Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Kyi LwinMay 14, 20122min2462
ဗုဒ္ဓဝါဒီရှုမြင်တဲ့ ဒီမိုကရေစီနိုင်ငံဆိုတာ ဘိက္ခုဓမ္မပိယ (ယူအက်စ်အေ) မေ ၁၂၊ ၂၀၁၂ လွန်ခဲ့တဲ့သုံးပတ်ခန့်က “ဗုဒ္ဓဝါဒီနှင့် ဒီမိုကရေစီနိုင်ငံတော်’’ အမည်နဲ့ ဆောင်ပါးတစ်ပုဒ်ရေးဖြစ်ခဲ့တယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ နှစ် ပေါင်းရှစ်ဆယ်နီးပါး လျှောက်လှမ်းနေပြီးဖြစ်ပါလျှက် စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီသို့ မရောက်ရှိနိုင်သေးတဲ့ ထိုင်းနိုင်ငံရဲ့ဒီမိုကရေစီအကြောင်း တစေ့တစောင်းနဲ့၊ ဗုဒ္ဓဝါဒီတယောက်ရဲ့အမြင်နဲ့ ဒီမိုကရေစီစံနစ်အပေါ်မှာ သုံးသပ်တင်ပြထားခြင်းပါ။ ဒီမိုကရေစီဆိုတဲ့လမ်းစဉ်နဲ့ မြန်မာပြည်သူ၊ ပြည်သားတွေ နှစ်ပေါင်းငါးဆယ်ကျော် အလှမ်းကွာဝေးခဲ့ကြရတဲ့အတွက်ကြောင့် ဒီမိုကရေစီ စံနစ်ရဲ့ အနှစ်သာရကို ခံစားသိရှိသူတွေ အတော်ကိုနည်းသွားပြီလို့ ဆိုရမှာပါ။ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီစံနစ် ပျောက်ဆုံးသွားတဲ့နှစ်ပေါင်းက ငါးဆယ်ကျော်ဆိုတော့ အတော်ကြီးကိုကြာသွားပြီလို့လဲ ဆိုရမှာပါ။ ၁၉၆၂ ခုနှစ်မှ နောက်ပိုင်းကာလများမှာလည်း ဒီမိုကရေစီဆိုတဲ့စကားကို ရောင်လို့တောင် အိပ်မက်မမက်ရဲခဲ့တဲ့ ခေတ်ကာလများဆိုတော့ ဒီမိုကရေစီအကြောင်းကိုပြောခဲ့မိရင် ရောသမမွှေခံရမှာကို ကြောက်လို့ထင် ပါရဲ့ ဒီမိုကရေစီဆိုရင် ဝေးဝေးက […]


Kyi LwinMay 10, 20121min54715
လု ၊ လူ ၊ လူး   မန္တလေးဂေဇက်မှ သူကြီးနဲ့ ရွာသားများ ကျန်းခန့်သာလို့မာကြပါစ။   တို့များ ရေးလိုက်တဲ့ နေရာတစ်နေရာ အတွက် အနည်းငယ်ပြန်ရေးလာတဲ့ မှတ်ချက်လေးတွေဖတ်ပြီးသကာလ အတွေးတွေပြန့်လာခဲ့တယ်။ လူ  ကိုယ်ချစ်ရတဲ့ သူ အတွက် အတ္တကို ဦးစားပေးတတ်တဲ့သဘောကို နားလည်ပေးရမလား။ အဲဒီလို လုပ်ရပ်အတွက် ကိုယ်က ဝင်ပြောဖို့ အခွင့် အရေး ရှိရဲ့လား။ ဝင်ပြောတဲ့ ကာယကံရှင်က ဘာလဲ ဆိုတာ အဓိက လား။ ဒီမေးခွန်းတွေက တို့များကို ခေါင်းနပန်းကြီးစေခဲ့တယ်။ နေရာ ဆိုတဲ့ စကားနဲ့ ဆက်နွယ်ပြီး အခွင့်အရေးဆိုတာကိုပါ တွေးမိတယ်။ တို့များ ပတ်ဝန်းကျင်မှာ မကြာခဏ ဆိုသလို ကြားရတတ် တဲ့ စကား၊ လူတော်တော်များများလည်း […]


