လင်းဝေApril 11, 20111min35433
အားလုံးကို ပျော်ရွှင်စေကြောင်း ဆုမွန်ကောင်းတောင်းလို့ နှုတ်ခွန်းဆက်လိုက်ပါရစေ။ သင်္ကြန်ပိတ်ရက်တွေမှာ အရေးကြီးတဲ့ မေးလ်တွေစစ်ဖို့ကလွဲလို့ အင်တာနက်ကို လုံးလုံးမသုံးတော့ပါဘူး။ အဖွဲ့သားများလည်း ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။ အဝေးမြေရောက် ရွှေမြန်မာများလည်း သင်္ကြန်ကိုလွမ်းရင်း ပျော်ရွှင်ပါစေကြောင်း ပို့သမေတ္တာထားလိုက်ပါတယ်။ မြန်မာသင်္ကြန် ( ရန်ကုန်သင်္ကြန် )ကတော့ Wet&Wild ဖြစ်တဲ့နေရာတွေမှာ ဖြစ်လို့ အရသာပြောင်း ပုံသဏ္ဍာန်လွဲသွားပါပြီ။ သို့သော် တို့များတော့ အုန်းလက်မဏ္ဍပ်လေးဆောက်ပြီး ကလေးတွေပက်၊ လူကြီးတွေ မုန့်လုပ်၊ အရက်ဘီယာလေးသောက်ရင် ပျော်ပါးစွာနဲ့ သင်္ကြန်ကို ဖြတ်သန်းပါတော့မယ်။ သင်္ကြန်အပြီးမှာ လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲဆိုတာလည်း နားစွင့်လိုသူတွေ နားစွင့်ကြပေါ။ သမ္မတအသစ်ကြီးက လုပ်မှာပါတဲ့။ ဘာတွေမေးလို့ ဘာတွေဖြေပြီး ဘာတွေ သိရမလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။ မေးမည့်သူများကသာ ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။ ဟိုဖက်က အလုပ်လုပ်နေသူများကတော့ သေချာပြင်ဆင်ထားမှာပါ။ ဘာတွေကို […]


လင်းဝေApril 8, 20111min17314
ခရမ်းမြို့နယ်ဆိုတာ ရန်ကုန်တိုင်းထဲကပါ။ သန်လျှင် ဟိုဘက် အကျော်မှာပါ။ အဲဒီ ခရမ်းမြို့နယ်က ဆရာဝန် ဦးမြင့်စိုး ( ဆမ-၉၅၄၅ ) ကနေပြီး မြိုနယ် အတွင်း လူနာတွေကို အနိုင်ကျင့်နှိပ်စက်နေကြောင်း တိုင်စာ ပစ်စာ အင်တာနက်ပေါ်ပွလာပါတယ်။ ၁။ ခရမ်းဆေးရုံမှာ ဖွင့်ထားတဲ့ စားရိတ်မျှပေး ဆေးဆိုင်မှာ ဆေးတွေ ပစ္စည်းတွေကို ဈေးမတန်တဆ တင်ရောင်းပါသတဲ့။ ၂။ ခွဲမွေး ကလေးအမေများကို ငွေ ၅၀,၀၀ဝ တောင်းပါသတဲ့။ ဘာကြောင့်ခွဲခွဲ ခွဲခ ရမှ ခွဲပါသတဲ့။ ပုံမှန်ခွဲခက ၅၀,၀၀ဝ ပါတဲ့။ ပိုက်ဆံမပေးခွဲမပေးပါတဲ့။ အဲဒီလို ငွေအတောင်းကောင်းလို့ အရိုက်တောင်ခံရဖူးပါသတဲ့။ ခေါင်းနဲ့ လက်မှာ ဒဏ်ရာတောင်ရှိပါပကောတဲ့။ ၃။အခြေအနေဆိုးနေလို့ ရန်ကုန်ဆေးရုံကြီးလွှဲရမယ့် လူနာတွေကိုလည်း မလွှဲပေးပဲ မျက်ဖြူစိုက်လေ ကြိုက်လေ […]


