သူရႆဝါAugust 24, 20112min39614
“ဖွင့်ချလိုက်တယ် ၊ ပျောက်ဆုံးခြင်း ထွက်ကျလာတယ်”   (၁) အလင်းရောင်အပြည့်နဲ့ အခန်းကျယ်ကြီးထဲမှာ ကျွန်တော်ဟာ တစ်ကိုယ်ရည်တစ်ကာယ မှောင်မိုက်နေခဲ့တာ ကြာပြီ ။     (၂) မျှော်လင့်ခြင်းဟာ အိုအေစစ်တစ်ခု ဖြစ်မယ်ဆိုရင် ကျွန်တော် … ကိုယ်တိုင်က သဲကန္တာရပဲ ၊ မျှော်လင့်ခြင်းက ကျွန်တော့်ကိုယ်ပေါ် ရှိနေခဲ့တယ် ရှာလို့မတွေ့ဘူး ။ နည်းပညာအပိုင်းအစ ၊ နောက်ဆုံးရသတင်းများ ၊ ကျွန်တော်တို့ ကမ္ဘာပြုလမ်းကြောင်းကို လူမှုကွန်ရက်ဝက်ဘ်ဆိုက်ထဲကနေ စတင် တည်ထောင်ကြမလား ၊ ကျွန်တော့် ဒေတာတွေထဲမှာ အမြတ်တနိုးသိမ်းထားတဲ့ အသံဖိုင်တစ်ချို့ရှိနေတယ် ၊ ရှုပ်ထွေးလို့ ၊ ကိုယ့်မျက်လုံးတွေကို ကိုယ်တိုင် ပြန်ရှာမရသလို ဖြစ်နေလို့ ၊ ရေးချလိုက်တဲ့အခါ .. ကိုယ်သိထားသမျှ ရေးချလိုက်တဲ့အခါ […]


သူရႆဝါAugust 18, 20112min1522
“သုညကြားခံနယ် ကဗျာရွတ်ဆိုခြင်း ဗီဒီယို”   ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ၁၁ ရက်နေ့က “လင်းပွင့်လက်များ” လူငယ်ကဗျာ အဖွဲ့ရဲ့ ကဗျာရွတ်ပွဲမှာ ရွတ်ဆို ဖြစ်ခဲ့တဲ့ ကဗျာလေးပါ။ အဲဒီပွဲကို မန္တလေးကနေ ရန်ကုန် ဆင်းလာပြီး တကူးတက လာနားထောင်တဲ့ နန်းလေပြေနုက ကျွန်တော် ကဗျာရွတ်တဲ့ အချိန်မှာ အမှတ်တရ ဗီဒီယို ရိုက်ကူး ပေးထားခဲ့ပါတယ်။ တယောသံ ချွဲချွဲအီအီကို ကြားရပြီး နောက်မှာ အဲဒီကဗျာကို ရွတ်ချင်စိတ် ပေါ်လာလို့ ရွတ်ဆို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကဗျာနာမည်က “သုညကြားခံနယ်” ဖြစ်ပြီးတော့ ၂၀၁ဝ ခုနှစ် ဇူလိုင်လထုတ် ပေဖူးလွှာ မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ရပါတယ်။   “သုညကြားခံနယ်” ဘာပြောလိုက်ရမလဲဆိုတာကိုသိတယ် ဖမ်းလို့မမိဘူး .. … […]


သူရႆဝါAugust 13, 20112min1112
    [၁] ဧပရယ်လ်မှာ “လွမ်းတယ်” ဆိုတာ ကိုယ့်စိတ်ကြိုးတန်းပေါ် သူပစ်တင်လှန်းခဲ့တဲ့ အဝတ်ကလေးတစ်ထည်ဖြစ်လာခဲ့တယ်   [၁ း ၁] တစ်ခါတုန်းကပါ ကံကောင်းချင်တော့ သူငယ်ချင်းတွေနဲ့ ကံဆိုးချင်တော့ သူငယ်ချင်းတွေနဲ့ ငပလီလိုက်မသွားဖြစ်ဘူး သို့သော် ဆားငန်ရေက ငန်ဖြစ်အောင်ငန်ခဲ့   တစ်ခါတုန်းကပါ “အချစ်” ဆိုတာ ကဝေမက လှလှပပလေး ကိုယ်ထင်ပြတာ ဒါကိုမှ ကိုယ်နဲ့မကွာသိမ်း အသက်ရှည်ဆေးလိုလိမ်းခဲ့ရ   တစ်ခါတုန်းကပါ ညနေကြိုညနေကြား ညနေသလားဖူးတဲ့လူငယ် ညနေတကာမှာ . . . . တစ်ခါတုန်းကပါ တစ်ခါတုန်းကပါ တစ်ခါတုန်းကပါ . . . . . .   [၂] ပြီးခဲ့သောနေ့ရက်တိုင်း ပြီးခဲ့သော . […]