Kyi LwinApril 19, 20121min2443
                                                             မြန်မာ သက္ကရာဇ် တန်ခူးလပြည့်ကျော် ၁၃ ရက် ၁၃၇၄   နှစ်သစ်မင်္ဂလာ မေတ္တာစာ   မန္တလေးဂေဇက်မှ ရွာသူကြီးနဲ့ တကွ ရွာသားများအားလုံး မင်္ဂလာအပေါင်းနဲ့ ခညောင်းတဲ့ နှစ်သစ်မင်္ဂလာအချိန်အခါဖြစ်ပါစေသောဝ်။   တနှစ်တော့ အသစ်ကူးပြန်ပေါ့။ သင်္ကြန်ပိုး ထ သူတွေလည်း ငွေကုန်လူပန်းနဲ့ တော်တော်လေးမှ လန်းကျန်ခဲ့ကြပါ့မလား။   နှစ်ဟောင်းမှာ ဘာတွေလုပ်ခဲ့မိပါလိမ့်။ ဘယ်လောက် တိုးတက်ခဲ့။ ဘယ်လောက်တု်ယုတ်ခဲ့။ ဘယ်သူ့ကို ခြေထိုးခဲ့။ ဘယ်သူ့ကို ပါးပါးလှီးခဲ့။ ကိုယ့်အကျိုးအမြတ်အတွက် ဘယ်ကောင့်ကို နင်းခဲ့ အဲလေ တွေးကြည့်ကြရင်ဖြင့် ကိုယ်ကို်ယ်ကိုယ်ပြန်မြင်မိကြကာ အခုလာမယ့် နှစ်သစ်အခါက စလို့ အရင်လို အဆိုးတော့ပါဘူး။ မမိုက်တော့ပါဘူး။ အလိမ်အညာတွေနဲ့ မညစ်ပတ်တော့ပါဘူး လို့ ဆုံးဖြတ်မယ့်သူများရှိရင် တို့များကို လက်တို့လှည့်ပါ။မြင်ဖူးအောင် […]


Kyi LwinApril 10, 20121min2356
မန္တလေးဂေဇက်မှ သူကြီးနဲ့ ရွာသားအပေါင်းကျန်းမာကြပါစရှင်။ သင်္ကြန်နားနီးလာတယ်ဆိုရင်ပဲ သင်္ကြန်သီချင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင်ကြားရ နွေအကူးပေမ်ို့ လေရူးကဆော် ဥဩ သံချိုနွဲ့နွဲ့နဲ့လွမ်းတဲ့သူကလွမ်းသလို သင်္ကြန်ပိုးထလို့ တရွ ရွနဲ့ က ချင် ခုန်ချင် ဖြစ်သူတွေကလည်း အများသားလား။ အင်း တစ်နှစ်ကူးပြန်တော့ ပုရစ်ဖူးတွေ စီရရီနဲ့ ပွင့်ရှာမယ့် ရွှေပိတောက်ကလည်း နွေရောက်ပြီလေလို့ ဆိုလေသလား။ နှစ်စဉ်နှစ်တိုင်း နွေရောက်လို့မီးကြောက်တဲ့သူတွေထက် သကြန်အတွက် အရူးအမူးဖြစ် နေသူတွေက ပိုလိမ့်မရှင့်။ သင်္ကြန်မတိုင်ခင် ဖေဖေါ်ဝါလရီလလောက်ကတည်းက ကန်တော်ကြီးထဲ သင်္ကြန်အတုလုပ်ပြီး ဒီဗီဒီ ရိုက် ဘော်ချက်သူတွေ ဆတ်တောက် ဆတ်တောက်နဲ့ မနူးမနပ်ဖြစ်နေတဲ့ ကုလားပဲလို ဟစ်ဟော့ပ် သံကြား ခုန်စွ ခုန်စွ ဖြစ်နေတဲ့သူတွေက ဘော်ချက်မယ့်သူတွေအတွက် မြက်ခင်းစိမ်းတဲ့ စားကျက်မြေ ပေပဲ။ မန်းလေးက မြို့မအဖွဲ့ကြီးက တီးတဲ့ […]


