TTNUMay 9, 20122min71939
Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား (ကျမ်းကိုး။ Idiom drills by George P. McCallum 1990.) “IDIOMS” (DRILL 5) A: Come in please, Make yourself at home. ဝင်ပါနော်။ ကိုယ့်အိမ်လို သဘောထားပါ။ B: Thanks. You have a nice place here. ကျေးဇူးပါ။ ခင်ဗျား အိမ်လေး တယ်ကောင်းတာပဲ။ A: I’m glad you like it. The furniture’s in pretty bad condition, though. We should get […]


TTNUMay 6, 20122min43122
“Cat or Dog?” ဒီတစ်ခါ ခွေးစကား၊ ကြောင်စကားပြောရပြန်ပြီနော်။ ဘာသာစကားတစ်ရပ်စီတိုင်းမှာ ဒီလိုရှိနေမှာပါ။ ကျမတို့ ဗမာစကားမှာလည်း တိရစ ္ဆာန်တွေကို ထည့်သွင်းပုံပမာပြုပြီး ဝေါဟာရတွေ အနှိုင်းခံစကားတွေရှိနေပါတယ်။ နွားကျတယ်။ နွားသိုးကြိုးပြတ်။ ကျွဲပါးစောင်းတီး။ ကျွဲကူးရေပါ။ ကျားကြီးခြေရာကြီး။ ငါးစိမ်းမြင် ငါးကင်ပစ်။ ငါးပွက်ရာ ငါးစာချ။ စူဠလိပ် ရေထဲလွှတ်။ ခွေးကျင့်ခွေးကြံ မကြံနဲ့။ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုး။ ခွေးလှေးခုန်လို့ ဖုန်မထပါဘူး။ ကြောင်အိုတော့ ကြွက်မလေး။ ခွေးအိုမှ လက်ပေးသင်။ ကြောင်သူတော် ကြွက်သူခိုး။ ခွေးကလေးအရောဝင် ပါးလျက် နားလျက်။ ရေးလို့ကတော့ ဆုံးမှာမဟုတ်ပါဘူး။ ရှိတာကိုပြောပြတာပါနော်။ ဆိုတော့ အခုလည်း အင်္ဂလိပ်ဘာသာစကားမှာ….. ခွေးလား ကြောင်လား ရွေး ကြရအောင်နော်။ (1) to let the […]


TTNUMay 4, 20122min41921
Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား (ကျမ်းကိုး။ Idiom drills by George P. McCallum 1990.) “IDIOMS” (DRILL 4) A: Will you keep an eye on my books? I’ll be back in five minutes. ကိုယ့်စာအုပ်လေးတွေ ခဏ ကြည့်ထားပေးနော်။ ငါးမိနစ် အတွင်းပြန်လာမယ်။ B: Where are you going? Are you up to something? You look as though you are. ဘယ်သွားမလို့လဲ။ တစ်ခုခုဖြစ်လို့လား။ မင်းကြည့်ရတာ […]


TTNUApril 27, 20122min68242
