kaiMay 23, 20172min4153
အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် အရင်လက adjective clause လေးတွေအကြောင်းအထိုက်အလျောက် ဖော်ပြခဲ့ပြီးပါပြီ။ လိုအပ်တာလေးတွေကို ဒီလမှာဖြည့်စွက်ပေးဖို့ရည်စူးထားပါတယ်။ မစိုးရိမ်ကြပါနဲ့။ စစ်တပ်ကလူကြီးတွေလို ကိုယ့်ဖို့လို အပ်တာလေးတွေကို အကုန်ယူပြီး ပြည်သူလူထုကိုတော့ ဗိုက်ဟောင်းလောင်းနဲ့ထားခဲ့ဖို့ မရည်ရွယ်ပါဘူး။ Adjective clause ဆိုတာ (၂)မျိုး (၂)စား ရှိပါတယ်။ identifying clause နဲ့ Non-identifying clause ဆိုပြီး (၂)မျိုးရှိပါတယ်။ identifying clause လေးတွေကို comma မပါဘဲသုံးပြီး non-identifying clause လေးတွေကိုတော့ comma လေးတွေနဲ့ သုံးရပါတယ်။ ဒီနေရာမှာ တချို့ကထင်မယ်။ ဒီဆရာအလကားလာပြီးရှုပ်နေတယ်။ ဒီ comma လေးတွေကိုချန်ထားခဲ့မယ်။ မေ့ထားခဲ့မယ်ဆိုရင်ဖြစ်ပါတယ် စသဖြင့်ပေါ့လေ။ဒီတော့ အောက်မှာဖော်ပြထားတဲ့ ဝါကျလေး(၂)ခုကိုယှဉ်ကြည့်လိုက်ပါ။ comma လေးတွေရဲ့အရေးပါပုံထင်ထင်ရှားရှားမြင်ရပါလိမ့်မယ်။ “My mother, who […]


kaiMay 20, 20171min147019
မောင်ပေါက်ကျိုင်း ဒဏ္ဍာရီ ပညာသင်ကြားခြင်း မောင်ပေါက်ကျိုင်းသည် ဒိသာပါမောက္ခ ဆရာကြီးထံတွင် ပညာသင်ကြားနေသော တပည့်များတွင် အညံ့ဆုံးတပည့်ဖြစ်ပြီး မည်သည့်ပညာရပ်ကိုမှ ဖြစ်မြောက်အောင်သင်ကြား၍ မရပေ။ သို့သော် အလုပ်ကို အလွန်ကြိုးစားပမ်းစား လုပ်တတ်သူဖြစ်သဖြင့် ဆရာကြီး၏ အချစ်ဆုံးတပည့်တစ်ဦးလည်းဖြစ်သည်။ နှစ်စေ့၍ ဌာနေသို့ ပြန်ရန် အချိန်ကျသောအခါတွင် မောင်ပေါက်ကျိုင်းမှာ မည်သည့် ပညာရပ်ကိုမှ တတ်မြောက်ခြင်းမရှိသည့်အတွက် ဆရာကြီးမှာ စိတ်မကောင်းဖြစ်မိသည်။ ထို့အတွက် သူ၏တပည့်အား အရေးကြီးသော စကားကြီးသုံးခွန်းကို မှတ်သားလိုက်နာရန် သင်ကြားပေးပြီး နေရပ်သို့ပြန်စေခဲ့သည်။ စကားကြီးသုံးခွန်း မောင်ပေါက်ကျိုင်း သင်ကြားရရှိခဲ့သော စကားကြီး (၃) ခွန်းမှာ မေးပါများစကားရ သွားပါများခရီးရောက် မအိပ်မနေ အသက်ရှည် ဟူ၍ ဖြစ်သည်။ သွားပါများခရီးရောက် မောင်ပေါက်ကျိုင်းသည် ပညာသင်ကြားရာမှ ပြန်လာခဲ့ပြီးနောက် လမ်းတွင် “သွားပါများခရီးရောက်” ဆိုသော စကားအတိုင်း […]