လင်းဝေApril 8, 20111min1209
ကိုယ်လိုရာ ကိုယ်ဆွဲပြောကြတဲ့ လောကကြီးမှာ အမှန်တရားကို ဘာလဲလို့ သတ်မှတ်ရတာ ခက်တယ်။ သို့သော်လည်း လောက သစ္စာအမှန်တရားလို့ မဆိုသော်နိုင်ငြားလည်း လူမှု ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေမှာ ( အရှေ့တိုင်းမှာ ဖြစ်စေ၊ အနောက်တိုင်းမှာ ဖြစ်စေ ) လူ့ယဉ်ကျေးမှု စံနှုန်းများရှိပါတယ်။ ထိုစံနှုန်းများကို အတိအလင်း ဖွင့်ဆိုထားတာရှိသလို အကြမ်းအားဖြင့် လူတိုင်း နားလည်ထားကြတဲ့ အခြေခံစံနှုန်းများအနေနဲ့လည်းရှိပါတယ်။ ဒါကြောင့်မို့ လူ့လောကမှာ အပြောအဆို အနေအထိုင်နဲ့ ပတ်သက်လာလို့ ငြင်းကြခုံကြရင် ပရမတ္တ အမှန်တရားဆိုတာထက် လူမှု အသိုင်းအဝိုင်းမှာ လက်ခံကြသော အခြေခံစံနှုန်းများထောင့်ကနေပြီး အရင်ဆုံး ကြည့်မြင် သုံးသပ်ပါတယ်။ ဥပမာ….အိမ်ထောင်ရှိတဲ့ မိန်းမတစ်ယောက် အခြားယောကျာင်္းတစ်ယောက်နဲ့ တွဲနေတယ်၊ အိပ်နေတယ် ဆိုတာကို အဲဒီမိန်းမ ရဲ့အိမ်ထောင်ရေးပြဿနာကို အတွင်းကျကျ စဉ်းစား သုံးသပ်တာထက် […]


လင်းဝေApril 6, 20111min23913
ချဲတို့ နှစ်လုံးထီတို့ မှာတော့ ဂဏန်းထွက်ပြီးမှ ဟို ချိုင်းမှာ ဒီလိုဆိုတယ်မဟုတ်လား၊ ဒီခွင်က ကွက်တိပဲ။ ဒီပါဝါ ဒီလိုချိန်းလိုက်ရင် တွေ့တယ်မဟုတ်လား။ ဒီဂဏန်းကို မွေးထားပါဆိုတာမတွေ့ဘူးလား။ ဘာညာ စသည်ဖြင့် လေအီးပေါက်လို့ လျှောက်ရွှီး ရမ်းတုပ်လုပ်တတ်တဲ့သူတွေကို “ပေါက်ဖော်” လို့ ခေါ်ကြ ရိကြပါတယ်။ သို့သော် အခုကြားရတာကတော့ ပေါက်ဖော်ညာရွှီးလားဘာလားမသိ။ လူတွေ ပေါက်ကရ လျှောက်ပြီး မငြင်းရဲအောင်လည်း မြစိမ်းတောင် ဆရာတော်ဆိုတာပါသေးတယ်။ မြန်မာများကလည်း ခက်ပါတယ်။ နည်းနည်းလေး မရွှီးနဲ့ အား… ဟုတ်လား ဒီလိုလား ဆိုပြီး ယုံကြည်လိုက်ချင်တာ ယားနေတာပဲ။ ဘာပြောနေမှန်းမသိတဲ့သူများ သိအောင် နည်းနည်းပြောပြပါမယ်။ မေးလ်ထဲကို ရောက်လာတာပါ။ ရေးသူက ဘယ်သူမှန်းသေချာမသိပါဘူး။ အောက်မှာတော့ ဦးဦးမှော်ဆရာတဲ့။ အဲဒီစာ မှာ ဦးဝင်းမောင်ဆိုတဲ့သူက မြစိမ်းတောင် […]


