အလွန်သာယာလှပတဲ့ ဂေဇက်ရွာကို ကျွန်တော်ရောက်တာ မကြာသေး ပါဘူး။ မကြာသေးပေမယ့်လဲ ဂေဇက်ရွာရဲ့ လှပပုံ.. သာယာပုံ ချစ်စရာကောင်းပုံတွေကိုတော့ မပြောပဲ မနေနိုင်လောက်အောင်ပါပဲ။ ဂေဇက်ရွာရဲ့ အရှေ့ဘက်မှာ ရွာဦးကျောင်းရှိပါတယ်။ကျောင်းထိုင် ဆရာ တော်အရှင်အရိယ။ ဆရာတော်က ရွာသူရွာသားတွေကို အမြဲလို တရား ဓမ္မတွေဟောညွှန်ပြပါတယ်။ရွာသူရွာသားတွေထဲမှာ ကြိုက်သူလဲရှိကြသလို အကြိုက်နဲသူတွေလဲရှိရဲ့။ ထူးချားတာက ကြိုက်သူကိုရော.. အကြိုက်နဲသူ ကိုရောဆရာတော်က တသားတည်းထားပြီးဟောမြဲဟောလျှက်ပါပဲ။ မခွဲခြား ပါဘူး။ ကျွန်တော်တို့ ဂေဇက်ရွာကို သူကြီး ခိုင်ကအုပ်ချုပ်ပါတယ်။ ဆင်းရဲ ချမ်းသာ အစိမ်း အကျက်..အင်းအားရှိ..မဲ့…မခွဲခြားပါဘူး။ ဥပဒေနဲ့အညီသာ အုပ်ချုပ် ပါတယ်။ ရွာသူ ရွာသားတွေက သူကြီးခိုင်ကို ချစ်ကြပါတယ်။ လေးလဲ လေးစားကြပါတယ်။ ကြောက်တော့ မကြောက်ရပါဘူး။ဒါလေးကလဲ ဂေဇက်ရွာရဲ့ ကိုယ်ထူကိုယ်ထ ဒီမိုကရေစီလို့ ဆိုရမလားပဲ။ ကျွန်တော်တို့ […]


ဇောက် ထိုးApril 30, 20121min32612
သူကြီးနှင့်တကွရွာသူရွာသားအားလုံးကိုခင်မင်လေးစားစွာဖြင့်စာရေး လိုက်ပါတယ်။ ရွာသူရွာသားအားလုံးကျန်းမာကြတယ်မဟုတ်လား။ကျွန် တော်ရွာမှာတုန်းကသိခဲ့တာက အများအကျိုးဆောင်ရွက်ရမယ်အများ ကောင်းစားရေးကိုလုပ်ရမယ်လို့နားလည်ခဲ့ပါတယ်။ ခုတော့အဲလိုမဟုတ်ပဲ ကိုယ်ကောင်းစားရေးကိုလုပ်ရမယ်ဆိုတဲ့အသိအမြင်တွေရလာခဲ့ပါတယ်။ ဒါလေးကိုရွာသူရွာသားတွေကိုစာရေးပြီးအသိပေးတာပါ။ ကိုယ်ကောင်းစားရေးမလုပ်ပဲ အများကောင်းစားရေးဆိုတာ လုပ်လို့မရပါဘူး။ကိုယ်ကောင်း စားရေးမလုပ်ပဲအများကောင်းစားရေးလုပ်ခဲ့မယ်ဆိုရင်…အဲဒီအများ ကောင်းစားကောင်းစားရေး ကောင်းတဲ့ အကျိုးဖြစ်ထွန်းမှုတွေနည်းမှာပါ။ ကျွန်တော်တို့ ရွာမှာ သီးနှံတွေစိုက်တာဟာ..ကိုယ်ကောင်းစားဖို့… ကိုယ့်မိသားစုကောင်းစားဖို့စိုက်တာဆိုပေမယ့်…. အဲဒီသီးနှံကထွက်တာ တွေကို..