Get Get ဆိုတဲ့ စကားလုံးလေးကို ကျမတို့ (ရသည်) လို့ အများနားလည်ထားပြီးဖြစ်ပါတယ်။ တကယ်ဆန်းစစ်လိုက်တော့ အဓိပ္ပါယ် အမျိုးမျိုးရနေတာကို ဝါကျ အသုံးအနှုံးတွေပေါ်မူတည် ပြီး ကောက်ယူလို့ရနေတာကို အောက်ပါ ဥပမာများသုံးပြီး ဖတ်စရာတွေ ရှာပေးလိုက်ပါတယ်။ (1) become I’m getting confused. ငါစိတ်ရှုပ်လာပြီ။ (2) understand Sorry, I don’t get the joke. စိတ်မရှိပါနဲ့နော်၊ ဒီဟာသကို ကျွန်တော် သဘောမပေါက်ပါဘူး။ (3) earn I get $10 an hour. ကျွန်တော် တစ်နာရီမှာ ၁ဝဒေါ်လာငွေဝင်ပါတယ်။ (4) buy Can you get me a paper […]


zaw winApril 27, 20121min1361
မင်းရဲ့အားပေးမှုကြောင့် မုန်တိုင်းကြားက ပင်လယ်ထဲဖြတ်ကျော်နိုင်ခဲ့ မင်းရဲ့ခိုင်မာတဲ့ယုံကြည်မှုကြောင့် ငါ့မှာခွန်အားတွေဖြစ်လာခဲ့ မင်းရဲ့အားပေးမှုကြောင့် ငါ့မှာစွမ်းအားတွေဖြစ်လာခဲ့ မင်းရဲ့အားပေးမှုကြောင့် တောင်ထိပ်ပေါ် ငါရပ်တည်နိုင်ခဲ့။ မင်းသုတ 28-10-2010


captainamericaApril 24, 20121min1301
ထိုတရုပ်ပြည်ကြီး၏သမိုင်းဍ္ဍ် ရွှေဝါပြည်ကြီး၏အကြောင်းကိုရေးသားရာတွင် ရွှေဝါပြည်မင်းကြီးသည် တိုင်းခန်းလှည့်လည်သောအခါ ရွှေကြိုးများဖြင့် ဆိုင်းတပ်သော သလွန်ညောင်စောင်းထက်ဍ္ဍ်လဲလျောင်းရင်း ထွက်သည်ဟုဆိုသည်။ခရီးဝေးလံလျှင်ဆင်စီးကာထွက်သည်။ဘုရင်မင်းကြီးကိုရာပေါင်းများစာွသော အပျိုတော်များက ဝန်းရံခစားကြသည်။ရွှေဝါပြည်သားတို.သည်နိုင်ငံ၏မြို.ရိုးကြီးများကို စိမ်းဖန်.ဖန်.အရောင်ရှိသော စဉ့်အုပ်ချပ်များဖြင့်တည်ဆောက်ကြသည်။ မြို.များသည်မြို.ဝိုင်းများဖြစ်ကြပီး ကျယ်ဝန်းလှပသည်။မြို.ရိုးတံခါး ၁၂-ပေါက်ရှိသည်။မြို.၏လေးမျက်နှာဘက်စေတီတစ်ဆူကျစီတည်ထား၏။နို်င်ငံသူနိုင်ငံသား တို.သည်မြို.တွင်းဍ္ဍ်သာနေကြ၏။မြို.သူ-မြို.သားများသည်အိမ်ကို သတ္တုများ သွပ်များဖြင့်ပြုလုပ်ထားသောအုပ်ကြွပ်ဖြင့်မိုးကြ၏။ပိတောက်သား၊ကျွန်းသား၊ ပျဉ်းကတိုးသားများဖြင့်အိမ်ကိုဆောက်လုပ်ကြသည်။နို်င်ငံသူနိုင်ငံသားများသည်သတ္တဝါတို.