zinmyotunNovember 11, 20101min740
မလေးရှား-ဩစတြေးလျ ဆက်ဆံရေးကို ပိုမိုတိုးတက်စေမည့် ဂီလာ့(ဒ်)၏ ခရီးစဉ် မလေးရှား ဒုတိယဝန်ကြီးချုပ် တန်ဆရီ မူယစ်ဒင် ယက်ဆင်က မလေးရှား – ဩစတြေးလျ လွတ်လပ်စွာ ကုန်သွယ်မှု သဘောတူ စာချုပ် (FTA) ကို လာမည့်နှစ်တွင် အပြီးသတ်ချုပ်ဆိုနိုင် မည်ဟု ပြောကြားခဲ့ကြောင်း နိုဝင်ဘာ (၂) ရက်နေ့ က ပူထရာဂျာယာမှ လာသည့် သတင်းတစ်ရပ် တွင် ဖော်ပြခဲ့သည်။ “အက်(ဖ်)တီအေကိစ္စနဲ့ ပတ်သက်လို့ အစည်းအဝေး အတော်များများ ကျင်းပခဲ့ပြီး နောက် လာမယ့်နှစ်မှာ သဘောတူညီမှု ရမယ်လို့ မျှော်လင့်ပါတယ်။ သဘောတူ စာချုပ်ကို ဖြစ်နိုင် သမျှ အမြန်ဆုံး ချုပ်ဆိုသွားမှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံရဲ့ ကုန်သွယ်ရေး တိုးတက်ဖို့ အတွက် ဒါဟာ အရေးပါပြီး […]


zinmyotunNovember 11, 20101min530
ဘရာဇီးနိုင်ငံ၏ ပထမဆုံးအမျိုးသမီးသမ္မတသစ် ဒီ(လ်)မာရောက်ဆက်(ဖ်) ၁၉၇ဝ ပြည့်နှစ်များက လက်နက်ကိုင် ပုန်ကန်မှုများကြောင့် ထောင်နန်းစံခဲ့ရဖူးသူ ဒီ(လ်) မာ ရောက်ဆက်(ဖ်) (၆၂ နှစ်) သည် ဘရာဇီး၏ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရပြီး သူမအား အကြံပေးညွှန်ကြားခဲ့ သူ လက်ဝဲယိမ်းဝါဒီခေါင်းဆောင် လူလာဒါ ဆေး (လ်)ဗားအား ဆက်ခံသူ ဖြစ်လာကြောင်း နိုဝင် ဘာ (၂) ရက်နေ့က အေအက်(ဖ်)ပီသတင်းတွင် ဖော်ပြခဲ့သည်။ ရောက်ဆက်(ဖ်)သည် သူမ၏ ပြိုင်ဖက် ဆာအိုပေါ်လိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂျို ဆေး ဆာရာအား အနိုင်ရကာ သမ္မတဖြစ်လာခဲ့ ခြင်းဖြစ်သည်။ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ရန်အတွက် သမ္မတဟောင်း လူလာ၏ ဝန်ကြီး အဖွဲ့အကြီးအကဲအဖြစ်မှ ပြီးခဲ့သည့် ဧပြီလက နှုတ်ထွက်ခဲ့သူ […]


zinmyotunNovember 11, 20101min1103
ကမော္ဘဒီးယားက ကလေးပြည့်တန်ဆာများကို ဟီလာရီ ကလင်တန် တွေ့ဆုံ ကမော္ဘဒီးယားနိုင်ငံ မြောက်ပိုင်းတွင် ကလေးပြည့်တန်ဆာများအတွက် ဖွင့်လှစ်ထား သော ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး ဌာနသို့ လာရောက်လည်ပတ်ခဲ့သူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က “လိင်ကျွန်ပြုမှု” ကို အဆုံးသတ်စေရန် အကူအညီ များ ပိုမိုပေးအပ်သွားမည်ဟု ကတိပြုပြောကြားခဲ့ ကြောင်း နိုဝင်ဘာ (၁) ရက်နေ့က အေပီသတင်း တွင် ဖော်ပြခဲ့သည်။ အမေရိကန် အကူအညီဖြင့် တည် ထောင် ဖွင့်လှစ်ထားသော အဆိုပါဌာနတွင် ဟီလာရီ ကလင်တန်သည် လူကုန်ကူးမှု၏ သား ကောင်ဖြစ်ခဲ့ရသူ (၅၀) ခန့်ကို တွေ့ဆုံခဲ့ပြီး အမေ ရိကန်အနေဖြင့် အကူအညီများ ဆက်လက်ပေး အပ်သွားမည်ဟု ပြောကြားခဲ့သည်။ ထို့နောက် (၁၂) […]


