အပျိုကြီးတို့ကို “ဖက်လုံးအဖော်ပြုသူ” “တိရစာ္ဆန်ထိန်းကျောင်းသူ” “အထီးကျန်သူ” စသည်ဖြင့် ထိခိုက်ပြောဆိုမှုတစ်ချို့ရှိကြသော်လည်း အိမ်ထောင်မပြုကြသဖြင့် သူတို့တွင် အားသာချက်များရှိနေကြသည်။ ယင်းအားသာချက်များမှာ- (၁) ရုပ်မြင်သံကြားကြည့်ပါက remote control လုစရာမလိုခြင်း။ (၂) နံစော်သောအဝတ်အစားများကို လျှော်စရာမလိုခြင်း။ (၃) ချွတ်ချင်ရာ ချွတ်ထားသော ဖိနပ်များကို လိုက်သိမ်းစရာမလိုခြင်း။ (၄) ရေချိုးခန်းကို စိတ်ကြိုက်သုံးခွင့်ရခြင်း။ (၅) တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးလုပ်စရာမလိုုခြင်း။ (၆) ‘ဘာဝတ်မှာလဲ’ ‘ဒါလေးဝတ်ပါလား’ ဟုနေ့စဉ် ပြောစရာမလိုုခြင်း။ (၇) အထူးချက်ပြုတ်၊ ကြော်လှော်၊ ဆေးကြောစရာ မလိုခြင်း။ (၈) မိမိမှာ တစ်ယောက်သောသူအတွက် ဖြစ်နေသည်ဟု စဉ်းစားစရာမလိုခြင်း။ (၉) စိတ်ထဲရှိသလို နေထိုင်လုပ်ကိုင် လွတ်လပ်မှုရှိခြင်း။ (၁၀) အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လောင်းကစားလုပ်သူတစ်ဦးဦးကို စောင့်ကြည့်၊ ဆူပူ၊ ထိန်းချုပ်နေစရာမလိုခြင်း။ […]


ရွှေကြည်တင်သော “ဝါသနာအရ ဖန်တီးထားတဲ့ အနုပညာပါတဲ့” ပို့စ်ကို ဖတ်အပြီး လက်ရာမြောက်လှစွာသာ ရွံ့စေးပန်းပုရုပ်ထုများကို မြင်သိရကြားသိရတော့ ကျွန်တော်ရဲ့ စိတ်ဝယ် အတိတ်သယံဆီက ငယ်ရွယ်စဉ်ပုံရိပ်လေးတွေ ပြေးလွားပေါ်ပေါက်လို့ လာတော့တာပေါ့။ ဒါကြောင့် ကွန်းမန့် လဲရေးချင်သလို ပို့စ်လေးလဲ တင်ချင်စိတ်ပေါ်လာလို့ အခုလို ကဗျာလေးရေးလိုက်မိတာပါ။ ပန်းပုဆရာရေ ရွံ့စေးကို နယ်ကာဆုပ် အံ့မခန်း ထုလုပ်လိုက်ပုံများ… တို့တောရွာ ငယ်ဘဝက နွားရုပ်နဲ့ ရွှေချိုးကူ အပြိုင်ယူ ရွံ့တွေလုံး မြန်ဓလေ့ ဖွဲ့ကာထုံးတဲ့ လူကြီးနဲ့ တူအောင်ရှုန်းတယ် ဘယ်နွားရယ် သူမတူပိုလို့လှ ဝင့်ကြွားခဲ့တယ်…. ခုများတကယ် ဂလိုဗယ်မှာ နောင်မျိုးဆက် ပုခက်ရယ်ထွက်တော့ လက,်မ ရယ်မော်မဆုံးအောင် မြန်နှုန်းနဲ့ ခလုပ်တွေရွေ့ ထမင်းမေ့ မျက်တွင်းဝေ့အောင် ဂိမ်းဘောင်ကစွယ်…. လက်မှုသယ် ကိုပန်းပုရွံ့စေး သူ့လက်ရာမြင်သူငေးရလောက် ကမာ္ဘမှီ […]