၏အသက်ကိုသတ်ခြင်းမှတတ်နိုင်သလောက်ရှောင်ကြဉ်ကျ၏။ တစ်ဦးနှင့်တစ်ဦးတွေ.သောအခါတစ်ဦး၏လက်မောင်းနှစ်ဖက်ကိုတစ်ဦးကလက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်လျှက်နှုတ်ဆက်ကြသည်။လူတိုင်း လူတိုင်းနက္ခတ်ဗေဒင်ဟောတတ်ကြခြင်း၊ယုံကြည်တတ်ခြင်းမှာရွှေဝါပြည်၏ထူးခြားချက်တရပ်ပင်ဖြစ်သည်။ရွှေဝါပြည်သားတို.သည်ဗုဒ္ဒသာသနာဝင်များဖြစ်ကြပီး မဟာယာနနှင့် ဟိနာယာနဗုဒ္ဒဘာသာနှစ်ရပ်လုံးကိုရောယှက်ကိုးကွယ်ကြသည်။ဘုန်းကြီးများသည် ဒကာ ဒကာမတို.အပေါ်ဍ္ဍ်ဩဇာရှိလျှက် လူကိစ္စတို.ကို ဆုံးမညွှန်ကြားကြ၏။ထို.ကြောင့်လည်း ဒကာ ဒကာမတို.က ဘုန်းကြီးကျောင်းပေါင်းမြောက်များစာွဆောက်လုပ်ကိုးကွယ်ထားကြသည်။ဘုန်းကြီးကျောင်းများ ကိုလည်းမှန်ရောင်တောက်သော အုပ်ချပ်ဖြင့်ဆောက်လုပ်ကြ၏။မှန်ရောင်တောက်သော အုပ်ချပ်ကိုဟင်္သာပြဒါးသုတ်ကာ ရွှေငွေတို.ဖြင့်စီချယ်သည်။လှပသော ဆေးရောင်များဖြင့်လည်းသုတ်၏။ကျောင်းများ၏ကြမ်းပြင်ကိုလည်းဆေးသုတ်ကာ အရောင်တင်ထားကြသည်။ထိုကြမ်းပေါ်ဍ္ဍ် အဆန်းတကြယ်ပြုလုပ်ထားသော ကော်ဇောကြီးများခင်းကျင်းထားကြကုန်၏။ ဘုရင့်နန်းတော်ကိုလည်း ဘုန်းတော်ကြီးကျောင်းကဲ့သို. လှပစာွဆောက်လုပ်၏။ဘုရင့်နန်းတော်ကို ဘုန်းကြီးကျောင်းကဲ့သို.အတုပြုကာဆောက်သလော၊ ဘုန်းကြီးကျောင်းကို ဘုရင့်နန်းတော်ကဲ့သို. အတုပြုကာဆောက်သလော ကျွနုပ်တို.မသိခဲ့ရပေ။ကျွနုပ်သိခဲ့ရသည်ကား ယောက်ျားလေးများသည် ခုနှစ် နှစ် သားအရွယ်သို.ရောက်လျှင်ခေါင်းတုံးရိပ်ပီးသင်္ကန်းစည်းကြရ၏။အသက်နှစ်ဆယ်အရွယ်ထိအောင်ကိုရင်ဝတ်ပီးမှ လောကုတ္တရာစာပေကိုမတတ်ကျွမ်းလျှင် လူဝတ် ပြန်ပြုကြရသည်။ထိုကိုရင်လူထွက်တိုယသည် ဆံပင်မရှည်မီကာလအတွင်း ရွှေနှင့်ပြုလုပ်သော […]


zaw winApril 24, 20121min1442
၁၃၆၉ ခု နှစ်ဆန်းတစ်ရက်နေ့ အင်္ဂါမှာပိတောက်ပွင့် ဒေါ်စုအောင်ပွဲဆင့် တံခွန်ထိပ်က အောင်လံထူ ပြည်သူ့စံနမူ နိုင်ငံသစ်ထူ မြန်မာပြည်သူ ကမာ္ဘ ့ထိပ်ရောက် နေရာယူ။ မင်းသုတ 18း00 PM 17.4.2007