သူရႆဝါAugust 10, 20111min2589
“သူရဿဝါနှင့် ဝက်ဋီကာ” ကျွန်ုပ်တို့ ပျော်မွေ့ကျက်စားရာ အင်တာနက် လောကကြီး တစ်ခုလုံးသည်ကား ယနေ့ခေတ် အချိန်အခါတွင် ဝက်များဖြင့် ဖုံးလွှမ်းလျက် ရှိသော ဝက်ကမ္ဘာကြီး၊ ဝက်ခေတ်ကြီး ဖြစ်၍ နေချေပြီ။ ကျွန်ုပ်ဆိုလိုသော ဝက်ဆိုသည်မှာ အသင်တို့ သိထားသည့် နားရွက်ကား၊ အမြီးကောက်၊ နှာခေါင်းထော်သည့် ဝက်အကောင်များ မဟုတ်ပါပေ။ အနောက်တိုင်း ဘာသာစကား အလိုအရ ဝက်ဘ်ဆိုက် (Website) ဟူသည့် အသံထွက်ကို ကျွန်ုပ်၏ ပိရိခန့်ညား လှစွာသော မထော်မနန်း ပရိုနောင်ဇေးရှင်းဖြင့် မန်းမှုတ်သောကြောင့် ထွက်ပေါ်လာသည့် ဝက်ဖြစ်လေသည်။ ၎င်းဝက် တို့ကို တီထွင်ရေးသား ဖန်တီးအပ်သည့် ဉာဏ်ကြီးရှင် များအား ဝက်ဒဗလုပ်ပါ ဟုခေါ်တွင်ကြပြီး အနှီသူတို့မှာ ၎င်းဝက်များကို လူအများ သုံးစွဲနိုင်အောင် မွေးထုတ် ပေးကြခြင်း ဖြစ်သောကြောင့် […]


သူရႆဝါAugust 4, 20112min36911
/* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} “My Sketch Lines”           ဘာရယ်မဟုတ်ပါဘူး။ ကျွန်တော့် လက်စွဲတော် စိန်လက်ပ်တော့ပ်ကြီးလည်း သူငယ်ချင်း တစ်ယောက် ငှားထားလို့ ဘာမှလုပ်စရာ မရှိတာနဲ့ ညဖက် ပျင်းပျင်းရှိလို့ စာရွက်အလွတ်နဲ့ ခဲတံယူပြီး စိတ်ထဲရှိရာ လျှောက်ခြစ် မိတာပဲ။ စပြီး စိတ်ကူး […]


သူရႆဝါAugust 3, 20115min2416
“သူရဿဝါနှင့် ထင်တာဗျူး” Mobile Guide ဂျာနယ်မှာ ကိုဟန်သစ်ငြိမ် အပတ်စဉ် ရေးနေတဲ့ အင်တာဗျူး Satire တွေကို ဖတ်ရတော့ သူရဿဝါ သိပ်ကို အားကျတယ် ခင်ဗျ။ သူ့လို သိပ်ပြီး ရေးတတ် ချင်တာပဲ။ ဒါပေမယ့် ကိုယ်ကလည်း အင်တာဗျူးနဲ့ ပတ်သက်ရင် ကိုယ့်ကို လာမေးသမျှသာ ပေါက်ကရ ဖြေလွှတ်တတ်တာ၊ ကိုယ်ကိုယ်တိုင်က ဘယ်သူ့မှ ဗျူးတတ်တာ မဟုတ်ဘူး။ ဒါပေမယ့် အင်တာဗျူး လုပ်ချင်စိတ် ကလည်း ဘယ်လိုမှ ထိန်းမရဘူး။ ဒါနဲ့ပဲ ရသေ့စိတ်ဖြေ သဘောမျိုးနဲ့ သုံးနေကျ အင်တာနက် ဆိုင်က Staff ကောင်လေးကို အင်တာဗျူး လုပ်ပြီးရေးဖို့ စိတ်ကူးမိတယ်။ ဒါပေမယ့် ကိုယ်က သူများလို နည်းစနစ်ကျကျ အင်တာဗျူး မလုပ်တတ်တော့ […]


