နွယ်ပင်June 20, 20111min37025
ဒီတစ်ခါ ရွာသူရွာသားတွေအတွက် အပျင်းလဲပြေ ဉာဏ်လဲရွှင်စေပြီး ဘယ်လောက် မှတ်သားတားတယ် ဗဟုသုတတွေ ဘယ်လောက်ရှိနေတယ် ဆိုတာကိုပါ သိနိုင်မယ့် ကဏ္ဍာလေးကိုတင်ချင်ပါတယ် .. ဒီပိုစ့်လေးမှာ နွယ်ပင်က နွယ်ပင်သိထားတဲ့ ဗဟုသုတလေးတွေကို အမှား / အမှန် ပုံစံလေးနဲ့ ပြောပြထားပါတယ် မှန်တယ်လို့ထင်ရင် မှန် ကို ရွေးပေးပြီး မှားတယ်လို့ထင်ရင်တော့ မှား ကို ရွေးပေးကြပါနော် ။ ၁ ။ ပင်လယ်ဂဏာန်း၏ သွားများသည် အစာအိမ်ထဲတွင်ရှိသည်။ (မှား /မှန်) ၂ ။ လင်းပိုင်တွင် သွား (96) ချောင်းရှိသောကြောင့် အစာများကို ဝါးစားနိုင်သည် ။ (မှား /မှန်) ၃ ။ ကီဝီငှက်၏ မျက်လုံးသည် အလွန်အားကောင်းသောကြောင့် ညအမှောင်ထဲတွင် ကောင်းစွာ […]


နွယ်ပင်June 18, 20111min26920
အကူအညီလိုအပ်လာရင် သူ့ကိုပဲ အရင် သတိရမိတာ ဘာကြောင့်မှန်းမသိခဲ့ဘူး သူ့ဘေးနားရှိနေရင် အရာရာအတွက် နှစ်သိမ့်ကျေနပ်ခဲ့တာ ဘာကြောင့်မှန်းမသိခဲ့ဘူး အိမ်မက်တွေထဲကို ခဏခဏ သူအလည်ရောက်လာခဲ့တာကို ဘာကြောင့်မှန်းမသိခဲ့ဘူး သူငယ်ချင်းတွေထက် သူ့ကို ပိုဦးစားပေးခဲ့တာ ဘာကြောင့်မှန်းမသိခဲ့ဘူး သူ့အတွက် အမြဲစဉ်းစားပေးနေတက်တာ ဘာကြောင့်မှန်းမသိခဲ့ဘူး သူ့အကြောင်းကို တစ်နေ့ကို တစ်ခေါက်လောက်မှမတွေးရရင် မနေနိုင်ခဲ့တာ ဘာကြောင့်မှန်းမသိခဲ့ဘူး သူအကြောင်းတွေးနေမိရင် အချိန်ကုန်မှန်း မသိတာ ဘာကြောင့်မှန်းမသိခဲ့ဘူး တကယ်တော့ သူက ကိုယ့်ဘဝထဲကို တစ်စစ ဝင်ရောက်နေခဲ့တာကို သတိမထားခဲ့မိဘူး ဘယ်အချိန်ကတည်းက သူ့အကြောင်းကိုတွေး သူကိုယ့်ဘဝထဲ တိုးဝင်နေခဲ့မှန်းလဲ သတိမထားခဲ့မိဘူး ဘယ်အချိန်ကမှ သတိမထားမိတဲ့ အရာတွေကို သတိထားမိလာတဲ့အခါမှာတော့ သူကို ……………………..