Kyi LwinApril 4, 20121min1831
4.4.2012 ခါတော်မီ ဒုက္ခ နဲ့ သတ္တိရှင် ဓမ္မစရိယ ဂေဇက်သူကြီးနဲ့တကွ ရွာသားများကျန်းမာတော်မူကြပါစ။ မြန်မာ့ဓလေ့ ယဉ်ကျေးမှုကြောင့် ခုနေခါ နွေရာသီကျောင်းပိတ်ရက်တွေမှာ ကျောင်းသား ကျောင်းသူလေးတွေကိုအထိမ်းရသက်သာအောင်( အဲလေ ) ကုသိုလ်ရအောင် ရှင် ၁၀ဝ ရှင် ၁၀၀ဝ စသဖြင့် စုပေါင်းကုသိုလ်ပြုပွဲတွေတွေ့ရပြန်တော့ ဪ ကောင်းပါလ့ မြန်မာ့ဓလေ့ရယ်လို့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ဘာသာ ဘဝင်ခပ်မြင့်မြင့် ဖြစ်မိသကွဲ့။ ကမကထပြု ဦးဆောင်သူတွေ တဦးထဲ ကုသိုလ်ရှင်တွေကိုလဲအားကျမိရဲ့။ ပြည်ပေါ်မှာ ရွှေကြော်ငြာထုတ်ပြသပေးတဲ့ MRTV 4 ကိုလည်းကျေးဇူးတင်ရဲ့။ တဦးတည်းအလှူရှင်ထက် အများကောင်းမှု ဝိုင်းဝန်းပြုနိုင်တဲ့အသင်းအဖွဲ့တွေကိုပိုပြီး ဝမ်းမြောက် ဂုဏ်ယူမိရဲ့ရှင်။ မတစ်ရာသား မတစ်ထောင်သားတွေကို တယောက်တပေါက်တွေကြားကနေ စုစုစည်းစည်းနဲံလုပ်ဆောင်နိုင်တယ်ဆိုတာ နည်းတဲ့အရည်အချင်းမှမဟုတ်ပဲလား။ မတတ်နိုင်ရှာတဲ့ကလေးငယ်များအတွက် ပေါင်းစုတဲ့ အများကောင်းမှုမို့ သာဓုခေါ်မိပါရဲ့။   အိမ်း […]


Kyi LwinMarch 30, 20121min54525
ခေါင်းစဉ်ဖတ်လိုက်တာနဲ့ သူကြီးနဲ့တကွရွာသားတွေတော့ တို့များက လုပ်လိုက်ပြန်ပြီလို့ထင်တွေးတော်မူကြရော့မယ်။ ဒါဟာ စိန်ခေါ်မှုတစ်ခုပဲ။ဒါပေမယ့် လူမိုက်ခေါ် ခေါ်တဲ့ ချဲလင့်ချ် တော့မဟုတ်ဘူးနော်။  တို့များရဲ့တိုင်းပြည်မှာ သတ္တိရှိသူတွေလိုအပ်နေလို့ သတ္တိရှိသူတွေထွက်ခဲံလို့ခေါ်ခြင်းပါ။ တို့များသတ္တိရှိဖို့လိုုပြီ။ နက်ဖြန် သဘက်ခါဆိုပဲ တို့များနဲ့ညစ်ပတ်တဲ့ပြိုင်ဖက်တွေကအင်အားသုံးပြီး ညစ်ပတ်နိုင်မယ့် အရေးကြီးတဲ့ ယှဉ်ပြိုင်ပွဲတပွဲရှိတယ်။ ပြိုင်ပွဲမှာနေရာနဲ့ အရေအတွက်က မပြောပလောက်ပေမယ့် တို့များရဲ့သတ္တကိုပြရမယ့်အရေးကိစ္စဖြစ်သလို အရေအတွက်ပမာဏနဲတဲ့နေရာကိနေပြီးတာ့ ယုံကြည်ချက် ခိုင်ခိုင်မာမာနဲ့ သတ္တိရှိတြ့စိတ်ဓါတ်တွေကိုင်စွဲထားမှ အမှန်တရားကိုအသုံးချ မတရား ညစ်ပတ် မိုက်မဲမှုတွေကို တိုက်ဖျက်တွန်းလှန် နိုင်ဖို့ အတွက် ကြိုးပမ်းကြမယ့် ကိစ္စမှာ သတ္တိရှိသူတွေထွက်ခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။ တို့များတွေးမိသလိုရေးရရင် သတ္တိဆိုတာဘာလဲ။ သတ္တိဆိုတာ ထိုးရဲ ခုတ်ရဲ သတ်ရဲ ဖြတ်ရဲတာကို သတ္တိလို့ခေါ်သလား။ ဒီပဲယင်းတောထဲမှာ မှောင်မိုက်တုန်း ချောင်ပိတ်ပြီးရိုက်ကြ နှက်ကြ ပစ်ကြ ခတ်ကြတာ သတ္တိလား။ မတရားမှုကိုထောက်ပြမယ့်သူ […]


