သင့်အေးရိပ်September 2, 20181min629615
ဂျူး၏ #သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာကို ဝေဖန်ညွှန်းဆိုချက် (ရွှေအမြုတေ၊ ၂၀၁၈ စက်တင်ဘာလထုတ် မဂ္ဂဇင်းတွင် ဖော်ပြပြီးသည့် ဆောင်းပါး) —————- “ဂျူးရဲ့ ရသခြုံလွှာကို ခံစား၊ဝေဖန်ခြင်း”     ၁။ စာအုပ်အမည် = သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ စာရေးသူအမည်=ဂျူး ထုတ်ဝေခြင်း= ဂျူးစာပေ၊ ၂၀၁၈ ခုနှစ်၊ ဇွန်လ တန်ဖိုး= ၄၅၀ဝ ကျပ်၊ စာမျက်နှာပေါင်း ၃၅၄ မျက်နှာ။ ၂၀၁၈၊ ဇွန်လထုတ် (…လို့ ပုံနှိပ်မှတ်တမ်းမှာ ရေးထားပေမဲ့ ဇူလိုင်လထဲမှာမှ ဆိုင်ပေါ်ရောက်တဲ့) ဆရာမဂျူးရဲ့ “သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ခြုံလွှာ” အမည်ရှိ စာအုပ်သစ်အကြောင်း နည်းနည်း ပြောပါ့မယ်။ စကားမကျန်အောင် ကြိုရှင်းပြရရင် စာပေလောကမှာ Book Review (စာညွှန်း) နဲ့ Literary […]


        တက္ကသိုလ်ရိပ်သာလမ်းပေါ်က အမေစု အိမ်ရှေ့ဟာ အရင်လို ပြန်ဖြစ်သွားပြန်ပါပြီ။ အရင်လိုဆိုတာက ဟိုရူးကြောင်းမူးကြောင် ရူးသယောင်ယောင် ဆောင်ထားတဲ့လူက အမေစုအိမ်ကို မီးရှို့ဖို့ ကြံတဲ့အမှု မဖြစ်ခင်ကလို။ ခြံထဲ ဓါတ်ဆီပုလင်းနဲ့ ဗုံးဖောက်ခွဲဖို့ လုပ်ကြံတဲ့ ဖြစ်ရပ်အပြီး နောက်နေ့တွေတုန်းက အမေစု ခြံရှေ့ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်လို့တောင် မရအောင် သံဆူးကြီးတွေ ပိတ်ကာ ထားတာ မြင်ခဲ့ရပါတယ်။ အခုတော့ အဲ့ သံဆူးကြိုးတွေ မရှိတော့ဘူး။ ဖယ်လိုက်ပြီ။ အရင်လိုပဲ အမေစုအိမ်ရှေ့ ခြံစည်းရိုးရှေ့ကနေ နီးနီးကပ်ကပ် လမ်းလျှောက်ကြ. . . ဓါတ်ပုံတွေ ရိုက်ကြနဲ့ ပုံမှန် ပြန်ဖြစ်သွားပါပြီ။ တကယ်တော့ ခြံရှေ့ ပလက်ဖောင်းကို သံဆူးကြိုးပဲ ချချ၊ လျှပ်စစ်ပဲ လွှတ်လွှတ်၊ […]


သင့်အေးရိပ်February 16, 20181min25166
ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား ————————–   ဂျစ်ပစီတစ်ယောက်… နတ်သမီးပါတဲ့ အိပ်မက် မက်သလိုပဲ. . . ဆားနည်းနည်း ပေါ့တယ်။ – ဘယ်လိုပဲဖြစ်ဖြစ် . . . အိပ်မက်ထဲမှာ ကိုယ့်အသက်ရှုသံ ကိုယ်ပြန် ကြားခဲ့ရတာအတွက် ကျေနပ်ရတယ်။   – မောက်မာရင့်သီးပြီး ကိုယ့်မြင်းကိုကိုယ် အထီးအမ မသဲကွဲတဲ့ အဝါရင့်ရောင် တိမ်စိုင်တို့ရေ. . . မှတ်ထားစမ်း. . . ပစ်မှတ်ကို လွယ်လွယ်မှန်ရိုးထုံးစံ ရှိမှတော့. . . အမှန်တရားရုပ်တုဟာ . . . နတ်ဘုရားဆန်စွာ ကိန်းခန်းကြီးမနေဘူး။       သင့်အေးရိပ် 16/02/2018 (Photo credit=  internet)   […]