TTNUAugust 17, 20122min105947
  ကျွန်မတို့ တွေအားလုံးသိထားပြီးကြတဲ့အတိုင်း “တပည့်မကောင်းဆရာ့ခေါင်း” တဲ့။ ဆရာမကောင်းရင်ကော? တပည့် ဒေဝတတ်တွေ များလာတော့မှာပေါ့။ ဆရာတစ်ယောက်၊ အထူးသဖြင့် ဆရာကောင်းတစ်ယောက်ဖြစ်ဖို့ မလွယ်ပါ။ တကယ့်ကို မလွယ်ပါ။   ဆရာဆိုတာ နာနာကျင်ကျင် အပြစ်မြင်တိုင်း၊ ဝမ်းတွင်းမသို၊ ဟုတ်တိုင်းဆို၏၊  ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ၊ ဆရာဟူလော့ ။  ဆိုတဲ့အတိုင်း ဆရာတစ်ယောက်ရဲ့ စံ ၊ လေ့လာကြည်ရအောင်နော်။ Invest in Teachers – The Art of Teaching Posted by linedalile ⋅ July 25, 2012 ⋅ ဒီဆောင်းပါးထဲမှာဖွင့်ဆိုထားတာလေးဖတ်ကြည့်ပါဦး။ A teacher is someone who gives you something to […]


pioneer youthAugust 16, 20121min22518
အမေရိကန် များမွေးနေ့ယဉ်ေ အမေရိကန် များမွေးနေ့ယဉ်ကျေးမှူ့ အမေရိကန်တွေက မွေးနေ့ပါတီတွေကို ပျော်ရွှင်စွာကျင်းပကြတာများပါတယ်..။ ဒီလိုပါတီမျိုးကို မွေူးနေ့ရှင်ရဲ့ မွေးတဲ့ ရက်နဲ့လမှာကျင်းပကြတာပါ..။အများ အားဖြင့် ကျင်းပတာကို မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေနဲ့ကျင်းပ ကြပါတယ်..။      ခမ်းနားတဲံ့မွေးနေပွဲတွေကိုတော့ အချိန်နေရာတွေကို ဖိတ်ကြားပေးပို့ပါတယ်. ကြော်ငြာပါတယ်..။အသက်ကိုတော့ဖယောင်းတိုင်နဲ့ကိုယ်စား ပြုပါတယ် ။ ဖယောင်းတိုင် မီးညှိပြီးတာနဲ့ တြ့ပိုင်ထဲ လူတိုင်းက HAPPY BIRTHDAY သီချင်းကိုဆိုကြပါတယ် ။ဒီနောက်တော့ ဆုတောင်းကြပါတယ် တခါတရံမှာတော့ ၃ကြိမ်လောက် ဆုတောင်းပြီးမှ တချက်ထဲအသက်မရှူဘဲဖယာင်းတိုင်မီးတွေကို ငြိမ်းအောင်မှူတ်ရပါတယ် ။ဆုတောင်းခြင်းတွေက အမှန်တ ကယ်ဖြစ်လာမယ်လို့လဲ ယုံကြည်ကြပါတယ် ။တချို့ကတော့ မွေးနေ့ရှင်မိတ်ဆွေအ တွက် ဝိုင် သို့မဟုတ် အရက်ဝီစကီတခုခု သောကြ်ပီး ဂုဏ်ပြုကြပါတယ် ။ အများအားဖြင့်မွေးနေ့ရှင်ကို လက်ဆောင်ပစ္စည်းတွေနဲ့ တက်ရောက်လာတဲ့ မိတ်ဆွေတွေက ယူလာ […]


