YE YINT HLAINGAugust 24, 20121min1827
( ၁ ) ရေနံချောင်းရဲဝန်ထမ်းက ၆၅နှစ်အရွယ် အမျိုးသမီးကိုု ပစ္စည်းလုုပြီး ရိုုက်နှက် ( မိုးမခ ) ( ၂ ) ရေနံချောင်း လူသားစွမ်းရည်မြှင့်တင်ရေးသင်တန်း ကော်မရှင် တားမြစ် ( ဒီမိုကရက်တစ် မြန်မာ့ အသံ ) ( ၃ ) စွမ်းရည်မြှင့်သင်တန်းကို ရေနံချောင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် ပိတ်ပင် ( ဧရာဝတီ ) တချိန်က မြန်မာနိုင်ငံရဲ့ မီးမငြိမ်း မြို့တော် ( ဘီအိုစီ ခေတ် ) ။ ဗိုလ်ချုပ် အောင်ဆန်း ငယ်ငယ်က ကျောင်းတက်ခဲ့တဲ့မြို့ ( ဗိုလ်ချုပ်ကျောင်း — ရွာသစ်ရပ် ) ။ ဆရာတော် ရှင်ဆန္ဒာဓိက မွေးဖွားခဲ့ […]


YE YINT HLAINGAugust 19, 20121min25313
ငယ်ဘဝ နေ့ရက်တွေကို သတိရမိတယ်ဗျာ ! ငယ်ငယ် က ကိုယ်နေတဲ့ အိမ်ဝိုင်းကို အကျယ်ကြီး ထင်ခဲ့တယ် ။ အိမ်ထဲမှာ လှည့်ပတ် ဆော့ခဲ့တာကိုး — ။ ဗီဒီယို ပေါ်လာပြီး ရွာထဲ ဗီဒီယို ရုံ တရုံ ထောင်တော့ နွေကျောင်းပိတ်ရက် နေ့ခင်း ဆိုရင် အမေက ဗီဒီယို ကြည့်ဖို့ ညီကို နှစ်ယောက် အတွက် တစ်ကျပ်ပေး ပြီးကြည့်ခိုင်းတယ် ။ နွေကျောင်းပိတ်ရက် တွေထဲက တချို့ရက်တွေမှာ အဘွား( အဖေ့ အမေ ) ရွာကိုသွားလည်ကြတယ် ။ အဲဒီမှာ လူး ၊ ဆပ် ၊ ပြောင်းဆန်တွေကို စားဖူးတယ် ရှိအောင်ဆိုပြီး ရွာထဲက အမျိုးတွေအိမ်တွေက ချက်ကျွေးတယ် […]


YE YINT HLAINGAugust 17, 20121min41022
ဘယ်ဘက် မျက်လုံးနာနေခဲ့တာကြောင့် မျက်လုံးအာရုံ စူးစိုက် ရတဲ့ အလုပ် များများ မလုပ်မိအောင် ရှောင်နေခဲ့ရတာနဲ့ ရေးလက်စဖြစ်တဲ့ နေပါစေ ချစ်လို့ ကိုပြီးအောင်မရေးဖြစ်ခဲ့တဲ့ အတွက် ဖတ်ရှုအားပေးခဲ့တဲ့ ဖတ်လက်စ စာဖတ်သူ တွေကို ဒီနေရာကပဲ တောင်းပန်လိုက်ပါရစေ ။ ခုနေ ရေးဖို့ကလည်း မု( ဒ ) မရှိတော့ မရေးချင်ဘူးဖြစ်နေတာကြောင့် အမှန်ပဲ အားနာမိပါတယ် ။ ဒါကြောင့် နားလည် ခွင့်လွတ် ပေးကြပါလို့ မစ်တာရပ်ခံ လိုက်ပါတယ် ။ ” နှင်းတောင်တန်းပေါ်က  မျက်လုံးစိမ်းများ ” တတိယမြောက် လေယဉ်ကွင်းကို ဆင်းသက်ခါနီး လေယဉ်ပြတင်းကနေ ဖွေးဖွေးဖြူနေတဲ့ မြင့်မားတဲ့ နှင်းတောင်တန်း ကြီးတွေကိုကြည့်ရင်း စိတ်ထဲမှာ အလိုလိုအေးခဲသွားတယ်။ကျွန်တော်စီးလာတဲ့ လေယဉ်က ခပ်သေးသေးဖြစ်သလို ဆင်းသက်ရတဲ့ […]


