မြစပဲရိုးJuly 31, 20151min84919
ဒီတစ်ခါ မဲနံပါတ်က ၁၁၀။ ကလောင်အမည်က “မောင်ပေ” ပါတဲ့။ “ရွာ သို ့ခ ဏ ပြန် ဝင် ခြင်း” ဆိုတာကို တင်သွားခဲ့တာ Oct 1, 2013 က ဆိုတော့ ရွာထဲ ပြန်ပြီး ပို့စ်မတင်တော့ တာ ၂နှစ်နီးပြီ။ အဲဒီ ပို့စ်ထဲ သူပြထားတဲ့ Sexiest Women of 2013 တွေ ကတော့ ရွာပျက်တုန်း ပုန်းနေကြပြီ။ သူ့ကို စသိတဲ့အချိန်မှာ သူ့ရဲ့ စပယ်ရှယ်  က ဘော်လုံးပွဲ တွေ ကို တစ်ကြို ဝေဖန်ပေးတာပါ။ ဒါပေမဲ့ သူ့ရဲ့ ပထမဆုံးခြေလှမ်း ကတော့ ဘောပွဲ အကြောင်းမဟုတ်။ ဂျာနယ်တစ်ခုထဲ က ဆောင်းပါး […]


kaiJuly 30, 20151min59010
ယခုလ ထင်ရှားကျော်ကြား မြန်မာ များကဏ္ဍမှာ အမေရိကားမှာနှစ်ပေါင်း ၄ဝကျော်အခြေချနေထိုင် လျက်ရှိပြီး အမေရိကားအသိအမှတ်ပြုရှေ့နေလိုင်စင်ရ ဦး Frank သောင်းဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ ●အန်ကယ့်ဇာတိနဲ့ ကိုယ်ရေး အကျဉ်းပြောပြပါဦး။ ဇာတိက ပုသိမ်  ပုသိမ် ABM (American Baptist Mission) ကျောင်းက ၁၉၅၈မှာ အထက်တန်းအောင်တယ်။ B.A ဘွဲ့ကို ၁၉၆၂ကရတယ်။ ၁၉၆၅ မှာ B.L ဥပဒေဝိဇ္ဇာဘွဲ့ကို ရပါတယ်။ ၁၉၆၆မှာ ရှေ့နေလိုင်စင်ရတယ်။ ●အမေရိကားကို ဘယ်တုန်း ကထွက်လာတာလဲ။ ဘာ့ကြောင့် လဲပြောပြပါ။ ကျနော်က မြန်မာပြည်မှာ ရှေ့နေလိုင်စင်ကို ၁၉၆၆ခုနှစ်ကရတယ်။ မအူပင်ခရိုင်ရဲ့အစိုးရရှေ့နေအလုပ်ကို ၁၉၆ရကစပြီး ၁၉၇ဝထိလုပ်တယ်။ အမေရိကားကို ၁၉၇၂ခုနှစ်က ရောက်ပါတယ်။ ကျနော်မြန်မာ ပြည်မှာရှေ့နေလုပ်ခဲ့တုန်းက များသောအားဖြင့်က နလက၊ ခလက တို့က […]


Ma MaJuly 29, 20153min94522
ကိုယ့်အတတ်နဲ့ ကိုယ်စူး ဆိုတဲ့ မြန်မာစကားပုံလိုပဲ …. ကာတွန်းကပေးတဲ့ တွန်းအားတွေ ဆွဲအားတွေကို… အပလိုင်းလုပ်ရာမှာအင်မတန်တော်တဲ့ သွေးသောက်ညီအမကြောင့်…. မပြေးသော် ကန်ရာရှိရပေဦးမည်။ 😆   အခုရေးမယ့် အပိုင်း (၁၆)ကတော့ ဩဂုတ်လ ၁၁ ရက်နေ့က ၂ဝ ရက်နေ့အထိဖြစ်ပါတယ်။   အပြာရောင်ဈေးကွက်ပင်လယ်ထဲမှာ ကူးခတ်နိုင်ဖို့အတွက် ကိုယ့်ရောင်းကုန်ရဲ့အရည်အသွေး၊ ကိုယ့်ရဲ့ဝန်ဆောင်မှုတွေဟာ အခြားသူတွေနဲ့မတူပဲ ထူးခြားကောင်းမွန်ဖို့ လိုတယ်ပေ့ါ။   တနည်းအားဖြင့်ပြောရရင် ကိုယ်ရဲ့အားသာချက်နဲ့ ဈေးကွက်ကို ရယူခြင်းပေ့ါ။ :re: ———————————————————————————– ဖတ်ခဲ့ဖူးတဲ့ မန်နေဂျာကောင်းဆိုလား၊ ခေါင်းဆောင်ကောင်းဆိုလား စာအုပ်မှာတော့…… မန်နေဂျာဆိုတာ ကိုယ့်လက်အောက်ဝန်ထမ်းတွေကို လုပ်ငန်းအဆင်ပြေအောင် ပံ့ပိုးပေးနေရတဲ့ အလုပ်သမားတဲ့။   :k:   စီမံခန့်ခွဲသူဆိုတာ ကိုယ်တိုင်ဝင်လုပ်ဖို့မလိုပဲ လုပ်ငန်းအောင်မြင်ရေးအတွက် တွန်းအာပေးတဲ့သူပေ့ါ။ 🙂 ————————————————————————————– […]