သူရႆဝါJuly 20, 20111min1641
  “VOA မြန်မာပိုင်း အစီအစဉ်နဲ့ ပြုလုပ်ဖြစ်ခဲ့တဲ့ ဘလော့ဂါပြောသမျှ အင်တာဗျူး”   ပြီးခဲ့တဲ့ တစ်ပတ်တုန်းက VOA အသံလွှင့် ဌာနက အင်တာဗျူး တစ်ခုအတွက် ကျွန်တော့်ကို ဆက်သွယ် လာပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်ရဲ့ ထုတ်လွှင့်နေကျ အစီအစဉ် တစ်ခုဖြစ်တဲ့ “ဘလော့ဂါတွေ ပြောသမျှ” အစီအစဉ် အတွက် ကျွန်တော်နဲ့ တွေ့ဆုံမေးမြန်းဖို့ပါ။ ကျွန်တော် လက်ရှိ ရေးဖြစ် နေတဲ့ သရော်စာ ဆောင်းပါးတွေ အကြောင်း ဖြစ်ပါတယ်။ အဲဒီ အသံဖိုင်လေးကို ကျွန်တော် Mediafire မှာ Upload လုပ်ပြီး ပြန်တင်ထား လိုက်ပါတယ်။ အောက်က လင့်ခ်မှာ Download လုပ်ပြီး နားဆင်နိုင်ပါတယ်။   Mediafire Download […]


သူရႆဝါJuly 13, 20113min1561
  “သူရဿဝါနှင့် ဘလော့အဝါ့ဒ်” တစ်ရံရောအခါ အလွန်တရာမှ ခေတ်မှီ တိုးတက်၍ မြန်ဆန် သွက်လက်သော အင်တာနက် အမည်တွင် ခေတ်ကြီး တစ်ခေတ် ရှိခဲ့လေသည် ဟူ၏။ စာရေးဆရာ၊ စာရေးသူကို အင်္ဂလိပ် အခေါ်အရ ဝရိုက်ထာ (Writer) ဟု အမည်ပညတ် သတ်မှတ်လေ့ ရှိကြရာ ထိုခေတ်တွင် အင်တာနက် အွန်လိုင်းပေါ် တက်၍ ကဗျာ၊ ဝတ္ထု၊ စိတ်ကူးယဉ် စသည့် စာတိုပေစ လေးများကို ရေးသားကြသည့် အချို့သော စာရူးပေရူး ကလေးများကို အွန်လိုင်းဝရိုက်ထာ (Online Writer) ဟုလည်း ခေါ်တွင်သမှု ပြုကြပေ၏။ ၎င်းတို့ ရေးသားပြုစု အပ်သော စာကြောင်းစာသား အစုအဖွဲ့ များကိုလည်း ဘလော့ (Blog) ဟု အမည်သညာ […]


သူရႆဝါJuly 9, 20113min1966
  “ဆိုဖာဆက်တီခုံကလေး” (၁) ကျွန်တော် ခပ်ငယ်ငယ် ကတည်းက သံယောဇဉ် ရှိခဲ့သော ကိုယ်ပိုင်ပစ္စည်း အနည်းငယ်ထဲတွင် ဆိုဖာ ဆက်တီလေး တစ်ခုံ ပါဝင်သည်။ ဆိုဖာဆက်တီ ကလေးကို အိမ်သို့ သယ်ဆောင် ဝယ်ယူ လာခဲ့သူမှာ အဖေ ဖြစ်သလား၊ အမေ ဖြစ်သလား ဆိုတာကို ကျွန်တော် ကွဲကွဲပြားပြား မမှတ်မိတော့ သော်လည်း ထိုဆိုဖာလေး အိမ်သို့ စတင်ရောက်ရှိ လာသော နေ့ကိုတော့ ကျွန်တော် ကောင်းကောင်း မှတ်မိနေ ခဲ့ပါသည်။ ကျွန်တော် သုံးတန်းအရွယ် ကျောင်းက ပြန်လာသော တစ်နေ့ဖြစ်ပြီး အိမ်ထဲသို့ ဝင်သည်နှင့် တွေ့လိုက်ရသော အနီရဲရဲ ဆိုဖာဆက်တီ ကလေးသည် ကျွန်တော်တို့ အိမ်၏ ဧည့်ခန်း ကျဉ်းကျဉ်း လေးထဲတွင် ထင်းခနဲ […]


သူရႆဝါJuly 6, 20112min35512
“သူရဿဝါနှင့် Chatting” ဒီတစ်ပတ် ရေးဖို့ စိတ်ကူးမိ တာကတော့ Chatting ပါ။ ဒီဝေါဟာရ ကိုတော့ အထွေအထူး ရှင်းပြစရာ လိုမယ် မထင် ပါဘူး။ အမြန်ယာဉ်လိုင်း တွေလို မြန်ဆန်ရမ်းကား .. အဲ .. အဲ .. မြန်ဆန်ထွန်းကား လှတဲ့ နည်းပညာ ခေတ်ကြီးကို အလွန်အကျူး နည်းမှန်လမ်းမှန် လေ့လာ လိုက်စား နိုင်ကြတဲ့ သူရဿဝါတို့ မြန်မာ နိုင်ငံသား အတော်များများ ကတော့ အင်တာနက် ဆိုရင် ချက်တင်ထိုင်တယ် ဆိုတာနဲ့ တွဲပြီး သိကြပါတယ်။ ချက်တင်က ဒီလောက်အထိ ကျွန်တော်တို့ တတွေကို လွှမ်းမိုးထား နိုင်တယ်ခင်ဗျ။ အင်တာနက် စသုံးခါစ User အားလုံးနီးပါး ချက်တင် မထိုင်ဖူးသူ […]


