Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


DaveMarch 3, 20101min46014
အီရတ်နိုင်ငံတွင် သူတစ်လူငါတစ်မင်းဖြစ်ခဲ့သော ဆက်ဒမ်ဟူစိန်သည် အိမ်နီးချင်းနိုင်ငံများ၏ ဒေသဆိုင်ရာလုံခြုံရေးကိုပင် ထိပါးနှောက်ယှက်ခဲ့ပြီး လူအစုလိုက် အပြုံလိုက် သေစေနိုင်သော လက်နက်များထုတ်လုပ်ရန်ကြံစည် အားထုတ်နေသည်ဟု သံသယဖြစ်စေခဲ့ရာမှ အမေရိကန်တပ်ဖွဲ့ များ အီရတ်နိုင်ငံအတွင်းသို့ မဟာမိတ် တပ်ဖွဲ့များနှင့်အတူ ဝင်ရောက်တိုက်ခိုက်ကာ အာဏာရှင်အစိုးရကို ဖြုတ်ချပစ်ခဲ့သည့်ဖြစ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံမှလူပေါင်းများစွာတို့ အနေဖြင့် အမေရိကန်၏လုပ်ရပ်ကို ထောက်ခံခဲ့ကြသည်။မြန်မာနိုင်ငံတွင်လည်း အာဏာရှင်စစ်အစိုးရကို ဖြုတ်ချပစ်ရေးအတွက် စစ်ရေးဖြင့်သာ အရေးယူဆောင်ရွက်သင့်သည်ဟု ရှုမြင်သူများရှိနေကြဆဲပင်ဖြစ်သည်။ ယင်းရှုမြင်မှုဂယက်တစ်ခုကို လွန်ခဲ့သော ဖေဖော်ဝါရီလ ၂၆ရက်နေ့ နေ့လယ်၃နာရီက မန ္တလေးမြို့ ၂၆လမ်းနှင့် ၇၁လမ်း ထောင့်ရှိ ဂျက်ဖာဆင်စင်တာတွင် ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လာရီ ဒင်းဂျား၏ အလွတ်သဘော ဆွေးနွေးပွဲ၌ ထင်ဟပ်ကြားသိခဲ့ရပြန်သည်။ အဆိုပါအလွတ်သဘောဆွေးနွေးမှုအစီအစဉ်သို့ မန ္တလေးမြို့ပေါ်မှ ဒေသခံ ၂၀ဝခန့် […]


DaveMarch 3, 20101min1950
မြန်မာတတ်သိပညာရှင်များအနက် ယခုနောက်ပိုင်း စာမျက်နှာများပေါ်တွင်သာမက ပရိသတ်အကြားတွင် ရေပန်းစားလျက်ရှိသော ဆရာကြီးဒေါက်တာအောင်ထွန်းသက်သည် မြန်မာနိုင်ငံတစ်နံတစ်လျား ခရီးလှည့်ကာ ဟောပြောပွဲများပြုလုပ်နေသည်။ဘဝအောင်မြင်ရေး၊စီမံခန့်ခွဲရေး၊ခေါင်းဆောင်မှုပညာ အစရှိသော အကြောင်းအရာများနှင့်ပတ်သက်၍ မိမိအတွေ့ အကြုံ၊လေ့လာမှုများကို စကားလုံးကျစ်လစ် စွာဖြင့် ဟောပြောဆွေးနွေးနိုင်သောကြောင့် သူ၏ဟောပြောပွဲများတွင် ပရိသတ်ပြည့်လျှံနေတတ်သည်။ လွန်ခဲ့သော ဖေဖော်ဝါရီလနှောင်းပိုင်းက ဆရာကြီးသည် မန ္တလေးမြို့ သို့ လာရောက်၍ အိုင်တီပညာနှင့် ပတ်သက်၍ ဒေသခံလူငယ်အိုင်တီပညာရှင်၊လုပ်ငန်းရှင်များကို ဟောပြောဆွေးနွေးခဲ့သည်။မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန်သံရုံး ပညာရေးနှင့် ယဉ်ကျေးမှုဌာန၏အစီအစဉ်အရ မန ္တလေးမြို့ ၂၆လမ်းနှင့်၇၁လမ်း ထောင့်ရှိ ဂျက်ဖာဆင်စင်တာတွင်လည်း ဖေဖော်ဝါရီလ ၂၄ရက်နေ့ နေ့လယ်၁နာရီ၌ `အောင်မြင်မှုဘီး´ဟု ခေါင်းစဉ်ပေးထားသော ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။ `အောင်မြင်မှုဘီး´ဟောပြောပွဲသို့ ဂျက်ဖာဆင်စင်တာမှ အဖွဲ့ဝင်များအပြင် မန ္တလေးမြို့ပေါ်မှ လူငယ်၊လူ လတ်၊ လူကြီး ပရိသတ် စုစုပေါင်း ၅၀ဝနီးပါးတက်ရောက်ခဲ့ရာ […]