နွယ်ပင်June 17, 20111min18013
တစ်နေ့ တစ်နေ့ လူတွေလဲ အလုပ်သွားအလုပ်ပြန် ကားစီးရတဲ့ ဒုက္ခက တကယ်ကို မလွတ်ကြပါလား ဒီလိုင်းကားတိုးစီးရဲ့ ဒုက္ခက ကို်ယ်တွေအတွက် ဘယ်လောက်ကြာကြာ ထမင်းစားရေသောက် ဘဝကိုမဖြစ်နိုင်တာသူများတွေကတော့ပြောတော့ လိုင်းကားတိုးစီးရတာ ကြာတော့ ဘယ်လိုမှကိုမနေတော့တာတဲ့ ။ လူကြပ်ရင် ကားတန်းကိုတောင်ကိုင်စရာမလိုဘူး လူတွေကြားထဲမှာ အလိုက်သင့်လေး လိုက်ပြီးနေလိုက်ယုံပဲတဲ့ ကားချောင်တဲ့ နေ့မျိုးဆိုရင်တော့ ကံကောင်းတဲ့နေ့ဆိုပြီး တွေးချင်ရာေလေးတွေးပြီး စီးဖြစ်တယ်ဆိုပဲ … နွယ်ပင်တို့များကြားတော့လဲ နေ့တိုင်းလိုင်းကားက တိုးစီးနေရတာပါပဲ တစ်ဆင့်တောင်မဟုတ်ဘူး နှစ်ဆင့် ဒါတောင် အသားကမကျချင်ဘူးတကယ် မနက်မနက် အလုပ်သွားဖို့ကို (အလုပ်နဲ့အိမ်နဲ့က ပြောရလောက်အောင်ဝေးတာမဟုတ်ဘူး) ကားစီးဖို့အတွက် အိမ်ကနေ တစ်နာရီလောက်ကြိုထွက်မှတန်ကာကြတယ် တကယ်တမ်းသာကားရရင် စီးရမှာအချိန်က (15) မိနစ်ရယ် ကားကိုစောင့်နေရတာက နာရီဝက်လောက်ကြာတယ် တစ်ခါတစ်လေများ 5 မိနစ်လောက် အိမ်ကထွက်တာ မနောက်ကျနဲ့ ဘယ်တော့မှအချိန်မမှန်တဲ့ […]


နွယ်ပင်June 16, 20111min1236
သူငယ်ချင်းတစ်ယောက်ဆီက မေးလ်ရတာလေးပါ ရွာသူ/ ရွာသားတွေဖတ်ဖူးပြီးသားလားမပြောတက်ပင်မဲ့ သဘောကျတ့အတွက်ပြန်လည်တင်ပြထားပါတယ် ကောင်လေးတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ပြောတယ် “ငါက နင့်ရဲ့BFပါ”တဲ့။ ကောင်လေးရဲ့အပြောကို နားမလည်တဲ့ ကောင်မလေးက အပြစ်ကင်းတဲ့မျက်နှာနဲ့မေးတယ်။ “BF ဆိုတာဘာလဲ?” ကောင်လေးက ပြုံးပြုံးရယ်ရယ်နဲ့ “BF ဆိုတာ best friendပါ” လို့ပြောတယ်။ အဲဒီနောက် အရွယ်ရောက်လာကြတဲ့ ကောင်လေးနဲ့ကောင်မလေး ချစ်သူတွေ ဖြစ်သွားကြတယ်။ အဲဒီမှာ ကောင်လေးက ကောင်မလေးကိုထပ်ပြောတယ် “”ငါက နင့်ရဲ့ BF ပါ”တဲ့။ ကောင်မလေးက မခို့တရိုနဲ့ မေးတယ်။ “BF ဆိုတာဘာလဲ?” ကောင်လေးက ကောင်မလေးမေးစေ့ကို ကြင်ကြင်နာနာကိုင်ပြီး ဖြေတယ်။ “BF ဆိုတာ boy friendပါ” တဲ့။ အဲဒီနောက် နှစ်အတန်ငယ်အကြာမှာ သူတို့လက်ထပ်ကြတယ်။ ချစ်စရာကလေးလေးမွေးခဲ့တယ်။ အဲဒီမှာ ယောက်ျားဖြစ်သူက […]


