mandalaywithNovember 4, 20111min1961
ဆရာမ နုနုရည်(အင်းဝ) ကိုရီးယား စာပေဆွေးနွေးဝိုင်း ဟောပြောချက် အသံဖိုင်ပါ။ အောက်တိုဘာလ ၃ဝရက်နေတွင် ဘူဗြောင်းရှိ မြန်မာဗုဒ္ဓသာသနာပြုကျောင်းတော် (ကိုရီးယား)တွင် ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံကာ စာပေဆွေးနွေးဝိုင်း ပြုလုပ်ခဲ့သည်။ ထို စာပေ ဆွေးနွေးဝိုင်းတွင် ဆရာမ နုနုရည်(အင်းဝ)က ̏ ကဗျာဆရာတယောက် မွေးဖွားခြင်း˝ ဟူသည့် ခေါင်းစဉ်ဖြင့် ဟောပြော ခဲ့ပြီးနောက် စာပေ ဆွေးနွေးဝိုင်းသို့ တက်ရောက်လာသည့် စာပေမြတ်နိုးသူ ပရိတ်သတ် များမှ ဆရာမအား မိမိတို့ သိလိုသည့် စာပေအနုပညာ အကြောင်းများအား မေးမြန်း ဆွေးနွေးခဲ့ကြသည်။ စာပေဆွေးနွေးဝိုင်းကို နေ့လည် ၃နာရီမှ ၆နာရီထိ ကျင်းပခဲ့ ဆရာမ နုနုရည်(အင်းဝ)သည် ကိုရီးယား ကဗျာဆရာ အဖွဲ့တခု၏ ဖိတ်ကြားချက်ဖြင့် ပြီးခဲ့သည့် အောက်တိုဘာလ ၂ရရက်နေ့က […]


alinsettNovember 2, 20111min32618
ကျွန်တော်…စာရေးချင်စိတ်..ဖြစ်လာချိန်တွင် ရေးဖြစ်အောင်..တွန်းအားပေးခဲ့သူများ..ထဲတွင် ကျွန်တော့် ဖေဖေက အဓိကနေရာမှ ပါဝင်ပါသည်။ ပထမဆုံး ကျွန်တော်..ရေး ပို ့ ခဲ့သော..ဝတ္ထုတိုကလေးမျာ အပယ်ခံရပါသည်။ ရွှေအမြုတေ မဂ္ဂဇင်း တိုက်သို ့ ပေးပို ့ ခဲ့ခြင်းဖြစ်သည်။ ကလောင် အမည်ကို သူငယ်ချင်း ဟု ရွေးခဲ့ပါသည်။ နောက်ပိုင်းတွင် လူမင်နရီ ဟူသော အမည်ဖြင့် ကဗျာ များ…(အခြား မဂ္ဂဇင်းများသို ့) ပို ့ခဲ့ပါသည်။ Luminary ဆိုသော စာလုံးကလေးကို သဘောကျသောကြောင့် ထို အမည်ဖြင့် ကဗျာရေးခဲ့ပါသည်။ ******************************************** ရွှေအမြုတေ မဂ္ဂဇင်းမှ အယ်ဒီတာ ဆရာဦးဝင်းငြိမ်းက သူငယ်ချင်းဆိုသော ကလောင်အမည်ကို မသုံးသင့်ကြောင်း ပြောပါသည်။ အများပိုင် စကားလုံးတစ်ခု ဖြစ်နေသောကြောင့်…ဟု အကြံပေးခဲ့ပါသည်။ ထို […]