alinsettJuly 28, 20153min53711
  အခု ကျနော် ကဗျာနှစ်ပုဒ်နဲ့ သီချင်းတစ်ပုဒ်ကို တို့ထိ ခံစားပြထားပါတယ်။ >>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>   နာမည် ကျန်နေရစ်မယ် – ဖြူဖြူကျော်သိန်း =============================== သိုးတစ်ကောင် သေသွားခဲ့ရင် အကောင်းဆုံးအနွေးထည်နဲ့ ဟင်းတစ်ခွက်ပဲ… သစ်တစ်ပင်သေသွားခဲ့ရင် ပရိဘောဂများနဲ့ ထင်း အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားသာ သေရင်…. ဘာတွေ ကျန်နေရစ်မလဲ… စပါးကြီးမွေ သေသွားခဲ့ရင် အကောင်းဆုံး ခါးပတ် ၊ ဖိနပ် ဆေးတစ်ခွက်ချန်ခဲ့ … နွားတစ်ကောင်သေသွားခဲ့ရင် သားရေပြားချပ်များနဲ့ အသား အသုံးဝင်ဆဲ… လူတစ်ယောက်သာ သေရင် …. ဘာတွေ ကျန်နေရစ်မလဲ … ခင်ဗျားသာ သေရင်… ဘာတွေ ကျန်နေရစ်မလဲ… ခင်ဗျားတို့ ကျုပ်တို့ ခေါင်းချ […]


kaiJuly 28, 20151min100525
                      ၂၀၁၅၊ ဇွန်၂၈နေ့လယ်ပိုင်းက Las Vegas မြို့ Life Care Center of Paradise Valley မှာရှိနေဆဲဖြစ် တဲ့ ဆရာမောင်သာရကိုသွားတွေ့ခဲ့ပါတယ်။ ဆရာ့ အခြေအနေကလွန်ခဲ့တဲ့၃လဧပြီလဆန်းတုန်းကထက် အများကြီးတိုးတက်လာတာတွေ့ရပါတယ်။ ပထမတခါ သူဆေးရုံမတက်ခင်က “ငါအခြေအနေမကောင်းဘူးဟ။ လာခဲ့ကြဦး” ဆိုဖုန်းဆက်ပြီး ပြောတဲ့အသံ က တော်တော်မောနေပုံရပြီး နောက်တပတ် လောက်ထိ ဆရာ့ဆီဖုန်းခေါ်မရခဲ့ဘူး။ ဧပြီလကကျမတို့ရောက်သွားချိန်မှာ တော့ ဆရာကဆေးရုံကဆင်းပြီး Life Care Center of Paradise Valley မှာပြောင်းပြီးနေရပါတယ်။ အဲ့ဒီ့တုန်းက နှလုံးနဲ့အဆုတ်အခြေအနေကခုထက်ပိုဆိုးတာမို့ မျက်နှာကဖောနေပြီး လူကလည်းမောနေတာမို့ စကားပြောတဲ့အခါမှာ အားယူပြီး […]


မြစပဲရိုးJuly 22, 20151min4486
ဒီ တစ်ခါ အလှည့်ကျလာသူ ကတော့ ကြီးမြတ်သော မဟာ။ “မဟာ မြန်မာ” ပါ။ မှတ်မိကြဦးမယ် ထင်ပါရဲ့။ အရေးအသားကောင်းပြီး ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်စရိုက် ရှိပုံ ရတဲ့ ကလေး တစ်ယောက် ရွာထဲ က ပျောက်သွားတာ နှမြောဖို့ ကောင်းလိုက်တာ။ အဝင်ခက်လဲ တစ်ချက်ကလေး မှ ပြန်လှည့် မကြည့်နိုင်တော့အောင် အလုပ်တွေ ပိ နေခဲ့တယ် ထင်ပါရဲ့။ “တွေ့ဆုံ ကြုံ ကွဲ” ဓမ္မတာ လေးဘဲ ထားရတော့ မယ်လား။ “ခြင်္သေ့ ဆိုတာ”  ဆိုတဲ့ ဘာလိုလို ပို့စ်လေး ကို Oct 31, 2013 တင်ပြီး ပျောက်သွားတာ  နှစ်နှစ် နီးပါး ရှိတော့မယ်။ သူ့ ပထမဆုံး […]


