kaiSeptember 27, 20173min3212
အရင်လက Time clauses လေးတွေအကြောင်း အတော်လေးပြည့်ပြည်စုံစုံဖော်ပြခဲ့ပြီးပါပြီ။ ဒီလမှာတော့ အခြား adverb clauses လေးတွေအကြောင်း လေ့လာကြပါဦးစို့။ ဦးစွာပထမ contrast clause လို့ခေါ်တဲ့ even though တို့ although တို့နဲ့စတဲ့ clause လေးတွေအကြောင်း ကို လေ့လာကြရအောင်။ contrast clause ဆိုတာ မထင်မှတ်တဲ့ရလဒ်မျိုး၊ ဆန့်ကျင်ဘက်သဘောမျိုးကို ဖော်ပြတတ်တဲ့ clause လေးတွေကို ဆိုလိုပါတယ်။ ဥပမာ – “Although he had no money at the beginning today he is a multi-millionaire in th US.” “အမေရိကနိုင်ငံကို ရောက်ခါစက ပိုက်ဆံလုံးဝမရှိခဲ့ပေမဲ့၊ ယနေ့သူဟာ […]


Mon LaySeptember 22, 20171min35526
“ကျနော်က စိတ်ထဲမှာ ရှိတာကို ပြောရဲတဲ့ ဝန်ထမ်းကို အမြဲရွေးချယ် ခန့်ထားတယ်။ ဥပမာ ပြောရရင် ကျနော်တို့ရဲ့ အထွေထွေ မန်နေဂျာဆိုရင် သူ့ကို အလုပ်ခန့်ဖို့ တွေ့ဆုံမေးမြန်းတော့ ကျနော်ပေးတဲ့ လခနဲ့ဆို ကျနော့်ဆီမှာ မလုပ်နိုင်ဘူး လို့ ကျနော့်မျက်နှာကို ကြည့်ပြီး ပြောတယ်။ သူ့ရဲ့ ပွင့်လင်းမှုကို ကြည့်ပြီး ကျေလည်း ကျေနပ်တယ်။ အံ့လည်း အံ့ဩတယ်။ သူတောင်းတဲ့ လခ အတိုင်းနဲ့ နောက်တနေ့ အလုပ် စဆင်းဖို့ ပြောလိုက်တယ်” ဟု သူက ပြောသည်။ အဲ့စကားကိုပြောတဲ့သူကတော့ ခုလက်ရှိ Adventure Myanmar Travel ပို်င်ရှင်လည်းဖြစ်၊ Amazing ဟိုတယ်တွေရဲ ့ပိုင်ရှင်လည်းဖြစ် တဲ့ ဦးအောင်မျိုးမင်းဒင်ပဲဖြစ်ပါတယ်။ အမှန်ပဲ..လူဆိုတာ အမှန်ကိုသတ္တိရှိပြီးပြောရဲရမယ်။ ရိုးသားဖြောင့်မတ်ရမယ်။   […]


zaw winSeptember 18, 20171min3303
မမှန်မကန် လုပ်ကြံစကား မရိုးသားတဲ့ မုသားပုံရိပ်များ ကိုယ်ကျိုးလိုလား နောက်ကွယ်မှ မြှောက်ပင့်စကား လေလာရင် နှင်:ပျောက်သွား ရိုးသားရဲရင့်သူရဲ့သစ္စာစကား မင်းတို့အားလုံးမှတ်လို့ထား နေလိုအမှောင်ခွင်းလို့သွား။ မင်းသုတ 21:50 P.M 16.9.2016


သင့်အေးရိပ်September 12, 20178min41238
  စောစောစီးစီး မြို့မေတ္တာ ခံယူခွင့်ပြုပါဦး။ 😛 လွန်ခဲ့တဲ့ သုံးလေးရက်က စပြီး မနေ့က မနက်အထိ ကိုယ့် Messenger ထဲကို တတိန်တိန် ဝင်လာတဲ့ စာတွေထဲမှာ …. ”၁၁ရက်နေ့ကျရင် ဂျီဖက်က ဂျီဟက် လုပ်မှာမို့ ဆိုလား…. အဲ့ဒါ သွားသတိ လာသတိနဲ့နေဖို့ ၊ လက်နက်ခဲယမ်းတောင် အသင့်ဆောင်ထားဖို့ သတိပေးတယ်..ဘလယ် ဘလယ် ဘလာဘလာ”ဆိုတာတွေ အများအပြား ရောက်လာတယ်။   ကိုယ့်ကို သတိတရရှိပြီး စိတ်ပူပေးတာ သတိပေးတာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့…. ဘုန်းကြီးအိပ်မက် စာလိုလိုနဲ့ မိတ်ဆွေဆီကို ဖြန့်ဝေပေးနေတာလို ဖြစ်လာတာမို့….အဲ့ စာတွေကြောင့်ကို တွေ့သမျှ အသားမဲတွေကို ဓါးနဲ့အရင် ပြေးပိုင်းထားရမလိုလိုကြီး။   နောက်ပြီး အဲ့လို သတိပေးစာလိုလိုနဲ့ ခြိမ်းခြောက် […]