မြို့ပို့ပြီး တနိုင်ငံလုံး …ကောင်းစားဖို့ဆောင်ရွက်လိုက်တာပဲ မဟုတ်လား။ လမ်းဘေးမှာ ကိုယ့်စားဝတ်နေရေးအတွက် ဓာတ်ဆီလေးရောင်းနေတာ လဲ ကိုယ့်အတွက်ရောင်းတာလို့ဆိုရပေမယ့် အနားကဖြတ်သွားသူတွေ ဆီပြတ်ရင် အဆင်ပြေအောင်ဆောင်ရွက်ပြီးသားဖြစ်မနေဘူးလား။ တကယ်တော့ ကိုယ်ကောင်းစားရေးလုပ်လိုက်တာနဲ့ အများကောင်းစား ရေးဆိုတာ အလိုလိုလုပ်ပြီးသားဖြစ်သွားပါတယ်။ ကျွန်တော်တို့ရွာထဲက ကိုကြီးကြောင်ဆိုရင်…အမြဲတမ်းသောက်စားမူးရူး နေတယ်။ ညညဆိုဆူညံနေလို့တရွားလုံးစိတ်ညစ်ကြရတယ်။ တခါတလေ ရဲစခန်းပါ အလုပ်ရှုပ်တယ်။ ဒါဟာ ကိုကြီးကြောင်က သူကောင်းစားရေးပါ မလုပ်တော့ အများကောင်းစားရေးလဲမလုပ်သလိုဖြစ်နေတာပေါ့။ ဟော ခုတော့ ကိုကြီးကြောင် အရက်ဖြတ်သွားပြီ။ သူ့ဘဝကောင်းစားဖို့ […]


ဇောက် ထိုးApril 25, 20121min1313
ကျွန်တော်တို့သည် အင်္ဂလိပ်တစ်ဝက် မြန်မာတစ်ဝက်လဲပြောလေ့ရှိကြသည်။ ဥပမာ..မင်းမားသားကြီး နေကောင်းလား။ မင်းဖားသားကြီးနေကောင်းလား။ ပါဠိတဝက် မြန်မာတဝက်လည်းပြောတတ်ကြသည်။ ဥပမာ သာသနာ ထွန်းကားတယ်တဲ့။ ထိုကြောင့် ကိုယ်ပြောသောစကား ဘာမှန်းမသိတွေဖြစ်သွားတတ်ကြ၏။ ကျွန်တော်တို့ ပြောတတ်ကြသည်။ သာသနာထွန်းကားအောင်..သာသနာထွန်းကားသည်တဲ့။ သာသနာဆိုတာ..ပါဠိစာလုံး။ မြန်မာလိုပြန်တော့ သာသနာဆိုတာ..အဆုံးအမ..ဟုဆိုသည်။ အပြည့်အစုံ ဆိုရသော် သာသနာဆိုတာ ဘုရားအဆုံးအမဟု အဓိပ္ပါယ်ရသည်။ သာသနာထွန်းကားတယ်ဆိုတော့…ဘုရားအဆုံးအမတွေထွန်းကားသည်ဟု ဆိုရမည်။ လူတွေ မြတ်စွာဘုရားအဆုံးအမတွေကိုသိပြီး ဘုရားအဆုံးအမတွေနဲ့အညီနေကြတာကို သာသနာထွန်း ကားသည်ဟု ဆိုပါသည်။ ဟိုတုန်းက သာဝတ္ထိမှာ လူ ခုနှစ်ကုဋေရှိရာ..ငါးကုဋေမှာ ဘုရားအဆုံး အမတွေနဲ့အညီနေကြသည်တဲ့။ ယင်းသို့ဆိုရင်..သာဝတ္ထိမှာ သာသနာထွန်းကားသည် ဟုဆိုရမည်။ ကျွန်တော်တို့ ရန်ကုန်မြို့ကြီးမှာ ဘုန်းကြီးတွေအများကြီးမရှိပဲ..