နွယ်ပင်June 16, 20111min30622
အခုတစ်လော ရွာထဲမှာ သရဲအကြောင်းတော်တော်ပြောနေကြတာနဲ့ နွယ်ပင်လဲပြောချင်လာတယ် ရွာသူ/ ရွာသားတွေကတော့ သရဲဆိုတာတကယ်ရှိမရှိတော့မသိဘူး နွယ်ပင်ကတော့ သရဲလိုပြောရမလား ဝိညာဉ်လို့ပဲပြောရမလား မကျွတ်မလွတ်သေးတဲ့သူလို့ပဲပြောရမလား ကိုယ်တွေ့ကြုံခဲ့တာလေးကိုပြောပြချင်ပါတယ် .. သင်္ကြန်တွင်း တစ်နှစ်ပေါ့ နွယ်ပင်တို့ အလုပ်အတူလုပ်တဲ့ သူငယ်ချင်းတွေစုပြီး တရားစခန်းဖြစ်ဖြစ် သီလရှင်ဖြစ်ဖြစ်ဝတ်မယ်ဆိုပြီးတိုင်ပင်ကြတယ် အဲဒီမှာ သံလျှင်မှာနေတဲ့ သူငယ်ချင်းတစ်ယောက်က သူတို့ဘက်မှ တရားစခန်းရော သီလရှင်ရောပါဝတ်လို့ရတဲ့ ကျောင်းတစ်ကျောင်းရှိတယ် တောကျောင်းမို့လို့အေးချမ်းတယ် တစ်ခြား ဘာမှ အပူအပင်မရှိဘူးပြောလို့ သွားဝတ်ဖြစ်ခဲ့တယ် သီလရှင် (3) ပါးနဲ့ ယောဂီ (4) ယောက်ပေါ့ ကျောင်းလဲရောက်ရော သူငယ်ချင်းပြောသလို တကယ်အေးချမ်းပြီး တရားဝင်တဲ့သူတွေကလဲ ကိုယ့်ကျောင်းလေးနဲ့ကိုယ် နောက် အနီးပတ်ဝန်းကျင်မှာလဲ အိမ်ခြေကမရှိ ကျောင်းရဲ့ အနောက်ကလဲ တောလို့ပြောလို့ရတဲ့ သစ်ပင်တွေချည်းစုဝေးနေတဲ့ နေရာ တိတ်ဆိတ်ပြီး တကယ့်ကိုပဲ တရားကောင်းကောင်းအားထုတ်လို့ ရမယ့်နေရမျိုးပါပဲ […]


နွယ်ပင်June 15, 20111min32018
တနေ့တနေ့ နွယ်ပင်တို့လဲ အလုပ်သွားလိုက် အိမ်ပြန်ရောက်ရင် အိမ်အလုပ်လုပ်လိုက်နဲ့ အားတဲ့ရက်မှာ သူငယ်ချင်းတွေ တွေ့ရင်တွေ့ မတွေ့ရင် တစ်ပတ်စာ အိမ်အလုပ်ကုန်းလုပ်နဲ့ အချိန်တွေကိုကုန်ဆုံးနေရတယ် ။ ဒီတစ်ပတ်တော့ ကျောင်းတက်တုန်းက သူငယ်ချင်းတစ်ယောက်က လှမ်းချိန်းတယ် ဆုံကြရအောင်တဲ့ အဲတော့ အိမ်အလုပ်သိပ်မလုပ်ချင်တာနဲ့ အတော်ပဲ ဆိုပြီး “အေး” တွေ့ကြတာပေါ့ ဘယ်သူတွေပါဦးမလဲ ဆိုတော့ ကျောင်းတက်တုန်းက state တက်တုန်းက သူငယ်ချင်းတွေချည်းပဲတဲ့ ။ အခုဒီနေ့က ဗုဒ္ဒဟူးဆိုတော့ ချိန်းထားတာက တနင်္ဂနွေဆိုတော့ တွေ့ဖို့ကကြားထဲမှာ (3) ရက်တောင်လိုနေသေးတာပဲ ။ အဲတာနဲ့ အလုပ်မှာကလဲ အားနေတာနဲ့ ဟိုတွေးဒီတွေးရင်းနဲ့က ကျောင်းတက်တုန်းက အချိန်လေးတွေကို ပြန်တွေကြည့်မိတော့ …… နွယ်ပင်တို့ ကျောင်းက အထက (၃) မဂင်္လာတောင်ညွန့် အောင်ဆန်းကွင်းရှေ့မှာ ရှိတာပေါ့ တျောင်းတက်တုန်းက […]


နွယ်ပင်June 14, 20111min1818
လောကမှာ သိပ်ကို ရင်းနှီးနေကြတဲ့ လူတွေအတွက် ခွင့်မတောင်းစရာကို မလိုတဲ့ကိစ္စတွေအများကြီးပါ ဥပမာ အလုပ်တစ်ခုမှာ နှစ်လ ကြာရှည်စွာ အတူတူလုပ်နေကြတဲ့ သူအချင်းချင်း တစ်ယောက်က အလုပ်များနေရင် ငါ ကူလုပ်ပေးရမလားဆိုတဲ့စကားက မလိုအပ်တာသေချာပါတယ် ဒီလိုပါပဲ သိပ်ရင်းနှီးနေကြတဲ့ လူနှစ်ယောက်ကြားမှာရှိတဲ့ တစ်ချို့ကိစ္စတွေဆိုရင်လဲ ခွင့်တောင်းဖို့ လိုကိုမလိုအပ်တာပါ … – မင်း အနားမှာ ကိုယ့်ကို အမြဲ ရှိနေခွင့်ပေးပါ… (ခွင့်တောင်းရန်မလိုပါ) ဘာဖြစ်လို့လဲဆိုတော့ မင်းအနားမှာ ကိုယ်ကလဲ အမြဲရှိချင်နေချင်သူမို့ပါ … – မင်းနဲ့အတူတူ ကိုယ်လဲလိုက်ပါရစေ …(ခွင့်တောင်းရန်မလိုပါ) ဘာဖြစ်လို့လဲ ဆိုတော့ မင်းမလိုက်ရင်တောင် ကိုယ်က ခေါ်ချင်နေသူမို့ပါ… – မင်းအတွက် ကိုယ် ဘာများလုပ်ပေးရမလဲ….(ခွင့်တောင်းရန်မလိုပါ) ဘာဖြစ်လို့လဲဆိုတော့ မင်းဘာမှ မလုပ်ပေးရင်တောင် မင်းအနားမှာရှိနေတာလေးနဲ့တင် အရာရာပြည့်စုံနေသူမို့ပါ – […]


