Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ကြောင်လေးNovember 26, 20111min49913
မင်းညီနောင်ဝပ်ရှော့ပိ်တ်ချင်ပြီ ။   ဗိုလ်ကြောင်ဒင်ပြန်လာပြီ ရေးတုန်းက ကျနော် ကျေးညီအမရယ် ဒီခေါင်းစဉ်ရယ်ရေးဖို့ရှိတယ်လို့ပြောခဲ့ပါတယ် ။ကျေးညီအမ ကတော့ရေးပြီးသွားလို့ အခုဒီခေါင်းစဉ်လေးရေးလိုက်တာပါ။ ဒီအကြောင်းဟာ ရွာထဲမှာဖတ်လိုက်ရတဲ့ လိုင်းကားတွေ  ရောက်ချိန်မမေးရတဲ့ အကြောင်းလေးနဲ့ဆက်စပ်ပါတယ်။​ သရဲလိုက်ခံရတဲ့ကြောင်လေးထဲက ဝက်အူချောင်းနဲ့လဲပတ်သက်နေပါတယ်။ ++++++++++++++++++ ငယ်ငယ်က ကက်ဆက်ခွေဇာတ်လမ်းထဲမှာနားထောင်ခဲ့ဘူးတာ…………… ရှေးအခါက ပင်လယ်ထဲမှာနိုင်ငံခြားတိုင်းပြည်က သင်္ဘောတစ်စီးပျက်ပြီးတော့ လူငယ်နှစ်ယောက်ကမ်းခြေကိုမျောလာတယ်၊ရခိုင်ကမ်းခြေဘက်ကိုရောက်လာတဲ့ ဘင်္ဂါလီ ညီအကိုဖြစ်မှာပါ။ရသေ့တစ်ပါးတွေ့ ုလို့ ကယ်ထားလိုက်တယ်။ဗျတ်ဝိ နဲ့ ဗျတ္တ လို့အမည်ပေးလိုက်တယ်။   တနေ့ ရသေ့ကြီးခရီးသွားတော့ ညီနောင်နှစ်ယောက်ဟာ ရသေ့ကြီး သိမ်းထားတဲ့ ဇော်ဂျီဖိုဝင်သား(ဘယ်လိုဟာလည်းတော့မသိ) ဆိုတဲ့ ဟာကြီးကိုစားမိသွားပြီးအစွမ်းတွေ ထက်လာတယ်။ ဗျတ်ဝိဟာ သဂျီး(ဂေဇက်က သဂျီးမဟုတ်ပါ) သမီး မယ်အိုဇာဆိုတာနဲ့ကြိုက်တယ်၊ သဂျီးကသဘောမတူ၊ သူ့လူတွေနဲ့ဝိုင်းဖမ်း ကြိုးစင်မှာ ချီပြီးသတ်တယ်၊သတ်လို့မရ၊ မယ်အိုဇာလာကျွေးတဲ့ ကွမ်းတစ်ယာနဲ့ ရေတမှုတ်ကိုသောက်ရရင် ဖြင့်သေပျော်ပါပြီလို့ ပြောတာကို […]


ကြောင်လေးNovember 18, 20111min27311
သူ့ ကိုမေးကြည့်တော့လည်း နိုင်ငံရေးစိတ်မဝင်စားဘူး၊ ကိုယ့်စီးပွားရေးလုပ်ငန်းအဆင်ပြေဖို့ပဲအရေးကြီးတယ်လို့်ပြောပါတယ်၊ ဘယ်ပါတီမဲထည့်သလဲမေးတော့၊ ဒါကတော့ရှင်းပါတယ်တဲ့၊ ဘယ်သူဘာကိုမဲထည့်သလဲသိနေတဲ့စံနစ်မှာ ကျွန်တော်တို့ အညစ်မခံနိုင်ဘူးတဲ့၊ကျွန်တော်တို့လုပ်နေတဲ့စီးပွားရေးဖြောင့်ဖြောင့် လုပ်လို့ရဖို့အရေးကြီးတယ်တဲ့၊ ဘယ်သူ့ကိုထည့်သလဲဆိုတာမှန်းကြည့်ပါတဲ့၊ ဒီလိုလူမျိုးတွေကောဘယ်နှရာနှုန်းရှိနေသလဲ??????   တတိယ တမျိုးက စီးပွားရေးလုပ်ငန်းရှင်ကြီးပါ၊ ကျွန်တော်တို့မြို့သားဖြစ်ပေမဲ့ ရန်ကုန်မှာနေပြီး မြို့မှာကော ရန်ကုန်မှာပါစီးပွားရေးလုပ်ငန်းလုပ်နေတာပါ၊ မြို့ကိုလည်း တစ်လတစ်ခါ ပြန်လာပြီးလုပ်ငန်းကြီးကြပ်ပါတယ်၊ လုပ်ငန်းရှင်အသင်းအဖွဲ့ရဲ့ အကြီးအကဲနေရာယူထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူပြောတာကတော့ ဒီစံနစ်ကိုမကြိုက်ပါဘူးတဲ့၊ ဒါပေမဲ့ ဒီလိုမှ ပေါင်းပြီးမလုပ်ရင် သူများ နောက်မှာကျန်နေ မှာပါတဲ့၊ ဒါကြောင့် ကိုယ့်လုပ်ငန်းတိုးတက်ဖို့ အခွင့်အရေးရဖို့အတွက်ကိုတော့ လုပ်ကိုလုပ်ရမှာပဲတဲ့၊ စံနစ်ကိုမကြိုက်ပေမဲ့ အခွင့်အရေးရဖို့အတွက် ဒီစနစ်ကိုပဲအားပေးအားမြှောက် လုပ်နေသူတွေကော တစ်နိုင်ငံလုံးမှာ ဘယ်နှရာနှုန်းရှိနေပါသလဲ။ နောက်ဆုံးတစ်မျိုးကတော့ ပွဲစားတစ်ယောက်ပါ၊ (အဆင့်အတန်းရှိတဲ့၊အရောင်းအဝယ်ပွဲစားကြီးတွေဘယ်လိုဆိုတာကိုတော့ ကျွန်တော်မသိလို့သူတို့ကို မပြောပါဘူး။) ကျွန်တော်ပြောတာက ဌာနလုပ်ငန်းတွေ ကို ပြည်သူတွေကိုယ်စား ဆောင်ရွက်ပေးနေတဲ့ ပွဲစားမျိုးကိုဆိုလိုတာပါ။ […]


ကြောင်လေးNovember 14, 20111min41716
  တနေ့သနှိုက် ကျွန်ုပ် ကြောင်လေးသည် ကိုဖြူပြာ ရှေ့တွင် မအိန္ဒြာနန့် နှင့်စကားလက်ဆုံ ကြနေစဉ် သားတော်မောင် ဘေဘီကြောင်လေးရောက်လာပြီး “ဖေကြီး သားစာပြန်မလို့ သားကိုစာလိုက်ကြည့်ပေး ”  ဆိုပြီး သူ့ရဲ့ဖတ်စာအုပ်ကိုထိုးပေးလာပါတယ်။ ကြောင်လေးလဲစိတ်မပါတစ်ပါနှင့်စာအုပ်ယူလိုက်ပြီး “ကဲ   ဆို ဆို   သားလေး” လို့ပြောလိုက်တယ်ဆိုရင်ပဲသားတော်မောင်နှုတ်ဖျားမှ စာများ အပြေးအလွှားခုန်ထွက်ကျလာပါတော့တယ်။ ရှေးသရောအခါ (ရှေးဆိုတာကိုတော့သဘောပေါက်ပါတယ်၊ သရောအခါဆိုတာကိုတော့သိပ်သဘောမပေါက်ပါ၊ ရှေးသရောအခါရှိပုံထောက်တော့   နောက်မယ်ဒလင်အခါဆိုတာလည်းရှိပုံရပါတယ်။ အခုကတော့ဂစ်တာအခါဖြစ်မှာပေါ့။) လက်ပံပင်ကြီးတစ်ပင်၌ကျေးညီနောင်တို့နေကြလေ၏၊သူတို့သည် အတောင်မစုံကြသေးသဖြင့်ကောင်းစွာ မပြန်နိုင်ကြချေ။ တနေ့သ၌ လေပြင်မုန်တိုင်း………….. သားတော်မောင်ဆိုနေသောစာမှာ ကြောင်လေးတို့ငယ်ငယ်ကသင်ခဲ့ရသည့် စာအတိုင်းပင်ဖြစ်သည်။  ဘေဘီကြောင်လေးဆိုနေသောစာမှာ  ကျွန်တော်၏ ခေါင်းထဲသို့မရောက်တော့ပဲ၊ တစုံတရာကိုစဉ်းစားမိသွားလေသည်။ ကြောင်လေးတို့ငယ်ငယ်က က- ကညစ်ပေမှာခြစ် ခ- ခရာအသံသာ ……….. အ- အလံ အောင်ပွဲခံ     ကိုယခုအခါ က-ကလေးငယ်ချစ်စဖွယ် […]


ကြောင်လေးNovember 10, 20111min30011
သရဲလိုက်ခံရတဲ့ကြောင်လေး -၂   ကျွန်တော်တို့နှစ်ယောက်လည်း ထွေရာလေးပါးပြောရင်းသောက်လိုက်တာ သုံးဂျားကုန်သွားပါတယ်။ ထွက်လာတုန်းက ထမင်းစားမယ်ဆိုတဲ့ခေါင်းစဉ်ဟာ ဦးတည်ချက်ပြောင်းသွားပြီးထမင်းလည်းမစားနိုင်ကြ တော့ပါဘူး။   တော်တော်လည်းထွေနေပါပြီ။ “အကို သီချင်းဆိုချင်တယ်ဗျာ ၊နေရာကောင်းကောင်းရှိတယ်မလား” “ရှိတော့ရှိတယ်ကွ၊အခုနှစ်နာရီတောင်ထိုးတော့မယ် မင်းမပြန်သေးဘူးလား” “ဟာ  အကိုကလည်းအခုအချိန်ပြန်လို့က