Kyi LwinMarch 26, 20121min2667
မန္တလေးဂေဇက်မှ သူကြီးမင်းနဲ့ တကွ ရွာသားများ စိတ်လက်ချမ်းသာရှိကြပါရဲ့လားရှင့်။ တို့များတော့ ရေးချင်တာလေးရှိပြန်တော့ သည်းခံခွင့်လွှတ်ဖတ်တော်မူကြပါလို့။ တို့များမတော့ ပြောစရာလေးတွေက အစီအရီ။ တို့များကို်ယ်တို်င်ကပဲ မြင်တတ်လွန်း တာလား ။ မြင်ရတဲ့ မြင်ကွင်းတွေကိုက ပြောချင်စရာအဖြစ်တွေပဲလား။ တို့အရပ်ထဲက စိန်စိန်ရယ်ပေါ့။ အရင်တုန်းကလည်း အရပ်ထဲတွေ့နေမြင်နေရတာပါ။ လူရည်က ခပ်လည်လည် ဆိုပါတော့။ ကြည့်လိုက်ရင်တော့ မခုတ်တတ်တဲ့ကြောင်အိုကြီးလိုလို။ အဝတ်အစားတွေကလည်း အခြေ အနေ အချိန်အခါအလိုက် ပြောင်းလဲ ဝတ်ဆင် ပြုမူတတ်လေရဲ့။ အဲ… ဘယ်လိုပြောရမလဲ။ ဘယ်လမ်း မာ ဘယ်ပန်းပန်ရမယ်၊ ဘယ်အရပ် ဘယ်ဇာတ် က ရမလဲ။ စိန်စိန်တို့က ဘယ်ဖက်က စမ်းစမ်း ။ ဒီရုပ် ဒီရည်နဲ့ပဲ စရိုက် ၃- ၄ မျိုးလောက်တော့ လုပ်ပြနိုင်ရဲ့။ ဟော…ကံများကောင်းတာက […]


