရှိ ထွက်ရသည့် ဒေါသသာ အဖတ်တင် ချစ်ကြင်လို့ အနားထားကာမှ တစ်တို့လောက်သမားတွေနဲ့တွေ့ ပါသွားပြန်ပဟေ့နောက်တစ်ခါ အားနာခြင်းတွေကို ဖယ်ခွာ တကယ်ငါ ဆုံးဖြတ်လို့သာ တစ်တို့လောက်ဆိုတာ သည်းခံပါ ။  


ဇူလိုင်လ ၂၁ ရက် မိုးကာလ ထုံးစံမို့ ကောင်းကင်က အုံ့အုံ့အေးအေး၊ ကွေးလို့ကောင်းနေတုန်း ဖေကြီး- ထတော့တဲ့၊ သားတော်မောင်အသံ၊ နာရီကြည့်တော့ ခြောက်ခွဲ၊ မင်းကလည်း အစောကြီးပဲ ရှိသေးတယ်ဆိုတော့……..မရဘူး ထ၊ ရေချိုး………တဲ့၊ အေးပါကွာ…..ဆိုပြီး သားတော်မောင် အမိန့်အတိုင်း ရေမိုးချိုး……..အကျင်္ ီလဲ၊ အောက်ကိုဆင်းပြီး လဘက်ရည်ဆိုင်မှာ ခဏထိုင်ကြပါတယ်၊ သွားမယ်လေ သွားမယ်လေ လို့ စိတ်စောနေတဲ့ သားရဲ့စကားတွေကြောင့် ၈ နာရီကျော်ကျော်မှာ ပြည်ရိပ်မွန် နာနတ်တောလမ်းကနေ ကားတား..၊ ကန်တော်ကြီးမျော်စင်ကျွန်း အပေါက်….ဆိုတော့ ၂၅၀ဝ တဲ့၊ အိုကေ……တက်ပေါ့၊ ရွှေတိဂုံကိုဖြတ်မောင်းလာလို့ စောစောစီးစီး လက်အုပ်ချီမိ၊ မရောက်တာကြာလှပါပကော…..၊ ဒီလိုနဲ့ ဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့ဘက်ကနေ ပတ်လာတော့ အင်း….. အာဇာနည်နေ့က အကြောင်းတွေ သတိရမိပြန်ရဲ့၊ ခဏနေတော့ ရောက်ပြီတဲ့….၊ ဒါမျော်စင်ကျွန်းဝင်ပေါက်တဲ့၊ […]


ကျွန်တော်က အညာသားပါ။ ရန်ကုန်ကို ပြောင်းလာတော့ အညာက ဧည့်သည်တွေ လာရင် အဓိက လိုက်ပို့ရတာက ရွှေတိဂုံဘုရားကြီး။ ရွှေတိဂုံရောက်ရင် ဒါက အာဇာနည်ဗိမာန်၊ ဟိုဟာက အမျိူးသားနေ့ အထိမ်းအမှတ် (ပထမကောလိပ်သပိတ်) ကျောက်တိုင်၊ ဟိုဟာက သခင်ကိုယ်တော်မှိုင်းဂူဗိမာန်၊ အဲဒီနားက အချွန်အတက်နဲ့ အုတ်ဂူက သီပေါမဟေသီ စုဖုရားလတ်ရဲ့  အုတ်ဂူ၊ ဒီဘက်ကတော့ ဗိုလ်ချူပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူ ဆိုပြီး ပြောပြရတယ်။ သမိုင်းဝင်အထိမ်းအမှတ် ဖြစ်နေလို့ အစီအစဉ်လိုက် ပြောရမယ်ဆိုရင် ပါတော်မူက စပြီး အမျိူးသားနေ့သမိုင်း၊ ကိုအောင်ဆန်းတို့ရဲ့ ၁၉၃၆ သပိတ်နဲ့ ၁၉၃၈ သပိတ်သမိုင်း၊ လွတ်လပ်ရေးသမိုင်းနဲ့ ဒီမိုကရေစီတိုက်ပွဲသမိုင်းအထိ ၁၈၈၅ ခုနှစ်က ၁၉၈၈ ခုနှစ်အထိ ခေတ်သစ်မြန်မာနိုင်ငံသမိုင်းကြီးတစ်ခုလုံး ပါဝင်နေတာကို တွေ့ရပါမယ်။ ရွှေတိဂုံဘုရားကို ကမာရွတ်ကနေ […]