captainamericaApril 24, 20121min1302
ကမ္ဘာမြေလုံးပေါ်ဍ် မြောက်ဘက် နေသာွးလမ်းကြောင်းတည့်တည့်လောက်တွင် ရွှေဝါပြည်ရှိ၏။ တောင်တန်းကြီးနှင့်ပင်လယ်တို.ကာပတ်ဝိုင်းရံထားသောကြောင့် ရှေးခေတ်အခါက အခြားသောတိုင်းပြည်တို.မှ လာရောက်ဝင်ထွက်ရန်ခဲယဉ်းသည်။မုန်သုန်သစ်တောကြီးများ သံ သွပ် ခဲပုတ် ကျောက်စိမ်း ငွေ ပယင်းနှင့် ကျောက်နီထွက်သော တောင်များရှိသည်။ရေနံထွက်သောမြေများဖြင့် သီးပင်စားပင်စိုက်ပျိုးရန်ကောင်းသော မြေဩဇာတို့ဖြင့် စိမ်းစိုနေသော မြေပြန်.လွင်ပြင် များရှိသည်။မြောက်ဘက်တောင်တန်းကြီးများမှဖြတ်ကာ အနောက်တောင်ဘက် အလျှားလိုက်စီးဆင်းသောရွှေဝါဝတီမြစ်ကြီးလည်းရှိသေးသည်။ ထိုမြစ်ကြီး၏ကမ်းဘေးတွင် ခိုင်းကျွှဲ ခိုင်းနွားတို.သည်ကွင်းပြင်ဖုံးမျှပေါပြည့်၏။ကုန်းတောင်တန်းကမူတို.ဍ္ဍ်မူ မြင်းများနှင့်အခြားတောတိရိစ္ဆန်များ ပျော်ပါးမြူးတူးကြ၏။ ထို.သို.သောအရပ်တွင်ရွှေဝါပြည်သားတို.သည် အချင်းချင်းဗိုလ်လုပြီး ပြည်နယ်ခွဲဝေလျှက် မြို.ပြနိုင်ငံများတည်ထောင်နေကြသည်။လွန်ခဲ့သောနှစ်ပေါင်း ၁၉၅ဝခန်.ကရောက်ဖူးသော အီရန်ကုန်သည်ကြီးတစ်ဦး၏မှတ်တမ်းတွင်အောက်ပါအတိုင်းမှတ်တမ်းပြုစုထားသည်။ရွှေဝါပြည်ကိုအစိုးရသောမင်းသည်ထင်ရှား ကျေုာ်စော၏။သူ၏စစ်သည်ရဲမက်များသည် ကသ္မိယ ပလူဝ က္ကုန္ဒုမြစ်ဝှမ်းတစ်လျှောက် နိုင်ငံရှိရဲမက်ဗိုလ်ပါများထက် များပြားသည်။စစ်ချီတတ်တိုင်းတိုက်ဆင် ပေါင်းငါးသောင်းကျော်နှင့်ချီတက်သည်။တပ်မတော်ကြီးတွင် စစ်သည်ရဲမက်မဆိုထားဘိ အဝတ်လျှော်သောခဝါသည်ဦးရေပင် သောင်းကျော်၏။ ထိုရွှေဝါပြည်ဍ္ဍ် အခြားဘယ်နိုင်ငံမျှမရက်တတ်သော အဝတ်အထည်မျိုးစုံကိုတွေ.ရ၏။ထိုအဝတ်အထည်မျိုးကိုဝတ်ဆင်ရန် ချုပ်လုပ်ပီးသောအခါ အလွန်နူညံ့ပျော့ပျောင်းသောကြောင့် လက်စွပ်ကွင်းထဲသို.ထုတ်ပေါက်လျှိုနိုင်၏။သားမြီးဖြင့်ပြုလုပ်သောယပ်များကိုလည်းမြင်ဖူးခဲ့ရသည်။ခေါင်းပေါ်ဍ္ဍ်ဦးချို တစ်ချောင်းသာရှိသော၎င်းတို.အခေါ်နှင့်ကြံခေါ်သည့်အကောင်မျိုးကိုလည်းတွေ.ခဲ့ရ၏။ကျွနုပ်တို.သည် ထိုရွှေဝါပြည်ဍ္ဍ်ကြံသားကိုစားခဲ့ကြရ၏။ရွှေဝါပြည် သစ်တောတို.ဍ္ဍ်ကြံကောင်အလွန်ပေါများ၏။အခြားနိုင်ငံများတွင်ကြံကောင်ကိုတွေ.ဖူးသော်လည်း ရွှေဝါပြည်တွင်တွေ.ရသော ကြံကောင်များလောက် […]