Kyi LwinMarch 21, 20121min3888
တို့များဒီမနက်ရုံးအလာ မထသ ဘတ်စ်ကားပေါ်က အတွေ့အကြုံက ဒီစာရေးရခြင်းအကြောင်းရင်းပေပဲ။ တို့က ပြည်သူထဲက ပြည်သူမို့ ပြည်သူစီးရတဲ့ ဘတ်စ်ကားနဲ့ အမြဲတန်း တိုးဝှေ့ ကြပ် ညပ်ပြီး စီးနေကျ။ နေရာရရန် အလို့ငှာတော့ ရုံးဆင်းချိန်မှာ ဘတ်စ်ကားကို တစ်မှတ် တိုင် ကြိုပြီးစီးတဲ့ စနစ်လေ။ ကား ပတ်စီးတယ်လို့ခေါ်တာပေါ့။( ရွာသားတွေထဲမှာ ဘတ်စ်ကားမစီးဘူးတဲ့သူပါရင်နားလည်အောင်နော်။) ၅ဝ ကျပ်ပိုပေးပြိး နေရာယူတဲ့စနစ်ပေါ့။ ခုံမှာ စတိုင်လေးနဲ့ထိုင် စာအုပ်ဖတ်ချင်ရင်ဖတ်၊ ပြတင်းပေါက်ဖက် နေရာရတဲ့အခါ အပြင်ဖက်ငေးချင်ငေး ။ဒါမှမဟုတ် အလယ်လမ်းဘေးဖက်လုံဆိုရင်တော့ကားပေါ်မှာ စီးလာတဲ့ ခရီးသည်တေါရဲ့မျက်နှကြို ဥပတိရုပ်ဖတ်တဲ့ပညာနဲ့ ဥပတိရုပ်ဖတ်ပေါ့။ ဟော ဟိုကောင်မလေး ဝတ်စားထားတဲ့ပုံစံက ဘယ်လိ ု…။ ဟိုလူကတော့ကြည့်ရတာဘယ်ပုံ…။ ဒါကလည်း ဘတ်စ်ကားစီးရင်းပညာယူနည်းလေ။ (တွံ သင်တို့သည် ဂဏှာဟိ မှတ်လေတော့။) တို့များက […]


Kyi LwinMarch 19, 20121min57920
မင်းသား လွင်မိုး ရဲ ့ ကုမ္ပဏီ က ဘူဒိုဇာ တွေ ထား ဝယ်ဒေသ ကကျေးရွာ တွေ ကို ဖျက် ဆီးနေ _________________________________________________ via Nay Wai| Win Cho ထားဝယ်နောက်ဆုံးသတင်း – နဘူးလယ်ဒေသ ထိန်ကြီးကျေးရွာ ဦးအေးဖေ+ဒေါ်သီး တို့ရဲ့ သီဟိုဠ်ခြံထဲကို ရုပ်ရှင်သရုပ်ဆောင် လွင်မိုး၏ ကုမ္ပဏီမှ ဘူဒိုဇာများ ညဘက်အထိ ထိုးဖျက်နေ လျော်ကြေးကိစ္စလုံးဝစကားမပြောသေးပါ ။ ရွာသားတွေ ဒေါသထွက်နေ အတိအကျ သိလိုလျှင် နေမျိုးဝေ ဝ၉-၈၆၁၀၇၁၉ သို ့ဆက်သွယ် မေးမြန်းနိူင်ပါတယ်ခင်ဗျား။ By: Freedom News Group(Burma) သေချာအောင်ဖုန်းနံပါတ်ပါထည့်ပေးထားပါတယ်။ ဒီကောင် အလကားကောင်။ အရင်တုန်းကတော့ အနုပညာသည်ဆိုပြီးအားပေးခဲ့တာ။အကြောင်းမသိခင်ကတော့ ဪ […]


Kyi LwinMarch 16, 20121min35010
ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းဖို့ ထမံသီကို ရပ်ဖို့လို ဟုဆို နေမျိုး | ကြာသပတေးနေ့၊ မတ်လ ၁၅ ရက် ၂၀၁၂ ခုနှစ် ၁၆ နာရီ ၄ရ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒေသခံများ၏ စားဝတ်နေရေးကို ဖြေရှင်းပေးနေသည်ဟုဆိုကာ ချင်းတွင်းမြစ် လွတ်လပ်စွာ စီးဆင်းနိုင်ရေး ထိုမြစ်ပေါ်တွင် တည်ဆောက်မည့် ထမံသီဆည် တည်ဆောက်မှုကို ရပ်ဆိုင်းပေးရန် ဒေသခံတို့က ဗုဒ္ဓဟူးနေ့တွင် ဆုတောင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်ကြသည်။ ဆုတောင်းပွဲကို စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရှိ လေဝေယံရွာတွင် ကျင်းပခြင်းဖြစ်ပြီး ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာဝင် ဒေသခံ ကူကီးလူမျိုးများနှင့် ရှမ်းလူမျိုးများ ၁၅ဝ ခန့် စုဝေးတက်ရောက်ခဲ့ကြသည်။ အဆိုပါ ဆုတောင်းပွဲကို ဦးဆောင်ပြုလုပ်သူ ကူကီးတိုင်းရင်းသူ […]