လင်းဝေApril 4, 20111min1257
ပလက်ဖောင်းနဲ့ ( pavement )ပတ်သက်လာရင် ကျွန်တော် တော်တော် အထိမခံဖြစ်ပါတယ်။ မြို့ပြက လူတွေကို လူ့သိက္ခာနဲ့အညီ နေထိုင်နိုင်အောင် ကူညီတဲ့နေရာမှာ ပလက်ဖောင်းဟာလည်း အရေးပါပါတယ်။ မြို့ပြ လူထု ပို့ဆောင်ရေး စနစ်ကြီး ပြီးရင် သူကလည်း အရေးပါသော အစိတ်အပိုင်းပါ။ မြန်မာပြည် ရန်ကုန်မြို့မှာတော့ အဲဒီ ပလက်ဖောင်းဆိုတဲ့ လူသွား စင်္ကြန်တွေကို ပိတ်ဆို့ဖျက်ဆီး ပြီး လူတွေ အသုံးပြုလို့မရအောင် လုပ်နေတဲ့ လုပ်ရပ်တွေ အများကြီး ရှိပါတယ်။ အဲဒီထဲကမှ အဆိုးဆုံးကတော့ လူသွားစင်္ကြန်ပေါ်မှာ ယာဉ်ထိမ်းရဲ တဲကိုဆောက်ပြီး လူသွားစင်္ကြန်ပိတ်အောင်လုပ်တာပါ။ လူတွေ လမ်းလျှောက်ရဖို့ ဘေးကင်းရဖို့ လုပ်နေတဲ့ ဌာနက လမ်းပိတ်အောင် ဆောက်လိုက်တာတော့ တော်တော်လွန်သွားပြီ။ ဦးတည်ချက်ကို ပြောင်းပြန်ဖြစ်အောင်လုပ်လိုက်တာပဲ။ နေရာကျယ်တဲ့ လမ်းဘေးဆိုကိစ္စမရှိပါဘူး။ နေရာကျဉ်းကျဉ်းပလက်ဖောင်းမှာ […]


လင်းဝေApril 4, 20111min46821
တစ်ခါတစ်ခါ ဒီမန်းတလေး ဂေဇက်ကြီးပေါ်ဘာမှ တက်ပြီးမရေးချင်ပါ။ ဘာဖြစ်လို့ပါလိမ့်ဆိုတော့ အခြားသူတွေက သူများရေးထားတာ၊ မေးလ်ထဲကရတာ ဘာညာတွေကို အလွယ်ပဲ ကူးပြီးတင်ကြ။ ဓါတ်ပုံတစ်ပုံ ပို့စ်တစ်ခု လုပ်ပြီးတင်လိုက်ကြနဲ့ ဆိုတော့ ကိုယ်လည်း ဟိုလိုဒီလို လိုက်လုပ်မိရော။ တကယ်တမ်းအဲသလိုလုပ်တာမကောင်းမှန်းလည်း သိနေတော့ မလုပ်ချင်တော့ပြန်ဘူး။ တကယ်ကောင်းကောင်းရေးတာကျပြန်တော့လည်း အများတကာ အလွယ်လုပ်နေကြတဲ့ ဆိုက်မှာ ဘာမှန်းမသိ တွေ့ကရာ ရှစ်သောင်း ထွေရာလေးပါးတွေ ထပ်ထပ်တင်နေတော့ ကိုယ်က သေချာရေးပြီးတင်ရင် နောက်လာတာတွေ အသစ်ထပ်ပေါ်လာလို့ ကိုယ့် ပို့စ်လည်း နောက်ကိုရောက်လို့ ပျောက်သွားမှာဖြစ်ပြန်တော့ သေသေချာချာ ရေးရတာလည်း မတန်ပြန်လို့ ခံစားမိတယ်။ အမှန်မတော့ ပို့စ်တင်ရင် ပိုက်ဆံရမယ်ဆိုလို့ လူတွေကလည်း ဘာဖြစ်ဖြစ် တင်ကြတာပေါ့။ သို့သော် ဒီဆိုက်အတွက်ကော ဖတ်ရတဲ့သူတွေအတွက်ကော ဘာမှ အကျိုးမရှိရင် ဆိုက်လည်း နာမည်ပျက် […]


