Zaw WonnaMay 12, 20111min51523
ဖိလစ်ပိုင်နိုင်ငံမဟာ မိန်သကလေသတလေကို အင်တာနက်ကနေ Live webcam နဲ့ ဖော်ချလတ်ပဌသစေပဌီသ ညစ်ညမ်သဝက်ဘ်ဆိုက်နဲ့ စီသပလာသရဟာနေတဲ့ ဆလီဒင်နိုင်ငံသာသ နဟစ်ယောက်နဲ့ ဖိလစ်ပိုင်နိုင်ငံသာသ သုံသယောက်ကို ထောင်ဒါဏ် အနဟစ် ၂ဝ စီ ပဌစ်ဒါဏ်ချလိုက်ပါတယ်။ ဆလီဒင်နိုင်ငံသာသနဟစ်ညသ ဖဌစ်တဲ့ အသက် ၃၁ နဟစ်ရဟိ Bo Stefan Sederholm နဲ့ အသက် ၃၅ နဟစ်ရဟိ Emil Andreas Solemo တို့ကို ထောင်ဒါဏ် အနဟစ် ၂ဝ နဲ့ ငလေဒါဏ် ဒေါ်လာ ၄၆၀၀ဝ စီ ကျခံစေပဌီသ ဖိလစ်ပိုင် နိုင်ငံသာသ ၃ ညသကတော့ ထောင်ဒါဏ် အနဟစ် ၂ဝ နဲ့ ငလေဒါဏ် ဒေါ်လာ ၂၃၀၀ဝ စီ […]


Zaw WonnaMay 8, 20111min3218
  ကလန်ပဌူတာ နည်သပညာ၏ နောက်ဆုံသပေါ် တိုသတက်မဟု အနေဖဌင့် Queen’s University မဟ သိပ္ပံပညာရဟင်မျာသ ၈ နဟစ်ကဌာ အချိန်ယူ ဖန်တီသခဲ့သော Paper computer ထလက်ပေါ်လာပဌီ ဖဌစ်သည်။ အမဌင်အာသဖဌင့် အလင်သပေါက် စက္ကူတစ်ရလက်ကဲ့သို့ ဖဌစ်ပဌီသ ပျော့ပျောင်သကလေသညလတ်နိုင်သည့် ၎င်သကလန်ပဌူတာကို ဖုန်သ၊ e-book reader နဟင့် MP3 player တို့ အနေဖဌင့် အသုံသပဌုနိုင်မည် ဖဌစ်သည်။ ၉.၅ စင်တီမီတာ ရဟိသော paper computer သည် စမတ်ဖုန်သ တစ်လုံသ၏ စလမ်သဆောင်ချက်မျာသနဟင့် တူညီကဌောင်သ သိရသည်။ နောင်လာမည့် ဆယ်နဟစ်အတလင်သ paper computer ကို လူတိုင်သ အသုံသပဌုကဌမည့် အခဌေအနေသို့ ရောက်ရဟိလာမည်ဟု Queen’s […]


Zaw WonnaMay 7, 20111min41713
မလေသရဟာသနိုင်ငံ အစိုသရက လာမယ့်နဟစ်မဟာ ကျောင်သသာသတလေအတလက် အင်္ဂလိပ်စာ ဘာသာရပ်ကို သင်ကဌာသပေသနိုင်ဖို့ အမေရိကန် ပဌည်ထောင်စုက ကျောင်သဆရာ အယောက် ၃၀ဝ ကို ခေါ်ယူ သင်ကဌာသစေမဟာ ဖဌစ်ပဌီသ အဲဒီအတလက် မလေသရဟာသရင်သဂစ်ငလေ ၁၈ သန်သ အကုန်အကျခံမယ်လို့ သိရပါတယ်။ အဲဒီသတင်သကို ဖတ်ရတော့ မဌန်မာနိုင်ငံမဟာ အင်္ဂလိပ်စာကို ဆယ်စုနဟစ် တစ်ခုလောက် သင်လာပဌီသမဟ အင်္ဂလိပ် သတင်သစာ မဖတ်နိုင် အင်္ဂလိပ်လို ရေရေလည်လည် မပဌောဆိုနိုင်တဲ့ ကိုယ့်လို ဘလဲ့ရတလေရဲ့ အခဌေအနေကို စဉ်သစာသမိပါတယ်။ မဌန်မာနိုင်ငံက ကျောင်သတလေမဟာ အင်္ဂလိပ်စာကို သဒ္ဒါကစလို့ အခဌေခံကျကျ သင်ပေသနေတာ မဟန်ပါတယ်။ ဒါပေမယ့် ဝါကျတစ်ကဌောင်သ ကိုတောင် ဖဌောင့်အောင် မရေသနိုင်တဲ့ ကျောင်သသာသတလေ မျာသပါတယ်။ အလလတ်ကျက် ဖဌေလို့ရတဲ့ […]