Kyi LwinMarch 15, 2012341min40620
From the album: Wall Photos By Orange Demo ကျုပ်သေမလောက်ဒေါသထွက်တယ် ဟောဒါက ဗိုလ်ချု့ပ်ကြီးသန်းရွှေရဲ ့နေပြည်တော်က အိမ်အသစ်ဗျာ ဒါန်နီရယ် ပီဒါဆန် ဆိုတဲ ့သတင်းထောက် ၂၀၁ဝ ခုနှစ်မှာ နေပြည်တော်ရောက်တုန်းခိုးရိုက်ထားတာတဲ့။ ကဲ မျက်ရည်ကျဖို ့ကောင်းလောက်အောင်ကို ဒေါသထွက်တယ်။ ကျုပ်တို ့ပြည်သူတွေဘဝနဲ့နှိုင်းယှဉ်စမ်းပါ။ စစ်သားတွေဘာဖြစ်နေလဲ ဓါတ်ပုံတွေက သက်သေခံတယ်။ ထမင်းစားခန်း from 11 page ကျုပ်သေမလောက်ဒေါသထွက်တယ် ဟောဒါက ဗိုလ်ချု့ပ်ကြီးသန်းရွှေရဲ ့နေပြည်တော်က အိမ်အသစ်ဗျာ ဒါန်နီရယ် ပီဒါဆန် ဆိုတဲ ့သတင်းထောက် ၂၀၁ဝ ခုနှစ်မှာ နေပြည်တော်ရောက်တုန်းခိုးရိုက်ထားတာတဲ့။ ကဲ မျက်ရည်ကျဖို ့ကောင်းလောက်အောင်ကို ဒေါသထွက်တယ်။ ကျုပ်တို ့ပြည်သူတွေဘဝနဲ့နှိုင်းယှဉ်စမ်းပါ။ စစ်သားတွေဘာဖြစ်နေလဲ ဓါတ်ပုံတွေက သက်သေခံတယ်။ စစ်အာဏာရှင်တွေဟာ […]


Kyi LwinMarch 14, 20121min2030
လယ်သမားတို့ တဧက ကျပ် နှစ်သောင်း ရှုံးနေဟု ဆို မျိုးသန့် | အင်္ဂါနေ့၊ မတ်လ ၁၃ ရက် ၂၀၁၂ ခုနှစ် ၂ဝ နာရီ ၃၁ မိနစ် ချင်းမိုင် (မဇ္ဈိမ) ။        ။ ဧရာဝတီတိုင်းအတွင်းရှိ မြောင်းမြ၊ ကန်ကြီးထောင့်နှင့် ဖျာပုံမြို့နယ်များမှ စပါးစိုက်ပျိုးသည့် လယ်သမားများမှာ တဧကလျှင် ကျပ်ငွေ ၂၀,၀၀ဝ ကျော် ရှုံးနေသည်ဟု အဆိုပါမြို့နယ်များမှ လယ်သမားများက ပြောသည်။ လယ်တဧကအတွက် ရင်းနှီးစရိတ် စုစုပေါင်းမှာ ၂၅၃,၁ဝဝ ဖြစ်ပြီး ပြန်လည်ရရှိငွေမှာ ၂၃၂,ဝဝဝ ကျပ်သာ ဖြစ်ခြင်း ကြောင့် လယ်သမားများ အရှုံးပေါ်နေခြင်းဟု မြောင်းမြမြို့နယ်မှ လယ်သမား ကိုတင့်ရှိန်က မဇ္ဈိမကို ပြောသည်။ “လယ်တဧက […]


Kyi LwinMarch 13, 2012123min3338
မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော 2012-03-11 မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိ်ုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။   စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က […]