zaw winMay 7, 20171min4512
ငါတို့ရဲ့အတ္တတွေ ငါမှန်တယ်ထင်ခဲ့တာတွေ ငါတို့ကြောင့် ဘဝတွေပျက်ခဲ့ရတဲ့ပြည်သူတွေ ဘာမှန်းမသိ ဘဝတွေဆုံးရှုံး အနာဂတ်တွေပျက်စီး လူလုံးမလှတဲ့ ကလေးငယ်လေးတွေ ငါတို့တွေညီညွတ်ပြီး ငြိမ်းချမ်းရေးသာတန်ဖိုးထားခဲ့ရင် သူများနိုင်ငံတွေလို ဘဝတွေအေးချမ်းပြီး ပျော်ရွှင်ဖွယ်ကောင်းကြမှာပါ။ မင်းသုတ 15:00 PM 29.4.2017


                        ဝမ်တိန်အသွားလမ်းကို ခံစား၊ ဝေဖန်ခြင်း ———————————- ၁။ ၂၀၁၇၊ မတ်လထုတ်၊ ရွှေအမြုတေမဂ္ဂဇင်းမှာ ပါလာတဲ့ ဆရာဉာဏ်သစ်ရဲ့ “ဝမ်တိန်အသွားလမ်းမှသည်”ဆိုတဲ့ စာပေဝေဖန်ရေး ဆောင်းပါးကို ဖတ်လိုက်ရပါတယ်။ အဲဒါဟာ ဘာသာပြန်သူ”ဝင့်ပြုံးမြင့်”က “ဝမ်တိန်အသွားလမ်း” အမည်နဲ့ မြန်မာပြန်လိုက်တဲ့ မူရင်းစာရေးဆရာမ WENDY LAW-YONE ရဲ့ THE ROAD TO WANTING ဆိုတဲ့ စာအုပ်ကို ခံစား ဝေဖန်တဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဆရာမ ဝင့်ပြုံးမြင့် ဘာသာပြန်တဲ့ စာအုပ်တွေကို အခုမှ စဖတ်ဖူးတာပါဆိုတဲ့ ဆရာဉာဏ်သစ်က သူ့ဆောင်းပါးထဲမှာ “ဘာသာပြန်သူဟာ အမှားပေါင်း […]


kaiApril 28, 20172min4725
အရင်လက Conditional Clause လေးတွေအကြေင်း အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြခဲ့ပြီးပါပြီ။ ယခုလမှာတော့ စကားပြောသည့်အခါဖြစ်စေ၊ စာရေးသည့်အခါ၌ဖြစ်စေ တော်တော်လေးအသုံးဝင်တဲ့ Adjective Clause လေးတွေ အကြောင်းဖော်ပြပေးမှာဖြစ်ပါတယ်။ Adjective Clause ဆိုတော့ adjective တွေရဲ့ ဝသီအတိုင်း Noun ကို အထူးပြုမှာဖြစ်ပါတယ်။ ဝါကျတစ်ခုမှာ adj clause ကို နှစ်နေရာမှာ တွေ့ရှိနိုင်ပါတယ်။ ပထမဆုံး နေရာကတော့ subject ကတ္တားရဲ့ အနောက်ဘက်မှာကပ်လျက်တွေ့ရတတ်ပါတယ်။ ဥပမာ – “The man who works for my dad lives in San Jose” The man = subject Who works for […]