ムラカミJuly 21, 20152min5649
  သည်တပါတ်ထဲ နှင်းဆီပြန်ရိုက်ဖြစ်နေသဗျို့…။ ဘာမှမဟုတ်ပါဘူး ခေါင်းစဉ် စဉ်းစားရခက်နေလို့… သီချင်းဟောင်းတပုဒ်နာမည်ပေးထားတာပါ..။ 😛     နောက်နေ့တွေတော့ reflection & waterdrop ဘက် ပိုသွားဖြစ်မယ်ထင်ပါရဲ့   တော်သေးပြီ


Kaung Kin PyarJuly 21, 20151min70517
အလုပ်က စီနီယာအမတစ်ယောက် သရိုးသရီဖြစ်လေလို့ ဆေးခန်းသွားပြတော့ ကိုယ်ဝန်ရှိနေတယ်လို့ ဆရာဝန်ကပြောလိုက်တယ်…။ သားဦးလဲဖြစ်…အလုပ်မှာလဲ မိသားစုလိုဖြစ်နေတော့ အကုန်လုံးက ဝမ်းသာ၊ ကွန်ဂရက်ကျူလေးတွေ ဝိုင်းရှင်းကြတယ်…. (တခြားမှာတော့ မသိ) မြန်မာပြည်မှာ ကိုယ်ဝန်ဆောင်တိုင်း အမေးခံရတဲ့ မေးခွန်းတစ်ခုဖြစ်တဲ့… “ဘာလေး လိုချင်လဲ” ဆိုုတဲ့ မေးခွန်းကို… ကျမ အများဆုံးကြားခဲ့ဖူးတဲ့ အဖြေအတိုင်း  “ယောကျာင်္းလေး လိုချင်တယ်” ဆိုတာပဲ ကြားလိုက်ရတဲ့အခါ… ကျမ စိတ်ထဲတော့ ဖျတ်ခနဲ နာသွားသလိုပဲ..။ မိန်းခလေးဖြစ်တော့ ဘာဖြစ်လို့လဲ??? အဲ့ဒါအပြင်ကို ဘာလေးမွေးနိုင်တယ်ဆိုတာ ဗေဒင် သွားမေးဦးမယ်တဲ့….။  တစ်လကျော်ကာလမယ် အထဲမှာ ဘာလေးမှန်းတောင် မသိနေသေးတာ ဗေဒင်ဆရာက ဘယ်လိုနည်းနဲ့ သိမယ်တော့ ကျမလဲ မသိဘူး….။ တကယ်လို့များ မိန်းခလေးဖြစ်နေရင် ယတြာချေလိုက်တဲ့အခါ ယောကျာင်္းလေးအဖြစ်များ ပြောင်းသွားနိုင်မလားးး ??? (အဟဲ…..ဒါက […]


alinsettJuly 20, 20154min5459
အဲဒီညဟာ ညရယ်လို့ စတင်ချိန်ကတည်းက မသင်္ကာစရာ အငွေ့အသက်တွေ ခံစားလို့ ရနေတဲ့ညပဲ။ မကောင်းတာ တစ်ခုခု ဖြစ်လာလိမ့်မယ်ဆိုတဲ့  မလုံခြုံသောစိတ်ခံစားမှုကို တငွေ့ငွေ့ ပေးနေတဲ့ည များလားလို့။ တစ်ခါတစ်ခါမှာ ကိုယ် ထင်တာတွေ ဖြစ်မလာဘူးဆိုပေမဲ့ တစ်ခါတစ်ခါကျတော့ ကိုယ် ထင်မထားတာတွေက မထင်မှတ်တဲ့ထောင့်ကနေ ဘွားခနဲ ရောက်လာတတ်တယ်မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ညတစ်ညဟာ မင်္သာစရာ ညှီစို့စို့အငွေ့အသက်တွေ ရှိနေပြီလို့ တွေးမိလိုက်ချိန်မှာ ကိုယ့်ဘက်က သတိမလွတ်အောင် အမှားမရှိအောင် ကြို တွေး ပြင်ဆင်ရမှာပဲ။ အဲ့လိုနဲ့ ကျနော့်ကားကို တားတဲ့သူတွေကို အကဲခတ်ရတယ်။ သွားမယ့် လမ်းကြောင်းဟာ ရွှေပြည်သာ၊လှိုင်သာယာ ဒါမှမဟုတ် တောင်ဒဂုံ ၊မြောက်ဒဂုံ စတဲ့ နေရာတွေဘက်ဆိုရင် လူလည်းပြတ် နာမည်ဆိုးလည်း ထွက်နေတာမို့ မလိုက်ဖို့ တွေးထားတယ်။ ဒါပေမဲ့ ချွင်းချက်အနေနဲ့ […]


