#Yangon Water Boom♂️ #Thar Kay Ta Water boom ဖွင့်နေတာတော့ တော်တော်ကြာနေပါပြီ။ ဒါပေမဲ့ကိုယ်ကတော့ ဒီတစ်ခေါက်မှပဲရောက်ဖြစ်တော့တယ်။လူညှိုတာမရတာနဲ့..တကယ်တန်းသွားတော့လည်းသယ်ရင်း၃ယောက်ထဲရယ်ပါ။ ၃ယောက်ထဲဆိုတော့ပျော်ဖို့ကောင်းပါ့မလားလို့စိုးရိမ်နေခဲ့တာ..နိုးနိုးနိုး..အရမ်းပျော်ဖို့ကောင်းတာ..လျှောက်ပတ်ဆော့ရင်းနဲ့သိလာခဲ့ရတယ်။ ပြောမပြတတ်အောင်ပျော်ဖို့ကောင်းတာ။ ရေဆိုလာထားအာဘွားသမား တွေအတွက်ကတော့ ရှယ်ပဲပေါ့(ကိုယ်လေ) ကိုယ်တွေအိမ်ကနေထွက်လာခဲ့ကြတာတော့ မနက်၁ဝခွဲ၊ ဟိုရောက်တော့ ၁၁နာရီကျော်နေပြီ။ ဒီထက်ခပ်စောစောလေး သွားနိုင်ရင်တော့ ပိုကောင်းတယ်။ #ဘယ်မှာရှိတာလဲ ရှုခင်းသာပန်းခြံ၊ ယမုံနာလမ်းမကြီး ဒေါပုံမြို ့နယ်မှာရှိပါတယ်။ #ဝင်ကြေး ခုလိုမိုးတွင်းမှာဆိုတော့ ၂ယောက်သွားရင်၂ယောက်ဖရီးရပါတယ်။ Tue – Fri (20,000ks), Sat – Sun & public holiday (25,000 ks), Monday ကတော့ပိတ်တယ်။ဒီဈေးက ဇူလိုင်လကုန်အထိပဲနော်..နောက်ထပ်လည်းAmazing Saleတွေလာဦးမယ်တဲ့။ #ဘယ်အချိန်သွားလို့ကောင်းလဲ တစ်နှစ်ပတ်လုံးသွားလို့ကောင်းတယ်။ မွန်လေးကတော့မိုးတွင်းပဲကြိုက်လို့မိုးတွင်းပဲသွားလိုက်တာ အသားမဲမှာကြောက်လို့လေ..နေပူရင်။ #အထူးသတိပြုချက် အထဲကိုအပြင်က အစားအစာနဲ့ရေသယ်ဆောင်ခွင့်မပေးပါ။ […]