zinmyotunNovember 11, 20101min1004
အရှုံးပြီးတော့ အရှုံး ရည်စားအပေါ် လိမ်ညာမှုကြောင့် ရည်းစား၏ အဆက်ဖြတ်မှုကို ခံရသူ စင်္ကာပူနိုင်ငံသားတစ်ဦးသည် ချစ်သူနှင့် ပြန်လည်ပြီး ပြေလည်မှုရရန် အောင်သွယ်တော် မြားနတ်မောင်များထံ အကူအညီတောင်းခံရာမှ ရင်းဂစ် (၉၀,၀၀၀) ခန့် အလိမ်ခံခဲ့ရကြောင်း စင်ချူးဒေးလီးသတင်းစာက ဖော်ပြခဲ့သည်။ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးဖြစ်သူ ယူ (၃ရ နှစ်) သည် ၎င်းအားကူညီရန် အမေရိကန်နို်င်ငံမှ အောင်သွယ်တော် အေဂျင်စီတစ်ခုကိုပင် အင်တာနက်မှ ငှားရမ်းခဲ့ကြော်ငး၊ သို့သော်လည်း ရင်းဂစ် (၇၁,၀၀၀) ခန့် လိမ်လည်ခံရကြောင်း သိရသည်။ ကုန်ကျငွေများတွင် ကျန်ခဲ့သည့် သုံးလအတွင်း တယ်လီဖုန်းခေါ်ဆိုမှုများ၊ ဖယောင်းတိုင်သုံးတိုင်အတွက် ပေးရသည့်ငွေများ ပါဝင်ကြောင်း သိရသည်။ ယူအနေဖြင့် ယူအက်စ်ရဲဌာနကို ဆက်သွယ်တိုင်ကြားခဲ့သော်လည်း ငွေကြေးပြန်ရရန် အလွန်ခက်ခဲမည်ဟုသာ အကြောင်းပြန်ကြားခဲ့သည်။ ယူသည် ၎င်းနှင့် ရှစ်နှစ်ကြာတွဲလာခဲ့သော ချစ်သူအပေါ် […]


zinmyotunNovember 11, 20101min1203
အားလုံးကိုပျော်ရွှင်စေခဲ့သူ “ပျော်ရွှင်မှုရရှိရေး နည်းလမ်းပြသူ” ဟု အမည်ရသည့် တောင်ကိုရီးယားနိုင်ငံမှ တီဗီအစီအစဉ်တင်ဆက်သူ အမျိုးသမီးနှင့် ၎င်း၏ခင်ပွန်းသည် တို့နှစ်ဦး၏ အလောင်းများကို မိုတယ်အခန်းတစ်ခုအတွင်း တွေ့ခဲ့ရပြီး နှစ်ဦးစလုံး ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင် ရဲများက ပြောကြားခဲ့သည်။ ဆိုးလ်မြို့တော်မြောက်ဘက်ရှိ ဂိုယန်းမြို့လေးမှ မိုတယ်ဝန်ထမ်းတစ်ဦးသည် ချွိုင်ယောင်ဟီး (၆၃ နှစ်) နှင့် သူမ၏ အသက် (၇၂ နှစ်) အရွယ် ခင်ပွန်းတို့ ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေထားသည်ကို မိုတယ်အခန်းအတွင်း တွေ့ခဲ့ရသည်။ ချိုင်သည် “ပျော်ရွှင်မှု”၊ “မျှော်လင့်ချက်” စသည့် အကြောင်းအရာများနှင့် စပ်လျဉ်းသည့် စာအုပ်ပေါင်း (၂၀) ခန့် ရေးသားခဲ့သည်။ သူမသည် လူများအား ဘဝကို ပျော်ရွှင်စွာ နေထိုင်နိုင်ရေးကို တီဗီအစီအစဉ်မှ တစ်ဆင့် ပညာပေးဟောပြောခဲ့ရာမှ “ပျော်ရွှင်မှုရရှိရေး […]