နေပူလို့သေရောပေါ့၊နေအေးမှပြန်မယ်ဗျာ.. နည်းနည်းအနားသွားယူလိုက်ဦးမယ်” “ပြီးရောကွာ၊ ခုနက မင်းမိန်းမ ဘာမှာတာလဲ အဲဒါအရင်သွားဝယ်ထားလိုက်” “အော်ဟုတ်တယ်  ဝက်အူချောင်းမှာတာအကို ” “ဘယ်လောက်ဝယ်မှာလဲ ” “တပိဿာလောက်” “ဟာ အများကြီးဘာလုပ်ဖို့လဲ” “ပေးသင့်တာပေးဖို့အကိုရာ၊နောက်ပီးရေခဲသေတ္တာထဲထည့်ထားပြီး မနက်ထမင်းကြော်နဲ့စား၊ဟင်းမရှိတဲ့အခါအလွယ်တကူ ကြော်စားတာပေါ့” ဒီလိုနဲ့ ဆိုင်ရောက်တော့ တပိဿာဝယ်၊ ဝက်အူချောင်းတွဲတွေကို သုံးထုပ်ခွဲပြီး သတင်းစာစက္ကူနဲ့ပတ်၊ ကျွတ်ကျွတ်အိတ်ထဲထည့်ပြီး ခုန ဝယ်လာတဲ့ မုန့်ထုပ်တွေ အောက်မှာထားလိုက်ပါတယ်။ မုန့်ထုပ်ပေါ်မှာတော့ပါလာတဲ့ သားရေအိတ်လေးကိုတင်လုက်တောခြင်းပေါ်ကိုအတော်ကျော်ထွက်နေပါတယ်။ ဆိုင်ကယ်ပစ္စည်းဆိုင်မှာ ခြင်းအုပ်တဲ့ပင့်ကူအိမ်သားရေကြိုးတစ်ခုဝယ်ပြီး အုပ်လိုက်ပါတယ်။  နောက်ပြီးကာရာအိုကေကိုသွားပြီးနှစ်နာရီလောက် အချိန်ဖြုန်းလိုက်ပါတယ်။  […]


ကြောင်လေးNovember 9, 20111min36112
သရဲလိုက်ခံရတဲ့ကြောင်လေး ကြောင်လေးသရဲမယုံပါဘူး။ သရဲဆိုတဲ့ နာနာဘာဝနဲ့ ပရလောက ရှိတယ်ဆိုတာကိုမယုံတာမဟုတ်ပါဘူး၊သရဲပူးတယ်၊သရဲစီးတယ်ဆိုတဲ့ကိစ္စကိုပြောတာပါ။ သရဲစီးတယ်၊ပူးတယ်ဆိုတဲ့ကိစ္စဆိုရာမှာ လည်း အဖြစ်အပျက်တိုင်းကိုဆိုလိုတာမဟုတ်ပါဘူး၊ နဲနဲရှုပ်သွားသလားမသိဘူး၊ တချို့ဖြစ်ရပ်တွေဟာတကယ် ဟုတ်ပေမဲ့၊တချို့တွေဟာ တကယ်မဟုတ်ပဲလိမ်ဆင်တွေဖြစ်နေတတ်တယ် ဆိုတဲ့သဘောပါ။ ဒါပေမဲ့ ကြောင်လေးသရဲစီးတဲ့အဖြစ်နဲ့ကြုံလိုက်ရပါတယ်၊ကြောင်လေးကိုစီးတာတော့မဟုတ်ဘူးဗျ ၊ကြောင်လေးမောင်းလာတဲ့ဆိုင်ကယ်ကိုလိုက်စီးတာပါ။ဖြစ်ပုံက ဒီလိုပါဗျာ။ ×××××××××××××××××××××××××××××××××××××××× “ဗမာ့လွပ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ဂျပန်ပြည်မှာကွယ်….                                              တကယ်ပဲအသက်နဲ့လဲလို့ ဆင်းရဲဒုက္ခခံကာကြံစည်တယ်…..                                                                          သူရဲကောင်းတဲ့ ဗိုလ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်….” “ဟဲလို အမိန့်ရှိပါ” “——–” “ဟုတ်ပါတယ်၊ ပြောပါ အကို ” “——–” “ဟုတ်ကဲ့ ” “——–” “ဟုတ်ကဲ့ […]


ကြောင်လေးNovember 7, 20111min2382