သင့်အေးရိပ်December 26, 20171min21992
မကြာခင်ရွာထဲ ငါ မီးဝင်ရှို့မိတော့မယ် Monday, May 16, 2016 —————- ရွာထဲမှာလူပိန်းတွေ တရုုံးရုုံးနဲ့ ရုုပ်ရှင်ရုုံတွေ ကြည့်ချင်ပွဲတွေ ဟန်ရေးတပြပြနဲ့  နာမည်ကျော် ဗလာကောင်တွေ တံဆိပ်ကောင်းယောင်ဆောင်ထားတဲ့အတုုစစ်စစ်တွေ တဖြည်းဖြည်းနဲ့ရွာဟာ အနံ့အသက် မကောင်းတော့ဘူး တော်ကြာဆီထမင်းတော်ကြာစာကလေးကြော် အမြင်မတော်အကြားမတော်မှုတွေက ညှော်လွန်းတယ် လူလည်တွေကစားတဲ့ပွဲမှာ မလည့်တလည်တွေ လည်ထွက်သွားခဲ့ကြ အဖတ်လည်းဆယ်မရတော့  .. သူ့အရပ်နဲ့သူ့ဇာတ်ဆိုုသလိုုဘုုတ်နဲ့ ကျီးတွေ မျက်နှာဖုုံးစွပ်ထားတဲ့တစ်နပ်စားသူရဲကောင်းတွေ ပွဲအလန့်မှာဝင်ဝင်ခင်းထားတဲ့ ဖျာချပ်တွေ  .. စိတ်တွေအလာ့ဂျစ်ဖြစ်ဖြစ်လာ တံတွေးခွက်ကြီးတွေပေါ်လက်ပစ်ကူးရင်း ကမ်းတက်လာကြ ဘုုမသိဘမသိတွေက ကယ်တင်ရှင်လိုု ကြိုဆိုုကြ (သောင်းသောင်းဖျဖျ) ချွတ်ခြုံကျဇာတ်ကွက်တွေကိုုမျက်နှာလွှဲလိုုက်တဲ့အခါ ရွာပြင်မှာမြေပြင်ညီ နည်းနည်းပဲ ကျန်တော့တယ်  .. လူမရှိတုုန်းဘုုရင်ခဏတက်လုုပ်နေတဲ့ လူကြမ်း တဖျန်းဖျန်းကြားနေရတဲ့လောကဓံကြာပွတ်သံ ဟေ့ကောင်မင်းအမှန်တရားက ပရွက်ဆိတ်တက်နေပြီ အမြုပ်တွေတစီစီနဲ့အသက်လည်းငင်လုို့ ကိုုယ့်ခြေရာခွက်ကိုုယ်သမုုဒ္ဒရာလုုပ်နေကြသူတွေ ကိုုယ့်လေကိုုယ်ထန်ကိုုယ့်လှိုင်းကိုုယ်ကြီး မဟာ့မဟာလုုပ်ဇာတ်ကြီးတွေ ဟီးထအောင်မြင်လာခဲ့ […]