ムラカミOctober 28, 20115min3326
၁. အနာဂါတ်မှာ ဘယ်လို အကြီးစား trend ပြောင်းလဲ မှုတွေ ဖြစ်လာမယ် လို့ ထင်ပါသလဲ စီးပွားရေး စာမျက်နှာဟာ နည်းပညာနှင့် globalization ကြောင့် အောက်ခြေက စပြီး ပြောင်းလဲ တိုးတက်ခဲ့ပါတယ်။ company တွေဟာ ကမာ္ဘ့ ဘယ်နေရာကမဆို internet ကို သုံးပြီး ယှဉ်ပြိုင် လာနိုင်ကြပါပြီ internet ကျေးဇူးကြောင့်ပဲ free trade တွေ ပိုမို ပေါများလာပါတယ်စီးပွားရေး ရဲ့ အဓိက တွန်းအားကတော့ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းခြင်း ပဲဖြစ်ပါတယ် company တွေဟာ ပစ္စည်းတွေ ပိုထုတ်ပြီး ပိုရောင်းလာရတာ မှန်ပေမယ့် ဈေးနှုန်းအပေါ်မှာ ဖိအား အလွန်များလာခဲ့ပါတယ်။ သည်အချက်က company တွေကို ပိုမိုပြီး ခြားနားတဲ့(differentiation) […]


etoneOctober 13, 20112min59825
                    လာဘ်ပေးလာဘ်ယူ စနစ် ၊ ငွေမြင်လျှင် ခင်တဲ့စနစ် … ၊ ရွှေမျိုးစနစ်တွေ ဘယ်တော့များမှ ပျောက်မှာလဲနော် … ။ နေရာတိုင်းမှာ ပေးနိုင်ကမ်းနိုင်မှ … လုပ်ရကိုင်ရ အဆင်ပြေမယ်ဆိုတာ … ကျွန်မတို့တွေ လက်မခံချင်ပဲ လက်ခံကျင့်သုံးနေရတဲ့ … အမူကျင့်တစ်ခုပါပဲ … ။ ငွေများ တရားနိုင်ဆိုတဲ့စကားက … ဘယ်နှစ်ရာစုနှစ်တိုင်အောင် ရှင်သန်ကြီးထွားနေဦးမလဲ …တွေးမိရင်း ရင်မောမိပါရဲ့ … ။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေဆဲ ကာလမှာ … တစ်ကိုယ်စားကြံတဲ့ .. ဒီလို အကျင့်ဆိုးတွေ ပပျောက်သင့်နေပါပြီ … ။ […]


kaiOctober 5, 20112min82915
ဦးဝင်းတင်နဲ့ မေးခွန်းများကို မိုးမခမှ တိုက်ရိုက်ကူးယူဖေါ်ပြသည်။ http://moemaka.com/ သေချာစွာဖတ်ရှုလေ့လာပြီး အောက်ပါ Poll ကို ဖြည့်စွက်ပေးစေလိုပါသည်။ ပြောရရင် မိုးမခက.. ဒီရက်ပိုင်းဘာမပြောညာမပြောနဲ့.. ဝက်ဘ်ဆိုက်ရဲ့ CMS စံနစ်တခုလုံးပြောင်းထားပါတယ်.။ အဲဒီတော့.. ကျုပ်တို့ နဲ့တူူတူ WordPress  ဖြစ်လို့နေတာပေါ့..။ အခုစာတွေယူသုံးတာ.. ခွင့်မတောင်းထားပါဘူး..။ မကျေမနပ်ဖြစ်မယ်တော့ မထင်ပါ။ ထင်လည်း တောင်းပန်ပြီး ပြန်ဖျက်လိုက်တာပေါ့နော..။ ဦးဝင်းတင်တို ့မှာ ကိုယ်ပိုင်မီဒီယာမရှိတော့.. . ပြောနေတာတွေက.. လူတွေအသိပေးချင်လို့ပဲယူဆပြီး.. (အချိန်လည်းကိုက်နေတာမို့..) ကူးတင်ပေးလိုက်တာပါပဲ..။ ဆိုတော့.. အဲဒီမိုးမခမှာလည်း ..ကော်မန့်တွေသွားရေးလို့ရပါတယ်..။ အဲဒီမှာတော့..ပွိုင့်မပေးပါဘူး..။ ဦးဝင်းတင်ဆီ International Calling ဖုံးဆက်ရတာမို့.. ဖုံးဖိုးကုန်မှာက ပိုများမယ့်ပုံပေါက်ပါတယ်..။  🙂 ဒီမှာတော့.. ပြည်တွင်းလူတွေလည်း တော်တော်ကြည့်ကြဖတ်ကြတာမို့…  Poll လုပ်ပေးထားတာပါ…၊ စိတ်ရှင်းရှင်းထားပြီး.. အစွဲမပါပဲ ဖြည့်ကြည့်စေလိုတာပါပဲ..။ […]


