မပြောချင်ပဲ ပြောရဦးမယ်ဗျ စောစောစီးစီး ကျက်သရေတုံးပါတယ်..။ ဒီနေ ့မနက် လေးနာရီဝန်းကျင်လောက် တစ်ရေးနိုး ရေထသောက်ပြီး ပြန်အိပ်ဖို ့ မျက်လုံးကြောင်နေတာနဲ ့ ဟိုလှိမ့်.ဒီလှိမ့်လုပ်ပြီး အိပ်လို ့ကို မပျော်ဘူးဖြစ်နေရော။အဲတာ.. အရင် အရူးမ အိပ်တဲ့နေရာနားက တစ်အီ..အီနဲ ့ခွေးအီသံကြားရပါရောဗျာ။ ဒီခွေးအသံကို လွန်ခဲ့တဲ့ ရက်အနည်းငယ်ကလဲ တစ်ခါကြားဖူးတယ်။အဲတုန်းက အသံကြားကြားချင်း ဆိုင်ရှေ ့ အပြင်ကိုချောင်းကြည့်တာ ငနဲတစ်ကောင် ခွေးကို မုန် ့ကျွေးပြီး ဘာလုပ်နေလဲမသိ။ကိုယ့်နေရာနဲ ့မနီးတော့ သူ ့ခွေးနဲ ့ ဆော့နေသလားပဲဆိုပြီး မစပ်စုပဲ ပြန်အိပ်ခဲ့တာကိုးဗျ။ ဒီနေ ့မနက် ၄ နာရီကျော်လောက်လဲကြရော အဲလို အီသံထပ်ကြားရတော့ သိပ်မင်္ကာလို ့ ထချောင်းမိတာ။ အဲမှာ စတွေ ့တာပဲဗျာ..။နားနဲ […]