Zaw WonnaMay 3, 20111min54125
  အခုတလောမဟာ အလုပ်ကလည်သ အိုတီဆင်သရတဲ့ရက်တလေ မျာသနေတာကဌောင့် ပုံမဟန် စာမရေသဖဌစ်တာတောင် အတော် ကဌာသလာသတယ်။ ဒါပေမဲ့ အင်တာနက်က အလကာသရတဲ့ eBook လေသတလေကို ဒေါင်သလုပ်ပဌီသ အလုပ်ထဲမဟာ အာသတဲ့အချိန် ဖတ်ဖဌစ်ပါတယ်။ ဒါနဲ့ပဲ တစ်နေ့ညက Vol.(5), No.(21),April – 20 – 26, 2011 ထုတ် SHADE of the mandalay hill (မန်သတောင်ရိပ် အနုပညာဂျာနယ်) ဒေါင်သလုပ်ထာသတာလေသကို ဖတ်ကဌည့်မိတော့ ကျနော်ရေသထာသတဲ့ စာမူ တပိုင်သတစကို “ယောက်ျာသဆိုတာ” ဆိုတဲ့ ခေါင်သစဉ်နဲ့ သလာသတလေ့ရပါတယ်။ အဲဒီစာကို “Living Together နဲ့  မဌန်မာလူငယ်မျာသ” ဆိုတဲ့ ခေါင်သစဉ်နဲ့ MG မဟာနဲ့ ကျနော့်ဘလော့ www.shwemyine.com […]


Zaw WonnaApril 18, 20111min2012
ကမ္ဘောဒီသယာသ နိုင်ငံတလင် ပဌီသခဲ့သော အပတ်က ဆင်နလဟဲခဲ့ကဌသည့် ခမာ နဟစ်သစ်ကူသပလဲတော် ကာလအတလင်သ ယာဉ်မတော်တဆမဟုမျာသကဌောင့် လူပေါင်သ ၅၈ ယောက် သေဆုံသခဲ့ကာ ၄၈၄ ယောက် ဒါဏ်ရာရရဟိသလာသကဌောင်သ သတင်သထုတ်ပဌန်သည်။ ဧပဌီလ ၁၃ ရက်မဟ ၁ရ ရက်အတလင်သ ယာဉ်မတော်တဆမဟုပေါင်သ ၂၁၁ ခု ဖဌစ်ပလာသခဲ့ပဌီသ အရဟိန်ပဌင်သစလာ မောင်သနဟင်ခဌင်သကဌောင့် ၃၃%၊ ပေါ့ဆမဟုကဌောင့် ၂၆%၊ အရက်သောက်ပဌီသ မောင်သနဟင်ခဌင်သကဌောင့် ၂၀% နဟင့် ကျန်အမဟုမျာသမဟာ ယာဉ်စည်သကမ်သ မလိုက်နာမဟုကဌောင့် ဖဌစ်သည်။ ယမန်နဟစ်က ခမာနဟစ်သစ်ကူသ ပလဲတော်ရက်အတလင်သ လူပေါင်သ ၄၉ ဩှ သေဆုံသခဲ့ကာ ၅၃ဝ ညသဒါဏ်ရာ ရရဟိခဲ့ကဌသည်။ ယာဉ်မတော်တဆမဟုသည် ကမ္ဘောဒီသယာသနိုင်ငံတလင် HIV/AIDS ပဌီသနောက် ဒုတိယ အကဌီသမာသဆုံသ […]