kaiSeptember 11, 20112min38910
  ၂၀၀၆ခုနှစ်တွင်အမေရိကနိုင်ငံ၏Entrepreneur of the Year (Carolinas Region) Finalist စာရင်းဝင်ခဲ့သည့်မြန်မာဇာတိနွယ်၊Hissho Sushi ကုမ္ပဏီကို၁၉၉၈ခုဧပြီလတွင်အိမ် ခန်းကလေးမှလုပ်ငန်းကိုစတင်ခဲ့သူ၊ တနှစ်အကြာတွင် ကိုယ်ပိုင်ရုံးခန်းတခုသာငှား ရမ်းနိုင်ခဲ့သော်လည်း ယခုအခါအမေရိကန်ပြည် ထောင်စုရှိပြည်နယ်ပေါင်း၂ဝပြည်နယ်တွင်Sushi ဆိုင်ခွဲပေါင်း၃၀ဝကျော်ဖွင့်လှစ်နိုင်ခဲ့သူ …. အိတ်ကပ်ထဲတွင်အမေရိကန်၁၃ဒေါ်လာဖြင့်အမေရိကနိုင်ငံလော့စ်အိန်းဂျလိစ်မြို့သို့၁၉၈၉ခုနှစ်၌ ရောက်ရှိလာခဲ့သူ… ၁၉၆ရခု ဖေဖေါ်ဝါရီလ၌ ရန်ကုန် မြို့တွင်မွေးဖွားကြီးပြင်းလာခဲ့ကာလော့စ်အိန်းဂျလိစ်မြို့မှ ဖလောရီဒါ၊မြောက်ကယ်ရိုရိုင်းနားသို့ အဆင့်ဆင့်ပြောင်းရွှေ့ပြီး Sushi လုပ်ငန်းစတင်တည်ထောင်ကာရိုးသားမှု၊ ကြိုးစားမှုတို့ဖြင့်ယခုအခါသန်းကြွယ်သူဌေးဖြစ်လာသူ.. ကိုဘုန်းလွင်ခေါ် Philip Maung (အဘ ဦးကိုလေးနှင့်အမိဒေါ်ယဉ်မေလွင်တို့၏စတုတ္ထ သာ)နှင့်၂၀၀၈ခု အယ်လ်အေသင်္ကြန်တွင်ရတနာပုံနေပြည်တော်သတင်းစာမှတွေ့ဆုံမေးမြန်းခဲ့ပါသည်။ မေး။မြန်မာပြည်မှာတုံးကဘယ်မှာကျောင်းတက်ခဲ့ပါသလဲ။ ဖြေ။ ။ အထက်တန်းကျောင်း၁ဝတန်းကို တော့တာမွေ(၁)မှာတက်ခဲ့တယ်၊ရန်ကုန်ဆေး တက္ကသိုလ်(၁)ကို၅လခန့်တက်ခွင့်ရခဲ့ပေမဲ့ အမေရဲ့မှတ်ပုံတင်ကဧည့်နိုင်ငံသားဖြစ်နေလို့ ဆက်ပြီးတက်ခွင့်မရလို့၁၉၈၄-၈၅စာသင်နှစ် မှာရန်ကုန်တက္ကသိုလ် (ကြည့်မြင်တိုင်နယ်မြေ) မှာဓါတုဗေဒအဓိကဘာသာရပ်ကို ပြောင်းတက် ခဲ့ရတယ်။ မေး။မြန်မာနိုင်ငံကနေဘာဖြစ်လို့အမေရိကားကိုပြောင်းရွှေ့ လာသလဲ၊ ဘယ်အချိန်ကရောက်လာသလဲ။ ဖြေ။အမေရိကားကိုတိုက်ရိုက်ထွက်လာတာ မဟုတ်ပါဘူး […]