သူ့ကို ကျွန်မက  “မောင်” ဟုခေါ်ပါသည်။ ဒါက သူခေါ်ခိုင်း၍ ခေါ်ရခြင်းပါ။ ကျွန်မတို့ ရပ်ရွာတွင် သမီးရည်းစား၊ လင်မယားများသည် နာမည်တပ်၍ ခေါ်လေ့ရှိကြပါသည်။ ကိုကိုတွေ၊ မောင်မောင်တွေ ဘယ်သူမှ မခေါ်ပါ။ ရည်းစားစာတဲတွင်တော့ ရေးပြီးခေါ်ချင်ခေါ်ကြသည်။ အပြင်မှာ လူချင်းတွေ့လျှင် နာမည်ပဲခေါ်ကြသည်။ တချို့များ နာမည်ပင်မခေါ်ရဲကြသဖြင့် စကားပြေလျှင် မျက်လုံးချင်းဆုံမျ အမည်မတပ်ဘဲ စကားပြေတတ်သည်။မျက်နှာချင်းမဆုံလျှင် ဆုံအောင် အသံတစ်ခုခု ပြုရသည်။ ရယ်စရာပြောလေ့ ရှိသောပုုံပြင်တစ်ခု၌ မိန်းကလေးက သူ့ယောက်ျားကို ထမင်းစားဖို့ခေါ်ချင်သည်။ ယောက်ျားက လှမ်းမကြည့်တော့ အသံပေးမှာဆိုပြီး အနီးမှာ ရှိသည့် ခွေးကို  “ဟဲ့ခွေး”ဟု အသံပြုလိုက်၏။ အသံကြား၍ ယောက်ျားလှည့်ကြည့်တော့မှ  ထမင်းစားမယ်ဟု ခေါ်ရသည်ဆို၏။ သည်တော့ :ဟဲ့ခွေး…. ထမင်းစားမယ်” ဖြစ်သွားသည်။ ခုလည်း ကျွန်မသည် သူ့ကို […]


ဒီရွာထဲမှာ ငါ ရေးချင်ရာလေး ငါ ရေးတယ် ၊ တချို့ကတော့  အချစ်ဆိုတာချည်းပဲ ရေးနေတာ ၊ ကိုယ့် အသက်မှ ကိုယ် အားမနာ တဲ့ ၊ ၁၉၆၂ မှာ လူဖြစ်ခဲ့တဲ့ ငါ ၊  ၁၉၈၈ မှာ ငါ  ၂၆ နှစ်သား ဖြစ်နေပြီ ၊ ၁၉၈၉ နှစ်ဆန်း  ရုံးချုပ်မှာ ငါ လုပ်အားပေး ၊  နောက်တော့ အဖွဲ့ဝင်လက်ခံဌာန တာဝန်ခံဖြစ် ၊ ဘယ်သကောင့်သားမှ အနားမလာတဲ့ ရုံးချုပ်ကို ရွှေဂုံတိုင် အုတ်လမ်း နံပါတ် ၉ရ ပြောင်းတော့ ဒေါ့ဂျစ်ကားတောင် ငှားမရ ၊ မင်းတို့ သိကြသလား ၊ ၁၉၉ဝ ရွေးကောက်ပွဲကာလ  ဘယ်ကပေါ်လာမှန်းမသိတဲ့ […]


