alinsettJune 2, 20141min45714
  မိုးရာသီအစမှာ … ဖတ်စရာစာအုပ်ကောင်းလေးတွေနဲ့ ဇိမ်ရှိရှိနေမယ်လို့ စိတ်ကူးမိသူတွေအတွက်လို့ ဆိုရမလား. . . အလုပ်နဲ့ မိသားစုကြားမှာ ရတဲ့အချိန်လေးထဲက ဖဲ့ပြီး စာဖတ်ချိန်ကို လုနေရသူတွေအတွက် လို့ပဲ ဆိုရမလားပေါ့. . . ဘာပဲဖြစ်ဖြစ် . . . ဘယ်လို စာဖတ်သမားအတွက်ပဲဖြစ်ဖြစ် စာအုပ်ကောင်းလေးတစ်အုပ်စ နှစ်အုပ်စ ညွှန်းပေးလိုက်ခြင်းဟာ… စာအုပ်စာပေ စိတ်ဝင်စားသူတွေအတွက် အထောက်အကူတော့ ရမှာသေချာပါတယ်လေ။ ဒါကြောင့် ကျွန်တော် ဖတ်ဖြစ်သမျှထဲက အခုလတ်တလော ညွှန်းပြချင်တဲ့စာအုပ်ကလေးကို ဖတ်ကြည့်ပါလို့ တိုက်တွန်းပါရစေ။ ———— ကျွန်တော် အခု အချိန်မှာ စိတ်ဝင်စားနေတဲ့စာရေးဆရာ ရေးထားတဲ့စာအုပ်ပါ။ စာအုပ်နာမည်က . .  ‘‘ရွေးချယ်မှုနှင့် စိတ်ဆန္ဒ”တဲ့ ။   ရေးသားပြုစုသူကတော့ . . […]


ဟုတ်ကဲ့။ ထင်တဲ့အတိုင်းပါဘဲ။ ဂျူးးပါ။ မနေ့က သူငယ်ချင်းက ပေးလိုက်တဲ့ စာအုပ်လေး။ “ဆုံနေရက် နဲ့ လွမ်းလေခြင်း” တစ်ခြားဟာသာ အချိန်ဆွဲချင်ဆွဲမယ်။ ဒါမျိုးကျ နှောင့်နှေးမှုမရှိ။ ကလေးတစ်ယောက် ကို သူ့အသက် ရနှစ် အထိအတွင်းမှာသာ ကိုယ်လိုချင်တဲ့ ပုံစံ သွင်းနိုင်တယ် ဆိုတဲ့ အယူအဆ အတွေးအခေါ်လေး ကို အခြေခံထားတဲ့ ဇာတ်လမ်း။ ဖတ်ပြီးချိန် ပြောချင်တဲ့ အကြောင်းတွေ  ကြိုက်တဲ့ စကားတွေ နဲ့ စာမျက်နှာတွေ အများကြီး။ စာပြန်မရိုက်နိုင်တော့ ပုံတွေ အဖြစ်တင်လိုက်တယ်။ Space အတွက် Sorry ပါ သူကြီးမင်း။ သူများတွေဖတ်ပြီး မေ့လောက်ချိန်မှ တရေးလာနိုးနေတာပါ။   မြန်မာ့ ကလေးကဗျာ တွေ ရဲ့ အင်အားရှိမှု တွေ၊ မရောက်ဖူးတဲ့ […]


ေရႊညာသားMay 23, 20141min64222
ညီလေးရေ   ကိုယ်က ရွာထဲကို မဝင်ဖြစ်ပေမဲ့ နေ့တိုင်းလိုလို ဝင်ကြည့် ဝင်ဖတ်တဲ့အထဲမှာ ပါပါတယ်။ဒီကြားထဲ အလင်းဆက် တို့ စာရေးကောင်းတဲ့ ကိုခေါင်တို့ စကြနောက်ကြ ရေးကြတာတွေကို ဖတ်ပြီး သိပ်အားရတာပဲ။ ဒီကြားထဲ ဘလက်ကြီးရဲ့ ချိုပေါ့ကျ ကို စောင့်ဖတ်ရတာ အနှစ်သက်ဆုံးပဲ ။ ခက်တာက နေ့တိုင်းကို ချိုပေါ့ကျ ကိုဖတ်ချင်တာ ။ဖတ်ခွင့်မရတာ ဒုက္ခတစ်ခုပါပဲ ညီလေးရေ ဒီတော့ အာသာပြေ ညီလေးတို့ လုပ်တဲ့ ကဗျာပြခန်း သိပ်ကြိုက်တာပေါ့။မကြာခဏဝင်ဖတ် ခံစား ကြည့် နောက် လိုချင်တာလေးတွေ ကူထား။ ဒီအချိ်န်မှာ ကဗျာပြခန်းရပ်တော့မယ်ဆိုတော့ ရင်ထဲမှာ သိပ်မကောင်းတော့ဘူး။ခံစားကြည့်ရတာ အလင်းဆက် ထက် မပိုရင်တော့ မလျှော့တာတော့သေချာတယ်။ RASU ထဲမှာ ကဗျာ ဆောင်းပါးလေးတွေ နံရံကပ် […]