နွယ်ပင်June 13, 20111min25614
မနေ့က တနင်္ဂနွေနေ့လဲဖြစ် အလုပ်ပိတ်ရက်လဲဖြစ်တော့ တစ်ခုခုလုပ်စားမယ်ဆိုပြီး ငါးသံပုရာပေါင်း လုပ်စားဖို့ စဉ်းစားမိတယ် ။ ဆိုင်မှာ 0ယ်စားရင် တစ်ကောင်ကို (2500/ 3000) လောက်ပေးရတော့ ကိုယ့်ဘာသာကိုယ်လုပ်စာရင် အဲ့လောက်ငွေနဲ့ဆိုရင် အနည်းဆုံ (2) ကောင်လောက်တော့ အသာလေး စားလို့ရတယ်ဆိုပြီး ငါးပေါင်းဖို့အတွက် တီလားပီးယား (ဇလားပီးယား)ငါး 0ယ်လာခဲ့တယ် ။ အရင်ဆုံး တီလားပီးယားငါးကို ဗိုက်ခွဲ၊ အညစ်အကြေးတွေထုတ်၊ ရေဆေးပြီး အကောင်လိုက်ကို ဆား၊ အချိုမှုန့်နဲ့ နယ်ပြီးနှပ်ထားပါတယ်။ ဂျင်းကို ပါးပါးလှီးပြီး၊ ကြက်သွန်ဖြူကို ဒါးပြားရိုက်ထားပါတယ်။ ပြီးရင် မီးဖိုပေါ်အိုးတင်ပြီး ရေအနည်းငယ် ထည့်ပါတယ် ပြီးရင်နှပ်ထားသောငါး ပါးပါးလှီးထားသောဂျင်း ဒါးပြားရိုက်ထား ကြက်သွန်ဖြူတို့ကိုအတူရောကာ အပူခံနိုင်မယ့် ပုဂံလုံးခံပြီး အိုးထဲထည့်ကာပေါင်းပါတယ် ။ငါးကိုပေါင်းထားစဉ်မှာ ငရုတ်သီးစိမ်း စားနိုင်သလောက်နဲ့ ကြက်သွန်ဖြူ ခပ်များများကို […]


နွယ်ပင်June 11, 20111min18514
အထက်ပါ စာကတော့ ဇွန်လ (၁၀) ရက်နေ့ နေ့စွဲပါ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဇော်ထက်က နာရေးကူညီမှုအသင်း သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်) ၏ လှုပ်ရှားဆောင်ရွက်မူများကို ရပ်ဆိုင်းထားရန် ပေးပို့ထားသော စာဖြစ်ပါသည် ။ သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)ကို ၈.၆.၂၀၁၁ မှစ၍ စမ်းသပ်ဖွင့်လှစ်ကာ ရဟန်းရှင်လူအပေါင်းတို့၏ ကျန်းမာရေး ကိစ္စအဝဝကို အခမဲ့ကုသပေးလျှက်ရှိရာ ၉.၆.၂၀၁၁ ရက်နေ့အထိ လူနာပေါင်း (၈၉) ဦးတို့ကို ကုသပေးပြီးဖြစ်သည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဆရာဝန် (၄)ဦးတို့မှ ကုသိုလ်ဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာ လာရောက်ကုသပေးမှုကြောင့် ပြည်မြို့ ရေနံချောင်း၊ ပုတီးကုန်း၊ သဲကုန်း၊ ပေါက်ခေါင်း၊ နှောကုန်း အစရှိသည့် မြို့ရွာများရှိ ကျန်းမာရေးချို့တဲ့သော ရဟန်း သံဃာ အများပြည်သူတို့မှာ များစွာဝမ်းသာပီတဖြစ်ခဲ့ရသည်။ ထိုနည်းတူ ကုသပေးသော […]