zinmyotunNovember 11, 20101min994
ဒါဖတ်ပြီးမှ မျက်စဉ်းခတ်ပါ အသေအချာမကြည့်ဘဲ လှမ်းယူလိုက်စဉ်က မျက်စဉ်းဟု ထင်မိသော်လည်း ခတ်ပြီးမှ စူပါဂလူးမှန်း သိလိုက်ရသည့် ဖြစ်ရပ်တစ်ခု အမေရိကန် ပြည်ထောင်စု၊ ဖီးနစ်တွင် ဖြစ်ပွားခဲ့သည်။ KSAZ-TV ၏ သတင်းပေးပို့ချက်အရ ဂလန်ဒေး(လ်)မြို့မှ အမ်းဂတ်ဟုမ်း(မ်)ဆိုသူ အမျိုးသမီးသည် မျက်လုံးခွဲစိတ်ကုသမှုခံယူခဲ့ရကြောင်း သိရသည်။ သူမသည် မျက်စဉ်းဆေးအထင်နှင့် လှမ်းယူကာ မျက်စဉ်းခတ်ပြီးနောက် အလွန်အမင်း ပူလောင်သည့် ဝေဒနာကို ခံစားရသည်တွင် တစ်ခုခုမှားသွားကြောင်း သိလိုက်ရသည်။ ဟုမ်း(မ်)ဆေးရုံသို့ ရောက်ပြီးနောက် ဆေးဘက်ဝန်ထမ်းများက မျက်လုံးတွင် မြဲမြံစွာကပ်နေသော စူပါဂလူးကို ဖြတ်တောက်ခဲ့သည်ဟု ဆိုသည်။ မျက်လုံးအား ကြီးကြီးမားမား ထိခိုက်မှုမှ ကာကွယ်ရန် ဆရာဝန်များက ခွဲစိတ်ကုသပေးခဲ့ရကြောင်း အေပီသတင်းတွင် ဖော်ပြခဲ့သည်။ Ref: AP


zinmyotunNovember 11, 20101min1255
လန်ဒန်မြို့လယ်ခေါင်တွင် ဂျပန်ကမာ္ဘလှည့်ခရီးသည် (၁၀၀) ကျော်ကို လိမ်လည်ခဲ့သော လူသုံးဦးအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲများက ပြောကြားလိုက်သည်။ ၎င်းအဖွဲ့သည် ခရီးသည်များ လာရောက်လည်ပတ်လေ့ရှိသော ဗြိတိသျှပြတိုက်နှင့် အောက်(စ်)ဖို့ဒ်လမ်းကဲ့သို့သော ဈေးဝယ်သူများဖြင့် စည်ကားသည့် နေရာများတွင် သားကောင်ကို ပစ်မှတ်ထားကြောင်း သိရသည်။ ယင်းအဖွဲ့၏ လိမ်ပုံလိမ်နည်းမှာ ပညာသားပါလှသည်။ ခရီးသွားဟန်ဆောင်ထားသည့် အမျိုးသမီးတစ်ဦးက ရိုးရိုးသားသား လာရောက်လည်ပတ်နေ သော ဧည့်သည်တစ်ဦးအား လမ်းညွှန်ပေးရန်ဖြစ်စေ၊ သူမအား ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးရန်ဖြစ်စေ အကူအညီတောင်းမည်။ သူမ၏ အပေါင်းပါများက ရဲအရာရှိများအဖြစ် ဟန်ဆောင်ကာ ခရီးသည်များထံ ချဉ်းကပ်လာပြီး ခရီးသည်တို့၏ အထောက်အထားများ၊ ခရက်ဒစ်ကဒ်များ စသည်တို့ကို တောင်းကြည့် မည်။ အမျိုးသမီးက ခရီးသည်များအား ရဲအရာရှိများပြောသည့်အတိုင်း လိုက်နာရန် တိုက်တွန်းမည်။ ထို့နောက်တွင်မူ ၎င်းတို့အဖွဲ့သည် အဆိုပါကဒ်များကို ယူဆောင်ထွက်ပြေးသွားပြီး […]


