Zaw WonnaAugust 17, 20101min860
ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်ခြင်းသည် တမူ ထူးခြားသော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်ပြီး မိမိနှင့် သက်ဆိုင်သော လုပ်ငန်းကျွမ်းကျင်မှုကို ပိုမိုတိုးတက်အောင် လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိသည်။ သင်သာလျှင် လုပ်ငန်းရှင် ဖြစ်သည့်အတွက် သင့်အလုပ်နှင့် ပတ်သက်သော အချိန်ဇယားကို စိတ်ကြိုက် ရေးဆွဲနိုင်ပြီး သင့်လုပ်ငန်းနှင့် ပတ်သက်သော စွန့်စားမှုများအတွက် သင်ကိုယ်တိုင် တာဝန်ယူရပေမည်။ မည်သို့ပင် ဖြစ်စေကာမူ ကိုယ်ပိုင်လုပ်ငန်းသည် စိန်ခေါ်မှုတစ်ခု ဖြစ်ပြီး လူတိုင်းအတွက် မှန်ကန်သော ရွေးချယ်မှု တစ်ခု မဖြစ်နိုင်ပေ။ ကိုယ်ပိုင်လုပ်ငန်းသည် သမားရိုးကျ အလုပ်မျိုးနှင့် ဆန့်ကျင်ဘက် ဖြစ်ပြီး ကြိုတင် ဟောကိန်းထုတ် ခန့်မှန်း၍ မရနိုင်သော လုပ်ငန်းမျိုး ဖြစ်သည်။ တစ်ဦးချင်း အနေဖြင့် အောင်မြင်သော ကိုယ်ပိုင်လုပ်ငန်းရှင်များမှာ အလွန်တက်ကြွ၍ ဦးဆောင်နိုင်စွမ်း ရှိသူများဖြစ်ပြီး […]


Zaw WonnaAugust 17, 20101min720
ဝီစီမှုတ်သူများ ဆိုတော့ ဘောလုံးပွဲက ဒိုင်လူကြီး ဒါမှမဟုတ် ယာဉ်ထိန်းရဲကို ပြောတာလို့ မထင်ပါနဲ့ခင်ဗျာ။ Whistleblower ကို တိုက်ရိုက် ဘာသာပြန်မိလို့ပါ။ တကယ်တော့ ကိုယ့်ရှေ့မှာ အခြားလူတွေ မတရားပြုလုပ် ခံနေရတာကို တွေ့ရင် ငြိမ်ခံမနေပဲ ကာကွယ် ပြောဆိုတတ်တဲ့ လူမျိုးကို ဆိုလိုတာပါ။ သူတို့ဟာ သူများအကျိုးအတွက် ကိုယ်ကျိုးကို မငဲ့ပဲ  ဆောင်ရွက်လေ့ ရှိကြပါတယ်။ တကယ့်ကို လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ်တွေပါ။ တခါတလေ ကျတော့လည်း မတရားဘူးလို့ ထင်တဲ့ ကိစ္စမှန်သမျှကို ဘယ်သူ့မျက်နှာမှ မထောက်ပဲ ပြောဆိုတတ်တဲ့ အတွက် လူမုန်းများတဲ့ လူလည်း ဖြစ်တတ်ပါတယ်။ Whistleblower ဆိုတာနဲ့ ကျနော်ကျောင်းသားဘဝတုန်းက အဖြစ်အပျက်လေးတစ်ခုကို သတိရမိတယ်။ တစ်နေ့ ကျောင်းကအပြန်မှာ လိုင်းကားက လူအရမ်းကြပ်နေတော့ (ကားစပယ်ယာ […]