သူရႆဝါJune 30, 20114min2334
“သူရဿဝါနှင့် Cyber Bullying” ဒီတစ်ခေါက် ကျွန်တော် ရေးချင်တာက Cyber Bullying အကြောင်း။ Bully ဆိုတာ လူတစ်ဦးက အခြား တစ်ဦးကို အနိုင်အထက် ပြုတာ၊ အနိုင်ကျင့် ခြိမ်းခြောက်တာလို့ ယေဘုယျ အဓိပ္ပါယ် ဖွင့်လို့ ရသည်။ ဒီတော့ Cyber Bullying ဆိုတာက ကျွန်တော်တို့ ကျင်လည် ကျက်စားလေ့ ရှိသည့်၊ ကိုယ့်အိမ် ကိုယ့်ယာ ပမာ သဘောထားသည့် ဖန်ကြိုးမျှင် ဆက်သွယ်ရေး လောကကြီး အတွင်းရှိ Account တစ်ခု ID တစ်ခုကို ကျန် Account တစ်ခု (သို့မဟုတ်) Account အစုအဖွဲ့ တစ်စုက အင်တာနက် ဆက်သွယ်ရေးကို ကြားခံထားပြီး အွန်လိုင်း အနိုင်ကျင့်မှု ပြုလုပ်တာ၊ […]


သူရႆဝါJune 21, 20119min1661
  (၁) နှင်းဖြူ မြူခိုးတွေ ဖွဲဖွဲဝေဝေ ကြွေတဲ့ ကာလ။ လွမ်းမောစရာ ကောင်းတဲ့ မနက်ခင်း တစ်ခု မှာပဲ ကောင်လေးဟာ သူ့အတွက် “နှင်းမှုန်အိပ်မက်လေး” လို့ နောင်တစ်ချိန် နာမည် ပေးထား မိမယ့် နှင်းဖြူ နတ်သမီး လေးကို ဝိုးဝိုးဝါးဝါး နှင်းပြောက်တွေ ကြားမှာ စတွေ့ ခဲ့တယ်။ မြင်မြင်ရာ မှုန်မှိုင်း စိုစွတ်ပြီး ချမ်းစိမ့်စိမ့် တိုက်ခတ်တဲ့ ဟူးဟူးရားရား လေညင်းတွေ ကြားမှာ ကောင်မလေးဟာ နှင်းမှုန် တွေနဲ့ အပြိုင် ပျိုပျိုရှားရှားလေး သိပ်ကို လှပ နေခဲ့တယ်။ အလင်း မပွင့် သေးတဲ့ ဆောင်းနံနက်ခင်းရယ်၊ ကောင်မလေးရယ်၊ သူ့ကိုယ်ပေါ်က အားကစား ထရက်စု ဝတ်စုံလေး ရယ်ဟာ ကောင်လေး […]


သူရႆဝါJune 18, 20116min46818
  “ကျွန်တော့်ကမ္ဘာရဲ့မျက်ရည်စတွေ”   (၁) ထင်မှတ် မထားတဲ့ တစ်ရက်မှာ ကျွန်တော့် အဖေ နယ်က ပြန်လာ ပါတယ်။ အဖေ ပြန်လာတဲ့ အချိန်မှာ ကျွန်တော်က ရုံးတက် နေခဲ့တယ်။ အဖေ ရောက်ရောက်ချင်း မသိလိုက်ဘူး။ ည ၈ နာရီလောက် အိမ်ပြန် ရောက်မှ အဖေနဲ့ ဆုံတယ်။ မတွေ့တာ ကြာပြီ ဖြစ်တဲ့ သားကို ဖက်လှဲ တကင်း နှုတ်ဆက် ပါတယ်။ ဒါပေမယ့် အဖေ့ မျက်လုံး ထဲမှာ ကျွန်တော့်ကို တွေ့ရလို့ ဝမ်းသာတဲ့ အရိပ်အယောင် တွေအပြင် ရုတ်တရက် ကျနော် ဝေခွဲ မရနိုင်တဲ့ အရိပ် တစ်မျိုး မြင်လိုက် ရတယ်။ အဖေ ဘာဖြစ် […]