PareByokeSeptember 11, 201126min2060
ANDREA IS CEO OF AVON,  A WORLDWIDE ORGANIZATION SHE IS AN INSPIRATION ESPECIALLY FOR WOMENFOLK ALL OVER THE WORLD.   Keys to success from Avon’s top boss on Shine http://shine.yahoo.com/event/poweryourfuture/keys-to-success-from-avons-top-boss-2523603   For Andrea Jung, the chairman and CEO of Avon Products (AVP), this moment happened right after college, when she was in the management training […]


k T NSeptember 2, 20111min3216
ကျနော်ဟာ အခုမှ ရွားသားအသစ်လေးဆိုတော့ အပြောအဆို၊အရေးအသားများ လွဲမှားခြင်းရှိခဲ့လျှင် ကူညီတည့်မတ်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်နော် –။   မှတ်မှတ်ရရပေါ့ 2004 ခုနှစ်ကပါ ကျနော် = ကိုယ်ပိုင်အိမ်တစ်လုံးလောက်ရှိရင် ကောင်းမှာလို့ သူငယ်ချင်းရှေ့မှာ ပြောဆိုလိုက်တယ်၊ သူငယ်ချင်း = ငါ့ဦးလေးမှာ ရောင်းဖို့ရှိတယ်။35သိန်းခေါ်ထားတယ်၊ 34သိန်းရမယ် (20×60ပေ)မ/ဥ၊ ဘုမ္မာလမ်းသွယ်( )လမ်း။ နှစ်60ဂရမ်ပါ၊ အခြားသူအမည်ပေါက်၊သုံးယောက်မြောက်ပိုင်ရှင်။ ကျနော် = အရမ်းလိုချင်ပါသည်၊ ငွေကလဲ မလုံလောက်။ သူငယ်ချင်း = အရစ်ကျရဖို့ ငါအာမခံပေးမယ်။ ကျနော် = ကောင်းတာပေါ့ဗျာ၊ကိုယ်အရမ်းလိုချင်တဲ့ဟာကို ရအောင်ဖြည့်ဆည်းပေးမယ်ဆိုတော့ ဒီလောက်ကောင်းတဲ့သူငယ်ချင်း လောကမှာ ရှိပါအုံးမလား(စိတ်ထဲမှာ ကြိတ်ပြီးပျော်နေတာပေါ့) သူငယ်ချင်းမျက်နှာထောက်ပြီး အရစ်ကျစနစ်နဲ့ အရောင်းအဝယ်ဖြစ်သွားပြီဗျို့။ ပထမအရစ် -17သိန်းတဝက်စရံပေး၊ ဒုတိယအရစ်-10သိန်းပေး၊ တတိယအရစ် -7သိန်းပေး။ အားလုံးငွေကျေသွားပြီ၊ […]