DaveFebruary 20, 20101min2391
မန ္တလေးသဘင်လောကကို ၁၉၇ဝပြည့်လွန်နှစ်တွေကစပြီး လင်းလက်တဲ့အော်ပရာတွေနဲ့ တောက်ပစေ ခဲ့တဲ့ အော်ပရာစီစဉ်တင်ဆက်သူ မောင်မြတ်မှိုင်း ကွယ်လွန်ခြင်း (၅)နှစ်မြောက် နှစ်ပတ်လည် အောက်မေ့ဖွယ် အစီအစဉ်ကို ဖေဖော်ဝါရီ ၁ရရက်နေ့ နံနက်၁ဝနာရီက မန ္တလေးမြို့ လမင်းတရာအငြိမ့်သဘင် တည်ရာဌာနမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ စာပေနယ်က ကိုလေး(အင်းဝဂုဏ်ရည်)၊မောင်သင်းပန်၊ဆူးငှက် သတင်းနယ်ပယ်က မောင်သစ်လွင်(လူထု)၊သဘင်နယ်က ကိုချစ်စရာ၊ပါပါလေး မိတ်ဆွေဟောင်းတွေထဲက ရှေ့နေကြီးဦးထွန်းအောင် ကျော်၊ဒေါက်တာအောင်ထိပ် အစရှိတဲ့ ပုဂ္ဂိုလ်တွေအပါအဝင် သတင်းသမားတွေ စုံစုံညီညီနဲ့ တက်ရောက် အားပေးချီးမြှင့်ခဲ့ကြပါတယ်။ မောင်မြတ်မှိုင်းအောက်မေ့ဖွယ်စကားတွေ ဖလှယ်ကြ လွမ်းကြဆွေးကြတဲ့ ပုံရိပ်တချို့ ကို ဖော်ပြပေးလိုက် ပါတယ်ဗျာ။ မောင်မြတ်မှိုင်းရဲ့ ထင်ရှားတဲ့ အော်ပရာတွေကတော့- ပန်ထွာဧကရီ(၁၉၇၃)၊မာယာအကျဉ်းသား(၁၉၇၄)၊ဂင်္ဂါမြစ်ရဲ့ မေခလာ(၁၉၇၅)၊ ပုဂံဆည်းဆာ၊အောင်ပင်လယ်ရေညိုခမ်းစေတော့(၁၉၇၆)၊အတ္တအိပ်မက်(၁၉၇၇)၊ ရေဆန်လေဆန်(၁၉၇၈)၊ဝင်္ကပါလမ်းကိုကျောခိုင်း၍၊နွေဦးဧည့်သည်(၁၉၇၉)၊ မနော်ဟရီသစ္စာ(၁၉၈၁)၊မယ်ဝဏ္ဏကိုညအိပ်ခိုင်းသူ(၁၉၈၂)၊ကစ္ဆပနဒီရဲ့ ရင်ခုန်သံ(၁၉၈၃)၊ ပန်ထွာပြည်တော်ဝင်(၁၉၈၄)၊ဝိဋဋူပဒေါသ(၁၉၈၅)၊အတုလေးရယ်တဲ့ယှဉ်ကာပြိုင်(၁၉၉၃)၊ အချစ်မီးပင်လယ်(၁၉၉၄)၊တတိယဇာတက(၁၉၉၅) တို့ဖြစ်ကြပါတယ်။ […]