လင်းဝေApril 1, 20111min1285
မနေ့က အစိုးရအဖွဲ့သစ်ရဲ့ ကတိသစ္စာပြုအခမ်းအနားနဲ့ အမိန့်နာခံခြင်းအခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲတုန်းက တောင်ရှည်မပါ စလွယ်မပါလိုက်လို့ ထပ်လုပ်သလားတောင်ထင်ရပါတယ်။ စစ်တပ်မှ ပုဂ္ဂိုလ်များ ကလည်း မနေ့ကမှ အခမ်းအနားတက် ဝတ်စုံကို သေသေချာချာ ဝတ်လာကြပါတယ်။ အရင်ကတော့ လွှတ်တော်ထဲကို သူများတွေက တိုက်ပုံ ခေါင်းပေါင်းတွေ ဝတ်ပြီး အလေးထားချိန်မှာ သူတို့က သာမန် ယူနီဖောင်းနဲ့တက်လာကြတာပါ။ ထားပါတော့ ဒါက အရေးမကြီးပါဘူး။ တကယ်ပြောချင်တာက သမ္မတ အသစ်ဖြစ်သူ ဦးသိန်းစိန် ရဲ့ မိန့်ကြားချက် မိန့်ခွန်းဖြစ်ပါတယ်။ သူပြောတာက “ အစိုးရအဖွဲ့သစ်ရဲ့ အရေးကြီးဆုံး လုပ်ငန်းစဉ်ကတော့ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နဲ့ သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်လာအောင် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ အဲဒီလိုဖြစ်ဖို့အတွက်ဆိုရင် […]


လင်းဝေMarch 31, 20111min43022
ကျွန်တော်တို့ဟာ ဘာလေးဖြစ်ဖြစ် အဆင်မပြေလိုက်ရင် ဒေါသထွက်တော့တာပါပဲ။ အထူးသဖြင့် ကိုယ်ဒေါသထွက်စရာက ကိုယ်ဆိုးလို့ ကိုယ်အနိုင်ယူလို့ ရမယ့်သူများဆိုရင် ဒေါသကို အစွမ်းကုန်းထွက်ပြလိုက်တော့တာပဲ။ အရမ်းကို စိတ်ဆိုးတယ်။ အရမ်းကို ဒေါသထွက်တယ်။ ထွက်သင့်တာထက် ပိုထွက်တယ်။ စိတ်ဆိုးပြီး ဒေါသထွက်ရတာကိုပဲ ကျေနပ်သလိုလိုနဲ့။ တစ်ချို့ကျပြန်တော့ အလွန်ကို အနိုင်ယူလိုစိတ်များလွန်းတော့ ဘာပဲဖြစ်ဖြစ် ဒေါသထွက်ချင်တယ်။ စိတ်ဆိုးချင်တယ်။ ကြားဖူးတာလေးကိုပြောပြချင်ပါတယ်။ ဒေါသ ကို တတ်နိုင်သမျှထိမ်းလို့ စိတ်ငြိမ်းချမ်းအေးမြမှု ရနိုင်အောင် ကိုယ့်ကိုကိုယ် မြင်နိုင်ကြစေဖို့ပါ။ တစ်ခါက သစ်ခွပန်းတွေကို အရမ်းနှစ်သက်တဲ့ ဘုန်းကြီးတစ်ပါးရှိတယ်။ ဘုန်းကြီးဟာ ဘုရားတရားအားထုတ်ပြီး ပိုနေတဲ့အချိန်တွေကို ပန်းစိုက်တာနဲ့ပဲ ကုန်လွန်စေခဲ့တယ်။ တစ်နေ့မှာ ဘုန်းကြီးက တစ်ခြားနေရပ်တစ်ခုကို သွားဖို့အကြောင်းပေါ်တယ်။ မသွားခင် ပန်းတွေကို သေချာစောင့်ရှောက်ဖို့ ကိုရင်တွေကို မှာခဲ့တယ်။ ကိုရင်တွေကလည်း ပန်းတွေကို သေချာစောင့်ရှောက်ပါတယ်။ […]