ဆူးAugust 29, 20111min50115
ပြည်ထောင်စု မြန်မာနိုင်ငံ (၁၄-၁၀-၁၉၉၈) Palliative Care (နောက်ဆုံး အဆင့် ဝေဒနာရှင်များ အား အထူး ပြုစုစောင့်ရှောက်ခြင်း) ဥက္ကဌကြီး ဆရာကြီး ဦးလှထွန်း မှ မိမိ၏ တစ်ဦးတည်းသော သမီး ဒေါ်မြစန္ဒာထွန်း အား အောက်မေ့ဖွယ် အထိမ်းအမှတ် အဖြစ် ကင်ဆာ ဝေဒနာ ခံစားနေရသော ဝေဒနာရှင်များအား ပြုစုစောင့်ရှောက်ရန် အတွက် အမြတ်မယူ (၁၀၀%) ကုသိုလ်ဖြစ် အဖွဲ့အစည်းကြီးကို (၁၉၉၈) ခုနစ်၊ အောက်တိုဘာ (၁၄) ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပါသည်။ ရည်ရွယ်ချက်။      ။ ဝေဒနာရှင်များ၏ ဝေဒနာခံစားနေရဆဲ အချိန်၊ ဘဝ ကူးတော့မည် အချိန်နှင့် သေဆုံးပြီးနောက်ပိုင်း အချိန်များတွင် လူနာနှင့် သူတို့၏ မိသားစုများကို ကူညီရင်း ဝေဒနာရှင်များ၏ ဘဝ […]


kaiAugust 26, 20111min46013
အမေရိကားပွဲစဉ်တလျှောက်နယ်လှည့်ဖျော်ဖြေနေတဲ့အဆိုတော် ထွန်းထွန်း(Examplez)၂ရရက်ဩဂုတ်၂၀၁၁၊အယ်လ်အေမှာဖျော်ဖြေပွဲအတွက် ပြန်ရောက်လာတဲ့အတွက် သူပြောပြတဲ့ အမေရိကားဖျော်ဖြေရေး အတွေ့အကြုံ၊ခံစားချက်တွေကို မန္တလေးဂေဇက် အယ်ဒီတာ ဆောင်းဦးပန်းက မေးမြန်းဖြစ်ခဲ့ပါတယ်။ ကျနော်တို့ ၂၂ရက်ဇူလိုင်၂၀၁၁မှာ Network of Myanmar American Associationကခေါ်လို့ အမေရိကားကိုရောက်တယ်။ မနီနီဝင်းရွှေနဲ့ကိုမောင်မောင်တို့ အိမ်မှာတည်းတယ် ။ပျော်ပါတယ်။သူတို့ကလဲ ကိုယ့်မိသားစုလို ထားတယ်။ ပထမဆုံးပွဲက Las Vegas မှာ။ မိသားစုreunionလိုသဘောမျိုးကကြတယ် ။ပြက်လုံးနဲ့သီချင်းဆိုတာတွေ များတယ်။ ဒုတိယပွဲကတော့ ဆန်ဖရန်ပေါ့။ဒီပွဲကတော့ ပွဲကြီးပါ။ ။ဦးစိန်လှိုင်တို့လူရွှင်တော်လုပ်တဲ့ကိုကိုမောင်တို့က အစစအရာရာလိုလေသေးမရှိကူညီပါတယ်။ အခက်အခဲအနေနဲ့ကတော့ နှင်းဆီအဖွဲ့သားတွေ မစုံတဲ့အတွက် ပြက်လုံးထုတ်တာ အခက်အခဲတွေ့တာမျိုးရှိပါတယ်။ဆန်ဖရန်ကဝင်ကူတဲ့သူတွေက မလိုက်နိုင်တာကိုဆိုလိုတာမဟုတ်ပါဘူး။ ကျနော်တို့ကလဲ သူတို့ကို မလိုက်နိုင်တာတွေရှိပါတယ်။ အဲဒီကနေ နယူးယောက်ပွဲကိုသွားကကြတယ်။ပွဲသွင်းတာက ကိုထွန်းထွန်းတို့(BAB)အဖွဲ့ပါ။ဒီပွဲမှာ အခက်အခဲမရှိပါဘူး။အဆင်တော်တော်ပြေပါတယ်။ နယူးယောက်ဆိုတာကရုပ်ရှင်တွေဘာတွေထဲမှာ မြင်နေကျဆိုတော့ တကယ်တမ်း လေဘာတီရုပ်ထုကြီးနားကိုယ်တိုင်သွားလည်ရတာတို့ဘာတို့ကျ ပျော်တာပေါ့ဗျာ။  ဒါပေမယ့် အဲဒီမှာကျ […]


