မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံတွင် လှုပ်ခဲ့သော ကမ္ဘာ့ပဉ္စမ အားအပြင်းဆုံး ငလျင်ကြီးကြောင့် လူပေါင်းများစွာ အဆောက်အဦများစွာ သေကြေပျက်စီးခဲ့ကြရသလို ကမ္ဘာကြီး၏ ဝန်ရိုးသည် ၁ဝ လက်မ (၂၅ ဆင်တီမီတာ) ခန့် ရွေ့လျားသွားခဲ့ကြောင်း အီတလီနိုင်ငံ အမျိုးသားဘူမိရူပဗေဒနှင့် မီးတောင်ဗေဒဌာန၏ လေ့လာထုတ်ပြန်ချက်များ အရ သိရှိရသည်။ ထိုသို့ ကမ္ဘာ့ဝန်ရိုး ရွေ့လျားသွားမှုကြောင့် ပြောပလောက်သော အချိန်တာ ပြောင်းလဲသွားမည် မဟုတ်ဘဲ နေ့တာနှင့် ညတာကြား တစ်မိုက်ခရိုစက္ကန့် (1 μs) ခန့်သာ ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ တစ်မိုက်ခရိုစက္ကန့် ဆိုသည်မှာ တစ်စက္ကန့်၏ တစ်သန်းပုံ တစ်ပုံသာ ရှိရာ ထွေထွေထူးထူး မည်သို့မျှ မပြောင်းလဲသော အနေအထားဖြစ်၍ စိုးရိမ်ပူပန်ကြရန် မလိုကြောင်း ပညာရှင်များက ရှင်းလင်း ပြောဆိုကြသည်။ […]