TTNUApril 22, 20121min50537
စကားတွေ စကားတွေ ပြောနေလိုက်ကြတာလေ၊ စကားအမျိုးမျိုး၊စကားစပ်လို့တဲ့၊ စကားမစပ်တဲ့၊ စကားတွေကျွံကုန်ပြီတဲ့၊ စကားတန်ကိုရှည်တယ်တဲ့။ စကားပြောင်စကားပျက်ပြောတာပါတဲ့၊ စကားရောဖောရောလုပ်ပြန်သတဲ့။ စကားဦးလာသန်းနေပါရောတဲ့၊ ဒါနဲ့ စကားကိုအချေအတင်ပြောယူရတယ်တဲ့။ နောက်တစ်မျိုးက စကားထာတဲ့။ စကား+ အတ္ထ = စကတ္ထ ဒီစကားကမှတစ်ဆင့် စကားထာ ဖြစ်လာခဲ့ပြီး စကား၏ အနက်ဟူ၍ အဓိပ္ပါယ်ရကြောင်း ငယ်ငယ်တုန်းက မှတ်သားခဲ့ဖူးပါတယ်။ အချို ့ကလည်း စကား + ဌာပနာ ဖြစ်တော့ ဒီစကားအတွင်းမှာ တစ်စုံတစ်ခုသော အနက်ကိုမြှုပ်ကွယ် ပြောဆိုသောစကားမျိုး လိုု့ ဆိုကြပါတယ်။ ကျမတို့ ငယ်ငယ်က မြန်မာစာဆရာကြီးကတော့ စကားထာဆိုတာ စကားရဲ ့ အထာပဲကွ လို့ ပြောလေ့ရှိခဲ့ပါတယ်။ ကျမထင်တာကတော့ ဒီစကားတစ်ရပ်ရဲ ့ အနေအထားသဘော သရုပ်ကို ကြည့်ပြီးအဖြေထုတ်ဖော်ရတဲ့ စကားမျိုး လို့ […]


captainamericaApril 21, 20121min1918
ရွှေဝါပြည်တွင်ဆန်ပေါ၏ ထိုကြောင့်ရွှေဝါပြည်သားတို.ထမင်းဝနေကြ၏။ထမင်းဝသောကြောင့် ထုံးစံအတိုင်းပျင်းကြ၏။ပျင်းသောကြောင့် တဖြည်းဖြည်းဖျင်းလာကြ၏။ ဖျင်းသောကြောင့်ကြာသောအခါ ငတ်ကုန်၏။ထိုကြောင့်ရွှေဝါပြည်သူပြည်သားအားလုံးတို. ဘာမှမအောင့်နိုင်စိတ်အားညံဖျင်းလာကြ၏။ ဘာမှမလုပ်ဘဲ ဘယ်အရာမဆိုအချောင်လိုချင်လာကြ၏။ ဘယ်သူမဆိုမိမိဖို.ချည်းစဉ်းစားလာကြ၏။ဘာကိစ္စမဆို မိမိဘက်ကချည်းတွေးတောလာကြ၏။ထိုမျှနိမ့်ကျသောရွှေဝါပြည်သူပြည်သားတို.၏ စိတ်နေစိတ်ထားညံဖျင်းမှုသည် ဝမ်းရောဂါကူးစက်သကဲ့သို. မိမိ၏စစ်တပ်အတွင်းကူးစက်နေသည်ကို ဗိုလ်ချုပ်ကြီးသန်မာသည်ယခုမှသိသည်။ ဗိုလ်ချုပ်ကြီးသန်မာ၏မျက်လုံးထဲဍ်ရွှေဝါပြည်ကြီးသည်နေပူကျဲကျဲတွင်ကြည့်ရင်းကြည့်ရင်း အရည်ပျော်ကျနေသောရေခဲတုံးကြီးကဲ့သို.