သင့်အေးရိပ်December 4, 20177min18912
        အလုပ်နဲ့ဘဝ ——————————————————-   အလုပ်နဲ့ ဘဝအကြောင်း စဉ်းစားနေတုန်းမှာပဲ… ဒီနေ့ ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ တရားခွေလေး နာလိုက်ရတာနဲ့ တိုက်ဆိုင်လို့ ပြောလိုက်ပါဦးမယ်။   ဆရာတော် ဆုံးမတာကတော့ အလုပ်ဟာ ဘဝရဲ့ အချိန်တော်တော်များများကို ပေးထားရတာ ဖြစ်တယ်။ အဲ့ဒီအတွက် အလုပ်ကနေ ဘာပြန်ရလိုက်သလဲ…..   အလုပ်ကို အဲ့ဒီလောက် အချိန်တွေ အများကြီး ပေးဆပ်ထားပြီးမှ… အလုပ်ဆီကနေ ပိုက်ဆံတစ်ခုပဲ ပြန်ရမယ်ဆိုတာတော့ မဖြစ်သင့်ဘူး ဆိုတဲ့အကြောင်း။   အလုပ်ထဲမှာ ကြုံရသမျှ အခက်အခဲတွေကို ဖြေရှင်းရင်း… ကိုယ့်သဘောထားကိုလည်း ကိုယ်ပြန်စစ်ပြီး ကိုယ့် ကိုယ်ရည်ကိုယ်သွေး မြင့်မားအောင်၊ ကိုယ့်အရည်အချင်းတွေ တိုးတက်လာအောင် ကိုယ်လုပ်သမျှ လုပ်ရပ်တိုင်းနဲ့ – […]


သင့်အေးရိပ်October 10, 20171min45358
      ကျနော်တို့ တိုင်းပြည်ဟာ မင်းမဲ့ တိုင်းပြည် မဟုတ်သလို… စည်းကမ်း သတ်မှတ်ချက်တွေ မဲ့နေတဲ့တိုင်းပြည်လည်း မဟုတ်ပါဘူး။ အုပ်ချုပ်တဲ့ အစိုးရ ရှိတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်း သတ်မှတ်ချက်တွေလည်း ရှိတယ်။ ဒါပေမဲ့… ပြဿနာက ဘာလဲဆိုတော့ …. စည်းကမ်းဆိုတာ … လိုက်နာကျင့်သုံးရမယ့်အရာ လို့ စွဲစွဲမြဲမြဲ ရှိမနေကြဘဲနဲ့ … စည်းကမ်း သတ်မှတ်ချက်တွေကို ဆိုင်းဘုတ်ချိတ်ထားရုံမျှ ဖြစ်နေတာပါပဲ။ ကွမ်းမစားရ လို့ စာတော့ ကပ်ထားပါရဲ့။ ဒါမယ့်အဲ့ဒီ သတိပေးစာအောက်မှာပဲ ကွမ်းတပျစ်ပျစ်။ အမှိုက် မပစ်ရ လို့ သတိတော့ ပေးထားပါရဲ့။ ဒါမယ့် အဲ့ သတိပေးစာ ဆိုင်းဘုတ်ကိုယ်တိုင်က အမှိုက်ပုံထဲမှာ ထောင်ထားရသလို ဖြစ်တဲ့အထိ အမှိုက်တွေ ပစ်ကြတယ်။ […]


    နယ်ဘက်က ကားလမ်းမတွေပေါ်မှာ … အိမ်မွေးအကောင်ပလောင်တွေ သွားလာနေတာကြောင့် ကားမောင်းရတာ အနှောင့်အယှက် ဖြစ်တဲ့အကြောင်းလေး ပြောချင်လာတယ်။   ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမပေါ်မှာတောင် ခွေးတွေ/ နွားတွေ ဖြတ် တက်လာလို့ အန္တရာယ်ကြီးစွာ ရှောင်ရ…(မရှောင်သာတဲ့အခါ တိုက်ခဲ့ရ)တဲ့ အဖြစ်တွေ ကြုံဖူးသူ မနည်းပါဘူး။ အရှိန် ကီလို 100 လောက်နဲ့ မောင်းလာတဲ့ ကားတွေအနေနဲ့ ရုတ်တရက် ဖြတ်ပြေးလာတဲ့ ခွေး၊နွားတွေကို ရှောင်ဖို့ ဘေး ဆွဲချလိုက်ဖို့ဆိုတာတာလည်း အန္တရာယ်များသလို … အဲ့လောက် အရှိန်နဲ့ မောင်းနေရာကနေ အဲ့ဒီခွေးကို မတိုက်မိခင်မှာ  ဘရိတ်နင်းပြီး ရပ်ချလိုက်ဖို့ကလည်း လွယ်မှ မလွယ်တာနော်။ အဲ့တော့ အမြန်လမ်းမှာ ကီလို ၁၀ဝ လောက်နဲ့မောင်းနေရင်းကနေ ဟိုးခပ်ဝေးဝေးရဲ့ဘယ်ညာ […]