သေသေချာချာပြန်စဉ်းစားကြည့်ရင် ဦးနဲ့ ကျွန်မ တွေ့ခဲ့ရတာ သိပ်မကြာလှသေးပါဘူး။ ဒါပေမယ့် အလှည့်အပြောင်း တွေကတော့ အတော်များသားနော်။ ကျမ အလုပ်လုပ်နေတဲ့ ကုမ္ပဏီက လိုအပ်ချက်အရ ဦးက ကျွန်မတို့ ကုမ္ပဏီမှာ သက်ဆိုင်ရာမေဂျာ ကို လာပြီး သင်တန်းပို့ချရတဲ့အချိန်မှာ အက်ဒမင်အစစ်စတန့် ဖြစ်တဲ့ ကျမက ခဏအနားယူခိုင်းရင်း ကော်ဖီဖျော်ပေးရပါတယ်၊ ဦးက လက်ဖက်ရည်မရှိဘူး လားတဲ့၊ ကော်ဖီပဲ ဆိုရင်လည်း ခပ်ခါးခါးလေး ဖျော်ပေးပါတဲ့။ ကျမတို့ စီအီးအို က ခါးလှတဲ့ နက်စ်ကိုပဲ သောက်သူမို့ ကျမ အဲ့ဒီအတိုင်း ဖျော်ပေးခဲ့ပါတယ်။ စတစ်ကော်လံအဖြူ လက်ရှည်နဲ့ ကချင်ပုဆိုးဝတ်ထားတဲ့ ဦးက ပို့ချပေးရမယ့်အချိန်မှာ သိသင့်သူတွေကို ပြောဆို သင်ပြနေခဲ့ပြီး ဦး အလုပ်ရှိရာဦး ကုမ္ပဏီကို ပြန်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် ၂ […]


မနေ့က မမျှော်လင့်ပဲ ငယ်သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ သီဟ နဲ့ဆုံတယ် ၊ သူနဲ့က တီတီစီမှာ ၃ တန်းကနေ ၁ဝတန်းအထိ အတူတူ တက်ခဲ့တာပါ ၊ ဆိုင်တစ်ဆိုင်မှာထိုင်ပြီး စကားတွေပြောရင်း သူက တစ်ခွန်းမေးတယ် ၊ မျိုးသန့် မင်းဘဝကြီးကို ဒီလိုပဲ ဖြတ်သန်းနေတော့မှာလား တဲ့ ၊ အမ် ငါက ဘယ်လိုဖြတ်သန်းနေလို့တုန်းဆိုတော့ မင်း နေ့စဉ် ဘယ်လိုနေသလဲ တဲ့ ၊ အင်းးးး  ငါ မနက် ရ နာရီခွဲ အိပ်ယာထတယ် ၊ ရေမိုးချိုး ယူနီဖေါင်းလဲ အိမ်ကထွက် မနက် ၈ နာရီ လှည်းတန်းမှတ်တိုင်ရောက်ပြီ ၊ ဘတ်စ်ကားစီး သံလမ်းရောက်ရင် လှိုင်မင်းမှာ လဘက်ရည်သောက် ၊ ၁ဝနှစ်လောက် […]


တရွေ့ရွေ့ ကုန်လွန်လာ လကုန်ခါနီးပြန်ပေါ့ တွက်ကြည့်တော့ ငါ့ဆက်ရှင် ၁၃ဝ ပင် မပြည့်သေး အလိုလေး ကယ်ကြပါ တစ်လမှာ ဆက်ရှင် ၁၅၀ ဘယ်သူထွင်တယ်မသိတဲ့ ဒီစည်းကမ်းနော် မပြည့်သော် ငါးထောင်ဖြတ်သတဲ့ လိုလာမယ့် ဆက်ရှင် ၂ဝ ကျော် ဘယ်သူလာလို့ ကူမလဲနော် ၁၅ဝ မကျော်ရင် ပိုင်ရှင်က ငါးထောင်ဖြတ် အရပ်ကတို့ရေ အမေပေးတဲ့ နာမည်တောင်ငါမေ့ ဟိုတကွေ့မှာ ကြည်ပြာ သီတာ ဆိုတာ အခု ညုလိုက်ရတဲ့ လူတကာ အရှက်ဆိုတာ မေ့တာကြာပေါ့ အချော့ကြိုက်တဲ့ ဟိုကောင်လေး ဘယ်ချောင်ပြေးနေသလဲကွယ် ချစ်တယ်ဆိုပြီး အတင်းနမ်း အတော်ကြမ်းတဲ့ ဦး သနပ်ခါးလူးထားဆို အပိုမပြောပဲ ဇွတ်ဆိုးသူ အဲဒီလူလည်း ငါမတွေ့ မေ့သွားပြီလားကွယ် နမ်းမယ် နမ်းမယ်နဲ့ အနမ်းပါမက […]