မြင်ယောင်လာသည်။ ဖြစ်နိုင်လျှင်ရွှေဝါပြည်ကြီးတစ်ခုလုံးကို အနုမြူဗုံးများဖြင့်ဖောက်ခွဲပစ်ချင်လာသည်။တွေးရင်းတွေးရင်း အလွန်စိတ်မချမ်းသာဖြစ်လာကာငေါက်ကနဲထထရပ်၏။ တပြိုင်တည်းပင်ပြင်းထန်သောသေနပ်သံများကို အလွန်နီးကပ်စာွကြားရ၏။ဆက်တိုက်ထွက်သော စက်သေနပ်ငယ်လေးများ၏အသံသည်အဆက်မပြတ် ပေါ်လာ၏။ထိုအသံတို.ကြားမှအော်ဟစ်ဆဲဆိုနေသောအသံတို.သည် လူသံနှင့်မတူဘဲတိရိစ္ဆာန်တို.၏အော်ဟစ်သံနှင့်တူနေသည်။ဧည့်ခန်း၏အပြင်ဘက်ဍ်အကြိတ် အနယ်တိုက်ပွဲဖြစ်နေဟန်တူသည်။ဧည့်ခန်းတွင် အရေးအကြောင်းရှိကထွက်နိုင်ရန်အရေးပေါ်ထွက်ပေါက်သုံးခုရှိသည်။ဗိုလ်ချုပ်ကြီးသန်မာ၏စားပွဲတွင်းဍု်အလိုရှိလျှင်အသင့် အသုံးပြုရန်ထားသော ကျည်ဘူးအသင့်တပ်ပီးစက်သေနပ်အပေါစားတစ်လပ်လည်းရှိသည်။ဗိုလ်ချုပ်ကြီးသန်မာသည် အကြောင်းရှိကအလွယ်ထွက်နိုင်သောထွက်ပေါက်ကို လှမ်းကြည့်သည်။ထိုနောက်စားပွဲအံဆွဲကိုဆွဲဖွင့်လျှက် စက်သေနပ်ငယ်ကိုလှမ်းကြည့်သည်။ထိုနောက်စားပွဲအံဆွဲကိုဆောင့်ပိတ်လျှက် လက်ချည်းသက်သက်တိုက်ပွဲဖြစ်ရာ နေရာကိုအိန္ဒြေရစာွထွက်လာလေသည်။ တံခါးဖွင့်လိုက်သည်နှင့် ယမ်းနံများကနှာခေါင်းတွင်းသို.တိုးဝင်လာသည်။မှောင်နေသောယမ်းငွေ.အတွင်းဍ် အတုံးအရုံးကျဆုံးနေသောမိမိ၏ဗိုလ် အကြပ်တပ်သားတို.ကို တွေ.ရလေသည်။ထိုနောက်ဘယ်တုံးကမှ မမျှော်လင့်သောမိမိအားရန်ပြုလာသူတို.အားတွေ.၏။ဗိုလ်ချုပ်ကြီးသန်မာသည်ပါးစပ်ဟသာွး၏။ထိုနောက်အသက်ရှုရမည်ကိုမေ့လျှောနေ၏။ ထိုနောက်ဟက်ဟက်ပတ်ပတ်ရယ်မောလေသည်။ဗိုလ်ချုပ်ကြီးသန်မာသည်၏ရယ်မောခြင်းကိုပစ်ခတ်တိုက်ခိုက်ကြသူတို.ကအံဩလျှက်အပစ်အခတ်ရပ်သာွးကြသည်။ရှေးဦးစာွသတိရသူ ကားဗိုလ်မှူးကျောက်တိုင်ပင်ဖြစ်သည်။ဗိုလ်မှူးကျောက်တိုင်သည်ဗိုလ်ချုပ်ကြီးသန်မာ၏ရှေ.သို.ပြေးဝင်ကာ အကာအကွယ်ပေးလိုက်၏။ထိုအပြုအမူကြောင့်ပင်တစ်ဖက်လူတို.သည် သတိရလာကြကာ သေနပ်သံတို.ပေါ်ထွက်လာသည်။ထိုသေနပ်သံနှင့်အတူဗိုလ်မှူးကျောက်တိုင်နှင့်တကွ ဗိုလ်ချုပ်ကြီးသန်မာသည်လည်း လဲကျသာွးလေသည်။


captainamericaApril 20, 20121min41716