Zaw WonnaAugust 16, 20101min1892
အိန္ဒိယမှ New Delhi metallo-beta-lactamase (NDM-1) ဆိုသည့် ရောဂါပိုးသစ် တစ်မျိုးသည် ကမ္ဘာနှင့်အဝှမ်း ကူးစက်ပျံ့နှံ့ပြီး လူသေပျောက်မှု များသော ကူးစက်ရောဂါ ဖြစ်လာနိုင်ကြောင်း မီဒီယာများတွင် ဖော်ပြကြသည်။ ၎င်း ရောဂါပိုးသည် စွမ်းအား အထက်ဆုံး ဖြစ်သည့် Carbapenem အပါအဝင် ပဋိဇီဝဆေးများ အားလုံးကို ခုခံနိုင်စွမ်းရှိကြောင်းသိရသည်။ NDM-1 ရောဂါပိုးကြောင့် ပထမဆုံး သေဆုံးသူမှာ ဘယ်လ်ဂျီယမ် နိုင်ငံသား တစ်ဦး ဖြစ်သည်။ ထို့ပြင် အိန္ဒိယ သို့မဟုတ် ပါကစ္စတန် နိုင်ငံတို့မှ ပြန်လာသော အင်္ဂလန်နိုင်ငံသား ၃ရ ယောက်တို့တွင်လည်း ထိုရောဂါပိုးကို တွေ့ရှိရသည်။ အိန္ဒိယတွင် ဆေးဝါးကုသမှု သွားရောက်ခံယူ ခဲ့ကြသော ဩစတြေးလျ နိုင်ငံသား ၃ ဦးတွင်လည်း အဆိုပါ ရောဂါ […]


Zaw WonnaAugust 16, 20101min2187
ဆေးလိပ် ဖြတ်ချင်တဲ့ သူတွေအတွက် Zerosmoke ဆိုတဲ့ နားရွက်မှာ နားကပ်လို ကပ်ထားလို့ရတဲ့ သံလိုက်တုံးကလေးတွေပါ။ ၂၄ ကာရက် ရွှေနဲ့ အုပ်ထားပါတယ်။ တနေ့ကို ၃၊ ၄ နာရီလောက် မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ကပ်ထားပေးရင် ရက်ပေါင်း ၃ဝ လောက်အတွင်း ဆေးလိပ် ပြတ်နိုင်တယ်လို့  ထုတ်လုပ်သူက ဆိုပါတယ်။ ဆေးတံသောက်တဲ့သူနဲ့ ဆေးရွက်ကြီး ငုံလေ့ရှိတဲ့ သူတွေပါ အဲဒီနားကပ်ကို သုံးပြီး ဖြတ်နိုင်တယ်တဲ့ ခင်ဗျာ။ ၁၉၅ဝ လောက်တုန်းက Dr. Paul Nogier တွေ့ရှိတဲ့ နားကြောကုထုံး (Auricular Therapy) ကို အခြေခံပြီး ထုတ်လုပ်ထားတာပါ။ နားကပ် တစ်ခုကို ၄၅ ဒေါ်လာလောက် ကျမယ်။ နားကပ်ကိုတပ်ထားတဲ့ အချိန်မှာ ဆေးလိပ်သောက်ရင် […]


Zaw WonnaAugust 9, 20101min1492
ပြီးခဲ့သော စနေနေ့က မလေးရှားနိုင်ငံ၊ Perak ပြည်နယ်၊ Ipoh မြို့နယ်မှ Menglembu မြို့တွင် မြန်မာ အလုပ်သမား တစ်ယောက်က လုပ်ဖော်ကိုင်ဖက် မြန်မာ ၂ ဦးအား ငွေကြေးကိစ္စ စကားများ ရန်ဖြစ်ကြရာမှ ပုဆိန်ဖြင့် ခုတ်သတ်မှု တစ်ခု ဖြစ်ပွားခဲ့သည်။ မနက် ၂း၁၅ ခန့်တွင် ဖြစ်ပွားသော လူသတ်မှုတွင် သေဆုံးသော အလုပ်သမား ၂ ဦးမှာ ဝမ်းဗိုက်နှင့် ဦးခေါင်းတွင် ဒါဏ်ရာများ ရရှိထားကြောင်း Perak မြို့နယ် စီအိုင်ဒီ အကြီးအကဲ Datuk Mohd Dzuraidi Ibrahim မှ ပြောကြားသည်။ လူသတ်သမားနှင့် အတူ ၎င်းတို့ နေထိုင်သော အိမ်တွင် သေဆုံးသူများနှင့် ပတ်သက်သည့် ကိုယ်ရေးအချက်အလက် များကို […]