DaveFebruary 19, 20101min2231
တရုတ်အစိုးရက အမေရိကန်သမ္မတအိုဘားမားနှင့် တိဗက်ဗုဒ္ဓဘာသာဂိုဏ်းချုပ်ဆရာတော် ဒလိုင်လားမား တို့နှစ်ဦး တွေ့ဆုံမည့်ကိစ္စကို အကြိမ်ကြိမ်ငြင်းဆိုကန့်ကွက်ခဲ့သည်။ထိုသို့ ကန့်ကွက်သည့် ကြားမှ ယင်းတွေ့ ဆုံပွဲ ယမန်နေ့က ဖြစ်မြောက်ခဲ့သည်။ သမ္မတအိုဘားမားက ဆရာတော် ဒလိုင်လာမားကို အိမ်ဖြူတော်တွင် မိနစ်(၇၀)ကြာ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ တွေ့ဆုံရာ၌ ၎င်းတို့ နှစ်ဦးသည် တရုတ်အစိုးရက တိဗက်ဒေသအပေါ် ထားရှိသော သဘော ထားနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးပြောဆိုခဲ့ကြသည်။တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် သမ္မတ၏ ဆုံးဖြတ်ချက်ကို ဝေဖန်ကန့်ကွက်ခဲ့သော်လည်း တိဗက်လွတ်လပ်ရေးအားပေး ထောက်ခံ သူများက ကြိုဆိုခဲ့ကြသည်။တရုတ်နိုင်ငံအနောက်မြောက်ပိုင်းရှိ ချီကိုင်ပြည်နယ်တွင် မီးရှူးမီးပန်းများ ကောင်းကင်သို့လွှတ်တင်ပစ်ဖောက်ကာ ထိုတွေ့ဆုံပွဲကို ဝမ်းပမ်းတသာထောက်ခံခဲ့ကြသည်။ နိုင်ငံတကာရေးရာလေ့လာသူများက ယင်းဖြစ်ရပ်သည် အမေရိကန်-တရုတ်နှစ်နိုင်ငံဆက်ဆံရေးအတွက် အနည်းနှင့်အများ ထိခိုက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းနေကြသည်။


DaveFebruary 13, 20101min1990
မြန်မာ့အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ (၉၅)နှစ်မြောက်မွေးနေ့အထိမ်းအမှတ်အဖြစ် မန ္တလေး မြို့ သစ်ရှိ ကံတက်ကုန်း ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ ၁၃ရက်နေ့နံနက်ပိုင်းက စုပေါင်း သွေးလှူဒါန်းခြင်း လှုပ်ရှားမှုပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ဗိုလ်ချုပ်မွေးနေ့ကို အစိုးရက အများမေ့ပျောက်အောင် ကြံစည်လုပ်ဆောင် နေဆဲ ဖြစ်သော်လည်း တိုးတက်သောကျောင်းသားလူငယ်များနှင့် နိုင်ငံရေးနိုးကြားသူများက ကိုယ်ကျိုး စွန့်ကာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ကိုပဓာနမထားဘဲ ကြိုးပမ်းလုပ်ဆောင်ခဲ့သည့် ဗိုလ်ချုပ် အောင်ဆန်းကို ယနေ့ထက်တိုင် အမှတ်တရ ရှိနေကြပါသည်။ ဗိုလ်ချုပ်မွေးနေ့အမှတ်တရအဖြစ် ရှားပါးဓာတ်ပုံ တစ်ပုံကို မျှဝေလိုက်ပါသည်။