alinsettApril 29, 20141min43014
    အခုတလော . . . သူရ ဖတ်ဖြစ်နေတဲ့စာအုပ် သုံးအုပ်ရှိပါတယ် ။ ပထမဆုံး ဖတ်တဲ့စာအုပ်က  ဖတ်ပြီးသားကို ပြန်ဖတ်ခြင်းပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ”လီရနာ ဂင်္ဂ ါ ဧရာဝတီ ကဗျာ၏ သင်္ခါရ နှင့် နိယာမ ” ဆိုတဲ့စာအုပ်ပါ။ ချစ်သော ကထူးဆန်းကြီး လက်ဆောင်ပေးထားတဲ့စာအုပ်။ အဲဒီ စာအုပ်ကို ဖတ်ပြီး တွေးမိတာတွေ . . . .ချရေးမိတာတွေ ရှိပါတယ် ။ ဒါက ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ့် စာပေအနုပညာ သဘောတရားတွေမို ့ နောက်များမှ ပြောပါတော့မယ် ။ နောက်တစ်အုပ်ကလည်း ဖတ်ပြီးသား ပြန်ဖတ်တာပါပဲ။ ဆရာဖေမြင့်ရဲ ့ ”ဘာကြောင့် ဒီမိုကရေစီ လိုချင်ရသလဲ” ဆိုတဲ့ […]


zaw winApril 24, 20141min3676
ကမ္ဘာတခွင်မှာ စာတင်မဲ့ သံမဏိလူသား မင်းတို့ရဲ့အမြင်မှာ ငါဟာတယောက်ထဲပေမဲ့ ထားခဲ့တဲ့ ငါ့ကိုယ်ပွားများ၊ ငါ့သွေး တစက်စက် ကျလေတိုင်း ငါ့ချွေး တစက်စက် ကျလေတိုင်း တိုးပွားလာတဲ့ ငါ့ရဲ့စိတ်ဓါတ်အင်အား ငါ့တိုင်းပြည် ငါ့လူမျိုးအတွက် ကျားရဲတကောင်လို တိုက်ရင်းသေသွားမယ်၊ ဟံသာဝတီဝင်းတင်ဟာ အချောင်မခိုတဲ့ တကောင်ဗိုလ်ဆိုတာ မင်းတို့သိသွားစေရမယ်။ မင်းသုတ 02း00A.M 24.4.2014


zaw winApril 6, 20141min2441
အခါခါသေခဲ့ပြီ ဒါလည်းမမှတ်၊ ဘဝတွေအခါခါပြောင်းခဲ့ပြီ ဒါလည်းမမှတ်၊ ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်တွေ့ခဲ့ပြီ အမှတ်မရှိ၊ နောက်ထပ်ဘဝတွေ-သေခြင်းတရား-ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်ပြောင်းလဲကြုံတွေ့ရဦးမယ်၊ သံသရာလွတ်မြောက်ခြင်းတရား ရှာဖွေ-ကျင့်ကြံ-အားထုတ်ပါတော့ကွယ်။ မင်းသုတ 17:00 PM 5.4.2014


zaw winApril 2, 20141min2952
– အလုပ်အတူတူမှာ ချစ်သူမထားပါနဲ့ မင်းရင်မောရလိမ့်မယ်။ – အဝေးကချစ်သူ မင်းချစ်ခဲ့ရင် တမ်းတမ်းတတ ပိုချစ်လာလိမ့်မယ်။ – ချစ်သူ အနေဝေးတော့ ကိုယ်ဆွေးဆွေးပြီး – ချစ်နေရပါတယ်။ မင်းသုတ 19း05 PM 1.4.2014


zaw winApril 1, 20141min2814
စကားလေးတစ်ခွန်းဟာ ခွန်အားပါ စကားလေးတစ်ခွန်းအား တွန်းအားပါ စကားလေးတစ်ခွန်းဟာ ချစ်ချင်စရာ စကားလေးတစ်ခွန်းဟာ နာကျည်းခံပြင်းစရာ စကားလေးတစ်ခွန်းဟာ စိတ်ဓာတ်ကျစရာ သေမိန့်ပါ စကားလေးတစ်ခွန်းကြောင့် ဂလဲ့စားချေမှာ ထိန်းထိန်းသိမ်းသိမ်း သတိထားစွာပြောကြပါ။ မင်းသုတ 23:50 PM 30.3.2014