Zaw WonnaAugust 5, 20101min1240
ပဲပိစပ် (Soybean) သည် အရိုးပွခြင်းကို ကာကွယ်ပေးသည့်အပြင်ကလေးငယ်များအတွက် သင့်တော်သော အစားအစာ တစ်ခုအဖြစ် လက်ခံထားကြသည်။ သို့သော် ပဲပိစပ်သည် မြုံခြင်းနှင့် ကင်ဆာအပါအဝင်  ရောဂါမျိုးစုံတို့နှင့် ဆက်စပ်နေခဲ့သည်။ ထိုသို့ ကျန်းမာရေးနှင့် ပတ်သက်သော ပြဿနာများစွာရှိသော်လည်း ပဲပိစပ် စိုက်ပျိုးရေး လုပ်ငန်းသည် အကျိုးအမြတ် ကြီးမားသောကြောင့် ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာ စိုက်ပျိုးလျှက် ရှိကြသည်။ ပဲပိစပ်နှင့် ပတ်သက်သော ထုတ်ကုန်များနှင့် မျိုးရိုးဗီဇ ပြုပြင်ထားသော ပဲပိစပ် နှစ်မျိုးစလုံးသည် ကျန်းမာရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိပါသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲမှုသည် ပုံမှန်မဟုတ်သော ပရိုတိန်းနှင့် အဆိပ်ဓါတ်ကို သာမန်အပင်များထက် ပိုမိုထုတ်လုပ်စေသည်။ မျိုးရိုးဗီဇ ပြုပြင်ပြောင်းလဲထားသော ပဲပိစပ်များသာမက သဘာဝ ပဲပိစပ်သည်လည်း ကျန်းမာရေးအတွက် အန္တရာယ်ရှိသည်။ မျောက်ငယ်များကို ပဲပိစပ်ကျွေးကာ စမ်းသပ်ရာတွင် […]


Zaw WonnaJuly 29, 20101min2277
ပြီးခဲ့သော တနင်္လာနေ့ 12.40pm က မလေးရှားနိုင်ငံ Jalan Othman, Petaling Jaya  တွင် အသက် ၅၁ နှစ်အရွယ် ကျောင်းကြိုပို့ကားမောင်းသူမှ ၁ဝ နှစ်အရွယ် ကလေးမလေးအား အခြားကလေးများရှေ့တွင်ပင် အဓမ္မကျင့်ရန် ကြိုးစားမှု ဖြစ်ပွားခဲ့သည်။ မူကြိုကျောင်းဆရာမတစ်ဦးက လမ်းဘေးတွင် ရပ်ထားသော ၎င်းကားအနီးမှ ဖြတ်သွားရာတွင် ကလေးမလေး၏ အော်ဟစ် အကူအညီတောင်းသံကိုကြားရ၍ ပတ်ဝန်းကျင်မှ လူများနှင့်အတူ မုဒိမ်းသမား၏လက်မှ ကယ်တင်ခဲ့ရသည်။ ကြိုပို့ကားမောင်းသူသည် ကျောင်းကားကို လမ်းဘေးတွင်ရပ်ကာ ကြောက်ရွံ့ ထိတ်လန့်နေကြသော အခြား ကလေးငယ်များ၏ ရှေ့တွင်ပင် ကလေးမလေး၏ အဝတ်အစားများကို ချွတ်ပစ်ကာ အဓမ္မကျင့်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ အနီးအနားမှ လူများရောက်လာသောအခါတွင် ကားသမားအား ရိုက်နှက်ကာ ရဲလက်သို့အပ်နိုင်ခဲ့သည်။ ကလေးမလေးအား University Malaya Medical […]