kaiApril 21, 20171min143110
မြန်မာသက္ကရာဇ် ၇၀၄ ခုနှစ်တွင် နန်းတက်တော်မူသော မြင်စိုင်းငါးစီးရှင်ကိုယ်တိုင် ကဆိုသည့် မြင်စိုင်းမြို့ဘွဲ့၊ ကာချင်း (၂) ပုဒ် (၁) တာဝတိံသာ၊ နတ်ရွာလော၊ နတ်ရွာလော။ ဟုတ်တည်း ရှင်ချင်းရှင်ချင်း၊ ဟုတ်တည်း ဆွေရင်းဆွေရင်း၊ ဟုတ်တည်း သည်ရင်း* သည်ရင်း။ မြင်စိုင်းဟူသည်၊ ရွှေပြည်ရွှေပြည်။ မြင်စိုင်းရွှေမြေ၊ ပန်းသင်းခွေ၊ ပင်ခြေ ခြုံ*တက်နွယ်၊ ခြုံတက်နွယ်။ တောင်လေရှူန်းရှူန်း၊ မိုးခတ်အုန်း၊ ကင်ပုန်းပွင့်ချီချယ်၊ ပွင့်ချီချယ်။ နွယ်ပန်းခွာညို၊ ပွင့်ပေလို၊ ပြာသိုဆောင်းလလယ်၊ ဆောင်းလလယ်။ တောင်ထွတ်ဖျားဆီ၊ ရွှေစာတီ၊ သရီရ*ဓာတ်စွယ်၊ သရီရဓာတ်စွယ်။ ယာဆီမြေကောင်း၊ ကျသည့်ပြောင်း၊ မနှောင်းပြည့်ဆောလွယ်၊ ပြည့်ဆောလွယ်။ ခါနှင့်ဘုတ်ချိုး၊ ကြက်တော်မျိုး၊ လိုစိုး ကျက်မြေကျယ်၊ ကျက်မြေကျယ်။ ယှဉ်ဖော်မဝေး၊ ဖော်ရွှေကျေး၊ စာနွှေး* စားလိုဖွယ်၊ စားလိုဖွယ်။ ယရည်း* […]


kaiApril 17, 20174min10309
မင်္ဂလသုတ် (ပါဠိနှင့် မြန်မာပြန်) မင်္ဂလသုတ် ၁။ယံ မင်္ဂလံ ဒွါဒသဟိ၊ စိန္တယိံ သု သဒေဝကာ၊ သောတ္ထာနံ နာဓိဂစ္ဆန္တိ၊ အဋ္ဌတိ ံသဉ္စ မင်္ဂလံ။ ၂။ဒေသိတံ ဒေဝဒေဝေန၊ သဗ္ဗပါပဝိနာသနံ။ သဗ္ဗလောက ဟိတတ္ထာယ၊ မင်္ဂလံ တံ ဘဏာမ ဟေ။ ၃။ ဧဝံ မေ သုတံ၊ ဧကံ သမယံ ဘဂဝါ သာဝတ္ထိယံ ဝိဟရတိ ဇေတဝနေ အနာထပိဏ္ဍိကဿ အာရာမေ။ အထ ခေါ အညတရာ ဒေဝတော အဘိက္ကန္တာယ ရတ္တိယာ  အဘိက္က န္တဝဏ္ဏာ ကေဝလကပ္ပံ ဇေတဝနံ ဩဘာသေတွာ ယေန ဘဂဝါ၊ တေနုပသင်္ကမိ ဥပသင်္ကမိတွာ။ ဘဂဝန္တံ အဘိဝါဒေတွာ ဧကမန္တံ အဋ္ဌာသိ။ […]


Swal Taw YwetApril 14, 20175min5694
မင်္ဂလာပါခင်ဗျာ ဒီနှစ်လည်း ကာတာနိုင်ငံ ဒိုဟာ မြို့ရောက် မြန်မာများရဲ့ အမိမြေအလွမ်းပြေ မြန်မာ့ရိုးရာ အတာ သင်္ကြန်ကို ၁၄ ဧပြီ ၂၀၁ရ မြန်မာသင်္ကြန် အကျနေ့ သောကြာနေ့ မှာ စုစည်း ကျင်းပ ခဲ့ကြပါတယ်။ Face book Group – Myanmar Society ( Middle East ) ကနေတဆင့် စည်းရုံး လှုံ့ဆော်ခဲ့ကြလို့ ဒီနှစ် လူအသစ်တွေ အများကြီး ပူးပေါင်းပါဝင်လာခဲ့ကြပါတယ်။ စုစုပေါင်း ခန့် မှန်းခြေ ၁၅ဝ လောက် လာရောက်ဆုံဆည်းခဲ့ပါတယ်ခင်ဗျာ။ အလုပ်ခွင်ဝင်ရမယ့်သူတွေ စောစောလာ စောစောပြန်၊ မရောက်ဘူးသေးသူတွေက ဟိုမေးဒီစမ်း ဖုန်းတွေတကြော်ကြော်ခေါ်ရတာမို့ နောက်ကျမှ ရောက် အဝင်အထွက်တွေ လွဲနေကြပေမယ့် ရောက်သူတိုင်းတော့ ပျော်ခဲ့ကြရပါတယ်။ […]