kpAugust 13, 20121min1255
သမ္မတကြီးအတွက် အင်တာနက်ဆိုင်တွေ ရေးလာတဲ့စာ အင်တာနက်လိုင်း ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး သမ္မတကြီးထံ အိတ်ဖွင့်ပေးစာ ကျွန်တော်များ အင်တာနက်ကဖီး (ခေါ်) Public Access Centre လိုင်စင်ဖြင့် အင်တာနက်ဆိုင် ဖွင့်လှစ်ထားသော ပိုင်ရှင်များမှ သမ္မတကြီးထံ ရိုသေစွာ တင်ပြတိုင်ကြားအပ်ပါသည်။ ကျွန်တော်တို့ အင်တာနက်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသူ တော်တော်များဟာ Myanmar Teleport, Yatanarpon Teleport, Redlink, ရွှေသံလွင်, မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စသည့် ဆက်သွယ်ရေးဝန်ကြီး ဌာနရဲ့ အင်တာနက် ဝန်ဆောင်မှုပေးတဲ့ ဌာန လုပ်ငန်းများမှ ADSL, FibreToHome, Wimax, Wireless Broadband, ipstar, Skynet MPS စသည့် ဈေး အလွန်ကြီးမားတဲ့ အင်တာနက်လိုင်းများ တပ်ဆင် အသုံးပြုပြီး ဖွင့်လှစ် လုပ်ကိုင်နေကြရပါတယ်။ ကနဦး […]


ဇီးသီးသည်မဗျိုင်းဘဝမေ့တယ်ဆိုတာလက်တွေ့ပါဘဲ၊ ၁။အရင်အင်တာနက်ဆိုတာမသိတဲ့ဘဝ… ၂။သိခဲ့တော့လဲ 2003လောက်မှာဟိုပိတ်ဒီပိတ်နဲ့ ဟိုကျော်ဒီကျော် ကိုယ်ပိုင်သုံးတယ်ဆိုတာအထက်တန်း လွှာတွေမှာတောင်ခပ်ရှားရှား လူလတ်တန်းစားတွေအတွက်တော့ internet ဆိုင်ပေါ့။မသုံးတတ်တော့ဆိုင် ကဝန်ထမ်းကိုမျက်နှာချိုသွေးပြီးလုပ်ပါအုံး ကယ်ပါအုံးဆိုပြီး internet ဆိုတာကြီးကိုနတ်တစ်ပါးသဖွယ်တင်မြောက်ပြီးသုံးခဲ့ရတဲ့ဘဝ…၃။2007…2008လောက်မှာတော့ public Access Center တွေကိုမြန်မာနိုင်ငံကွန်ပျူတာပညရှင်များအသင်းမှတွင်တွင်ကျယ်ကျယ်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီးလူငယ်အများစုနှင့်ဆိုင်ရာလုပ်ငန်းများမှလူများအပေါင်းသုံးနိုင်ခွင့်သုံးရန် အသိများရရှိခဲ့သော်လည်းနည်းပညာအခက်အခဲကြားမှာသုံးခဲ့တာများယခုအချိန်အထိ httpမှာ ‘s’လေးမှမထည့်လိုက်ရရင်ဘယ်လိုကြီးမှန်းမသိအောင်နည်းမျိုးစုံနဲ့ ခဲရာခဲဆစ်သုံးခဲ့ရတဲ့ဘဝ… ၄။ဒီလိုသုံးခဲ့တာ2009လောက်မှာစပြီးကိုယ်ပိုင်အိမ်သုံး၊စီးပွားရေးသုံးအစရှိတဲ့ အထက်တန်းလွှာအားလုံးနီးပါးနှင့်လူလတ်တန်းစားသုံးပုံတစ်ပုံလောက်ဟာဝယ်ယူအသုံးပြုနေနိုင်ပါပြီ။ဒီလိုတိုးတက်လာတာနဲ့အမျှလဲ ကောင်းကျိုးဆိုးကျိုးဟာဒွန်တွဲနေမှာပါပဲ၊ဥပမာ-သင့်ကိုယ်သင်သွားကိုက်အောင်လုပ်ဘူးလားသွားကိုက်ဖူးသူများဘယ်သူမှမခံစားနိုင်တဲ့ အခံရအခက်ဆုံးသွားကိုက်မှူ့ကိုလုပ်မယူပါဘူး…ဒီဥပမာအတိုင်းပါဘဲ Redlink မှလိုင်းကျတာလိုင်းကျပ်တာကိုကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုတမင်သက်သက်မလုပ်ပါဘူးလိုင်းမကောင်းလို့မဝယ်ရင် RedLink ပဲနစ်နာမှပါ။ရာသီဥတုနဲ့ နယ်စပ်ဖြတ်ကျော်လမ်းကြောင်း SEME WE-3 ပေါ်တွေမှာများစွာမှိခိုပါတယ် 55%လောက်ပေါ့ RedLink မှာလဲ 45% ပေါ့ ဒီ45%ထဲမှာအသုံးပြုတဲ့နေရာ၊အဆောက်အအုံထုထည်ပေါ်လဲအများကြီးမှီခိုပါသေးတယ် အားလုံးချုံငုံပြီးပြောတဲ့ internet ဆိုတာကြီးကိုသုံးနေတဲ့ လိုင်းအားလုံးဟာ speed Test နဲ့ပဲစမ်းစမ်း ဘာနဲ့ပဲစမ်းစမ်းဒီမြန်မာနိုင်ငံမှာ အပြည့်ရတယ်ဆိုတဲ့ ၊အမြဲ stable ဖြစ်တဲ့လိုင်းကိုသိသူများရှိပါသလား??? ရှိရင်ထိုသူမှတဆင့်…ဈေးနှူန်းအရလစဉ်ကြေးအရ Connection အရ […]