Zaw WonnaJuly 27, 20101min32310
ကျနော်တို့ရဲ့ မသိစိတ်က ရင်းနှီးပြီးသား နာမည်တွေကို မှတ်သားထားပြီး စဉ်းစားလိုက်တာနဲ့ ချက်ခြင်း ထွက်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ ကျနော်တို့ဟာ ကိုယ့်ရဲ့နာမည်ကို ဘယ်တော့မှ သိပ်စဉ်းစားနေရာ မလိုသလိုပေါ့။ ဒါပေမဲ့ သူများနာမည်တွေကိုတော့ ဆက်စပ်စဉ်းစားပြီး မှတ်မထားမိရင် အလွယ်တကူနဲ့ ပြန်မေ့နိုင်ပါတယ်။ သူများတွေရဲ့ နာမည်ကို မှတ်မိခြင်းဟာ လူမှုရေးနဲ့ စီးပွားရေးမှာ အလွန် အသုံးဝင်သလို အလွန်လည်း အရေးကြီးပါတယ်။ စီးပွားရေးအရ ဆက်ဆံနေရတဲ့ မိတ်ဆွေတွေနဲ့ မိမိရဲ့ဖောက်သည်တွေဟာ အရေးပေးဆက်ဆံတာကို ခံယူလိုကြတဲ့အတွက် နာမည်မေ့နေတတ်ခြင်းဟာ သူတို့ကို တန်ဘိုးမထားရာ ရောက်ပါတယ်။ နာမည်တွေကို မှတ်မိခြင်းအားဖြင့် တခါတရံမှာ ဖောက်သည်အဖြစ် မျှော်လင့်ချက်ရှိတဲ့ လူတစ်ယောက်ကနေ ဖောက်သည်ရင်းတစ်ယောက် ဖြစ်လာစေပါတယ်။ အများနဲ့ ပြိုင်ဆိုင်ပြီးလုပ်ရတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်နဲ့ဆက်ဆံနေတဲ့ လူတွေရဲ့နာမည်ကို မှတ်မိနေတတ်ခြင်းဟာ အလွန်အရေးပါပါတယ်။ လူတွေရဲ့ […]


Zaw WonnaJuly 26, 20101min1600
လိင်မှတဆင့် ကူးစက်သော ရောဂါများတွင် ကာလသားရောဂါများနှင့် အေအိုင်ဒီအက်စ်ရောဂါတို့ ပါဝင်ပါသည်။ ထိုအထဲမှ နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံမှ လူငယ်အများစုကို အကြီးမားဆုံး  ခြိမ်းခြောက်နေသော ရောဂါမှာ အေအိုင်ဒီအက်စ် ရောဂါ ဖြစ်ပါသည်။ ထိုရောဂါမှာ ယခုအချိန်အထိ လုံးဝသက်သာ ပျောက်ကင်းအောင် မကုသနိုင်သေးသော်လည်း ကြိုတင်ကာကွယ်နိုင်သော ရောဂါတစ်ခု ဖြစ်သည်ကို ခေတ်ပညာတတ် များသာမက ဗဟုသုတ အတန်အသင့် ရှိသူတိုင်း သိပြီးဖြစ်ပါသည်။ မည်သို့ ကာကွယ်ရမည်ကိုလည်း သိကြသည်သာ ဖြစ်၏။ သို့သော် ရောဂါဖြစ်ပွားသူများတွင် ခေတ်ပညာတတ် လူငယ်များလည်း ပါဝင်နေသည်ကို  တွေ့ရှိနေရသောကြောင့် ဤစာကို ရေးမိခြင်း ဖြစ်ပါသည်။ တကယ်တမ်းတွင်မူ AIDS ရောဂါ ဖြစ်ပွားရသည့် မူးယစ်ဆေးဝါး အကြောထဲထိုးသွင်းခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း စသော အခြား အကြောင်းရင်းများ […]