လူမစွမ်းနတ်မ(၂) ဒီတစ်ယောက်အကြောင်းကတော့ အရမ်းကြီးထူးခြားမှုမရှိပါဘူး၊ ဒါပေမဲ့ ရေးလက်စနဲ့မို့ ဆက်ရေးလိုက်တာပါ၊ကျွန်တော်တို့အိမ်နားမှာ ဦးထူးမနှစ်ယောက်ရှိတယ်လို့ပြောခဲ့ပါတယ်။ တစ်ယောက်က မျက်မမြင်ပါ၊တစ်ယောက်ကတော့ မြင်ပါတယ်၊ အခုပြောမဲ့သူက မျက်မြင်ဦးထူးမရဲ့ညီလေးပါ။                  သူ့နာမည်က ကံထူးပါ။ (သူတို့ရဲ့နာမည်တွေကိုထုတ်ရေးနေရတာကတော့ မကောင်းပြောချင်တဲ့သဘောနဲ့မဟုတ်လို့ရေးတာပါ၊  ဆွေမျိုးသားချင်းတွေက ဒီမှာဖတ်ရင်းတွေ့မိတဲ့သူရှိနေရင်လည်းတောင်းပန်ပါတယ်။)  နာမည်နဲ့လိုက်အောင်ကံထူးတာတော့မဟုတ်ပါဘူး၊           သူ့ရဲ့ထူးတဲ့ ကံကြောင့်သာမိဘတွေက ကံထူးလို့ပေးထားပုံရပါတယ်၊  ဘာကြောင်လဲဆိုတော့ သူဟာလက်နှစ်ဘက်မပြည့်စုံတဲ့သူပါ၊မွေးရာပါလို့ပြောပါတယ်၊ လက်တစ်ဖက်က တတောင်ဆစ်လောက်နေရာမှာတုံးတိလေးဖြစ်နေပါတယ်၊အဖျားခပ်ရှူးရှူးလေးပါ။ ထိပ်ဘုလုံးလေးက တစ်လက်မ အဝိုင်းလောက်ပဲရှိမှာပါ ။ဘယ်ဘက်လားညာဘက်လားမမှတ်မိတော့ပါ၊       ကျွန်တော်တို့အဲဒီရပ်ကွက်ကိုရောက်ကာစက အဲဒီလက်နဲ့လိုက်တို့ရင်ကြောက်ပြီးပြေးကြပါတယ်၊ နောက်တော့ နဲနဲကိုင်ရဲလာပါတယ်။ ပျော့စိစိနဲ့ပါ၊နောက်လက်တစ်ဖက်က လက်ငါးချောင်းအပြည့်မရှိပါဘူး။ နှစ်ချောင်းပဲရှိပါတယ်။ လက်သန်းလောက်ဘုတိုလေးနှစ်ခုပါ။ တော်တော်သန်ပါတယ်၊သူ့လက်နှစ်ချောင်းနဲ့ကျွန်တော်တု့ိ ကလေးတွေရဲ့လက်ချောင်းတွေကိုညှပ်ထားရင် ကျွန်တော်တို့ ကလေးတွေ ရုံးလို့မရပါဘူး။   သူက လက်သာမစုံတာ ဆေးလိပ်သောက်ဖို့မီးခြစ် ခြစ်တတ်ပါတယ်၊ ပုဆိုးစည်းတတ်ပါတယ်၊အရက်လဲ သောက်တတ်ပါတယ်၊ ဖဲလည်းရိုက်တတ်ပါတယ်။ သူ့ရဲ့မကောင်းကြောင်းကိုပြောတာမဟုတ်ပါ၊ လုပ်နိုင်စွမ်းတာကိုပြောတာပါ။ ဒါကမထူးခြားပါဘူး၊ထူးခြားတက  ဘက်မညီတဲ့လက်နှစ်ဖက် […]


ကြောင်လေးNovember 3, 20111min3619
ကြောင်လေးမအားဖြစ်နေတာတော်တော်ကြာပါပြီ                                                                      “မအား ဖြစ်” နေတယ်ဆိုတာကိုတမျိုးမတွေးလိုက်ပါနဲ့၊အလုပ်တွေ မအားမလပ်ဖြစ်နေတာကိုပြောတာပါ။                                    ၂၄ -၁ဝ မှာနောက်ဆုံးပို့စ်ကိုရေး ပြီးကတည်းက ခရီးတွေဆက်တိုက်သွားနေရပါတယ်၊ ဒေသဖွံ့ဖြိုးရေး စီမံကိန်းတစ်ခုအတွက်ပါ၊ ကြောင်လေးတစ်ခါကပြောခဲ့ဘူးတဲ့ ဦးရှင်ကြီးအဖေ ဘယ်သူလဲလို့ မေးတဲ့ရွာကို တစ်ခေါက်ထပ်ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးမှူးက ပြောင်းနေတော့ စားသောက်ဆိုင်ကိုတော့            မရောက်ဖြစ်တော့ပါဘူး။ ဦးရှင်ကြီးအဖေဘယ်သူဆိုတာသိပေမဲ့ပြောပြခွင့်မရလိုက်ပါဘူး။ အဲဒီရွာရဲ့အနီးအနားရွာ (၃) ရွာကိုလည်းသွားရပါသေးတယ်။ နောက်ထပ်ရွာလေးရွာကိုလည်းတစ်ပတ် ပတ်ရပါသေးတယ်။ ဧည့်သည် တွေကလည်းတစ်ဖွဲ့ပြီးတဖွဲ့ရောက်ပါတယ်၊ အလုပ်တွေ ကူညီဆောင်ရွက်ရပါတယ်၊ အချက်အလက်တွေ ရှာဖွေပြီးအထက် ရုံးတွေကို ပို့ရပါတယ်။အဲဒါတွေပြီးတော့ ကျွန်တော်တို့တတွေ တစ်နှစ်ကိုတစ်ခါ မဖြစ်မနေ ဖြေရတဲ့ စာမေးပွဲကို ဖြေဖို့ ပြင်ဆင်ရပါတယ်၊ အခုက တစ်နှစ် ကို နှစ်ခါဖြေရမှာပါ။ အခုတစ်ခါတော့ဖြေပြီးသွားပါပြီ။ မနက်ဖန် ခရီးတစ်ခုသွားရပါဦးမယ်၊ ရွာတစ်ရွာကိုဆိုင်ကယ်နဲ့နေ့ချင်းပြန် သွားလို့ရတဲ့ခရီးပါ။ မိတ်ဆွေတစ်ယောက်အကူအညီတောင်းတဲ့အလုပ် တစ်ခုကိုလည်း လုပ်ပေးနေရပါသေးတယ်၊ […]


ကြောင်လေးOctober 24, 20111min37211
တိုယို တင်ထားတဲ့ ရတနာပုံအသင်းက   ခေမီကိုရဲ့အလှဆိုတဲ့ပို့စထဲမှာကိုပုရဲ့ အကြံပေးချက်ကို ကျွန်တော်တမျိုးလှည့်ပြီးဆွေးနွေးကြည့်ချင်ပါတယ်ခင်ဗျ၊   ဒီအကြောင်းကိုကော်မန့်ရေးနေတာပါ၊  အကြောင်းကနဲနဲရှည်လာလို့ပို့စ်အဖြစ်ပြောင်းလိုက်တာပါ။ အတိုက်အခံလုပ်တာတော့  လုံးဝမဟုတ်ပါဘူးခင်ဗျာ။  ဆွေးနွေးကြည့်တာပါ၊အားလုံးလည်းဝိုင်းဆွေးနွေးပေးကြပါ။ တစ်ခုတော့ရှိတယ်  ရွာစည်းကမ်းတွေကိုကျွန်တော်အကုန်မသိသေးတာပါ၊  အဲဒါကိုအရင်မေးပါမယ်။ တင်ထားတဲ့ပို့ကိုအဖျက်ခံလိုက်ရရင် တင်သူမှာဘာနစ်နာမှုရှိပါသလဲ။ ထပ်တင်တဲ့ ပို့စ်အတွက် ပုွုင့်မရတာအပြင်ရပြီးသားပွိုင့်ကိုရောနှုတ်ပါသလား။  သူများတင်ပြီးသားပို့ကို ထပ်တင်ရင်  ထပ်တင်သူမှာဘာနစ်နာမှုရှိပါသလဲ။ ပို့စ် အဟောင်းတွေကို အပစ်ကြောင့်ဖျက်ခံရတာမဟုတ်ပဲ သာမန်အကြောင်းကြောင့်ဖျက်ခံရရင် ပွိုင့်နှုတ်ပါသလား။ ဒါတွေမေးရတဲ့အကြောင်းလေးကျွန်တော်ရှင်းပြပါ့မယ်။ ဒီလိုပါ   ကျွန်တော်တို့လိုရွာထဲကိုနောက်မှရောက်လာတဲ့သူတွေဟာ အဟောင်းတွေ ကို မကြည့်ဖူး  မဖတ်ဖူးပါဘူး၊ ရှာပြီးတော့လည်းမဖတ်ဖြစ်ပါဘူး။ တချို့ဟာတွေက ထပ်တင်တဲ့သူရှိမှကျွန်တော်တို့ကသိရတာပါ။      ပထမတင်ထားတဲ့သူတွေက သူတို့ရဲ့အဟောင်းတွေထဲက   ကောင်းနိုးရာရာကို ထပ်တင်ပေး ၊                                    အဲလိုနှစ်ခါထပ် တင်တဲ့ဟာကို ပွိုင့်နဲ့ ပို့စ် အရေအတွက်မတိုးပဲထားရင်ရနိုင်သလား။ ထပ်နေရင် နောက်တင်သူကို ပွိုင့်နဲ့ ပို့စ် အရေအတွက် မပေးပဲထားလိုက် […]


ကြောင်လေးOctober 21, 20111min3268