၉ နာရီထိုးပီး တစ်စက္ကန်းမှာလာတဲ့သူတွေကိုမကြိုက်ဖူး ၃နာရီ ၁၅ပြည့်ဖို. တစ်စက္ကန်.အလိုမှာပြန်သာွးတဲ့သူတွေကိုမကြိုက်ဖူး စာသင်ခန်းထဲနောက်ကျမှဝင်ပီးစောစောဝင်တဲ့သူတွေကိုမကြိုက်ဖူး ကလေးတွေကိုစာရေးခိုင်းပီးကိုယ်လုပ်ချင်ရာလုပ်နေတဲ့သူတွေကိုမကြိုက်ဖူး စာကောင်းကောင်းမသင်ပဲထွေရာလေးပါးထိုင်ပြောနေတဲ့သူတွေကိုမကြိုက်ဖူး ဆရာအချင်းချင်းတစ်ယောာက်မကောင်းကြောင်းတစ်ယောက်ပြောနေတဲ.သူတွေကိုမကြိုက်ဖူး စာသင်တာတစ်ခုတည်းလုပ်နေတဲ့သူတွေကိုမကြိုက်ဖူး ဝါသနာပါတဲ့အလုပ်ကိုဦးစားပေးပြီးလက်ရှိဆရာအလုပ်ကိုဒုတိယနေရာထားတဲ့သူတွေကိုမကြိုက်ဖူး ကျောင်းသားကျောင်းသူတွေကို ကိုယ်ရေးကိုယ်တာကိစ္စတွေခိုင်းနေတဲ့သူတွေကိုမကြိုက်ဖူး ဆရာကျင့်ဝတ်သိက္ခာနဲ.အညီပြောဆိုနေထိုင်ခြင်းမရှိတဲ့သူတွေကိုမကြိုက်ဖူး ကလေးတွေဆူရင်ကျောင်းခန်းအပြင်ထွက်ခိုင်းလိုက်တဲ့သူတွေမကြိုက်ဖူး ကိုယ့်အမေလင်အိပ်ထဲကပိုက်ဆံနှိုက်သလိုခွင့်တွေခဏခဏယူတဲ့သူကိုမကြိုက်ဖူး အစားထိုးဝင်သင်ခိုင်းမှစိတ်မပါတပါနဲ.အစားထိုးဝင်သင်သူတွေကိုမကြိုက်ဖူး ဒီနယ်မြေဟာ စွန်.လွှတ်စွန်.စားအနစ်နာခံသူတွေရဲ့အဖြူရောင်နယ်မြေဖြစ်တယ် အတ္တမြေပေါ်မှာပရဟိတအလံစိုက်ထူဝံ့သူတွေရဲ.အပြာရောင်နယ်မြေဖြစ်တယ် ယုံကြည်ချက်ကိုအောက်ဆီဂျင်လိုရှူပီးအသက်ရှင်နေသူတွေရဲ့အနီရောင်နယ်မြေဖြစ်တယ် ဒီနယ်မြေမှာ ပိုက်ဆံလာရှာတဲ့ငတေမာတွေမလိုချင်ဝူး ကိုယ့်ပန်းတိုင်မို.ခဏတာလာခိုတဲ့သူတွေမလိုချင်ဝူး ရေသာခို အချောင်လိုက် နိမ့်ကျတဲ့စရိုက်ရှိသူတွေမလိုချင်ဝူး ပြည်တန်ဆာလို တာဝန်ကျေပီးရောစိတ်ထားမျိုးရှသူတွေ မလိုချင်ဝူး ကလေးတွေမှာမိဘမရှိကြဝူး ကလေးတွေမှာအိုးအိမ်မရှိကြဝူး ကလေးတွေမှာပိုက်ဆံမရှိကြဝူး ကလေးတွေမှာအာမခံချက်မရှိကြဝူး ကလေးတွေမှာတိုင်းပြည်တောင်မရှိရှာကြဝူးလေ မရှိခြင်းသာအပြည့်ရှိနေတဲ့သူတိုကို. အနာဂတ်မှာရှိသင့်တာတွေရှိလာဖို. ဆရာတွေစာမီးအိမ်ဖြစ်တယ် မီးမလင်းတဲ့မီးအိမ်တွေကို ဘယ်စာသင်ခန်းမျိုးကမှမလွမ်းဝူး စာသင်ခန်းတွေမှောင်နေရင် အဲဒါဆရာတွေမှောင်နေလို.