DaveFebruary 13, 20101min2702
မန ္တလေးရောက် ဆန်ဖရန်စစ္စကိုအကအဖွဲ့သည် ပရိသတ်၁၀၀ဝကျော်တို့ကို ဖေဖော်ဝါရီ၅ရက်နေ့ ညနေ၆နာရီမှ ၉နာရီကျော်သည်အထိ ကပြဖျော်ဖြေခဲ့ကြသည်။ ထိုအကအဖွဲ့သည် အမေရိကန်ခေတ်ပေါ်အကပဒေသာများဖြင့် မန ္တလေးဒေသခံများကို ဖျော်ဖြေအပြီးတွင် မြန်မာ့ရိုးရာအခြေခံ ကဗျာလွတ်ကကွက်များ ကပြခဲ့ရာ အားလုံးက အံ့ဩဝမ်းမြောက်စွာဖြင့် တခဲနက် အား ပေးခဲ့ကြသည်။ ဆန်ဖရန်စစ္စကိုအကအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား၅ဦးနှင့် အမျိုးသမီး၅ဦးတို့သည် မန ္တလေးရောက်မှ မြန်မာ အကကို နာရီပိုင်းအတွင်း သင်ယူလေ့လာခဲ့ပြီး ထိုသို့ကပြခဲ့ကြခြင်းဖြစ်သည်။ မြန်မာ့ရိုးရာခြင်းဝိုင်း၏ သရုပ်ပြအစီအစဉ်၊တစ်ပင်တိုင် ခြင်းစွမ်းရည်ပြအစီအစဉ်များအပြင် မန ္တလေးမြို့၏ နာမည်ကျော်မင်းသားညီအစ်ကိုဖြစ်သည့် ပိုင်ပိုင်နှင့်ဖြိုးဖြိုးတို့ကလည်း ကပြဖျော်ဖြေကြသည်။ ထိုကပွဲည မြင်ကွင်းဓာတ်ပုံတချို့ ကို မန ္တလေးဂေဇက်ပရိသတ်များအတွက် ထုတ်နှုတ်ဖော်ပြလိုက်ပါသည်။ (အကြောင်းကြောင်းကြောင့် ရေးသားဖော်ပြမှု နောက်ကျခြင်းအတွက် ခွင့်လွှတ်စေလိုပါသည်ခင်ဗျား။)


DaveFebruary 12, 20101min1960
အမေရိကန်အာကာသစူးစမ်းလေ့လာရေးအဖွဲ့က စီစဉ်လွှတ်တင်ခဲ့သော အင်္ဂါဂြိုလ်လေ့လာရေး အာကာသ ယာဉ်သည် ၂၀၀၄ခုနှစ်က အင်္ဂါဂြိုလ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်ရောက်ရှိကာ စပရစ်ဟု အမည်ပေး ထားသော လေ့လာရေး ယာဉ်ငယ်ကို ယင်းဂြိုလ်၏မျက်နှာပြင်ပေါ်သို့ ပို့လွှတ်နိုင်ခဲ့သည်။အဆိုပါ လေ့လာ ရေးယာဉ်သည် အင်္ဂါဂြိုလ်၏ မျက်နှာ ပြင်အနေအထား အမျိုးမျိုးကို ဓာတ်ပုံ၊ဗွီဒီယိုမှတ်တမ်းများရိုက်ကူးကာ ကမ ္ဘာမြေပြင်ရှိ အမေရိကန်အာကာသ စူးစမ်း လေ့လာရေးသုတေသီများထံသို့ ပေးပို့ခဲ့သည်။ ယခင်နှစ်ပေါင်းများစွာက ရှိခဲ့သည်ဟုမှန်းဆရသော ရေ၏သဲလွန်စကို လည်း ရှာဖွေပေးနိုင်ခဲ့သည်။ ၂၀၀၆ခုနှစ်က အင်္ဂါဂြိုလ်မျက်နှာပြင်ပေါ်၌ ခရီးနှင်ရင်း မူလပါရှိသည့် ၆ဘီးအနက်မှ တစ်ဘီး ကျွတ် ထွက်သွားသည့်တိုင် စူးစမ်းလေ့လာရေး လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ဆောင်ခဲ့သည့် စပရစ်ယာဉ်သည် လွန်ခဲ့သော ၁ဝလခန့်က သဲဆား မြေရပ်ဝန်းထဲသို့ ရောက်ရှိသွားရာမှ ရုန်း ထွက်၍မရနိုင်တော့ဘဲ အခက်ကြုံခဲ့ရသည်။အမေရိကန်အာကာသ […]