ကိုသစ်မင်းရဲ့  သည်အလှူ  ပို့စ်ထဲမှာ မျက်စေ့မမြင်တဲ့သူတစ်ယောက်လမ်းလျှောက်လာတယ် ဆိုတဲ့အကြောင်းလေးတွေ့လိုက်တယ်၊ဘေးမှာတွဲတဲ့တဲ့အဖော်ပါလာတယ်လို့ရေးထားတာအတွေ့တော့ ငယ်ငယ်က မျက်မမြင်တစ်ယောက်အကြောင်းသတိရသွားပါတယ်။  ပုသိမ်မြိ်ု့၊ဘုရားကြီးကုန်းလမ်း (အခုမဟာစေတီလမ်းလို့ခေါ်ပါတယ်) နဲ့ ရထားသံလမ်းနဲ့ဆုံတဲ့နေရာကရပ်ကွက်တစ်ခုမှာပါ။ ပပဝတီကွက်သစ်ကိုမရောက်ခင် ဒီဘက်က ရပ်ကွက်တစ်ခုပါ၊ အဲဒီရပ်ကွက်မှာကျွန်းတောကုန်း ဘုန်းကြီးကျောင်းရှိပါတယ်၊ဟိုတုန်းကတော့ ကျွန်းတောကုန်းကျောင်းအနီး၊မရမ်းချိုဖျားရပ်ကွက်လို့ ခေါ်ပါတယ်။အခုတော့ဘယ်လိုခေါ်သလဲမသိပါ။ ကျွန်တော် ၆တန်းကျောင်းသားဘဝမှာအဲဒီရပ်ကွက်ထဲကိုရောက်တာပါ။ အဲဒီရပ်ကွက်မှာမျက်စိမမြင်တဲ့ သူတစ်ယောက်ရှိပါတယ်။ ငယ်ငယ်ကအကောင်းလို့ပြောပါတယ် ရောဂါတစ်ခုကြောင့်ကွယ်သွားတယ်လို့ မှတ်မိနေပါတယ်။ ဆင်းရဲတဲ့အသိုင်းအဝိုင်းဆိုတော့မကုနိုင်ဘူးပေါ့။ သူ့နာမည်က ဦးထူးမ လို့ခေါ်ပါတယ်။ သူ့အမေ နာမည်ကဒေါ်အေးစောပါ၊အခုတော့မရှိကြတော့ပါဘူး။ ဦးထူးမ နှစ်ယောက်ရှိပါတယ်။  တစ်ယောက်ကမျက်စေ့မြင်ပါတယ်။ မျက်မမြင်ထူးမဟာ ရပ်ကွက်ထဲမှာ တစ်ယောက်ထဲလမ်းလျှောက်သွားလို့ရပါတယ်။ သူ့လမ်း ထဲက ထွက်လာပြီး ရထားလမ်းနေရာကိုရောက်ရင် သူ့ဟာသူကွေ့တာပါ။ (ကျွန်တော်တို့ရပ်ကွက်နဲ့ မရမ်းချို ရပ်ကွက်ကို ရထားလမ်းကြီးခြားထားပါတယ်။ ရထားလမ်းရဲ့တဖက်မှာရေကြည်မင်္ဂလာ ကျောင်းတိုက် ရှိပါတယ်။) ရထားဝင်လာရင် ရထားကိုဝင်ဖို့အဆင်သင့်ဖြစ်ပြီဆိုတဲ့အမှတ်အသားပြတဲ့ အလံဆိုတာ ရှိပါတယ်။ အဲဒီအလံကနေရထားလမ်းလွှဲတဲ့နေရာကမောင်းတံအထိသံကြိုးနဲ့ဆက်ထားတာပါ။ လမ်းလွှဲအဆင်သင့်ဖြစ်ရင်မောင်းတံကိုဆွဲပြီးအလံကိုတင်ရတာပါ။ […]


ကြောင်လေးOctober 18, 20111min3967
ရွာထဲရှိ အပျိုများ အားလုံးကိုရည်ရွယ်ထားသောရည်းစားစာ   {အချစ်ရယ်  ဆင်မယဉ်သာလျှောက်သလို   လျှောက်လှမ်းလာတဲ့မင်းကို တွေ့လိုက်ရတဲ့အချိန်မှာ ကိုယ့်ရင်တွေ အရမ်းခုန်နေပါပြီ။ ရင်ခုန်သံတွေနဲ့အတူ  ဆင်ခေါင်းခွေးမချီနိုင်  တဲ့ ကိုယ့်ဘဝကိုလည်းတွေးပြီးအားငယ်မိပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့ဟိုတချိန် သူငယ်ချင်းဘဝတုန်းက ဆင်ပြောင်ကြီးသွားရာဆင်မယဉ်သာနောက်ကပါ သလိုအမြဲပဲတတွဲတွဲသွားခဲ့ကြတာလေ။ လူတွေကတော့ ပြောကြတာပေါ့ အမြင်မတော် ဆင်တော်နဲ့ခလောက်  တဲ့။မနာလိုလို့ပြောတဲ့စကားတွေကို ကိုယ်ဂရုမစိုက်ပါဘူး။ ကိုယ်ဂရုစိုက်တာမင်းတစ်ယောက်ထဲပါ။ ကိုယ့်ရဲ့ဖြည့်စီးပေးနိုင်မှုဟာမင်းအတွက်တော့ ဆင်ပါးစပ်နှမ်းပက်သလို  ဖြစ်ရင်လည်းဖြစ်နေမှာပေါ့။ ဒါပေမဲ့လေ  ဆင်လဲဆင်အထွာနဲ့ဆိတ်လဲဆိတ်အထွာနဲ့  ဆိုသလိုကိုယ်လဲဒီလောက်ပဲတတ်နိုင်အချစ်ရယ်။ မင်းအချစ်တွေကိုရဖို့မျှော်လင့်ရတဲ့ ကိုယ့်ရဲ့အဖြစ်ဟာ ဆင်အမြီးခွေးမျှော်  နေရသလိုပါပဲ။ မင်းကိုယ့်ကိုအဖြေတိတိကျကျမပေးပဲ ဆင်ဝေ့ရန်ရှောင် လုပ်နေတာတော်တော်ကြာပြီနော်။ ကိုယ့်ကိုချစ်သလိုမချစ်သလိုနဲ့ လုပ်မနေပါနဲ့ကွာ ဆင်ကျီစားရာ ဆိတ်မခံသာ ပါဘူး။ မင်းအတွက်တော့ ဘာမှမဖြစ်ပေမဲ့ ကိုယ့်အတွက်ကတော့ ဆင်မှာတော့ ကျင်ငယ်၊ယင်မှာတော့ပင်လယ် လိုခံစားရပါတယ်။ ကိုယ်တို့နှစ်ယောက်ရဲ့အခြေအနေကို  ဆင်သေကိုဆိတ်ရေနဲ့ ဖုံး   လို့မရသလို မင်းတို့အသိုင်းအဝိုင်းက သိသွားကြတယ်လေ။ […]


ကြောင်လေးOctober 17, 20111min3866
ကျွန်တော်တို့နယ်မှာ စကားတစ်ခုထွက်လာတယ်။ သီတင်းကျွတ်လပြည့်ကျော် (၁) နေ့လောက်ကစကြားရတာ။ ဒီစကားကဘယ်တုန်းကထွက်ထားသလဲတော့ကျွန်တော်မသိဘူး။ ဇာဂနာထောင်ကထွက်မှပြောတယ်လို့ ပြောကြတာပဲ။ ရွာထဲမှာရေးထားတာမတွေ့သေးလို့ ရေးလိုက်တာ။သိပြီးသားလူတွေလည်းရှိမှာပါ။ ဒီလိုပါ။ သိပ္ပံ ပညာရှင်ကြီး အိုင်းစတိုင်းကို မြန်မာ လေးယောက်ကဆွေးနွေးဖို့တောင်းဆိုပါတယ်။ အိုင်းစတိုင်းကပြန်မေးတယ်၊ ခင်ဗျားအိုင်ကျူ ဘယ်လောက်ရှိလဲဆိုတော့  ၂၀ဝ ပေါ့။ ဒါဆိုဆွေးနွေးလို့ရတယ်၊ဆွေးနွေးမယ်။ နောက်တစ်ယောက် -ဘယ်လောက်ရှိလဲ  ၁၅၀၊ ရတယ် ဆွေးနွေးမယ် နောက်တစ်ယောက် –  ၁၀၀  ရှိတယ် ၊ဒါဆိုလဲဖြစ်ပါတယ် ဆွေးနွေးမယ်ပေါ့။ နောက်ဆုံးတစ်ယောက်   –၅ဝ ရှိပါတယ်၊ ဟာအဲဒါဆိုရင်ခင်ဗျားကိုလက်ခံမဆွေးနွေးနိုင်ဘူး၊ လွှတ်တော်မှာပဲသွားဆွေးနွေးပါ—–လို့ပြောလိုက်ပါတယ်တဲ့။ သိပြီးသားသူများရှိနိုင်သလို မသိသေးတဲ့သူများအတွက်ပါ ၊ကျွန်တော်ကတော့ အခုမှကြားတဲ့စကားတစ်ခုပါ။


ကြောင်လေးOctober 15, 20111min44613
မနေ့ကလဘက်ရည်ဆိုင်ထိုင်ရင်း ကုန်ကားသမားမိတ်ဆွေအချို့ရဲ့ ညီးညူသံကိုကြားရပါတယ်။ ကုန်တင်တဲ့အခါမှာအာစီယံစံချိန်စံညွှန်း အတိုင်းတင်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကြောင့်လို့ဆိုပါတယ်။ အခုတလောလမ်းတွေရဲ့ကတ္တားတွေဟာ ယာဉ်တန်ချိန်ကိုသတ်မှတ်ရာမှာ တပြေးညီမဟုတ်ပဲအမျိုးမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။တချို့နေရာတွေက ဗွီအိုင်စီမှာပါတဲ့ယာဉ်တန် ကုန်တန်ကိုပဲ လက်ခံပြီး တချို့နေရာတွေမှာ တော့သတ်မှတ်ထားတဲ့တန်ကိုလက်ခံတယ်ဆိုပါတယ်။ တချို့နေရာတွေမှာကတ္တားချိန်တဲ့အဖွဲ့ကလက်ခံပေမဲ့ ယာဉ်စစ်ဆေးတဲ့ ဆောက်လုပ်ရေးအဖွဲ့ကလက်မခံဘူးလို့ဆိုပါတယ်။ အချို့ကားတွေဟာယာဉ်မှတ်ပုံတင်စာအုပ်ထဲရေးထားတဲ့သတ်မှတ်ချက် အတိုင်းဆိုရင် ကုန်လုံးဝတင်လို့မရတော့လောက်အောင်ဖြစ်နေတယ် လို့ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်၊ သူတို့ကားတွေဟာ အော်ရီဂျင်နယ်အတိုင်းမဟုတ်ပဲပြုပြင်ထားကြတာပါ။  ကားတစ်စီး ကို ဝယ်လာပြီးရင် ဖရိန်ကိုပိုမိုတောင့်တင်းအောင် ထပ်ပိုးကြပါတယ်။ တန်းတွေကိုပါလာတဲ့တန်းထက်တန်ချိန်ပိုတင်နိုင်တဲ့တန်းတွေပြောင်းလဲ တပ်ဆင်ကြပါတယ်။ဂွေတွေပြောင်းပါတယ်၊တာယာဆိုဒ်တွေပြောင်းပါ တယ်။ အဲဒီအခါမှာယာဉ်ရဲ့တန်ချိန်ဟာ ကုန်မတင်ရသေးပေမဲ့ ယာဉ်မှတ်ပုံတင်မှာပါတဲ့ ယာဉ်+ ကုန်ရဲ့ တန်ချိန်နဲ့ညီသွားတဲ့အတွက် ကုန်တင်လို့မရတော့ပါဘူး။ ဘာကြောင့်ဒီလိုလုပ်ကြရတာလဲဆိုတော့ (၁)ကုန်ပိုတင်ချင်လို့လုပ်ကြတာပါ၊ဘာလို့များကုန်ကိုပိုတင်ချင်ကြသလဲ ဆိုတော့ ကားတစ်စီးကိုသူတို့ဝယ်ထားရတဲ့ဝယ်ရင်းဈေးနဲ့ ဒီကားကို ပြန်ခိုင်းစားတဲ့နေရာမှာတွက်ချေကိုက်အောင်လုပ်ရတာလို့ဆိုပါတယ်။ ဥပမာ ကားတစ်စီးကိုသိန်းတစ်ရာရင်း ဝယ်ထားပြီး လုပ်စားလို့ တစ်ခေါက်ကို နှစ်သိန်းမြတ်မယ်ဆိုရင် သိန်းသုံးရာနဲ့ပေးဝယ်ထားရတဲ့ကားဟာ တစ်ခေါက်ကို ငါးသိန်းလောက် မြတ်သင့်တာပေါ့ ။ […]


ကြောင်လေးOctober 13, 20111min91828
ဝဲဆေးကောင်းကောင်းရှိရင်ပေးကြပါ။ ကြောင်လေး နေလို့ထိုင်လို့မကောင်းတာ အတော်လေးကိုကြာပါပြီ။ ဟိုနေရာက ယားလိုက်၊ ဒီနေရာကယားလိုက်နဲ့ဖြစ်နေတယ်။ အလုပ်လုပ်နေရင်းယားလို့ ဘာမှဆက်မလုပ်နိုင်ပဲ ကုတ်ပဲနေရသဗျ၊ ညညလည်းကုတ်ရဖဲ့ရနဲ့ ကောင်းကောင်းကို မအိပ်ရပါဘူးဗျာ။ ကုတ်လိုက် ဖဲ့လိုက်ရင် နဲနဲတော့သက်သာသွားသလိုနဲ့  နောက်တော့ပြန်ယားတာပါပဲ။ လူတွေယားရင် ဘယ်နေရာကဘယ်လိုယားယား ကုတ်လို့ရကြတယ်။ နည်းမျိုးစုံသုံးပြီးကုတ်ကြတယ်။ ကြောင်ဆိုတော့လဲ လူတွေလို ကုတ်ရတာတယ်မလွယ်လှဘူးဗျ။ ဦးခေါင်းနဲ့ခန္တာကိုယ်ရှေ့ပိုင်းယားရင် နောက်ခြေထောက်နဲ့ ကုတ်၊ ခန္တာကိုယ်နောက်ပိုင်းယားရင် မီသလောက် သွားနဲ့လှည့်ကိုက်ပေါ့။ အဲဒီလောက်ပဲတတ်နိုင်ပါတယ်။ လူတွေလိုမမီမကမ်းနေရာကို တုတ်ချောင်းနဲ့လှမ်းကုတ်တာတော့မလုပ်တတ်ဘူးလေ။ အဲဒီတော့မယားအောင် ဂရုတစိုက်နေမှပဲဖြစ်တော့မယ်။ ယားရတဲ့အကြောင်းရင်း ပြန်စဉ်းစားကြည့်လိုက်တော့ ဟိုကြောင်မဒီလေးတွေ ရှိတဲ့နေရာသွားလို့များကူးလာသလား။ အခုတလော ကြောင်မဒီတွေဆီမသွားတာအတော်တောင် ကြာပါပြီ။ သွားရလာရတာတယ်မလွယ်လှဘူး။ အတားအစီးတွေကတယ်များသကို။ရောက်ပြန်တော့လဲ အဝေးကပဲမြင်ရုံလေးပါ။တော်ပါပြီမသွားတော့ပါဘူး။ ရွာထဲရောက်လာမှပဲ ရှုစားတော်မူမယ်ဆိုတဲ့စိတ်လေးနဲ့ပဲ ကြိတ်မှိတ်နေလိုက်တော့မယ်။ မြစ်ကမ်းနဘေးမှာ သတင်းလေညှင်းခံရင်းပဲ မသန့်တဲ့ရှင်းတဲ့ ရေတွေကနေ ကူးလာသလား။ သတင်းဆိုတာကလည်းရွာထဲမှာ စုံပဗျာ၊ဟိုဟိုဒီဒီသွားပြီး […]