zaw winMarch 25, 20141min2846
မာနကို ခဝါချလို့ ဘယ်သူ့ကိုမှ မနိုင်ချင်၊ မရဏကို မနိုင်သ၍ မင်းဟာ အရှုံးသမားပင်၊ မင်းရှိတဲ့ စည်းစိမ်-အာဏာ ထားခဲ့ရမှာ အမှန်ပင်၊ ကျန်နေခဲ့တဲ့ အချိန်များမှာ သံသရာ အကျိုးမဲ့ မဖြစ်စေချင်။ (အသက် ၆ဝ နှစ်ပြည့် မွေးနေ့အမှတ်တရ) မင်းသုတ 10း26 P.M 23.3.2014


padonmarMarch 18, 20141min48415
အလောင်းအစားဝတ္ထုတိုလေးကို ဒေါ်ဒေါ် ဒေါ်အမာက ဘယ်လို မြန်မာဆန်ဆန် မှီငြမ်းပြီး ရေးခဲ့တယ် ဆိုတာလေး လေ့လာရအောင် တင်ပေးလိုက်ပါတယ်။ ရှေ့ပိုင်းကတော့ အရင် ပို့စ်မှာ အကြမ်းရေးပေးထားတဲ့ အတိုင်းဖြစ်လို့ အခန်းထဲမှာ ဝတ်လုံလေး ဘယ်လိုနေသွားတယ်ဆိုတာနဲ့ နောက်ဆုံး ဘယ်လို ဇာတ်သိမ်းသွားတယ်ဆိုတာလေးပဲ ရိုက်တင်လိုက်ပါတယ်။ မူရင်းက နိုင်ငံခြားဝတ္ထုဆိုတော့ သူတို့ အတွေးအကြံ အပြုအမူတွေက အရှေ့တိုင်းနဲ့ နည်းနည်းတော့ ကွဲပြားနေတာကို သတိထားမိကြမှာပါ။ ဒါပေမယ့် ဒေါ်အမာရဲ့ အရေးအသားပြေပြစ်တော့ မြန်မာဇာတ်လမ်းပဲလို့ ထင်ရလောက်အောင် လေ့လာတဲ့ စာအုပ်နဲ့ တွေ့ရှိသွားတဲ့ လွတ်မြောက်မှုကို ဖွဲ့ထားတာ လေ့လာကြည့်ကြစေလိုပါတယ်။ ပထမနှစ် အခန်းတွင်းတွင် နေရစဉ်ကား ဝတ်လုံသည် များစွာ ပျင်းရိ ငြီးငွေ့ပုံရ၍ သူ့ထံမှရေးသောစာများမှလည်း ဤသို့ တယောက်တည်း နေရခြင်း၏ ဒုက္ခအမျိုးမျိုး ရေးပြလေသည်။ […]


padonmarMarch 10, 20141min87424
ပြီးခဲ့တဲ့လက စာအုပ်ဈေးပွဲတော်မှာ မွှေနှောက်ရင်း စာအုပ်ကောင်းလေး တအုပ်ရခဲ့ပါတယ်။ အားလုံးသိတဲ့ မန္တလေးက ဒေါ်ဒေါ်(လူထုဒေါ်အမာ) ငယ်နုစဉ် အသက် ၂ဝ ပတ်ဝန်းကျင်က မြမဉ္ဇူူ ကလောင်နဲ့ ရေးခဲ့တဲ့ ဝတ္ထုတိုလေးတွေပါ။ အရေးအသားရော အကြောင်းအရာရွေးချယ်မှုပါ တော်တော့်ကို ကောင်းတဲ့ ဝတ္ထုတိုတွေပါပဲ။ဒီလို ငယ်စဉ်ကတည်းက စာဖတ်နာ စာရေးကောင်းတာကြောင့်လည်း ကြီးလာတော့ လူထု ဒေါ်အမာလို့ နာမည်ကျော်အောင် ဖြစ်လာခဲ့တာပေါ့နော်။ ဒီစာအုပ်ထဲမှာ ဝတ္ထုတိုလေး ၂၂ ပုဒ်ပါတဲ့အထဲ ၃ပုဒ်က နို်င်ငံခြားဝတ္ထု ကျောရိုးကို မှီငြမ်းပြုထားတာပါ။ အမေက ဒီစာအုပ်ထုတ်ဝေခြင်းအမှာစာမှာ ပထမ ရေးစဉ်က ဒီလို မှီငြမ်းပြုပါတယ်လို့ မရေးခဲ့ရတာကို တွေးပြီး ရှက်မိပါတယ်တဲ့။ (လေးစားစရာ စိတ်ဓာတ်ပါပဲ၊ထပ်ပြောချင်ပါတယ်။ဒါကြောင့်လည်း လူထု ဒေါ်အမာလို့ နာမည်ကျော်အောင် ဖြစ်လာခဲ့တာပေါ့နော်။) အဲဒီထဲကမှ ၁၉၃၈ ခုနှစ် […]


Paing LayMarch 5, 20141min2895
“ ဒိန်းးးးးးးးးးဖုတ်!….ဖုန်းးးးးးဖွမ်းးးးးးးးး” “ဟဲ့..သောက်ပလုတ်တုတ်” ငပေတိုး လန့်ခါပြီး သစ်ကိုင်းပေါ် တွဲလောင်းခိုမိလို့ ပင်စည်ကျောမှီပြီး ငြိမ်နေသာ ရုက္ခစိုးကြီးပါ လန့်သွားတယ် “ဘာဖြစ်တာတုန်း သောက်ခွေးရ” ငပေတိုး ရင်တုန်ပန်းတုန်နှင့်….“လန့်….လန့်သွားလို့” “ဘာလန့်စရာရှိလို့ လန့်ရတာတုန်း၊ ဒီမှာ တရားမှတ်နေတယ်ကွ” “ဆီးဂိမ်းဖွင့်ပွဲလေ ဘကြီးရဲ့ ဗျောက်အိုးတွေ ထဖောက်ပစ်တာ မပြောမဆိုနဲ့ လန့်တာပေါ့ဗျ” “ အောင်မာ အဲ့ဒါ နေပြည်တော်မှာ မင်းကရန်ကုန်မှာ ဘာလာကြောင်တာလဲ” “အာ…ဟိုးမှာ အုပ်ချုပ်ရေးမှူး အိမ်ဧည့်ခန်းထဲက တီဗွီကြီးက အကြီးကြီး အသံကလည်း အကျယ်ကြီးဗျ။ ဆီးဂိမ်းဖွင့်ပွဲ သရုပ်ပြပွဲမှာ သူ့သမီးလည်း ပါတယ်ဆိုလို့ ဟိုတစ်နေ့ကမှ 60” LCD ကြီး တစ်လုံး ပစ်ဝယ်လာတာ” “အဲဒါဘာဖြစ်လဲ” “ အာ…တီဗွီ အကြီးကြီး နဲ့ အသံက အကျယ်ကြီးဖွင့်တော့ […]


Paing LayFebruary 28, 20141min3555
ယနေ့ ဂါတ်ရုံးကင်းဂျူတီ မောင်တူးအလှည့် ကျပြန်၍ ကင်းမှူးသည်လည်း ရဲကြပ် အောင်သိန်းဖြစ်ရကား ဂါတ်တဲ ကင်းရုံးလေးတွေ ကင်းစစ်လာရင်း ဆုံကြပြန်လေသည်။ “မောင်တူးရေ” “ဗျာ…ကိုအောင်သိန်း” “ မင်းကင်းကျပြန်ပြီဆိုတော့ ဒီတစ်ခါ ငါတို့ပြေးရမယ့် အလှည့်မဟုတ်လောက်သေးပါဘူးနော့” “တောက်တီးတောက်တဲ့ ကိုအောင်သိန်းရာ ဒါထက် ကျွန်တော်တို့ ရာဇဝတ်အုပ်မင်းက နည်းနည်းများ နွဲ့နေသလားလို့ ဗျ” ထိုအခါ ကိုအောင်သိန်းမျက်လုံးတွေ ကျီးကန်းတောင်မှောက်ဖြစ်သွားပြီး “မီးခြစ်ပေးပါဦးဟ” သည်တစ်ကြိမ် ပြောင်းဖူးဖက်ဆေးလိပ်တိုကို မီးညှိခြင်း ဖြစ်၍ မောင်တူး ဆေးလိပ်တောင်းမသောက်တော့ပဲ… “ဒီတစ်ခေါက် ရာဇဝတ်အုပ်ကအသစ် အရေးပိုင်ဆီသွားတဲ့ ကိစ္စကိုယ့်ဆရာမပါဘူးနဲ့တူတယ်” “မပါတာမဟုတ်ဘူး မလိုက်ရဲတာ” “ဗျာ…! ဘာဖြစ်လို့လဲ” “ဟာ….ငါတို့ ဦးတုတ်က ဘူးထုပ်ကွ၊ ငါ့ကို ပတ်ချွဲနှပ်ချွဲ နဲ့ စကားပြောပြီး ဟိုနှိုက် ဒီနှိုက် လုပ်နေလို့” “ဟမ်! […]