YE YINT HLAINGAugust 9, 20121min3059
-( M )- သော်ကြီး က လက်ကိုင်ပုဝါခေါက်လေး နှင့် အတူ လက်ပိုင်ရှင်အား မော့ကြည့် မိတော့  လပြည့် က အပြုံးမျက်ဝန်း ချိုချို တို့နှင့် သူမ၏ လက်ကိုင်ပုဝါလေးအား ထပ်ဆင့်ကမ်းပေးလာပြီး ” သော်ကြီး ! ရော့ ! ယူပြီး ချွေးတွေ သုတ်လိုက်လေ ” ဟုဆိုလာသည် ။ သော်ကြီး က အားတုံ့အားနာဟန်ဖြင့် ” ဟား —- နေပါစေ ! ချွေးတွေက ဒီလောက်မှများတာ ! လပြည့် လက်ကိုင်ပုဝါ တခုလုံး စိုရွှဲ ပေရေ ကုန်မှာပေါ့ ! ” ဟုပြောပြီးငြင်းလိုက်သည် ။ ထို့ကြောင့် လပြည့် က ” […]


YE YINT HLAINGAugust 8, 20121min43222
-( E )- ဓာတုဆောင် အတွင်းမှ ရေသန့်ဗူး ခွံများက အဆောင် ဝင်းနံရံ အားကျော်ကာ ကျောင်းသားအုပ်စု ရှိရာသို့ လွင့်ပျံထိမှန် ကြသည် ။ ရေသန့် ဗူးခွံအလွတ်နှင့် ထိမှန် မိသော အဆောင်သားများမှာ ပြောလောက်အောင် နာကျင်မှု မရှိသော်လည်း အဆောင်တွင်းမှ သဇင်ဦး ပစ်လွှတ်လိုက်သော ရေတဝက် သာသာပါသော ရေသန့်ဗူး က အရှိန်ပြင်းစွာ- လူအုပ် အားကျော်၍ ဓာတုဆောင်ဘက် ကျောပေးကာ ဂစ်တာတီး နေသော- မျိုးကြီး ထ၍ အရပ်တွင် ကျောကုန်းတည့်တည့် သို့ ဘုန်းကနဲ ထိမှန်လေသည် ။ မျိုးကြီး တယောက် ထိမှန်စဉ်က ဘုန်း ! အ ! ဟု တချက်သာ အော်နိုင်ရုံလောက်အထိ […]


YE YINT HLAINGAugust 7, 20121min2687
ကိုထူးအယ်လင်း ရဲ့ ” နေပါစေ ချစ်လို့” ဆိုတဲ့ သီချင်းလေးကို နားဆင်ခံစားပြီး ဇတ်လမ်းလေး တပုဒ် ဖြစ်အောင် ဖန်တီး ရေးသားလိုက်ပါတယ် ။ “နေပါစေ ချစ်လို့” -( A )- သော်က တက်ရမဲ့ ကျောင်းမှာ ကျောင်းသား/သူ ( ၃၀၀ဝ ) ဝန်းကျင်လောက်ရှိတယ် ။ တတိုင်း လုံးမှာရှိတဲ့ မြို့နယ်ပေါင်းစုံ ကနေ လာရောက်ပညာသင်ကြား နေကြတဲ့ ကျောင်းသား/သူ တွေပေါ့ ။ ကျောင်းက မြို့အဝင် ကြိုဆိုပါ၏ ဆိုင်းဘုတ် မရောက်ခင်မှာဆိုတော့ မြို့နဲ့ သီးခြားလေးလို ဖြစ်နေပြီး ကုန်းအမြင့်ပိုင်း မှာတည်ဆောက်ထားတာမို့ကျောင်း နဲ့ ကျောင်းဝန်းကျင်ဟာ ရာသီမရွေး လေလေးတဖြူးဖြူး နဲ့ မို့ နေလို့ ထိုင်လို့ […]