kaiSeptember 5, 20171min3994
ငါးပါးသီလ နဲ့ ပတ်သက် ၍ တွေးစရာမျာူး January 11, 2010 at 9:19am သစ်ခ်ညှပ်ဟန်း ဆိုတဲ့ ဗီယက်နမ် ဇင် ဘုန်းတော်ကြီး ၏ သီလ အနက်ကောက် ပါ (၁)အသက်သတ်ခြင်းကို ကျူးလွန်မိခြင်းကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့် အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အသက်များကို ကာကွယ်ရန်နည်းလမ်းများကို လိုက်နာပါမည်။ ကရုဏာစိတ်ကိုမွေးမြူပါမည်။ မသတ်ရန်သော်လည်းကောင်း၊ အခြားသူများသတ်ဖြတ်နေခြင်းကို တာဆီးရန်သော်လည်းကောင်း၊ သတ်ဖြတ်နေသောအပြုမူများကို မကူညီရန် သော်လည်းကောင်း သန္နိဋ္ဌာန်ပြုပါသည်။ (၂)တရားမျှတမှု့မရှိခြင်း၊ ခေါင်းပုံဖြတ်ခြင်း နှိပ်ကွပ်ခြင်း တို့ကြောင့်ဖြစ်သောဒုက္ခ ကို သတိရှိခြင်းဖြင့် အကျွန်ုပ်သည် လူ၊ တိရိစာ္ဆန်၊ သစ်ပင်တို့၏ အကျိုးစီးပွားကိုဆောင်သော နည်လမ်းများကိုလိုက်နာပါမည်။ မေတ္တာစိတ်မွေးမြူမည်ဟုကတိပြုပါသည်။ မိမိ၏ အချိန်ကိုသော်၎င်း၊ စွမ်းအင်ကိုသော်၎င်း၊ ဝတ္ထုပစ္စည်းကိုသော်၎င်း […]


ဦးေက်ာက္ခဲAugust 27, 20171min461435
ဘင်္ဂလီကိစ္စမှာ အစိုးရတိုင်း တာဝန်မကင်းပါ… . ဟိုးအရင် သမိုင်းကို ပြန်လေ့လာ… – ရခိုင်ဘုရင်တွေခေတ်ထဲက နိုင်ငံခြားသား ကြေးစားစစ်သား အကြံပေးတွေ ခေါ်သွင်းတယ်… – အင်္ဂလိပ်ခေတ်မှာ ရခိုင်တွေချမ်းသာတယ် ၊ ပညာတတ်ပေါတယ် … ။ အိမ်အလုပ်ကူဖို့ လယ်အလုပ်လုပ်ဖို့ လုပ်သားရှားတော့ ဘင်္ဂလီတွေကို ခေါ်ခိုင်းတယ် … – အင်္ဂလိပ်ကလည်း သူပိုင် ကိုလိုနီတွေက အလုပ်လက်မဲ့ ဘင်္ဂလီလယ်လုပ်သားတွေကို သွင်းချလာတယ်… – ရခိုင်တွေကလည်း ဘင်္ဂလီတွေကို လူရာမသွင်း ၊ ငယ်နိုင်လို့ သဘောထားပြီ အတော်အနိုင်ကျင့်တယ် … – ဒုတိယကမ႓ာစစ် ဂျပန်တွေကို မေယုဒေသမှာ ပြန်ခံချဖို့ ဘင်္ဂလီတွေကိုသုံးတယ် … – ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စစ်အပြီးမှာ ဘင်္ဂလီတွေကို ကျေးဇူးတင်စကားဆိုတယ် … […]


zaw winAugust 17, 20171min3203
ဆောင်ကြာနှင်း အမှောင်တကာခွင်း ဒါပေမဲ့မလင်း ငါ့ရင်မှာမရှင်း အနေကြာလာ လောကအလယ်မှာ မောဟတွေသာ ဆောင်ထားလို့သာ ဒုက္ခဝေဆာ အောင်မြင်မှုမရှည်ကြာ လင်းမလိုလိုနဲ့ နှင်းဖုံးအုပ်ရှာ တဝဲလည်လည်ပါ။ မင်းသုတ 11း00 A.M 17.8.2017