နွယ်ပင်June 7, 20111min1146
နှစ် ၊လ ၊ ရက် ၊ နာရီ တို တရွေ့ရွေ့ ပြောင်းလဲနေသလို ရုပ်ပိုင်းဆိုင်ရာပုံရိပ်တို့ကလည်း ပြောင်းလဲလျှက်ရှိနေပါတယ် ။ အနာဂတ်ကာလကို ဦးတည်ပြောင်းလဲနေချိန်မှာ အရင်အတိတ်ကာလက ကျန်ရစ်ခဲ့သော ပုံရိပ်များ ပျောက်ကွယ်သွားသောပုံရိပ်များကို မမြင်မတွေ့ဘူးတဲ့ သူများအတွက်အတိတ်မှ ပုံရိပ်များ (လွန်ခဲ့သော နှစ်ပေါင်း 100 0န်းကျင်)က ုံ့ရိပ်များကို ရှာဖွေတင်ပြထားပါတယ် …. (1880) ပြည့်နှစ်က ရန်ကုန်ဆိပ်ကမ်းတွင် မီးသဘောင်္နှင့် ရွက်သဘောင်္ကြီးများ ကျောက်ချထားသည်ကို တွေ့ရစဉ် ဗြိတိသျှကိုလိုနှီလက်ထက် ရန်ကုန်ဆိပ်ကမ်းတွင် ရွက်လွှင့်သဘောင်္ကြီးများ ဆိပ်ကပ်ခဲ့ပုံ ၊ မြန့်မာရိုးရာ ရွက်လွှင့်သဘောင်္ကြီးများသည် ဆန်စပါး သယ်ယူပို့ဆောင်ရေးတွင် အဓိက ပါ0င်ခဲ့သည် …


နွယ်ပင်June 6, 20111min560
BG သွေးအကူအညီပေးရေးအဖွဲ့နဲ့ အတူတွေ့ရတဲ့ ဇေယျာသော် BG သွေးအကူညီပေးရေးမှ ၁၉ရက်(၆)လ၂၀၁၁တွင် ကျရောက်မည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့်မွေးနေ့အကြို သွေးလှူဒါန်းပွဲအား ၁၄.၆.၂၀၁၁မှ စတင်ပြီး စုပေါင်း သွေးလှူဒါန်းမည် ဖြစ်ပါသောကြောင့် ပူပေါင်းပါဝင်လိုသူများ၊ အကူအညီ ပေးလိုသူများအနေဖြင့် အောက်ပါ phone နံပါတ်များတွင် ကြိုတင်စာရင်း ပေးသွင်းနိုင်ကြောင်း အသိပေး အကြောင်းကြားအပ်ပါသည်။ အသက်ကယ် သွေးလှူဒါန်းလိုသူများ၊ အရေးတကြီး သွေးလိုအပ်သူများ ပူပေါင်းဆောင်ရွက်လိုသူများ ဆက်သွယ်ပါရန်။ ကိုညီညီ 0949328055၊ ဒေါ်သီတာ 01396476၊ ကိုလင်းထက် 0973125885၊ ကိုကောင်းထက်ကျော် 099927082 Posted by ဒီမိုဝေယံ


နွယ်ပင်June 2, 20111min1334
အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ ) 2011 ခုနှစ် ပညာသင်နှစ်အတွက် အတန်းများကို1st June မှ စတင်၍ သင်ကြားပေးနေပါပြီး။ ယနေ ့အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၄၇) ယောက် လက်ခံထားပြီး ဆက်လက်၍လည်း လာရောက် အပ်နှံနေကြဆဲ ဖြစ်ပါတယ်။ ဆရာ၊ ဆရာမအင်အား (၂၀) ယောက်နှင့် မနက်(ရး၃ဝ မှ ၉းဝ၀) ( ၉း၃ဝ မှ ၁၁းဝ၀) အထိ ညနေ( ၂းဝဝ မှ ၃း၃ဝ ) ( ၄းဝဝ မှ ၅း၃၀) (၅းဝဝ မှ ၆း၃ဝ ) တစ်နေ ့လျှင် ( ၅ )ကြိမ် အထက်က အချိန်ဇယားအတိုင်း […]