ムラカミJuly 19, 20156min113510
နောက်ထပ် တနှစ် ဇူလိုင် ၁၉ ကို ပြန်ရောက်လာပြန်သပေါ့။ နောက်ထပ် အာဇာနည် နေ့ တနေ့..။ မနှစ်က သည်လို နေ့မျိုး မှာ အတော်လေး အသံတွေ ဆူခဲ့တာ မှတ်မိသေးရဲ့…။   ချီတက် အလေးပြုမယ် ၊ ခွင့်ပြုမယ် မပြုဘူး။ ဥဩ ဆွဲ မဆွဲ ကစလို့ နောက်ဆုံး ဟွန်းတီးရင် ဘာဖြစ်တယ် ညာဖြစ်တယ် အဆုံးပေါ့..။   သည်နှစ်ကျတော့ အသံတွေ ပြန် တိတ်နေလိုက်ကြတာ…။ တခါက ယဉ်ကျေးမှု ဌာနက ကိုယ်ဖိရင်ဖိ စောင့်ရှောက်ထားတဲ့ မီးနည်းနည်း လောင်သွားသော ဗိုလ်ချုပ်အိမ်ကလေး ဖွင့်တုန်း လူစုပြီး သွားလည်ကြမယ်လို့ ဘယ်သူငယ်ချင်းမှ ပြောတာ ရှဲတာမတွေ့ရ..။ ရွာထဲမှာလည်း သဂျီး ကစပြီး ဘယ်သူမှ အစဖော်ရေးတာ ပြောတာ မမြင်မိသေး။     […]


မြစပဲရိုးJuly 18, 20151min4185
ဒီတစ်ခါ တော့ ဒီ နံပါတ် တစ်ဝိုက် မှာ တကဲ့ ဇော်တွေချည်း ဘဲ။ အဲဒီ ဇော် တွေ ကြားထဲ က နေ လက်ထဲ ပါလာတဲ့ နံပါတ် က အရင်က “ပိတောက်မိုး” လို့ သိခဲ့ကြတဲ့  ကဗျာချစ်သူ တွေ ထဲ က တစ်ယောက်ပါ။ အခုတော့ “ကာရံ” လို့ အမည်ပြောင်းထားတယ်။ သူက ရွာထဲ မှာ သိပ်တော့   ဖြစ်တဲ့ သူ မဟုတ်ပေမဲ့ သူ့ ကဗျာလေး တွေ ကို မကြာမကြာ လာလာပြီး တော့ ချ ပေးပါတယ်။ ကာရံ ရွာထဲ ကို စပြီး ခြေချခဲ့တာ Oct 3, […]


Ma MaJuly 18, 20156min68016
တစ်နေ့ပြီးတစ်နေ့ကို စိတ်ပါရင် ချဲ့ရေးလိုက် ၁၁ကျပ်ကျရင် ချုံ့ရေးလိုက်နဲ့ ရေးလာလိုက်တာ …………………….   အခုရေးမယ့် အပိုင်း ၁၅ ကတော့ ဩဂုတ်လ ၁ရက်နေ့ကနေ ၁ဝ ရက်နေ့အထိဖြစ်ပါတယ်။   ဒါကတော့ တစ်လလုံးရဲ့ ကာတွန်းတွေ။ <><><><><><><><><><><><><><><><><><><><><><><> တခါက ဖတ်ခဲ့ဖူးတဲ့ စာတစ်ပုဒ်မှာ…. ကျောင်းထိုင်ဆရာတော်ကြီးတစ်ပါးရဲ့ ကျောင်းဝင်းထဲမှာ ခွေးမကြီးတစ်ကောင်ဟာ ခွေးလေးတွေမွေးပြီး ရက်ပိုင်းထဲမှာပဲ သေသွားတယ်တဲ့။   ဆရာတော်ကြီးက ခွေးမကြီး မရှိရင် ခွေးလေးတွေတော့ ဒုက္ခပဲ၊ သေကုန်ကြမှာပဲလို့ စိုးရိမ်မိသတဲ့။   ဒါပေမယ့် ကျောင်းကိုလာကြတဲ့ ဒကာတွေ ဒကာမတွေက အမိမဲ့တဲ့ခွေးပေါက်စနလေးတွေ တွေ့တော့ သနားပြီး မွေးစားဖို့ ခေါ်သွားကြသတဲ့။   အဲဒီလိုနဲ့ အမေခွေးမကြီးသာရှိရင် လမ်းဘေးမှာပဲ ကြီးပြင်းရမယ့် ခွေးကလေးတွေဟာ အိမ်မွေးခွေးတွေ […]