ဖြစ်မယ် ကျောင်းသားတွေကဘယ်တော့မှမမှောင်ဝူး ပညာရေးဆိုတာ ကျောင်းဆရာတွေက”ဆရာလုပ်”သင်ကြားပေးရတာမဟုတ်ဖူး “ပန်းပုရုပ်ဟုနဂိုတည်းကသစ်သားရုပ်ထဲမှာရှိပီးသား ပန်းပုဆရာကမလိုတဲ့အပိုင်းတွေကိုသာဖယ်ထုတ်ပေးရတာဖြစ်တယ်”ဆိုသလိုပဲ နှလုံးသားနဲ.ဖွင့်ပေးရသူသာဖြစ်တယ် ကမ္ဘာပေါ်မှာရှိသမျှအလုပ်တွေထဲ ကျောင်းဆရာအလုပ်လောက်ကြီးကျယ်မြင့်မြတ်တာမရှိဝူး ဂုဏ်သိက္ခာချင်းနှိုင်းယှဉ်စရာအလုပ်မရှိဝူး အိုဘားမားဟာ ဦးဖိုးကျားလောက်ခေါင်းတစ်လုံးပိုမမြင့်ဝူးလေ တိုင်းပြည်နဲ.လူမျိုးကိုအာမခံချက်ပေးရတဲ့အလုပ် […]


TTNUApril 20, 20121min50639
“Red or Blue?” စကားလုံးလေးတွေလှတာနဲ့ အသုံးဝင်မလားဆိုပြီး တင်လိုက်ပါတယ်။ ကျမတို့ ဗမာစကားထဲမှာ အသုံးအနှုံးတစ်ခုရှိတယ်။ “ သူပြောလိုက်တာ စကားထဲမှာ အရောင် ပါတယ်နော၊ သတိထားကြ” ။ တဲ့။ ဒီမှာ အဓိပ္ပါယ် က သူ့စကားထဲမှာ ဘက်လိုက်မှုတစ်ခုခု ဆိုလိုချက်တစ်ခုခုပါတယ်လို့ ရည်ရွယ်မယ်ထင်ပါတယ်။ အခု ကျမ တင်လိုက်တဲ့ ဝေါဟာရလေးတွေကတော့ အရောင်အများကြီးမပါပါဘူး။ အနီရောင် နဲ့ အပြာရောင် နှစ်မျိုးထဲပါ။ အနီလားအပြာလား ပေါ်မှာမူတည်ပြီးတော့ အဓိပ္ပါယ်လည်းပြောင်းသွားတော့တာပါပဲ။ စိတ်ဝင်စားစရာကောင်းပါတယ်။ ဘာသာစကား လေ့လာရတာဝါသနာပါမယ်ဆိုရင်ပြောတာပါ။ အကယ်၍ Language ဝါသနာမပါဘူး၊ ဖတ်ရတာပျင်းတယ်ဆိုရင်လည်း တစ်ခေါက်ဖတ်ကြည့်လိုက်ပါ။ တစ်နေ့နေ့ သူများပြောသံကြားရင် ငါဖတ်ဖူးတယ်။သိတယ် ဆိုတယ် ခံစားချက်ရယူပါ။ မိတ်ဆွေတို့ တစ်ခေါက်ဖတ်ရတာ မပင်ပန်းပါဘူး။ ကျမ ရေးထုတ် ရတာ […]


zaw winApril 9, 20121min1361
ဒို့တတွေဟာ တသွေးတည်းမို့ အရောင်တွေမကွဲပြားပါ နှစ် ၆ဝကျော် အချင်းချင်းဖြစ်ကြ အခြေအနေ အယူအဆကြောင့်ပါ တူတာတွေကို ပေါင်းစည်းလို့ မတူတာတွေ ဖြေးဖြေးညှိပါ မျိုးဆက်သစ်တွေ ကောင်းစားဖို့ ဒို့တတွေ အနစ်နာခံကြမှာ ဒို့နိုင်ငံ စံပြဖြစ်ဖို့ ကမ္ဘာ့အလယ် လက်တွေ့ပြပါ တချောင်းချင်းပေါင်းစည်းလို့ လက်သီးဆုပ်ခါ တသွေးတည်းပါ။ မင်းသုတ 8:30 AM 7.4.2012