zinmyotunNovember 11, 20104min1160
ယနေ့ခေတ်ရေစီးကြောင်းမှာ အရှုးသွပ်ဆုံး အသက်(၇ဝ) DJဘွားဘွား Mamy ၂ဝ၁ဝခုနှစ် ဩဂုတ်လ။ ပဲရစ်မြို့ရဲ့ နှိုက်ကလပ်မှာ အသက်(၇ဝ)ကျော်အဘွားကြီးတစ်ဦး DJ လုပ်နေပြီလား? အမှန်အကန်ပါပဲ… အင်္ဂလန် DJ Ruth Flowers တဖြစ်လဲ DJ Mamyဟာ ဒီကနေ့ခေတ်ရဲ့ အသက်(၇ဝ)ကျော် အဘွားကြီး DJပဲဖြစ်ပါတယ်။ Cannes Film Festival ကတောင် သူ့ကိုဖိတ်ပြီး ဖြေဖျော်ခိုင်းသေးသတဲ့။ ရောင်စုံမီးရောင်တွေနဲ့ ရှုပ်ပွတဲ့အပြင်အဆင် ခလုတ်တွေကြားမှာ DJ Mamy ဟာ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး DJ ပွတ်လို့နေတယ်။ high အဖြစ်ဆုံး သံစဉ်တွေနဲ့ နှိုက်ကလပ်တစ်ခုလုံးကို ပိုတက်ကြွအောင် သူစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ရင်သားပေါ် သူတို့သမီးဝတ်စုံ ဒါဟာခေတ်ရေစီးလား? အတုယူမှားဖို့လား! ၂ဝဝ၉ခုနှစ် ဒီဇင်ဘာလ။ ရွှေရောင်ဆံပင် မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာဆောင်ဓာတ်ပုံတွေ […]


zinmyotunNovember 10, 20101min1868
ဟက်ကော့ သိပ်မကြာသော ကာလတစ်ခုမှာ ကျွန်တော် မြို့ထဲသွားတော့ ဘေးနားမှာ မတ်တပ်ရပ်ရင်း ကောင်မလေး နှစ်ယောက်က သူတို့ဖာသာ စကားပြောနေကြပါသည်။ ထိုရပ်နေသော နေရာဟာ ကားမှတ်တိုင် ဖြစ်သောကြောင့် ကျွန်တော်ကလည်း ရပ်ကာ ဘတ်စ်စောင့်နေပါသည်။ အတော်ကြာသည့် အထိ စီးချင်သော ဘတ်စ်က မလာပါ။ ထိုအချိန်မှာ စိတ်တွေက ဟိုလွင့်ဒီလွင့် တွေးနေရာကနေ အနီးအနားကို သတိလေး ထားလိုက်မိတော့ ထိုကောင်မလေး နှစ်ယောက် ပြောနေတဲ့ စကားတွေက နားထဲကို သူ့ဖာသာ စီးဝင်လာသည်။ အရင်ကလည်း ဝင်နေနိုင်ပေမဲ့ ကျွန်တော် သတိမထားမိတာ ဖြစ်မည်။ “ အဲဒီတော့ ဘာဖြစ်သွားလဲ။ ” “ ဘာမှ မဖြစ်ဘူးလေဟာ . . နင်တို့ ပြန်ဝင်လာတော့ သူက ဆက်မပြောတော့ဘဲ။ […]


zinmyotunNovember 10, 201017min1115
သူငယ်ချင်းတို့တွေ အချိန်တန်အရွယ်ရောက်လာရင်ကိုယ်နှစ်သက်မြတ်နိုးတယ့်ဘဝရဲ့လက် တွဲဖော် ချစ်သူ၊ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ဖို့အရင်ဆုံး ရည်းစားတော့ထားကြဘူးမှာပါ နော်..၊ အဲဒီလို သ္မီးရည်းစားဖြစ်ဖို့လည်းအနည်းဆုံး ရည်းစားစကား၊ ရည်းစားစာတော့ပေးခဲ့ လက္ခံခဲ့ဘူးမှာပါ..။ တကယ်လို့များဒီလို ရည်းစားစာမျိုး ပေးခဲ့ရင်၊ အပေးခံ ခဲ့ရရင်ဖြင့်…. သူငယ်ချင်းတွေအတွက် ခေတ်သစ်(စကားပုံ)ရည်းစားစာ အချစ်ရယ် ဒီစာကိုရေးလိုက်လို့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တယ်၊ မိကျောင်းမင်း ရေခင်းပြတယ်၊ ခရု ခါးတောင်းကျိုက်ဖမ်းတယ်လို့ မထင်စေချင်ဘူးနော်။ ကိုယ့်မှာ မင်းကိုချစ်မိမှပဲ ခဲမှန်ဖူးတဲ့ စာသူငယ်လိုလို၊ မပိုင်ဝက်မွေးဆိုသလိုလို၊ အိတ်ပေါက်နဲ့ ဖားကောက်ဆိုသလိုလို ဖြစ်နေပါပြီ။ အခုအချိန်မှာ ဝက်ဖြစ်မှတော့ မစင်ကြောက်နေ လို့လည်း မထူးတော့ပါဘူးလေ။ မင်းအဖေကို ပြောလိုက်ပါ မြင်းကမလှုပ် ခုံကလှုပ်၊ ယုန်ကမတိုး ပိုက်ကတိုး ဖြစ်မနေပါနဲ့လို့။ ယူမှာက မင်းကိုပါ။ ဘယ်နှယ့်သူက ကဲကဲလှုပ်နေရတာလဲလို့။ ကြက်တူရွေးက တော်တော် မယ်ဘော်က […]


