သူချစ်တတ်သည် “ခလွမ်… … …” စက်ရာဆောင်အတွင်းမှ ပြုတ်ကျ ကွဲကျေသံများက ရာဝဏကို မနှစ်မျို့ဖွယ် စီးကြိုလိုက်သည်။ “သွား… ငါဒါတွေမစားချင်ဘူး” “ဒါ… ဒါဆို… သခင်မဖုရားအနေနဲ့ ဘယ်အရာကိုများ ပွဲတော်တည်ဖို့ အာသီသရှိတော်မူပါ သလဲ မိန့်ကြားပါ ဘုရား” “ငါ ဘာကိုမှလဲ မစားချင်သလို ဘာကိုမှလဲမသောက်ချင်ဘူး။ ပြီးတော့ နင်တို့တွေရဲ့ အသားနီမျက်နှာတွေကိုလဲ မမြင်ချင်ဘူး။ သွား… ထွက်သွား… ငါ့အနားက အခုထွက်သွားကြ။” ချိနဲ့တုံရင်နေတဲ့ ရွှေစာရဲ့ အသံနဲ့ဆန့်ကျင်စွာ ခက်ထန်သောအသံတစ်ခုကို ရာဝဏကြားလိုက်ရသည်။ ‘အလို… သီတာ… သီတာ… နှမတော်လေးရယ်။ မင်းရဲ့ နှင်းဆီဖူး နှုတ်ခမ်းနုနုလေးကနေ ဒီလိုစကားကြမ်းကြမ်းတွေ ဘာကြောင့်များ ထွက်ကျလာတာပါလိမ့်’ သူ့ရဲ့တစ်ကိုယ်ရေ ရေရွတ်မှုမဆုံးခင်မှာပဲ စက်ရာခန်းအတွင်းမှ ရွှေစာထွက်လာတာကို ရာဝဏတွေ့လိုက်ရသည်။ […]