လူတွေကတော့ ဘုရားအဆုံးအမတွေကို လေ့လာလိုက်စားပြီး ကျင့်ကြံနေထိုင်ကြတယ်ဆိုရင်..ကျွန်တော်တို့ရန်ကုန် သာသနာထွန်းကားတယ်လို့မဆိုနိုင်ပေဘူးလား။ မန္တလေးမှာ ဘုန်းကြီးရဟန်းတွေတော့အများကြီး ရှိပါရက်နဲ့ မန္တလေးမြို့ကလူတွေကတော့ ဘုရားအဆုံးအမတွေကို မလေ့လာကြဘူး။ […]


ဇောက် ထိုးApril 24, 20121min2489
ဒီနှစ် သင်္ကြန်…အပျံ့ဆုံးသတင်းက..လူငယ်တွေ သရုပ်ပျက်။ အမျိုးသမီးများ အဝတ်အစား..ဘီယာသောက်မှု။ ဘာကြောင့်ဒီလိုဖြစ်လာတာလဲ။ မြန်မာက ကမ္ဘာမှာလဲ အမွဲစာရင်းထဲဝင်နေတယ်။ မလှူလို့လို့ပြောရအောင်ကလဲ…ဝါဆိုသင်္ကန်းပွဲ။ ဝါတွင်းသီလပွဲ။ သီတင်းကျွတ်ကထိန်ပွဲ။ ရပ်ကွက်ဘုရားပွဲ။ ရပ်ကွက် တိုင်းက ဆွမ်းလောင်းအသင်း။ သားသျမီးများရှင်ပြုပွဲ။ အားလုံးပေါင်းရင် ပွဲအရေးအတွက်က 12=ထက်အများကြီး။ ဒါမျိုးအလှူတွေဘယ်နိုင်ငံမှာများ ဒီလောက် များသလဲ။ ဒီလိုဆို မလှူလို့လို့ပြောဦးမလား။ လူငယ်တွေယဉ်ကျေးမှု။ ယဉ်ကျေးမှုသင်တန်းတွေ။ သင်္ကြန်ဒုလ္လဘတွေဆို မနည်းမနော။ သင်္ကြန်တရားစခန်းတွေ တပုံတခေါင်း။ ညတရားပွဲတွေ ပရိသတ်ထောင်သောင်း.. ဓမ္မကထိကတွေ ရက်ရဖို့က လပေါင်းများစွာ။ အလှူငွေတွေ ဘုရားလက်ထက်က ဂါထာတစ်ပုဒ် တစ်ထောင်..ဒီနေ့ ဂါထာတပုဒ် သိန်းဂဏန်း အမြောက်အများ။ တမြို့နဲ့ တမြို့ တရားနာများသွားလိုက်ကြသေး။ ကားအကြီးကြီးတွေနဲ့ လူတွေအများအပြား။ စီဒီခွေနဲ့နားထောင်ရင် ငွေသိပ်မကုန် ပေမယ့် ငွေတွေအများကြီးကို အကုန်ခံပြီး အဝေးကြီးတွေကို တရားနာသွားကြတာ။ […]


ဇောက် ထိုးApril 23, 20121min1782
ကျွန်တော်လူသစ်ပါ။ အားလုံးမင်္ဂလာပါ။ဒီလိုရေးတတ်အောင် သင်နေရတာ။ ကဲ အစဆုံးစမ်းရေးကြည့်မယ်။ လုံးလမစိုက်  အပြင်းပိုက်လျှင်  ယုံမိုက်လိပ်ကို ရှုံးလိမ့်မည်..တဲ့။ နေပူဖြတ်လျှောက်  အရိပ်ရောက်ဖို့  ချွေးပေါက်များစွာ ကျရမည်တဲ့။ ကျွန်တော်လုံးလစိုက်နေသည်။ ကျွန်တော် နေပူဖြတ်လျှောက်နေသည်။ ဟူး……