မာနဋီကာ မာနဆိုသည့်ပုဒ်အား ဆရာဦးထွန်းမြင့်ရေးသည့် ပါဋ္ဌိသက်ဝေါဟာရအဘိဓာန်ထဲတွင် ထောင်လွှားခြင်း၊မောက်မော်ခြင်း၊စိတ်ကြီးဝင်ခြင်းဟု အဓိပါယ်ဖွင့်ဆိုထားသည်။ မာနဆိုသည်မှာ နာမ်ကိုမှီပြီး ဖြစ်ပေါ်လာသည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။အကုသိုလ်စေတသိက်(၁၄)ပါးထဲတွင် အကျုံးဝင်သည့် စေတသိက်တစ်မျိုးပင် ဖြစ်သည်။ မာနအမျိုးအစား(သုံးမျိုး) မာနကို အမျိုးအစား သုံးမျိုးခွဲခြားထားသည်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။သေယျမာန် မိမိကိုယ်ကို မိမိသာ မြတ်သည်ဟု မာန်တက်ခြင်း။ ၂။သဒိသမာန် မိမိကိုယ်ကို တစ်ပါးသူတို့နှင့်တန်းတူဖြစ်သည်ဟု မန်တတ်ခြင်း။ ၃။ဟိနမာန် မိမိကိုယ်ကိုမိမိ သူတို့အောက်ယုတ်သည်ဟု မာန်တက်ခြင်း။ မာနဒီဂရီများ မာနကို ဒီဂရီအားဖြင့် သုံးမျိုးခွဲခြားထားပါသေးတယ်။ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။ ၁။Ordinary Pride ယင်းရိုးရိုးသာမန်မာန်တက်ခြင်းကို မာန ဟု ခေါ်သည်။ ၂။Super Pride ယင်းကဲ့သို့ အလွန်မာန်တက်ခြင်းအား မာနာတိမာန ဟု ခေါ်သည်။ ၃။Extraordinary ယင်းကဲ့သို့ အလွန်အကျူးမာန်တက်ခြင်းအား အတိမာနဟု ခေါ်သည်။ […]