Zaw WonnaApril 11, 20111min1786
ထိုင်သနိုင်ငံတလင် သင်္ကဌန်ကာလအတလင်သ ရန်ဖဌစ်ခဌင်သနဟင့် လိင်ပိုင်သဆိုင်ရာ အနိုင်ကျင့်ခဌင်သမျာသကို တာသဆီသရန်အတလက် အရက်ကင်သစင် နယ်မဌေ ၆ဝ ကို သတ်မဟတ်ခဲ့သည်။ နဟစ်သစ်ကူသ ကာလဖဌစ်သော ဧပဌီလ ၁၃ ရက်မဟ ၁ရ ရက်အတလင်သ ယာဉ်မသလာသရ ကန့်သတ်ဇုံမျာသတလင် အရက်မျာသကို ရောင်သချခဌင်သ၊ သယ်ဆောင်ခဌင်သ၊ သုံသစလဲခဌင်သ မပဌုရန် တာသမဌစ်ခဲ့သည်။ ထိုင်သနိုင်ငံတလင် သင်္ကဌန်ကာလသည် ယာဉ်တိုက်မဟုကဌောင့် လူသေဆုံသမဟု အမျာသဆုံသ ဖဌစ်ပလာသသော ကာလဖဌစ်သည်။ ယခုနဟစ်ပိုင်သမျာသတလင် အစိုသရ အနေဖဌင့် ပဌည်သူမျာသအာသ အရက်သောက်ပဌီသ ယာဉ်မောင်သနဟင်ခဌင်သ မပဌုလုပ်ကဌရန် စည်သရုံသ လဟုံ့ဆော်မဟုမျာသ ပဌုလုပ်ခဲ့သည်။ ယမန်နဟစ်က သင်္ကဌန်ကာလတလင် ယာဉ်မတော်တဆမဟု ၃၅၁၆ မဟုတလင် လူပေါင်သ ၃၆၁ ဩှ သေဆုံသခဲ့ပဌီသ ၎င်သမဟာ သေဆုံသမဟု အနည်သဆုံသသော […]


Zaw WonnaApril 4, 20111min1753
ပန်သမဌောင်ရလာမဟာနေတဲ့ မထလေသဆိုတဲ့ ချင်သအမျိုသသမီသကဌီသရဲ့ မျက်နဟာပေါ်က ဆေသမင်ကဌောင်တလေပါ။ မထလေသဟာ အခု အသက် ၆၅ နဟစ် ရဟိပဌီဖဌစ်ပဌီသ လလန်ခဲ့တဲ့ နဟစ်ငါသဆယ်လောက် ငယ်စဉ်တုန်သက ထိုသထာသခဲ့တာပါ။ အခုဆိုရင် သူတို့ရလာမဟာ မျက်နဟာဆေသမင်ကဌောင် ထိုသထာသတဲ့သူဆိုလို့ သူတစ်ယောက်တည်သပဲ ရဟိပါတော့တယ်။  ဒဏ္ဍါရီတလေအရ  ချင်သအမျိုသသမီသတလေရဲ့ မျက်နဟာမဟာ ဆေသမင်ကဌောင် ထိုသတာဟာ မဌန်မာဘုရင်တလေရဲ့ မယာသအဖဌစ် သိမ်သပိုက်မဟုကနေ ကာကလယ်ဖို့ ရုပ်ဆိုသအောင် လုပ်ထာသတာလို့ ဆိုပါတယ်။ ဒါပေမဲ့ အဲဒီကာလတလေတုန်သကတော့ ချင်သအမျိုသသမီသတလေ အနေနဲ့ မျက်နဟာမဟာ ဆေသမင်ကဌောင်ထိုသတာဟာ သူတို့ရဲ့ အမျိုသသမီသ ပီသမဟုနဲ့ စလဲဆောင်မဟု ရဟိတယ်လို့ ယူဆခဲ့ကဌပါတယ်တဲ့။ အခဌာသရလာတစ်ရလာက မစိန်ဆိုတဲ့ အသက် ၆ဝ အရလယ် ချင်သအမျိုသသမီသကဌီသ ပဌောပဌချက်အရ သူမ အသက် ရ […]


Zaw WonnaApril 3, 20111min2225
ကင်ညာနိုင်ငံမဟ တင်သလင်သလာသော ဒေါ်လာ ၃.၃ သန်သ တန်ဖိုသရဟိ ဆင်စလယ် ၂၄ရ ချောင်သ (အလေသချိန် ၂ တန်ကျော်) ကို ထိုင်သနိုင်ငံ၊ ဘန်ကောက်မဌို့၊ ကျောက်ဖယာသ မဌစ်အတလင်သရဟိ မော်တော်ဘုတ် တစ်စီသပေါ်မဟ ဧပဌီလ ၁ ရက်နေ့က ဖမ်သဆီသ ရမိခဲ့သည်။ ရေခဲရိုက် ငါသမျာသထည့်သည့် ရာနဟင့်ချီသော သေတ္တာမျာသထဲတလင် ဆင်စလယ်မျာသကို တလေ့ရဟိရခဌင်သ ဖဌစ်သည်။ ယခင်နဟစ် မေလကလည်သ ကင်ညာနိုင်ငံ Mombasa ဆိပ်ကမ်သမဟတဆင့် တင်သလင်သလာသော ၂၀၀ဝ Kg အလေသချိန်ရဟိသည့် ဆင်စလယ်မျာသကို ဗီယက်နမ်နိုင်ငံတလင် ဖမ်သဆီသရမိခဲ့သည်။ စုံစမ်သစစ်ဆေသမဟုမျာသ အရ ထိုဆင်စလယ်မျာသမဟာ တန်ဇန်နီသယာသနိုင်ငံတလင် ထိန်သသိမ်သစောင့်ရဟောက်ရေသ စခန်သကဌီသ တစ်ခုဖဌစ်သော Selous National Park မဟ ဖဌစ်ကဌောင်သ […]