kaiApril 4, 20172min150720
လွန်ခဲ့တဲ့ ၁၁နှစ် ဒီနေ့ ၄-၄-၂၀၁ရ က.. မန္တလေးဂဇက်ဆိုတဲ့နာမယ်နဲ့သတင်းစာထုတ်ဖို့.. စပြင်ဆင်တဲ့အနေနဲ့.. ဒိုမိန်းအမည်ဝယ်တဲ့နေ့ပေါ့..။ (ပုံကြည့်) MandalayGazette.com ကို သီးသန့်ထောင်ပြီး ဖိုရမ်လုပ်.. အပြန်အလှန်ဆွေးနွေးတာတွေအတွက်.. မန်င်ဘာတွေလက်ခံခဲ့တာမှာ.. မန်ဘာထောင်ချီရှိခဲ့ပြီး.. ၂၀၀ရ နဲ့ ..၂၀၀၈ ၊ သင်္ကန်းရောင်တော်လှန်ရေးနဲ့.. နာဂစ်မုန်တိုင်းခေတ်မှာ..AP, AFP တို့ကတဆင့်… ပြည်တွင်းက ဓာတ်ပုံတွေ နိုင်ငံတကာကို ဖြန့်နိုင်ခဲ့သမို့.. ဝက်ဘ်ဆိုက်လည်း နာမယ်ကြီး.. ဟက်ကာလည်းဝင်ဖျက်လိုက်ပါလေေရာပေါ့..။ http://www.npr.org/templates/story/story.php… အခုရှိနေတဲ့ WordPress ပေါ်ကဝက်ဘ်ဆိုက်ကတော့.. ၂၀၀၉ မှစထောင်တာဖြစ်ပါတယ်..။ အဲဒီခေတ်တွေက.. မြန်မာပြည်တွင်းဆိုတာက.. အင်တာနက်ဆို.. gmail တောင်အနိုင်နိုင်ကြည့်ရတာမို့.. Mandalaygazette.com ကျ.. မြန်မာပြည်စစ်အစိုးရကလည်း မပိတ်ထား..မဘမ်းထားသမို့.. ပြည်ပ/ပြည်တွင်းပေါင်းကူးဖြစ်ပြီး.. မန်ဘာတွေများ.. စာတွေ ပုံတွေတင်နဲ့တော်တော်စည်ကားခဲ့ပါတယ်..။ ရှေ့စကားပြန်ဆက်ရရင်.. အင်တာနက်ပေါ်မယ်….ဝက်ဘ်ဆိုက်လုပ်တော့… လိုဂိုလေးပါဒီဇိုင်းလုပ်ဆွဲ.. နောက်… ပုံနှိပ်သတင်းစာအတွက်..လိုအပ်မယ့် […]


kaiMarch 18, 20177min104820
အဆဲဋီကာအတွက်.. အချက်အလက်လေးတွေ… လာစုထားတာပါ…။ ဖြည်းဖြည်းချင်းဖြည့်မယ်စိတ်ကူးတယ်..။ သိသူတွေလည်း.. တင်သွားကြပေါ့..။ စာတွေကိုတော့… မှတ်တမ်းအချက်အလက်စုတာမို့.. မျက်စိနဲ့မနာ.. ဖဝါးနဲ့နာ..။ = အောက်က… အခြေအနေနဲ့ဆက်စပ်တာအကုန်ရေးတင်နိုင်ပါကြောင်း..။ 🙂 လူဆဲနည်း ၊ ဘုန်းကြီး ဆဲနည်း ၊ စင်ပေါ်က မိုက်ကရိုဖုန်းနဲ့ ဆဲနည်း ၊ ဖေ့စ်ဘွတ်မှာ profile ပုံမရှိဘဲ ခိုးကြောင်ခိုးဝှက်ဆဲနည်း ၊ ကုလား ဆဲနည်း ၊ ဗမာဆဲနည်း ၊ တိုင်းရင်းသားဆဲနည်း ၊ တစ်ဦးစီကို ဆဲနည်း ၊ အဖွဲ ့လိုက်သိမ်းကျုံ းဆဲနည်း ၊ ပါတီ ကို ဆဲနည်း ၊ အစိုးရကို ဆဲနည်း ၊ ဘယ်သူ့ကိုဆဲနေမှန်း မသိရတဲ့ ဆဲနည်း ၊ ကြားလိုက်တာနဲ့ ကြက်သီးမွေညင်း […]