DaveJanuary 24, 20101min2692
ရစ်ချတ်သည် ဖလော်ရီဒါပြည်နယ်မှ အသက်၃၆နှစ်အရွယ် ရည်မှန်းချက်ကြီးမားသည့် လူဖြူကုန်သည်တစ်ဦးဖြစ်သည်။သူသည် ကျန်းမာရေးကောင်းမွန်ပြီး ရုပ်ရည်ချောမောသည့်တိုင် အိမ်ထောင်မပြုဘဲ ရေကူးကန်ပါသော အိမ်တစ်လုံးတွင် နေထိုင်ကာ မိန်းမလှများနှင့်သာ ချစ်ပွဲသဘင် ဆင်နွှဲခဲ့သည်။ရစ်ချတ်၏အလုပ်သည် စိတ်ဖိစီးမှုရှိစေသော်လည်း ခရစ်စမတ်ပွဲတော်ကို တဟီတီတွင် ကုန်လွန်စေခဲ့သည်။ကြွေးမြီကင်းသူဖြစ်ပြီး သူ၏အချိန်ကို စာဖတ်ခြင်းကဲ့သို့သော စိတ်အဆာပြေစေမှုများဖြင့် ဖြုန်းတီးတတ်သူလည်းဖြစ်သည်။ယခုလောလောဆယ်တွင် သူသည် ကောင်းကင်၏ထက်ဝက် ဟုအမည်ရသော စာအုပ်တစ်အုပ်ကို အပြီးသတ်ရေးသားနေပြန်သည်။ မာရသွန်ပြေးသည်။ကဗျာလည်းရေးသည်။လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဟေတီငလျင် အမှိုင်ကဗျာတစ်ပုဒ်ကို ရေးစပ်ခဲ့ သေးသည်။ လော်နာသည်ဘော်စတွန်မှ အသက် ၆၄နှစ်အရွယ် လူမည်းအမျိုးသမီးတစ်ဦးဖြစ် သည်။သူမသည် ကိုယ်အလေးချိန်လွန်ကျူးသူ ဖြစ်ပြီး မကြာသေးမီက နှာခေါင်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့သည့်တိုင် ဆွဲဆောင်မှုလည်း မရှိလှပေ။လော်နာ့တွင် ကျောက်ကပ်ရောဂါတစ်မျိုးစွဲ ကပ်နေသော်လည်း လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားနေဆဲပင်ဖြစ်သည်။မြေးများ ကိုလည်း ပုံမှန်ထိန်းပေး လျက်ရှိသည်။သူမသည် အငြိမ်းစားလက်ထောက် ကျောင်းဆရာမတစ်ဦးဖြစ်သည်။အသက်၆ရနှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် တပူးတွဲတွဲပင် […]


DaveJanuary 23, 20101min3573
ဇန်နဝါရီ ၂၂ရက်နေ့သည် မြန်မာ့ဂုဏ်ဆောင် တတိယမြောက်ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဦးသန့်၏ မွေးနေ့ ဖြစ်သည်။ထိုနေ့တွင် မြန်မာနိုင်ငံတွင်သာမက နိုင်ငံတကာရောက်မြန်မာအသိုက်အဝန်းတွင်လည်း ဦးသန့်မွေးနေ့ အထိမ်းအမှတ်အစီအစဉ်များပြုလုပ်ခဲ့သည်ကို မကြားသိခဲ့ရပါ။ ဦးသန့်သည် ၁၉၀၉ခုနှစ် ဇန်နဝါရီ ၂၂ရက်နေ့တွင် မြန်မာနိုင်ငံ ၊ပန်းတနော်မြို့ နေ မိဘနှစ်ဦးဖြစ်သည့် ဦးဖိုးနှစ်နှင့်ဒေါ်နန်းသောင်တို့၏မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ရန်ကုန်တက္ကသိုလ်မှ သမိုင်းဘာသာရပ် ဖြင့် ဝိဇ္ဖာဘွဲ့ရခဲ့ပြီးနောက် အမျိုးသားကျောင်းဆရာလုပ်ရန် ပန်းတနော်မြို့ သို့ ပြန်လာခဲ့သည်။သီလဝဟူသော ကလောင်အမည်ဖြင့် သတင်းစာနှင့် မဂ္ဂဇင်းများတွင် ပင်တိုင်ဆောင်းပါးများရေးသားခဲ့သည်။ပန်းတနော် အမျိုးသားကျောင်းအုပ်ဘဝမှ မအူပင်မြို့ တွင် ပညာအုပ်အဆင့်သို့ တိုးမြင့်ရောက်ရှိလာခဲ့သည်။ထို့နောက် ဦးနုနှင့်သိကျွမ်းခွင့်ရခဲ့ပြီး ၎င်းဝန်ကြီးချုပ်ဖြစ်လာသောအခါ ၁၉၄၈ခုနှစ်၌ ဦးနု၏ခေါ်ယူမှုကြောင့် ရန်ကုန်သို့ ရောက်ရှိကာ အသံလွှင့်ဌာနညွှန်ကြားရေးမှူးဖြစ်လာခဲ့သည်။ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အတွင်း ရေးမှူးတာဝန်ကို ဆက်လက်ထမ်းဆောင်ရသည်။နောက်ပိုင်းတွင် ဦးနုနှင့် မသင့်မမြတ်ဖြစ်ရာမှ ၁၉၅ရခုနှစ် တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊နယူး […]


DaveJanuary 22, 20101min2782
အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့အခြေစိုက် အမေရိကန်အကအဖွဲ့တစ်ဖွဲ့သည် မန ္တလေးမြို့သို့ ဖေဖော်ဝါရီ၅ရက်နေ့ ညနေ ၆နာရီတွင် ကပြဖျော်ဖြေရန် စီစဉ်ထားသည်။အိုဒီစီအကအဖွဲ့သည် အမေရိကန် အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပညာရေးနှင့်ယဉ်ကျေးမှုရေးရာအဖွဲ့၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ လာရောက်ခြင်းဖြစ်ပြီး မန ္တလေးမြို့ ချမ်းအေးသာစံမြို့ နယ်၊၂၆လမ်းနှင့်၇၁လမ်းထောင့်ရှိ ဂျက်ဖာဆင် စာကြည့်တိုက်ဝင်းထဲတွင် ဒေသခံပရိသတ်ကို အခမဲ့ကပြဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။


DaveJanuary 22, 20101min2301
အမေရိကန်ဂျက်ဇ်ဂီတ သံတမန်နှစ်ဦးဖြစ်သည့် ဂျက်ဇ်ဂီတာပညာရှင် ဖရက်ဒီဘရိုင်ယန့်နှင့် ပါကပ်ရှင်း ပညာရှင် ဂျီးလတ်တို့သည် မန ္တလေးမြို့ ၊ဂျက်ဖာဆင်စာကြည့်တိုက်ဝင်းအတွင်း ဇန်နဝါရီ၁၅ ရက်နေ့ ညနေ ၆နာရီက ဒေသခံ ပရိသတ်ကို ဂျက်ဇ်တေးသံသာများဖြင့် တီးခတ်ဖျော်ဖြေခဲ့သည်။မြန်မာ့ရိုးရာ သားရေ ပါကပ်ရှင်းတူရိယာတစ်မျိုးဖြစ်သော ဗုံများဖြင့်လည်းတွဲဖက်တီးခတ်ခဲ့သဖြင့် မြန်မာဂီတပရိသတ်များက အံ့ဩ ဝမ်းမြောက်စွာဖြင့် တစ်ခဲနက် ပျော်ရွှင်စွာ အားပေးကြသည်။ယင်းဖျော်ဖြေပွဲသို့ ပရိသတ် ၅၀ဝဦး ထက်မနည်းကြွရောက် အားပေးခဲ့ကြသည်။ဖျော်ဖြေပွဲအပြီးတွင် သူတို့နှစ်ဦးနှင့် တွေ့ဆုံခွင့်ရခဲ့ရာ- ဂျီးလတ်အနေနဲ့ ပါကပ်ရှင်းတူရိယာ ဘယ်နှစ်မျိုးလောက် တီးခတ်နိုင်ပါသလဲ။ တော်တော်များများတီးခတ်နိုင်ပါတယ်။ ပါကပ်ရှင်းတီးတဲ့အခါ ဘယ်လိုခံစားရပါသလဲ။ အရမ်းပျော်ပါတယ်။ ဒီပညာရပ်ကို ဘယ်မှာသင်ယူခဲ့ပါသလဲ။ တွေ့တဲ့ကြုံတဲ့ နေရာတိုင်းမှာ သင်ယူခဲ့တာပါ။ မြန်မာဝါးပါကပ်ရှင်းတူရိယာတွေကို တီးဖူးပါသလား။လမ်းဘေးက ကလေးတွေ တောင်းရမ်းတဲ့အခါတီး ကြတဲ့ ဝါးတူရိယာက စိတ်ဝင်စားစရာကောင်းမယ်ထင်ပါတယ်။ မတွေ့ ဖူးသေးပါဘူး။အရမ်းစိတ်ဝင်စားပါတယ်။တီးကြည့်ချင်ပါတယ်။ […]