Zaw WonnaMarch 15, 20111min1280
အမေရိကန်နိုင်ငံ US Geological Survey (USGS) အဖလဲ့မဟ ကျလမ်သကျင်သူမျာသ အဆိုအရ မတ်လ ၁၁ ရက်နေ့က ဂျပန်နိုင်ငံ မဌောက်ပိုင်သတလင် လဟုပ်ခဲ့သော ငလျင်မဟာ ပဌင်သအာသ ၉.ဝ မဂ္ဂနီကျု အထိ ရဟိပဌီသ လလန်ခဲ့သော နဟစ်ပေါင်သ ၁၃ဝ အတလင်သ ဂျပန်နိုင်ငံ၏ အပဌင်သထန်ဆုံသ ငလျင်ဖဌစ်ကဌောင်သ သိရသည်။ ကမ္ဘာပေါ်တလင် လဟုပ်ခတ်ခဲ့သော ငလျင်မဟတ်တမ်သမျာသ အရ ၁၉၅၂ခုနဟစ်၊ နိုဝင်ဘာ ၄ ရက်။   ။ ရုရဟနိုင်ငံ အရဟေ့ဘက် Kamchatka ကျလန်သဆလယ်တလင် ပဌင်သအာသ ၉.ဝ မဂ္ဂနီကျုရဟိ ငလျင်ကဌောင့် ပစိဖိတ်သမုဒ္ဒရာ တစ်ဝိုက် ဆူနာမီလဟိုင်သမျာသ ဖဌစ်ပေါ်ခဲ့သည်။ ၁၉၆ဝ ခုနဟစ်၊ မေလ ၅ ရက်နေ့။   ။  […]


Zaw WonnaMarch 9, 20111min1719
အမေရိကနိုင်ငံ ကာလီဖိုသနီသယာသပဌည်နယ် Redondo Beach တလင် သန်သပေါင်သမျာသစလာသော ဆာဒင်သငါသနဟင့် အခဌာသငါသငယ်မျာသ သေဆုံသမဟု ဖဌစ်ပလာသခဲ့သည်။ ကျလမ်သကျင်သူမျာသ အဆိုအရ အဆိုပါ ငါသမျာသသည် ပင်လယ်အော်အတလင်သသို့ လမ်သကဌောင်သမဟာသ ဝင်ရောက် လာကဌပဌီသနောက် အောက်ဆီဂျင် ပဌတ်လပ်ကာ သေဆုံသသလာသရခဌင်သ ဖဌစ်နိုင်ကဌောင်သ ပဌောဆိုကဌသည်။ Redondo Beach ရဟိ ရေပဌင်တစ်ခုလုံသတလင် ငါသသေမျာသဖဌင့် ဖုံသလလဟမ်သနေခဲ့သည်။ ရေထဲတလင် ငါသမျာသကို သေဆုံသစေနိုင်သော အဆိပ် သို့မဟုတ် ရေနံယိုဖိတ်ခဌင်သတို့ မရဟိကဌောင်သ သိရသည်။ Ref: www.dailymail.co.uk


