ဒီမနက် ထုံးစံအတိုင်း အိပ်ယာထပြီး ထုံးစံအတိုင်း မျက်နှာသစ် သွားတိုက်တာတို့၊ ထုံးစံအတိုင်း ရေချိ ုးပြီး ကိုယ်လက် မသန့်စင်ခင်မှာ ထုံးစံအတိုင်း အိမ်သာ တက်ပါတယ်။ ထုံးစံအတိုင်း အိမ်သာမှာ ထိုင်မိပေမဲ့ ဒီမနက်တော့ ထုံးစံမဟုတ်တာ တစ်ခု တွေးမိပါတယ်။ အိမ်သာတက်ရင်း တွေးတဲ့အတွေးဆိုတော့ နည်းနည်းတော့ အနံ့အသက် ကောင်းမှာ မဟုတ်ဘူးပေါ့။ ကိစ္စ မရှိဘူးထင်ပါတယ်။ စာ ဆိုတော့ နှာခေါင်းပိတ်ပြီး ဖတ်စရာ မလို။ :k: ပြောချင်တာက အခုနှစ်/အခုခေတ်မှာ အိမ်သာထဲ ထိုင်ရတာ အရသာတစ်ခုခု လျော့နေသလို ခံစားမိတဲ့ကိစ္စ။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်ကဆိုရင် တခြားသူတော့ ဘယ်လို အိမ်သာထဲ ဝင်တယ် မသိ။ ကျွန်တော်ကတော့. . . အိမ်သာထဲ ဝင်ရင် […]