သင့်အေးရိပ်September 12, 20178min41058
  စောစောစီးစီး မြို့မေတ္တာ ခံယူခွင့်ပြုပါဦး။ 😛 လွန်ခဲ့တဲ့ သုံးလေးရက်က စပြီး မနေ့က မနက်အထိ ကိုယ့် Messenger ထဲကို တတိန်တိန် ဝင်လာတဲ့ စာတွေထဲမှာ …. ”၁၁ရက်နေ့ကျရင် ဂျီဖက်က ဂျီဟက် လုပ်မှာမို့ ဆိုလား…. အဲ့ဒါ သွားသတိ လာသတိနဲ့နေဖို့ ၊ လက်နက်ခဲယမ်းတောင် အသင့်ဆောင်ထားဖို့ သတိပေးတယ်..ဘလယ် ဘလယ် ဘလာဘလာ”ဆိုတာတွေ အများအပြား ရောက်လာတယ်။   ကိုယ့်ကို သတိတရရှိပြီး စိတ်ပူပေးတာ သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…. ဘုန်းကြီးအိပ်မက် စာလိုလိုနဲ့ မိတ်ဆွေဆီကို ဖြန့်ဝေပေးနေတာလို ဖြစ်လာတာမို့….အဲ့ စာတွေကြောင့်ကို တွေ့သမျှ အသားမဲတွေကို ဓါးနဲ့အရင် ပြေးပိုင်းထားရမလိုလိုကြီး။   နောက်ပြီး အဲ့လို သတိပေးစာလိုလိုနဲ့ ခြိမ်းခြောက် […]


မကြာခဏ ဆိုသလို မကွေးတိုင်း ၊ မကွေးမြို့ပေါ် ရောက်ဖြစ်နေတော့ ရောက်တိုင်း တွေးမိ မြင်မိတာလေးတွေ ရှိတာပေါ့။ အဲ့ဒီထဲက ပြောချင်တာ တချိ ု့နဲ့ ပြချင်တာလေးတချိ ု့ကို အခု ရတတ်သလောက် ပြလိုက်ပါတယ်။       ၁။ စေတီအမွန် မြသလွန်ဆီသို့ အဝင်လမ်း။     ၂။ ဘာသာရေး အဆောက်အဦတွေထဲက တိုင်လုံးကြီးတွေလိုသာ… ဖြောင့်မတ် တည်ငြိမ်စွာ ထို့အပြင် ငြိမ်းချမ်းစွာ… အတူတကွ ရပ်တည်နိုင်စွမ်း ရှိကြလျှင် …..ကိုယ်စီ သွားရာလမ်းဟာ ဘာသာရေးနယ်ပယ်ပြင်ပက နိဗ္ဗာန်ဆီကို ရောက်လိမ့်မယ်လို့ ဆိုချင်တာ…   ၃။ သူတို့လေးတွေဟာ ဘီလူးရုပ်တုကို နှိပ်နယ် ပေးရင် ကိုယ့်ခန္ဓာရဲ့ ရောဂါ ဝေဒနာတွေကို ကာကွယ် […]