Zaw WonnaJuly 23, 20101min1922
ကျနော် ဆယ်တန်းလောက် တုန်းက စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတာပါ။ “ကိုယ့်ကို တကယ် ချစ်ခင်တဲ့သူ ဘောလုံးတစ်သင်းစာ ရှိရဲ့လားတဲ့”။ ဘယ်စာအုပ်လဲ ဆိုတာတော့ မမှတ်မိတော့ဘူး၊ တက်ကျမ်းထဲကလို့ ထင်တာပဲ။ အဲဒီ မေးခွန်းလေးကို အဲဒီတုန်းက သူငယ်ချင်းတွေကို မေးကြည့်ခဲ့ဖူးတာ သတိရမိတယ်။ ဘာရယ်လို့မဟုတ်ပေမဲ့ သူတို့လည်း ကျနော်မေးမှ စဉ်းစားမိကြပုံပေါ်ပါတယ်။ သေချာတာကတော့ ဘယ်သူ့မှာမှ တကယ်ချစ်ခင်တဲ့သူ ဆယ့်တစ်ယောက် မပြည့်တာပါ။ ကျနော်ဆိုလိုတာက ကိုယ့်ကို တကယ်ချစ်တဲ့သူဆိုရင် ကိုယ်က သူ့ထက်သာသွားရင် မနာလိုမဖြစ်ပဲ ဝမ်းသာတတ်တဲ့သူမျိုး၊ ကိုယ်တကယ် ဒုက္ခရောက်နေတာတွေ့ရင် ကိုယ့်ကို ကိုယ်ချင်းစာနားလည်ပြီး ကူညီတတ်တဲ့ သူမျိုးပါ။ ဆရာကြီး ရွှေဥဒေါင်းစကားနဲ့ ပြောရရင်တော့ “ရင်ဘတ်မိတ်ဆွေ” (Bosom friend) ပေါ့လေ။ တကယ်ဆို အဲဒီအရွယ်တုန်းက သူငယ်ချင်းတွေဟာ တစ်ယောက်ကိုတစ်ယောက် […]


Zaw WonnaJuly 21, 20101min1443
သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ forward mail တစ်စောင်ကနေ ဒီအတွေးကို ရခဲ့တာပါ။ အင်တာနက်ခေတ်မှာ အီးမေးလ်တစ်စောင်ကို လူပောင်းများစွာဆီ တစ်ပြိုင်တည်း အလွယ်တကူနဲ့ ပို့လို့ရနေတော့ forward mail တွေပို့ကြတာလည်း ခေတ်စားလာပါတယ်။ လူတိုင်းဟာ ကိုယ်ရတဲ့ သတင်းအချက်အလက်ကို အခြားလူတွေဆီကို မျှဝေပေးချင်ကြတာ သဘာဝပါ။ ဒါမှမဟုတ်လည်း ကိုယ်ပြောချင်တာ တစ်ခုခုကို အားလုံးသိစေချင်တတ်ကြပါတယ်။ ဒါဟာ လူသားတွေရဲ့ ဗီဇစိတ်လို့ပဲ ထင်ပါတယ်။ သတင်းအချက်အလက်တွေကို လွယ်ကူစွာ ရရှိနိုင်တာ၊ ဖြန့်ဝေနိုင်တာကိုက အခုခေတ်ရဲ့ အားသာချက်ပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို ကိုယ်ကြည့်ချင်တဲ့ ဝဘ်ဆိုက်ဒ် တစ်ခုကို ခက်ခက်ခဲခဲနဲ့ ဖွင့်ရတဲ့ လူတွေအတွက် အီးမေးလ်တွေက အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေကျတော့ ကိုယ်ရတဲ့ သတင်းအချက်အလက်က မှားယွင်းနေတတ်ပါတယ်။ အထူးသဖြင့် နာမည်ကြီး (Celebrity) […]