alinsettFebruary 28, 20172min5143
“ကျုပ်ဟာ လောကအတွက် အလင်းရောင်ကို နှစ်ပေါင်းများစွာ လိုက်ရှာရင်း ခုလို ခါးကုန်းခဲ့ရတာပါ” ဟု ခါးကုန်းနေသော အဘိုးအိုက ဆို၏။ “ဟော အခုတော့ အောင်မြင်ပါပြီ၊ လောကကြီးအတွက် ကျုပ် အလင်းထွန်းညှိပေးနိုင်တော့မယ်” သူ့လက်ထဲမှ ဖယောင်းတိုင်ကို ကိုင်မြှောက်ပြရင်း ပြောခြင်း ဖြစ်၏။ ဖယောင်းတိုင်မှာ အလင်းထွန်းညှိရန်လည်း ပြင်သည်။ ခက်သည်က သူ့ဖယောင်းတိုင်ကလည်း သူ့လိုပဲ ခါးကြီး ကုန်းနေလေပြီ။ (ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း၊ ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခါးကုန်းကြီး”အမည်ရှိ ဝတ္ထုတို) —————————————————— ထိုဝတ္ထုတိုကလေးထဲမှ ခါးကုန်းကြီးလိုပင်… ကျွန်တော်တို့ တိုင်းပြည်မှာလည်း တိုင်းပြည်အတွက် လင်းချင်းတောက်ပစေချင်စိတ်ဖြင့် အလင်းကို ရှာဖွေပေးနေသည့် ခါးကိုင်းလုလု အမယ်အိုကြီးတစ်ယောက် ရှိလေသည်။ အမယ်အိုသည် နှစ်ပေါင်းများစွာကာလအတွင်း ဒုက္ခဆင်းရဲ အကျပ်အတည်းများစွာ… အချိန်များစွာ […]


alinsettFebruary 24, 20171min5816
  “ခြေရာ” ————————————————————- “ဒါ ကျားခြေရာဆိုတာ သေချာရဲ့လား” “သေချာပါတယ်၊ ဘာဖြစ်လို့လဲ” “ဪ… ဘာရယ်တော့ မဟုတ်ပါဘူး။ ကြောင်ခြေရာကို အကျယ်ချဲ့ပြီး ကြည့်လိုက်တာလားလို့ပါ၊ အင်း….. ဖြစ်တတ်လို့ပါ။” တာရာမင်းဝေ ကျွန်တော်တူးဖော်ခဲ့သည့် မြေစိုင်မြေခဲများအကြောင်း ၁၉၉ရ / နိုဝင်ဘာလထုတ် စာအုပ်ထဲမှ “ခြေရာ”အမည်ရှိ ဝတ္ထုတို။ ————————————————————- လွန်ခဲ့သော လေးငါးခြောက်ရက်တုန်းက ကျွန်တော် ကြောင်ခြေရာတစ်ခုကို အကျယ်ချဲ့ကြည့်မိပြီး ကျားခြေရာကြီး မြင်မိသလိုမျိုး ခံစားချက်တွေ အိုဗာ ဖြစ်မိခဲ့ပါသည်။ ပြဿနာ တစ်ခုနှင့် ကြုံရသည့်အခါတိုင်း သွေးဆူလွယ် ခံစားလွယ်တတ်သော ကျွန်တော့် ထုံးစံအတိုင်း တအုံ့နွေးနွေးဖြင့် မပြီးနိုင် မစီးနိုင် ခံစားမှုတွေ ပြင်းထန်ပြီး စိတ်ထင်ရာတွေ ပြောမိ၊ရေးမိ၊ လုပ်မိသည် ဆိုပါစို့။ အမှန်တော့ ကြုံရသည့် ပြဿနာသည် […]