TTNUAugust 11, 20121min45241
လောကသာရဆုံးမစာ လင်္ကာပိုဒ်(၂၁) မှာ ပျူပျူငှာငှာ၊ လူတကာကို၊ သာသာချိုချို၊ ချစ်ဖွယ်ဆို၍၊စိုစိုပြည်ပြည်၊ ကျင့်မူနည်ဖြင့်…. လို့အစချီရေးထားပါတယ်။ လူအပေါင်းကို ချစ်ဖွယ်အမူအရာနှင့် ချိုချိုသာသာပြောဆိုဆက်ဆံ ကြစေရန် ဆုံးမထားခြင်းဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံရှိ မြန်မာတိုင်းရင်းသားများမှာ ပြောဆိုဆက်ဆံရေးနဲ့ ပတ်သက်ပြီး ရိုသေ မှု၊ကိုင်းရှိုင်းမှု၊ အစုစု ရှေးပဝေသဏီကတည်းကစတင်ရှိခဲ့တာပါ။ ထီးသုံးနန်းသုံး၊ထီးဟန်နန်းဟန်၊ တွေနဲ့ ယဉ်ကျေးခဲ့ ကြဖူးပါတယ်။ ခေတ်တွေ ပြောင်းလာသည်နှင့်အမျှ နှုတ်ဆက်ခြင်း၊ မိတ်ဆက်ခြင်း၊ အရိုအသေပြုခြင်းတွေ ပြောင်းလာလိုက်တာ တွေလည်း သတိထားမိကြမှာပါ။ ကျွန်မတို့ ပထမဆုံး နှုတ်ဆက်ခြင်း ကိုလေ့လာကြည့်ကြရအောင်။ “မင်္ဂလာပါ” တဲ့။ တကယ့်ကို ကျက်သရေရှိတဲ့ စကားစုလေးပါ။ ဘိုစာ၊ ဘိုစကားနှစ်ခြိုက်သူတွေကတော့ “Good Morning” “Good Afternoon” “Good Evening” “Hello” “Hi” စသဖြင့်ပြောကြပါလိမ့်မယ်။ […]


အာကာဟိန်းဆို့တဲ့ လူငယ်ဟာ ဖေ့ဘုတ်မှာကောင်မလေးတွေပုံတွေကိုတင်ပြီးဗမာဖာသည်မလေးတွေပါ..စာသားတွေညစ်ညစ်ညမ်းညမ်းနဲ့ အင်မတန်မိုက်ရိုင်းခဲ့ပါတယ်။ဘာသာရေးကိုလည်းဆရာတော်တွေပုံတင်ပြီးမိုက်မိုက်ရိုင်းရိုင်းသူတောင်းစားတွေပါဆိုပြီး ယုတ်ညံ့ခဲ့ ပါတယ်။ရခိုင်အရေးအခင်းမှာလည်းရိုဟင်ဂျာတွေဘက်ကနေပြီး သွေးထိုးလှူံ့ဆော်ပြီး မြန်မာပြည်မှာနေတာကို မထောက် အလွန်အောက်တန်းကျခဲ့ပါတယ်။နောက်ပြီးတော့ အရှိန်လွန်သွားမှန်းသိလို့ သူ့အကောင့်အဟက်ခံရတာပါဆို ပြီးအရှက်မရှိအောက်တန်းကျနေပါတယ်။ဒီလိုလူမျိုးကိုသက်ဆိုင်ရာအနေနဲ့ သေချာစုံစမ်းမေးမြန်းသင့်ပါတယ်။ ဓါတ်ပုံတွေအတင်ခံရသောကောင်မလေးတွေမှာရှက်လွန်းလို့ အပြင်တောင်မထွက်ရဲကျပါဘူး။အင်မတန်ယုတ်မာတဲ့ လူယုတ် မာပါ။ဝေးဝေးကရှေင်ကျပါ။


mamanoyarAugust 3, 20122min10218
          မေမြို့ရဲ့ ဝါဆိုလပြည့်နေ့က အရမ်းစည်ကားလှပါတယ် တကယ်ကိုအံ့ဩစရာကောင်းလောက်အောင် လူတွေများလွန်းပါတယ် လမ်းတစ်လျှောက်လဲ ကား၊ဆိုင်ကယ် အရမ်းကိုများပါတယ်။ နိုရာတို့ သွားတော့ မိုးချုပ်နေပြီမို့ လူနည်းနည်းရှင်းပါတယ် ဒါတောင် စည်ကားနေပါသေးတယ်။ နှီးဘုရားမှာလဲ လူတွေတိုးလို့မပေါက်နိုင်အောင် စည်ကားလှပါတယ်။ ဂေဇက်ရွာသူရွာသားတွေ ဖူးမျှော်နိုင်အောင် တင်ပေးလိုက်တာပါ။ လူတွေများတော့ ဓါတ်ပုံကောင်းကောင်းရိုက်လို့ မရပါဘူး။


လက်စားချေခြင်းဆိုတာ… သံသရာလည်အောင် ပိုလှည့်နေသလိုမျိုး ရပ်တန်သွားမှာ မဟုတ်ဘူး။ သည်းခံဖို့အတွက် ရင့်ကျက်မှုလိုသလို စိတ်ထားမြင့်မြတ်မှ ခွင့်လွှတ်တတ်နိုင်မယ်။ ဆင်ခြင်စဉ်စား အတ္တပူဖာင်းအား စိတ်ကြိုက်လေမှုတ်သွင်းရင် နောက်ဆုံးမှာ… ပေါက်ကွဲပျက်စီးရတာချည်း။ သို့မို့ကြောင့်… ငြိမ်းချမ်းရေးတေးသံ ပုလွေအားမှုတ်ဖို့ ဝန်မလေးနှင့် ကိုယ်ချင်းစာတရား အနည်ကျအောင် ဓာတ်ခွဲဖော်ထုတ်ပါ မေတ္တာအရိပ်အား လူတိုင်း ခိုလှုံခွင့်ပေးပါ။ အဲ့ဒါဆိုရင်… အနာဂတ်ကမ္ဘာကြီးဟာ မီးတောင်လို မပေါက်ကွဲတော့ဘူး။ ကိုယ်လုံးတီး အရှက်မမဲ့တော့ဘူး။ ဘေးထွက်ဆိုးကျိုး မရှိတော့ဘူး။ အစာအဆိပ်မသင့်တော့ဘူး။ ရေတိမ်မနစ်တော့ဘူး။ နာမကျန်းမဖြစ်တော့ဘူး။ ဒေါင်ဒေါင်မြည် ကျန်းမာဖို့သေချာပေါ့။ သန့်ရှင်းလတ်ဆတ် သက်တမ်းရှည်အုံးမည့် ဤကမ္ဘာ။ ။ စေပိုင်ထွဋ်(ပုသိမ်)