Zaw WonnaJuly 21, 20101min1270
၂၁ ရာစုဟာ မီဒီယာနဲ့ ပတ်သက်လို့ အံ့မခန်း တိုးတက်မှုတွေနဲ့အတူ လူတွေရဲ့ အချိန်တော်တော်များများကိုလည်း မီဒီယာတွေက  ဖမ်းစားနိုင်ခဲ့ပါတယ်။ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းပေါင်းများစွာဟာ အချိန်ကုန်လူပန်း သက်သာဖို့ ရည်ရွယ်ထုတ်လုပ်ခဲ့တာ မှန်ပေမဲ့ အဲဒီပစ္စည်းတွေကြောင့်ပဲ ကျနော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကုန်လို့ကုန်မှန်းမသိအောင် ဖြစ်နေပါတယ်။ နောက်တစ်ခု စဉ်းစားစရာရှိတာက ကျနော်တို့ပေးလိုက်ရတဲ့ အချိန်တွေနဲ့ ငွေကြေးတွေအတွက် ရတဲ့ အကျိုးအမြတ်က မျှတရဲ့လားဆိုတာ ဖြစ်ပါတယ်။ ဥပမာ အခုဆိုရင် အင်တာနက်ဟာ မြို့နေ လူငယ်တွေ အားလုံးနီးပါး သုံးစွဲကြတဲ့ အရာတစ်ခုပါ။ ဒါပေမဲ့  အင်တာနက် အသုံးပြုတဲ့  အချိန်တွေမှာလည်း တကယ်အကျိုးရှိမဲ့ အင်ဖော်မေးရှင်းတွေထက် ချတ်တင်၊ ဖျော်ဖြေရေး နဲ့ ဂိမ်းတွေရဲ့ ဆွဲဆောင်မှုနောက်ကို  လိုက်ရင်း အချိန်ကုန်မှန်းမသိ ကုန်နေကြပါတယ်။ လူငယ်တွေအတွက် အချိန်ဖြုန်းလို့ကောင်းတဲ့ နေရာတစ်ခုလို […]


Zaw WonnaJuly 14, 20101min1541
ဒီနေ့ ရာသီဥတုကလည်း မိုးတစ်စိမ့်စိမ့်နဲ့မို့ မြန်မာပြည်က အိမ်ကိုလွမ်းနေမိတယ်။ ငယ်ငယ်တုန်းကတော့ အခုလို အိမ်နဲ့ဝေးနေရတဲ့ နေ့ရက်တွေမှာ အမေ့အိမ်ကို လွမ်းဖူးပါရဲ့။  အခုတော့လည်း ဇနီးမယား၊ သမီးသားတွေ ရှိတဲ့ကိုယ့်အိမ်လေးကို ပိုပြီးလွမ်းနေမိတယ်။ အတူတူနေချင်လို့ လက်ထပ်ပြီးကာမှ မတတ်သာလို့ ခွဲခွါခဲ့ရတဲ့ အိမ်သူကိုလည်း အရမ်းလွမ်းတယ်။ အဖေ၊ အမေ ရှိပါရက်နဲ့ မိသားစု စုံစုံလင်လင်နဲ့ မနေရရှာတဲ့ သား၊သမီးတွေကိုလည်း သနားနေမိတယ်။ သူတို့ကရော အနားမှာ ယုယုယယ ကြင်ကြင်နာနာနဲ့ မနေပေးနိုင်တဲ့ ကိုယ့်ကို နားလည်ပေးနိုင်ပါ့မလား။ ကိုယ်ကိုယ်တိုင်က ငယ်ငယ်တုန်းက မိဘနဲ့ ခွဲနေဖူးခဲ့တော့ သူတို့လေးတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာ နားလည်မိပါတယ်။ ကိုယ်လည်းဒီမှာ သားသမီးစုံစုံညီညီနဲ့ ပျော်နေတဲ့ မိသားစုတွေ၊ ကလေးငယ်ငယ်လေးတွေကို တွေ့ရင် အရမ်းခံစားရတယ်။ တကယ်တမ်းကျတော့ ဒီခေတ်ကြီးမှာ အကြောင်းကြောင်းကြောင့် […]