Australia က မိုင်းလုပ်သားတစ်ယောက်ရဲ ့ မိသားစု ဘဝ တစ်ခုလို ့သတ်မှတ်ပေးပါ။ ဘယ်လိုနေထိုင်ရလဲဆိုတာကို မသိသေးတဲ့သူတွေ သိအောင်လို ့ဆိုတဲ့ စေတနာနဲ ့ဖြစ်တယ်။ ကြွားတာမဟုတ်ပါဘူး။ ပြည်တွင်းထဲမှာ ရှိတဲ့မိုင်းလုပ်သားတွေနဲ ့ဩစတျေးလျက မိုင်းလုပ်သားတွေရဲ ့ဘဝဟာ ဘာ့ကြောင့်များအကွာကြီးကွာလဲမသိပါဘူး။ နေဖို ့အိမ်ကို အခမဲ့အလုပ်ကပေးတယ်။ ရေမီးအခမဲ့။ လေးခန်းပါတဲ့အိမ်။ ခလေးတွေအတွက် ကျောင်းစရိတ်လည်း မပေးရပါဘူး။ ကိုယ့်ခြံထဲမှာတော့ စိုက်ခင်းလေးတစ်ခုတော့ ရှိရတယ်။ ကန်ဇွန်းကစလို ့ ငှက်ပျော်ပင်အထိစိုက်ထားရတယ်။ ဝယ်စားလို ့မှ မရတာဆိုတော့ဗျာ။ ဒီနေ ့မနက်ပဲ ပျင်းနေလို ့အပျင်းပြေ ဓာတ်ပုံလေးရိုက်ပြီး ခင်ဗျားတို ့အားလုံးကြည့်ရအောင် တင်ပေးလိုက်တာပါ။ ဘုန်းကျော်( ဩစတျေးလျ )