ကဗျာဖတ်တတ်ချင်သူများအတွက် အဓိက အရေးကြီးဆုံးက စာတတ်မြောက်ထားဖို့ပဲ ဖြစ်ပါတယ်။ စာမတတ်မြောက်သူများအတွက် ကဗျာဖတ်တတ်ဖို့ဆိုတာကလည်း လုံးဝမဖြစ်နိုင်ပါဘူး။ အဘယ်ကြောင့်ဆိုသော် ဖတ်ရှူသူနှင့် ကဗျာအား ဆက်သွယ်ပေးသော ကြားခံနယ်က မိမိ၏ ကိုယ်ပိုင်ဘာသာစကားဖြစ်သော စာကြောင်းများသာဖြစ်သောကြောင့်ပင်။ ထိုကြောင့် ပထမဆုံးမှာချင်တာက ကဗျာဖတ်တတ်ချင်လျှင် အနည်းဆုံးတော့ စာတတ်မြောက်ထားဖို့လိုကြောင်း ပြောလိုပါတယ်။ ဆရာ ကောင်းသန့်ရဲ့ ဒဿနစာအုပ်တစ်အုပ်မှာ မှတ်သားဖူးပါတယ်။ အဲ့ဒါက ကဗျာတစ်ပုဒ်၊ စာတစ်ကြောင်းက ဘဝကောင်းဖို့ လမ်းကြောင်းပြောင်းလဲ ပေးနိုင်တယ် တဲ့။ အဲ့ဒီစာကြောင်းရဲ့အဆိုအရ ကဗျာဆိုရင် ကဗျာရဲ့ ဆိုလိုရင်းကို သိဖို့လိုသလို၊ စာဆိုရင်လည်း စာရဲ့ ဆိုလိုရင်းကို သိဖို့လိုပါတယ်။ သို့မှသာ ဖတ်သူက ရေးသားသူ၏ ရည်ရွယ်ချက်ကို ခြုံငုံသိရှိကာ နှလုံးသားအထိ အမြစ်တွယ်သွားပြီး ဘဝတိုးတက်မှုအတွက် ပြောင်းလဲခြင်းကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ အဲ့ဒီမှာ ဖတ်သူတို့အား တစ်ခု […]


လက်တို့သူက လက်တို့တာတောင် တကယ်လှုပ်မရတဲ့အနေအထားမို့ ညနေပိုင်းဆုတောင်းလေးဖြစ်သွားတာကို ခွင့်လွှတ်စေချင်ပါတယ် လေးမိုက်ခ်ရဲ့ စိန်ရတုသုံးပုံနှစ်ပုံအလွန်နှစ်နှစ်မွေးနေ့မှသည် နှစ်ပေါင်းသိန်းသောင်းမက တွယ်တာသောမိသားစု၊ ချစ်ခင်သောသူငယ်ချင်းများနှင့် နှစ်သက်သော စကာ့တလန်စမ်းရည်လေး အားမှီဝဲရင်း စော်ကြည်သောဘဝ၊ ထီပေါက်သောချမ်းသာ၊ နိဗ္ဗာန်ရောက်နိုင်သော လောကုတ္တရာ အကျိုးများ သယ်ပိုးနိုင်သောသူဖြစ်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်မင်လေးစားလျက် ကြောင်ဝတုတ်


ဝေဒနာ သုသေတနသမား အက္ခရာ ဆော့ကစားသူ ကလောင် သူရဲကောင်း သုံရာသီဆက် ခြေရာ ကမ္ဘာလှည့် ခရီးသည် မေတ္တာဝေရာ ဂိုဒေါင် ပဟေဠိပိုင်ရှင် အရူးလွယ်အိတ် လိုတရ ဆီးမီးခွက် ဓာတ်လေးပါး မုဆိုး လောကဓံ ဂျိုကာရုပ် ကောင်းကင်မူပိုင် (ကြယ်) စကားနည်းသော ပညာရှိ ။ ။ စေပိုင်ထွဋ်(ပုသိမ်)