YE YINT HLAINGAugust 4, 20121min1969
ပင်လယ်ထဲ မှာ နေ့တိုင်းရေတွေကိုပဲ ( ၁၃ ) ရက်လောက် တွေနေခဲ့ရဘူးတယ် ။ မအိပ်ခင်လည်းရေ အိပ်ယာက နိုးလို့မျက်လုံးလေး ဖွင့်တော့လည်းရေ ။ အဲဒီလို နေ့တိုင်း ရေနဲ့ ကိုယ်စီး နေတဲ့ စက်လှေကြီး နဲ့ အဲဒီ အပေါ်ကလူတွေဟာ ကိုယ့်ရဲ့ကဘာငယ်လေး တခုလို ဖြစ်လာတယ် ။ အဲဒီတုန်း က ကုန်းမြေနဲ့ သစ်ပင်တွေကို အရမ်း ကြည့်ချင် တြွေ.မင်ချင်ခဲ့တယ် ။ နောက်ဆို ပင်လယ်ထဲ ဘယ်တော့မှ မထွက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်မျိုးလည်းချခဲ့တယ် ။ ပင်လယ်ကနေ ကုန်းပေါ်တက်တော့လည်း မြေပြင်က ရေပြင်လို လှုပ်ရှား တွန့်ခေါက် လူးလွန့်နေပြန်သေးတယ် ။ ကျဆိပ် ကနေ ကျောက်တိုင် ( ကျိုက်ခမီ ဘုရားကြီး […]


YE YINT HLAINGAugust 2, 20121min33920
ဆရာရွှီး က သူကြည့်ရန် လက်ပြဖို့ ပြောလာတော့ ကျွန်တော် က ညာဘက်လက်ဝါး ကို ဖြန့်၍ ပြလေရာ ဆရာရွှီးက နှစ်ဘက်လုံး ပြပါဟု ပြောလာသည် ။ ယင်းနောက် သူက ကျွန်တော်၏ လက်နှစ်ဘက်အား မှောက်ချီ လှန်ချီ ကြည့်ပြီး နောက်- လက်က လေးထောင့်လက် အုပ်စုဝင် ၊ ပြီးတော့ လက်ခလယ် ရဲ့ အလျှား ဟာ လက်ဝါးပြင် အလျှား ထက် ပိုရှည်နေတယ် ။ လက်ကို မှောက်လျှက် အနေအထားမှာ အား နည်းနည်း ထည့်ကြည့်ခိုင်းတော့ လက်ဖျားများက ကော့နေတယ် ။ ဒါကို ကြည့်ခြင်း အားဖြင့် မောင်ရင် ရဲ့ စိတ်ဓာတ် ဟာ ပျော့လျှင် […]


YE YINT HLAINGJuly 27, 20121min2557
” အမေ ” အမေ သားအတွက်ဆို ချွေးစက်စက်ယို ဒီလိုနဲ့ အိုခဲ့ပေါ့အမေ ။ ။ ” သား ” အမေကို မငဲ့ကွက် ပျော်ရက်တဲ့သား အပျော်မက်တဲ့သား အမှားမသိ တရားမရှိ ခါးချည့်အောင်သာ ခံပေတော့နွား ။ ။ ” တန်ဘိုး ” ဟေ့ကောင် ! ဘာလဲမမေးနဲ့ ဆန် ပေးမှ ဆေးရ တန် ကြေးသိကွ လူ့ဘဝ ခုရ အခုသုံး အဲဒါ ဖြုန်းခြင်း တမျိုး ။ ။ (၁၉၉၈ ခုနှစ် က စာသင်ခန်းထဲမှာ ကျွန်တော် ရေးခဲ့တဲ့ ကဗျာ တိုလေး သုံးပုဒ်ပါ ။ ကျွန်တော့ ကဗျာ ကို ဖတ်ပီး […]


