ဆူးApril 2, 20111min22412
တက္ကသိုလ် ဆိုတာ ကြီး တက်တဲ့ အချိန်ကတော့ တာဝ ဆိုတဲ့ ဝေးလံတဲ့ အရပ်မှာ နေ့စဉ် သွားမတက်နိုင်ခဲ့လို့ တက္ကသိုလ်မှာ သူငယ်ချင်းများ မရှိခဲ့ဘူး။ အဝေးသင်တက်ပြီး ကျောင်းဖွင့်ရက်မှာ ပထမ တရက်သွားတယ် ပိတ်ခါနီး ၂ရက် အလိုမှာ စာမေးပွဲ အချိန်စာရင်းကူးတယ်။ ဒီကြားထဲမှာတော့ အဆိုင်းမန့်တွေ တင်ဖို့ တခေါက်လောက် သွားတယ်။ စာတွေကတော့ ကျူရှင်တက်ပြီး ဖြေရင်းနဲ့ အောင်သွားတာပါဘဲ။ တက္ကသိုလ် အမှတ်တရ မရှိခဲ့ပေမဲ့.. တက္ကသိုလ်နဲ့ အပြိုင် ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ ဖွင့်တဲ့ သင်တန်းတခု သွားတက်ခဲ့ပါတယ်။ ကျောင်းက တပတ် ၅ရက်တက်ရတော့ သူငယ်ချင်းတွေ တော်တော်များများရပြီး ခင်မင်ခဲ့ပါတယ်။ အမှတ်ရဆုံး နဲ့ တွေးလိုက်တိုင်း ရီစရာ ကောင်းတဲ့ အဖြစ်အပျက်ကလေးကတော့.. ကျောင်းချိန်လစ်ပြီး သူငယ်ချင်းတွေ […]


ဆူးApril 1, 20111min2024
ကမာ္ဘ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော် တရုတ်နိုင်ငံ စီချွမ်ပြည်နယ် ( Sichuan Province) ၊ အိမေးရှန်မြို့ (Eimeishan City) တရုတ်နိုင်ငံ လီရှန် မြစ်ဘေးမှာရှိ ဗုဒ္ဓရုပ်ပွါးတော်ကြီးဖြစ်ပါတယ်။ တောင်နံရံမှာ ထွင်းထုထားတာဖြစ်ပြီး ခြေနှစ်ဘက်စုံချထားတဲ့ ” ပြလမ္ဗနာသန” ဖြစ်တယ်။ ရှေ့ဘက်မှာရှိ မြစ်သုံးစင်း ဆုံရာနေရာ နှင့် တဘက်ကမ်းရှိ လီရှန်မြို့ကို မျက်နှာမူလျက် တွေ့ရပါတယ်။ အာဖဂန်နစ္စတန် ဘာမီရန် တောင်ကြားက အကြီးဆုံးရုပ်ပွါးတော်တွေထက် ၁၈မီတာ ပိုရှည်လို့ ကမာ္ဘ့အကြီးဆုံး ဗုဒ္ဓရုပ်ပွါးတော်အဖြစ်မှတ်တမ်းဝင်တယ်။ ဦးခေါင်းထက် ရစ်ခွေပြီးပုံဖော်ထားတဲ့ ဆံကျစ်တော် ပေါင်း ၁၀၂၁ ရှိကာ အမြင့် ၇၁ မီတာ။ ပခုံးအကျယ် ၂၈ မီတာ။ မျက်နှာတော် အရှည် ၁၄.ရ မီတာ နဲ့ မျက်နှာပြင်အကျယ် […]


ဆူးApril 1, 20111min2859
နေပြည်တော်မှာ နေတုန်း အသိမိတ်ဆွေများ ထမင်းဖိတ်ကျွေးတာနဲ့ ရေပြာဆိုတဲ့ ရွာမှာ ညနေစာ ထမင်းသွားစားခဲ့ပါတယ်။ အိမ်ရှင်တွေ ရဲ့ ပြူငှာတဲ့စေတနာနဲ့ အိမ်ကြီးကို သဘောကျလို့ မှတ်တမ်းတင်ခဲ့ပါတယ်။ အိမ်အောက်က စပါး တင်း ၂၀ဝ လောက် ဆန့်တယ် စပါးကျည် ရွာထဲက စေတီလေး ရွာဈေးတန်းလေး ရွာထဲက အိမ်တွေ… ရွာထိပ်ဘက်က ရာဇဌာနီ လမ်းမကြီးရဲ့ တဖက်တချက်မှာ ခပ်လှမ်းလှမ်းက မြင်ရတဲ့ လွမ်းတောင် စေတီ ယခင် နေပြည်တော် မတိုင်ခင်က ရွာသူကြီး လုပ်တဲ့ လူနေတဲ့ အိမ်.. ယခုတော့ သူကြီး အသစ်ပြောင်းသွားပြီ။


ဆူးApril 1, 20112min34025
ဝင်ကြေး ၁၀၀ဝ ကားခ ၁၀၀၀ ၂၀၀ဝ ပေးမှ ဝင်လို့ရပါတယ်။ အထဲက အကောင်လေးတွေကို မြင်တော့ မရိုက်ဘဲ မနေနိုင်လို့ ရိုက်ယူခဲ့တယ်။ ပုံလေးတွေကို ကြည့်လိုက်ပါအုန်း ထိုကဲ့သို့ ခြံဝန်းကြီး ခတ်ပြီးတော့ ကျား ခြင်္သေ့ တွေကို ထားပါတယ်။


ဆူးMarch 31, 20111min1884
ယခင်က နေပြည်တော် မတည်ခင်က ထိုမြေနေရာများ ၁သိန်းဝန်းကျင် ၂သိန်း အလွန်ဆုံး ၃သိန်းပေါ့.. ယခုတော့ စီမံကိန်းတွေ ရှိလာတဲ့ အတွက် နေရာပေါ်မူတည်ပြီး ၃ဝ ကနေ ၁၀၀ဝ လောက် ပေါက်တယ်လို့ ပြောတယ်။ တချို့ဆို အလျင်အမြန် မြေတွေ ဝယ်ပြီး ရင်းနှီးမြုပ်နှံမှုတွေ လုပ်နေကြတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက် အကွက်အကွင်းကျရင် သိန်းပေါင်းများစွာ ရနိုင်ရန် မျှော် လင့်လျက်…………….


