ဝမ်းနည်းခြင်း ပူဆွေးခြင်း ငိုကြွေးခြင်း ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း ပြင်းစွာပင်ပန်းခြင်း ဆိုတာတွေဟာ ချစ်ခြင်းကြောင့် ဖြစ်တာဘဲ၊ ချစ်ခြင်းဟာ အခုပြောခဲ့တဲ့ ဆင်းရဲဒုက္ခတွေရဲ့ အမွန်အစ ဖြစ်တယ် (ဂေါတမမြတ်စွာဘုရား) ******************************************************************* မေး ။ ။ အိန္ဒြေဆိုတာဘာလဲ ဖြေ ။ ။ အိန္ဒြေဆိုတာ စောင့်ထိန်းတာ မေး ။ ။ ဘာကိုစောင့်ထိန်းရမလဲ ဖြေ ။ ။ မျက်စိရယ် နားရယ် နှာခေါင်းရယ် လျှာရယ် ကိုယ်ရယ် စိတ်ရယ် စောင့်ထိန်းရမယ် မေး ။ ။ ဒါတွေကို ဘယ်လိုစောင့်ထိန်းရမလဲ ဖြေ ။ ။ မျက်စိနဲ့ တောင်ကြည့်မြောက်ကြည့် မကြည့်နဲ့၊ ဘယ်သူနဲ့ဘဲ စကားပြောရ ပြောရ မျက်စိက မကလက်နဲ့ […]