ဆုတောင်းနှင့် နောင်တ ———- ထိုရုပ်တုကို ကိုင်ပြီး ဆုတောင်းလျှင် ဆုတောင်း ပြည့်လိမ့်မည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ကျွန်တော် ထိုရုပ်တုကို သေသေချာချာ ကိုင်၍ ဆုတောင်းမိသည်။ ”စင်ကြယ်သောလူတစ်ယောက် ဖြစ်ရပါလို၏” ဆုတောင်းပြီး၍ လှည့်မထွက်ခင်မှာ ရုပ်တုအား ကြည်ညိုစွာ ကြည့်လိုက်မိချိန်တွင်. . . ကျွန်တော် ရုပ်တုကို ကိုင်ပြီး ဆုတောင်းမိတာ မှားပြီဟု သိလိုက်သည်။ ရုပ်တု ကိုယ်ထည်ပေါ်တွင် . . . . . . . . . . . . . . . ကျွန်တော့်လက်မှ အညစ်အကြေးတို့ကြောင့် ညစ်ထေးသွားတာကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ————————– သင့်အေးရိပ်


july 2 ရက်နေ့။ မကွေးကနေ ကံပြားလမ်းဆုံ-> ကံပြားလမ်းဆုံကနေ မြို့သစ်မြို့ဘက် ဆက်မောင်း-> အမြန်လမ်း မိုင်တိုင် ၂၂ဝကို ဖြတ်တက်။ နေပြည်တော်ကို ဝင်။ ပြီးမှ ရန်ကုန်ကို တန်းတက်။ အဲ့ခရီးစဉ်မှာ. . . မကွေး-နေပြည်တော်လမ်းကနေ ဖြတ် မောင်းရာမှာ. . . ဘာ မြင်ခဲ့လဲ ဆိုတော့. . . အန္တရာယ် အငွေ့အသက်တွေ။ လုံခြုံစိတ်ချရခြင်း အလျဉ်း မရှိတဲ့ အကွေ့အကောက် လမ်းအခြေအနေတွေပါ။ မကွေး-ကံပြား အထိက . . . လမ်း ကောင်းမှကောင်း။ မြေပြန့်လမ်း။ ကံပြားကနေ မြို့သစ်မြို့အထိကလည်း မြေပြန့်လမ်းပဲမို့/ လမ်းကလည်း အထိုက်အလျောက်ကျယ်ပြီး ညက်ညောနေတော့ အဆင်ပြေပါရဲ့။ မြို့သစ်နဲ့ နေပြည်တော်အမြန်လမ်း ကြားက […]


ဒီမနက် ထုံးစံအတိုင်း အိပ်ယာထပြီး ထုံးစံအတိုင်း မျက်နှာသစ် သွားတိုက်တာတို့၊ ထုံးစံအတိုင်း ရေချိ ုးပြီး ကိုယ်လက် မသန့်စင်ခင်မှာ ထုံးစံအတိုင်း အိမ်သာ တက်ပါတယ်။ ထုံးစံအတိုင်း အိမ်သာမှာ ထိုင်မိပေမဲ့ ဒီမနက်တော့ ထုံးစံမဟုတ်တာ တစ်ခု တွေးမိပါတယ်။ အိမ်သာတက်ရင်း တွေးတဲ့အတွေးဆိုတော့ နည်းနည်းတော့ အနံ့အသက် ကောင်းမှာ မဟုတ်ဘူးပေါ့။ ကိစ္စ မရှိဘူးထင်ပါတယ်။ စာ ဆိုတော့ နှာခေါင်းပိတ်ပြီး ဖတ်စရာ မလို။ :k: ပြောချင်တာက အခုနှစ်/အခုခေတ်မှာ အိမ်သာထဲ ထိုင်ရတာ အရသာတစ်ခုခု လျော့နေသလို ခံစားမိတဲ့ကိစ္စ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆိုရင် တခြားသူတော့ ဘယ်လို အိမ်သာထဲ ဝင်တယ် မသိ။ ကျွန်တော်ကတော့. . . အိမ်သာထဲ ဝင်ရင် […]