လင်းဝေMarch 31, 20111min44214
မောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဆောင်းပါးကနေ တင်ပြထားတာကို တစ်လောက *ကြောက်စိတ်* (မောင်သစ်ဆင်း) ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေး တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ လက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။ မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်း ဆရာတော် ဆီမှာ ပညာသင်ကြားခဲ့ရတယ်။ တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။ ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် […]


လင်းဝေMarch 31, 20111min3486
ငယ်ငယ်တုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်။ အထက်တန်းအတူတူတက်ခဲ့ပြီး အတူတူ ကစားခဲ့ ဆော့ခဲ့ ကျောင်းအားရက်တွေမှာ ကာတွန်းအတူဖတ်ပြီး စက်ဘီးအတူစီးလို့ လျှောက်လည်နေကြသူငယ်ချင်း။ သူနဲ့အတူတူ တစ်ခုခု လုပ်လို့ မှားသွားရင် သူပြောနေကျ စကားတစ်ခွန်းရှိတယ်။ အက်ဒီဆင် က ပြောတာကို ပြန်ပြောတာပါတဲ့။ အက်ဒီဆင်က တီထွင်မှုတွေလုပ်ရင်း လျှပ်စစ်မီးသီး တီထွင်မှုမအောင်မြင်ခင်မှာ မှားသွားတိုင်း မအောင်မြင်တဲ့ စမ်းသပ်မှု တစ်ခုပြီးတိုင်း ပြောတာကတော့ “ အမှားနည်းတစ်ခုကိုသိသွားပြီဆိုတော့ အောင်မြင်ဖို့ ပိုနီးစပ်လာပြီတဲ့” ။ သူပြောတဲ့စကားကို အဲဒီအထက်တန်းကျောင်းသားဘဝကတည်းက မှတ်မိနေခဲ့ပါတယ်။ သူ့ခမျာမှာတော့ တစ်ကြိမ်သာ မှားခွင့်ရှိတဲ့ “ဆေး” ကို သွားချလိုက်တာ။ (အမြဲချနေသူမဟုတ်ပါ)။ အဲဒီ “ဆေး”ပေါတဲ့ အရပ်ကို လူတစ်ယောက်ကို အဖော်အဖြစ်လိုက်ပေးရင်း “ဆေး”လွန်လို့ ဆုံးသွားရှာပါတယ်။ ကြာပါပြီ ၁၃နှစ်တောင်ရှိနေပါပြီ။ တစ်လောက အက်ဒီဆင် […]


လင်းဝေMarch 30, 20111min1795
အမျိုးသမီး တစ်ယောက်ဟာ သူမရဲ့ နှစ်ငါးဆယ်ပြည့် မွေးနေ့မှာ အလှပြင်ဆိုင် သွားပြီး မျက်နှာပေါ်က အရေးအကြောင်း တွေကို ပြုပြင်လိုက်တယ်။ ဒေါ်လာ ငါးထောင်လောက် သုံးပစ်လိုက်ရပေမဲ့ အင်မတန် အကျိုးထူးတဲ့ ရလာဒ် ကြောင့် သူမ ပျော်ရွှင် နေတယ်။ အိမ်အပြန် လမ်းမှာ သတင်းစာ ဝင်ဝယ်လိုက် သေးတယ်။ သတင်းစာ ဝယ်ပြီး ပြန်မထွက်ခင် သူမက စာရေးကို မေးလိုက်တယ်။ “ဒို့ တစ်ခု မေးရင် မောင်လေး စိတ် မဆိုးဘူးထင်တယ်၊ ဒို့ အသက် ဘယ်လောက်ရှိပြီလဲ ခန့်မှန်းနိုင်လား” “၃၂နှစ်လောက်ပေါ့” စာရေးက ပြန်ဖြေလိုက်တယ်။ “အိုး၊ မဟုတ်သေးဘူး။ ဒို့က ဒီနေ့ပဲ ၅ဝ ပြည့်တာ” အမျိုးသမီးက ပျော်ရွှင်စွာ ပြောလိုက်တယ်။ နောက်တော့ […]