ဆူးMarch 31, 20113min4508
အဝေးတစ်နေရာ ကနေဘုရားကြီးကို မြင်တွေ့ရတာ ဖြစ်ပါတယ်။ ဘုရားပေါ်ကနေ မြင်တွေ့ရတဲ့ ကားရပ်နားကွင်း အောင်မြေ နေရာ ဖြစ်ပါတယ်။ ဟိုးအဝေးက မြင်နေရတဲ့ လွမ်းတောင်က စေတီလေး ဖြစ်ပါတယ်။ ဖြူဖြူ အတန်းလေးက လွတ်တော် အဆောင်အုံ ဖြစ်ပါတယ်။ ကင်မရာ ဇွန်းရသလောက် ဆွဲရိုက်ပေမဲ့ သိပ်မမြင်ရဘူး ဖြစ်နေတယ်။ လမ်းမီးတွေ ထိန်ထိန်ငြီးနေတဲ့ လမ်းမကြီး တွေ နဲ့ အဆောက်အအုံတွေကို ရိုက်ယူထားတာ ဖြစ်ပါတယ်။ ဘုရား အတွင်း ပတ်လမ်း မှ ပုံအချို့… သူအိုသူနာ ရဟန်း မြင်ပြီး တောထွက်တော်မူခန်း တောထွက်တဲ့ အခန်း ဘုရားမဖြစ်ခင် ၆နှစ် ကျင့်စဉ် အခါ ဒုက္ခရ စရိယာ ကျင့်ခဲ့တာကို ပြတဲ့ အကွက် ဖြစ်ပါတယ်။ မာန်နတ် […]


ဆူးMarch 31, 20111min2376
ရေပန်းဥယျာဉ်ထဲ မှာ ကင်မရာ တလုံးကို အခွန် ၂၀၀ဝ တောင်းလို့ မပေးချင်လို့ ဘာမှ မရိုက်ဘဲ နေခဲ့တာ.. အတွင်းက ရေပန်းတွေကတော့ သိပ်တော့ ထူးဆန်းလှတယ် မဟုတ်ပေမဲ့.. လှေကြီးကိုတော့ အမှတ်တရ ရိုက်ယူခဲ့တယ်။ သတင်းအနေနဲ့တော့ သိပြီးသား ဖြစ်မှာပါ။ အခုမှ တွေ့လို့ ရိုက်လာတာ.. အားပေးကြအုန်းပေါ့။ သင်္ကန်းနက် လှေသမိုင်း သင်္ကန်းနက် လှေတော်ကို နေပြည်တော် လွတ်တော် အဆောက်အအုံ အနီး ငလိုက်ချောင်းနှင့် ချောင်းမကြီး ဆုံရာ နေရာတွင် ဘီစီ ၂၀၀ရ မတ်လ ၂ရက်တွေ့တွင် တွေ့ရှိခဲ့သည်။ အလျား ၄၃ပေ အနံ ၂ပေ၆လက်မ လုံးပတ် ၁ဝပေ ရှိသော သင်္ကန်းနက် တစ်ပင်တည်းကိုသာ ထွင်းလုပ်ထားသော ရှေးဟောင်းလှေတော်ကြီး ဖြစ်ပါသည်။ […]


ဆူးMarch 29, 20111min3279
နေပြည်တော် ပုဗ္ဗသိရိမြို့ ရာဇာဌာနီ လမ်းမကြီး လက်လုပ်တောင် တောရ တွင်ရှိသော နန်းသွင်းစေတီတော် မြတ်ကြီး၏ သမိုင်းအကျဉ်းဖြစ်ပါသည်။ ရှေးလွန်လေပြီးသော ကာလက မဏိပူရပြည့်ကြီးရှင် ဘုရင်ကြီး၏ တောင်နန်းစံ မိဖုရားကြီးမှ သားတော် သုံးပါး ထွန်းကားခဲ့၏။ ညီတော် နောင်တော် နှစ်ပါးက ထီးနန်းငြီးငွေ့၍ တောထွက်ခဲ့ကြရာ ယက်ပေါက်တောင်တန်း အစ လက်လုပ်တောင် ဒေသသို့ ရောက်ခဲ့ကြ၏။ အကိုက လွမ်းတောင် တွင်နေ၏ ညီက လက်လုပ်တောင်တွင်နေ၏။ ညီအငယ်ဆုံးက အဘိဓမ္မရာဇာ က မင်းပြုလေသည်။ လက်လုပ်တောင်ဟုသည် ယင်းတောင်၏ မြောက်ဘက် တမိုက်ခွဲခန့်က မြေများကို သယ်ဆောင်၍ ညတွင်းပြီးတောင်ဖို့ ယူခဲ့ကြ၏။ ညီတော် နောင်တော်တို့၏ သိဒ္ဓိ မဟိဒ္ဓိ အစွမ်းများလည်း ပါ၏။ လက်ခုပ်များဖြင့် သယ်ယူ၍ ယူသောကြောင့် […]