zinmyotunNovember 10, 20101min2209
ဒီစကားလုံးလေးကတော့ တွယ်ကျယ်ပါသည်။ ဘာမှလည်း အန္တရာယ် ရှိပုံလည်း မရပါ။ သို့သော် . . . မသိ၍ပဲ ဖြစ်ပါသည်။ ဟိုးအရင် ကျွန်တော်လည်း မသိခင်မှာ ဖြစ်ခဲ့ဖူးပါသည်။ ကျွန်တော်တို့ အမျိုးတွေထဲမှာ ကျွန်တော်က တဇောက်ကန်း ၊ အရိုင်းအစိုင်း လူတစ်ယောက် ဆိုတော့ သိပ်ပြီးတော့ ဘယ်သူကိုမှ ဂရုမစိုက်ပါ။ ဒါကြောင့် ဘယ်အမျိုးတွေ ဘာပဲ ပြောနေနေ ၊ ပတ်ဝန်းကျင်က ဘာပဲ ပြောနေနေ သိပ်ပြီးတော့ ဂရုစိုက်လေ့ မရှိပါ။ ကျွန်တော့်ကို အဖေ နဲ့ အမေက လွဲပြီးလည်း ဘယ်သူမှ သိပ်ပြောလို့ မရပါ။ သူတို့ကလည်း တကယ်ကို မပြောချင်ကြပါဘူး။ ကျွန်တော့်ဆီက ပြန်လာမဲ့ ဆင်ခြင်တွေ  ၊ အကြောင်းပြချက်တွေ ၊ […]


zinmyotunNovember 10, 20101min610
**Gmail web site အတု လုပ်ပြီး Account နှင့် password များ ခိုးယူနေခြင်း * အီးမေးလ်ထဲရောက်လာတာပါ။ ပြန်လည်မျှဝေသင့်တယ်ထင်လို့ ကျနော်ဆိုဒ်မှာဖော်ပြပေးာတာပါ။ မေးလ်ပို့ပေးတဲ့ ကိုအောင်ထွန်းကိုလည်းအထူးကျေးဇူ* *းတင်ပါတယ်။ ဒီနေ့လည်း ကျွန်တော့်ညီ က ကျွန်တော့်ထံ သို့ လင့် တခုပေးပြီး အဲဒီ SITE က GMAIL WEB SITE အသစ်လား ဟုမေးရာကျွန်တော် ဝင်ရောက် ကြည့်လိုက်ရာ မြင်လိုက်ရသော WEB SITE ကြောင့်ကျွန်တော့်ညီအား အဲဒီ SITE မှာ ဘာ USERNAME , PASSWORD နဲ့ မှ ရိုက်ပြီး မဝင်ရန် အမြန်ကြောင်းကြားရပါသည်။ ကွာခြားချက်ကတော့ …. ၁ – GMAIL […]


zinmyotunNovember 10, 20103min1577
ယူအေအီးက အသက် ၆၄ နှစ် အမျိူးသားက အသက် ၁၈ နှစ်ကလေးကိုယူဦးမည် ယူအေအီးနိုင်ငံရဲ ့လူစွမ်းကောင်း သားသမီးများစွာတို ့ရဲ ့ဖခင်အမျိူးသားတစ်ဦးဟာ ၂၀၁၅ ခုနှစ်မတိုင်မီ သားသမီးအယောက် ၁၀ဝ ပြည် ့နိုင်ဖို ့ရည်ရွယ်ချက်ဖြင် ့နောက်ထပ် မိန်းမထပ်ယူရန် စီစဉ်ထားပြီးဖြစ် ပါတယ်… ခြေထောက်တစ်ဖက်သာရှိသည် ့ သားသမီး ၈၈ ယောက်တို ့ရဲ ့ဖခင်ဖြစ်သူ အသက် ၆၄ နှစ်ရှိ ဒါ ့တ်မူရက် အဗ္ဗဒူရာမန် ဟာ အသက် ၁၈ နှစ်မျှသာရှိသေးသည် ့ အိုင်ရှာ ကလေးနှင် ့လာမည့် အစ်ပွဲတော်အပြီး နိုဝင် ဘာလ ၁ရ ရက်နေ ့မှာ ဂျိူင်ပူရ် မြို ့မှာ လက်ထပ်တော […]