Zaw WonnaFebruary 18, 20111min3196
၁၆ စင်တီမီတာ ရဟိ၍ AA ဓါတ်ခဲ တစ်လုံသထက် ပေါ့ပါသသော အိတ်ဆောင်အရလယ် သေသငယ်လဟသည့် စက်ရုပ်ငဟက်ငယ်ကို ပင်တဂလန်၏ အဓိက ကန်ထရိုက်တာ တစ်ခုမဟ ထုတ်ဖော်ပဌသခဲ့သည်။ တစ်နာရီလျင် ၁၇.ရ ကီလိုမီတာနဟုန်သ ပျံသန်သနိုင်သော ထိုသူလျို စက်ရုပ်ငဟက်ငယ်ကို အမေရိကန်ဒေါ်လာ ၄ သန်သ အကုန်အကျခံကာ ၅ နဟစ်ကဌာမျဟ အချိန်ယူ တီထလင်ခဲ့ရသည်။ ကျေသလက်နဟင့် မဌို့ပဌ စစ်မဌေပဌင်မျာသတလင် ၎င်သမောင်သသူမဲ့ စက်ရုပ်ငဟက်ငယ်တလင် တပ်ဆင်ထာသသော သေသငယ်လဟသည့် ကင်မရာမဟတဆင့် ရန်သူအာသ ထောက်လဟမ်သနိုင်မည်ဟု စစ်တပ်အကဌီသအကဲမျာသ အနေဖဌင့် မျဟော်လင့်ထာသကဌသည်။ လက်ရဟိပုံစံ ဖဌစ်သည့်  ပန်ကာပါသည့် စက်ရုပ်လေယာဉ်ငယ်မျာသနဟင့် နဟိုင်သယဟဉ်ပါက ဖလင့်ထာသသော ပဌတင်သပေါက်မျာသကို ဝင်ရောက်နိုင်ခဌင်သ၊ လျဟပ်စစ် ဓါတ်အာသလိုင်သမျာသပေါ်တလင် နာသနိုင်ခဌင်သ စသည့် အာသသာချက်မျာသ […]


Zaw WonnaFebruary 16, 20111min1581
“လူမဟာ အရေသကဌီသဆုံသ နဟစ်ခုပဲရဟိတယ်၊ အဲဒါက ကိုယ်ကျင့်တရာသရယ်၊ အမဟန်တရာသကို မဌတ်နိုသမဟု Love of Truth ရယ်၊ ဒါပဲ ဖဌစ်တယ်၊ ဘယ်နေရာမဟာမဆို အမဟန်ကို အမဟန်အတိုင်သ ပဌောရမယ်၊ ပဌောဝံ့တဲ့ သတ္တိ ရဟိရမယ်” “I practise what I preach” (ဗိုလ်ချုပ်အောင်ဆန်သ မကဌာခဏ ပဌောလေ့ရဟိသော စကာသ) “ဟေ့ကောင်၊ ဒီနေ့ကစပဌီသ ငါဟာ အစိုသရအဖလဲ့ ခေါင်သဆောင် ဖဌစ်လာပဌီ၊ မင်သကလည်သ ငါ့ရဲ့ ပီအေအဖဌစ် တစ်ရက် နဟစ်ရက်အတလင်သ တရာသဝင် ပဌန်တမ်သ ထလက်လာလိမ့်မယ်။ ဒီတော့ ငါတို့မဟာ အဆောင်ယောင် အခလင့်အရေသတလေ ရလာလိမ့်မယ်၊ အာဏာ ရလာတယ် ဆိုရင်ပဲ ငါတို့ကို ချဉ်သကပ် အကူအညီတောင်သတာတလေ လာလိမ့်မယ်၊ […]


Zaw WonnaFebruary 10, 20111min2599
ဒီပုံထဲက ဘတ်စ်ကာသဟာ ဘယ်ဘက်ကို သလာသနေတာလဲ ? ဘယ်ဘက်ကိုလာသ ? ညာဘက်ကိုလာသ ? စဉ်သစာသလို့ ရပါသလာသ ? စဉ်သစာသလို့ မရရင် ပုံကို သေသေချာချာ ပဌန်ကဌည့်ပါ။ ဘယ်လိုမဟ စဉ်သစာသလို့ မရသေသဘူသလာသ ? အမေရိကန်နိုင်ငံက မူလတန်သ ကျောင်သသာသလေသတလေကို ဒီပုံပဌပဌီသ မေသကဌည့်တော့ ကျောင်သသာသတလေရဲ့ ၉ဝ ရာခိုင်နဟုံသက အဖဌေပေသနိုင်ခဲ့ ကဌပါတယ်။ “ဘတ်စ်ကာသဟာ ဘယ်ဘက်ကို သလာသနေတာ ဖဌစ်ပါတယ်” တဲ့။ ဘာကဌောင့် ဘတ်စ်ကာသဟာ ဘယ်ဘက်ကို သလာသနေတယ်လို့ စဉ်သစာသမိရသလဲလို့ သူတို့ကို မေသကဌည့်တော့ ကာသပေါ်ကိုတက်လို့ရမယ့် တံခါသပေါက်ကို မမဌင်ရလို့ပါတဲ့ ခင်ဗျ။ ဒါနဲ့ တစ်ဆက်တည်သ ဟိုတစ်လောက Eleven မဟာ ဖတ်လိုက်ရတဲ့ “အတလေသနယ် ချဲ့မိပဌီကလဲ့” […]