DaveJanuary 22, 20101min4088
တရုတ်နိုင်ငံတွင် အင်တာနက်ကွန်ရက်အသုံးပြုနေကြသူ သန်းပေါင်းများစွာရှိသောကြောင့် အင်တာနက်နှင့် ဆက်နွယ် သည့် နိုင်ငံတကာဝန်ဆောင်မှုလုပ်ငန်းများက ယင်းကြီးမားသောဈေးကွက်ကို မျက်စိကျကြ သည်။ တရုတ်နိုင်ငံတွင် အခြေတကျ အွန်လိုင်းဝန်ဆောင်မှုပေးလျှင် စီးပွားဖြစ်မည်ကို လာဘ်မြင်သော ကမ ္ဘာကျော်ကုမ္ပဏီကြီးများထဲတွင် ဂူဂဲလ်လည်း ပါဝင်ခဲ့သည်။ယခု ဂူဂဲလ်နှင့် တရုတ်အကြီးအကျယ် ပြဿနာတက်နေကြသည်။တရုတ်အစိုးရ အွန်လိုင်း လုံခြုံရေးတာဝန်ရှိသူများက ဂူဂဲလ်တာဝန်ရှိသူများကို အသိမပေးဘဲ မိမိတို့သဘောဖြင့် ဂူဂဲလ်-တရုတ်အွန်လိုင်း ပိုင် နက်ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့သည်။ ထိုသို့ကျူးကျော်ခံရသည့် တရုတ်နိုင်ငံရောက် နိုင်ငံခြားကုမ္ပဏီပေါင်း(၃၀)ကျော် ထဲတွင်ပါဝင်သည်ဆိုသော ဂူဂဲလ်ဖက်က မကျေမနပ်ဖြစ်ခဲ့င်္ပြီး ပြသနာလုပ်နေသည် စသော သတင်းများ၊ ကောလာဟလများ တစ်မျိုး ပြီးတစ်မျိုးပေါ်ထွက်ခဲ့ရာ တရုတ်- ဂူဂဲလ်သပွတ်အူဇာတ်ရှုပ်ကြီးသည် ဂျာအေးသူ့အမေရိုက်ကာ တဝဲလည် လည်ဖြစ်နေလေသည်။ယင်းဇာတ်ရှုပ်ကြီးထဲမှ စိတ်ဝင်စားစရာ လှည့်ကွက်များ၊အချိုးအကွေ့များကို စုစည်း ဖော်ပြသွားပါမည်။ ဂူဂဲလ်အတွင်းလူများ နောက်ကွယ်ကပါကြသလား ကောလာဟလများက […]


DaveJanuary 21, 20101min2370
အကယ်ဒမီနေအောင်ကို အမေ့ကျေးဇူးဆပ်ဖူးချင်တယ်ဇာတ်ကားကန်တော့ပွဲပေး အခမ်း အနားမှာ ဆုံခဲ့ရတာမို့   ဦးနေအောင်ရဲ့ လှုပ်ရှားမှုတွေကို မေး မြန်းခဲ့ရာ – ဒီကားထဲမှာ ကျွန်တော်နဲ့ မဆင့်(မေသန်းနု)နဲ့က လင် မယားပေါ့နော်။ ကျွန်တော်တို့ မွေးတဲ့သားက သူကြိုက်တဲ့ ကလေးမလေးနဲ့ မဆင့်က သဘောမတူတော့ အိမ်ထောင် ရေးပြဿနာတွေ ဖြစ်တာပေါ့။ ကျွန်တော်နိုင်ငံခြားသွားတုန်း သူကဒီမှာအတင်းစီမံလိုက်တာ ပေါ့နော်။ အဲဒီမှာကျွန်တော်က မိသားစုကြားမှာ ပြေလည်အောင် ဖန်တီးပေးရတဲ့ ဇာတ်ရုပ်ပေါ့။ ဒါ ပေမယ့် အိမ်ထောင်ဦးစီးတစ် ယောက်ကို ဇနီးသည်က နိုင် တယ်။ အဲဒီပြဿနာတွေပေါ့ နော်။ ဒါဆိုအပြင်မှာ ဖြစ်လေ့ရှိတဲ့ ပြဿနာကိုပဲ ရိုက်ပြမှာပေါ့။ ပြဿနာကို ရိုက်မှာမဟုတ် ဘူး။ ဒီပြဿနာကို ရှင်းချင်နေတာ။ အိမ်ထောင်ဦးစီးကို ဆရာလုပ်တဲ့ မိန်းမတွေကို ရိုက် ကိုရိုက်ပစ်ရမှာ […]