YE YINT HLAINGJuly 26, 20121min38231
တချို့က အိပ်ပျော်နေ ရင်း စိတ်စွဲလန်းရာ ဒါမှမဟုတ် တနေ့တာ လုပ်ကိုင်ခဲ့သမျှကို ယောင်ပီး ပြောတတ်ကြတယ် ။ တချို့ဆို အိပ်နေရင်း ကနေ ထပြီး လမ်းလျှောက်တာ ကားမောင်းတာ မျိုးအထိ လုပ်တတ်ကြတယ် ။ ကျွန်တော်တို့ မြို့ကို ရောက်လာတဲ့ ဌာန တခုက လူကြီးတယောက် ဆိုရင် ညည ယောင်ပြီးထလာ ပီးတော့ သူ့ ရုံးရှိရာကို ကားမောင်းသွားတယ် ။ ညစောင့် ကတော့ မကြာခဏ ရောက်လာနေကြဆိုတော့ အိပ်ရင်း ယောင်နေတယ်ဆိုတာမသိဘူးပေါ့ ။ နောက်တနေ့ရောက်  မေးကြည့် အဲဒီလူကြီး ညည ထပြီး သွားလာ လုပ်ကိုင်ခဲ့တာတွေ သူကိုယ်သူမသိဘူး ။ ဒါကို ရောဂါ တမျိုးလို့လည်း ဆေးပညာပိုင်း ကသတ်မှတ်ထားတယ် ။ […]


YE YINT HLAINGJuly 14, 20121min38722
အနားရတဲ့ အချိန်လေးမှာ ဝါသနာ အရ စာရေးချင်မိတယ် ။ ဘာရေးရရင် ကောင်းမလဲ စဉ်းစားမိတယ် ။ စဉ်းစားလို့ မရဘူး ! ဒါနဲ့ ကိုယ့် အလုပ်နဲ့ သက်ဆိုင်တဲ့ ကွန်ကရစ် အကြောင်း ရေးမယ်လို့ ဆုံးဖြတ်လိုက်တယ် ။ ဗဟုသုတ ပေါ့နော် ! ကျွန်တော့ အလုပ်က ကွန်ကရစ် ဖျော်စက်တွေ ထိန်းချုပ် မောင်းနှင်ရတယ် ။ အများ အေခေါ် ဘက်ချင်းပလန့် အော်ပရေတာ ပေါ့ ။ ကွန်ကရစ် အကြောင်း စဉ်းစားရင်း မြို့ပြအဆောက်အဦး တွေ အကြောင်း လည်းတွေးမိတယ် ။ အဲဒီ အပြင် နိုင်းမြစ်ဝှမ်းက ဂူသင်းချိုင်းကြီးများ ဆိုတဲ့ ပိရမစ် ကြီး တွေ အကြောင်းလည်း […]


YE YINT HLAINGJune 25, 20121min43516
သိပြီးသား လူတွေ အတွက်ရော မသိသေး တဲ့လူတွေ အတွက်ပါ အပျင်းပြေ သဘောနဲ့ ( ကျွန်တော် လည်း ပျင်းနေလို့ ) ရေးတင်ပေးလိုက်တယ်ဗျာ ။ ငယ်ငယ်က နားထောင် ခဲ့ရတဲ့ ပုံပြင် လေးပါ ။ အရင်က ရွာတရွာ မှာဗျာ ကိုတုတ်ကြီး နဲ့ မိအေး ဆိုတဲ့ လင်မယား နှစ်ယောက် ရှိတယ်တဲ့ ။ ကိုတုတ်ကြီး က ရိုးရိုး အေးအေး ကြီးပေါ့ ဗျာ ! တနေ့တော့ ကိုတုတ်ကြီး က ရှမ်းပြည် ကို သွားဖို့ စီစဉ်ပါသတဲ့ ။ ဒီတော့ ရွာ သူ/သား တွေက လည်း ရှမ်းပြည်ထွက်ကုန် တွေ မှာတယ် […]


YE YINT HLAINGJune 24, 20121min71629
ကျွန်တော်တို့မျိုးဆက်အတွက် ယောက်ကျား တယောက် ရဲ့ ပုံစံ ကနေစပြောရမှာပဲ ။ ( ၁ ) အရပ်အမောင်း ကောင်းရမယ် ။ ကျွန်တော့ အဘိုး က အရပ် ပုတယ် ။ ကျွန်တော့ အဖေ ကလည်း အရပ်ပုတယ် ။ ကျွန်တော် လည်း အရပ် ပုတယ် ( ငယ်ငယ် တုန်းက )။ အဘိုး ကော အဖေကော ကျွန်တော်ကော ( ငယ်ငယ် တုန်းက ) ငယ်ဘဝ တွေမှာ ” ချစ် ပု” ဆိုတဲ့ နာမည် အခေါ်ခံခဲ့ရတယ်။ ကျွန်တော် ( ရ ) တန်း ရောက်တော့ အဲဒီ […]