manawphyulayAugust 2, 20171min34863
ရွာသူရွာသားများရဲ့ ဝါသနာကို ရင်တွင်းမှာ မထားပဲ မြန်မာကို ကမ္ဘာက သိအောင် လက်စွမ်းပြစေဖို့ ယခုအခွင့်အလမ်းလေးကို လက်လွတ်မခံကြစေဖို့ သတင်းကောင်းပေးလိုက်ရပါတော့တယ်။ Credit: http://photocontest.cgap.org/ ၂၀၁ရ ခုနှစ် CGAP ဓါတ်ပုံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်လျက်ရှိပါတယ်။ ငွေရေးကြေးရေးဝန်ဆောင်မှုတွေက ကမာ္ဘတဝှမ်းက ပြည်သူတွေနဲ့ ရပ်ရွာ အသိုက်အဝန်းကို ဘယ်လိုကူညီနေသလဲဆိုတာကို ပေါ်လွင်စေမယ့် ဓာတ်ပုံတွေကို ပေးပို့ပြီး ပါဝင်လိုက်ပါ။ http://photocontest.cgap.org/ လျှောက်လွှာပိ်တ်ရက် – စက်တင်ဘာလ ၂၉ ရက်၊ ၂၀၁၇။ The 2017 CGAP Photo Contest is open for entries! Share your photos to join the ranks of talented photographers […]


july 2 ရက်နေ့။ မကွေးကနေ ကံပြားလမ်းဆုံ-> ကံပြားလမ်းဆုံကနေ မြို့သစ်မြို့ဘက် ဆက်မောင်း-> အမြန်လမ်း မိုင်တိုင် ၂၂ဝကို ဖြတ်တက်။ နေပြည်တော်ကို ဝင်။ ပြီးမှ ရန်ကုန်ကို တန်းတက်။ အဲ့ခရီးစဉ်မှာ. . . မကွေး-နေပြည်တော်လမ်းကနေ ဖြတ် မောင်းရာမှာ. . . ဘာ မြင်ခဲ့လဲ ဆိုတော့. . . အန္တရာယ် အငွေ့အသက်တွေ။ လုံခြုံစိတ်ချရခြင်း အလျဉ်း မရှိတဲ့ အကွေ့အကောက် လမ်းအခြေအနေတွေပါ။ မကွေး-ကံပြား အထိက . . . လမ်း ကောင်းမှကောင်း။ မြေပြန့်လမ်း။ ကံပြားကနေ မြို့သစ်မြို့အထိကလည်း မြေပြန့်လမ်းပဲမို့/ လမ်းကလည်း အထိုက်အလျောက်ကျယ်ပြီး ညက်ညောနေတော့ အဆင်ပြေပါရဲ့။ မြို့သစ်နဲ့ နေပြည်တော်အမြန်လမ်း ကြားက […]


zaw winJuly 3, 20171min4106
စွန့်လွှတ်စွန့်စား မတထောင် တကောင်ဘွား ဇာနည်မျိုးဟေ့ မြန်မာပြည်သား ဒို့မြေမှာ အားလုံးအတွက်အောင်ပွဲဆင်ဖို့ MMA ကမ္ဘာ့ချန်ပီယံဆုကို အရယူသွား မြန်မာတွေ ကမ္ဘာ့ချန်ပီယံဖြစ်ပြီမို့ အောင်လအန်ဆန်းရေ မင်းဟာ ငါတို့ရဲ့ချန်ပီယံ ဂုဏ်ယူဝင့်ကြွား သွေးနဲ့ရင်းပြီး ယှဉ်ပြိုင်လို့ အသက်နဲ့ရင်းပြီး အားပေးကြမယ်။ မင်းသုတ 21း15 P.M 30.6.2017


ဒီမနက် ထုံးစံအတိုင်း အိပ်ယာထပြီး ထုံးစံအတိုင်း မျက်နှာသစ် သွားတိုက်တာတို့၊ ထုံးစံအတိုင်း ရေချိ ုးပြီး ကိုယ်လက် မသန့်စင်ခင်မှာ ထုံးစံအတိုင်း အိမ်သာ တက်ပါတယ်။ ထုံးစံအတိုင်း အိမ်သာမှာ ထိုင်မိပေမဲ့ ဒီမနက်တော့ ထုံးစံမဟုတ်တာ တစ်ခု တွေးမိပါတယ်။ အိမ်သာတက်ရင်း တွေးတဲ့အတွေးဆိုတော့ နည်းနည်းတော့ အနံ့အသက် ကောင်းမှာ မဟုတ်ဘူးပေါ့။ ကိစ္စ မရှိဘူးထင်ပါတယ်။ စာ ဆိုတော့ နှာခေါင်းပိတ်ပြီး ဖတ်စရာ မလို။ :k: ပြောချင်တာက အခုနှစ်/အခုခေတ်မှာ အိမ်သာထဲ ထိုင်ရတာ အရသာတစ်ခုခု လျော့နေသလို ခံစားမိတဲ့ကိစ္စ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆိုရင် တခြားသူတော့ ဘယ်လို အိမ်သာထဲ ဝင်တယ် မသိ။ ကျွန်တော်ကတော့. . . အိမ်သာထဲ ဝင်ရင် […]