etoneAugust 1, 20111min37610
MRTV-4 ရဲ့ … ရ နှစ်မြှောက် နှစ်ပတ်လည်အခမ်းနားကို ခဲရာခဲဆစ် တိုးဝင်ပြီး … ချွေးတဒီးဒီးဖြင့် … လေ့လာမိသောအခါ … Talk Show အစီစဉ် ကျင်းပရာ အနီးသို့ ရောက်လာပါတော့တယ် … ။ ကျွန်မရောက်သွားချိန်မှာတော့ …မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် … တွေ့ဆုံ မေးမြန်းခန်း ပြုလုပ်နေပါတယ် .. ။ မီးဘေး ၊ သဘာဝ အန္တရာယ်အကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများ အကြောင်းကို … MRTV-4မှ တာဝန်ရှိသူတစ်ယောက်နှင့် … မီးသတ်ဦးစီးဌာနချုပ်မှ ညွှန်ကြားရေးမှူး ဦးကျော်သူရနှင့် … အောက်မြန်မာပြည် မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသင်းဌေးရွှေတို့က အပြန်အလှန်မေးခွန်း ဆွေးနွေးရှင်းပြသည်များကိုလည်း … လေ့လာနားထောင်မိခဲ့ရပါတယ် … ။ […]


BurmaJuly 26, 20111min55910
ကျွန်တော်က ရန်ကုန်မြို့ရဲ့ နာမည်ကြီး အထက်တန်းကျောင်းတစ်ကျောင်းမှာတက်ရောက်တာပါ ( နာမည်တော့မပြောပြချင်တော့ပါဘူး ) ၊ နဝမတန်းကျောင်းသားတစ်ယောက်ပါ ။ ကျောင်းမှာ မနက် 7 နာရီဆို ကျောင်းတက် Bell တီးပါတယ်။ တစ်မိနစ်လောက် Bell သံအရှည်ကြီးတီးပြီးရင် ” အားလုံး သတိ ” ဆိုပြီး တစ်ကျောင်းလုံးကို နိုင်ငံတော်သီချင်းဆိုဖို့ရန် သတိပေး လိုက်ပါတယ်။ ကျောင်းသားတွေ အားလုံးက Bell တီးလိုက်တာနဲ့ ပြီးရင် နိုင်ငံတော်သီချင်းဆိုရမှာ သိတဲ့အတွက် အကုန်လုံး ထ နေကြပါတယ်။ ကျောင်းတက်တာက ဇွန်လ၁ ရက်နေ့တည်းက စတာဆိုတော့ ခုဆိုရင် ၂ လတောင်ပြည့်တော့မှာပေါ့ဗျာ။ ခုတလောဖြစ်လာတာတွေ ပြောပြချင်တာပါ တကယ်ကတော့ . .. ကျောင်းခေါင်းလောင်း တီးပြီဆိုတာနဲ့ ကျွန်တော်နဲ့ ကျွန်တော့ဘေးက […]


  “VOA မြန်မာပိုင်း အစီအစဉ်နဲ့ ပြုလုပ်ဖြစ်ခဲ့တဲ့ ဘလော့ဂါပြောသမျှ အင်တာဗျူး”   ပြီးခဲ့တဲ့ တစ်ပတ်တုန်းက VOA အသံလွှင့် ဌာနက အင်တာဗျူး တစ်ခုအတွက် ကျွန်တော့်ကို ဆက်သွယ် လာပါတယ်။ VOA မြန်မာပိုင်း အစီအစဉ်ရဲ့ ထုတ်လွှင့်နေကျ အစီအစဉ် တစ်ခုဖြစ်တဲ့ “ဘလော့ဂါတွေ ပြောသမျှ” အစီအစဉ် အတွက် ကျွန်တော်နဲ့ တွေ့ဆုံမေးမြန်းဖို့ပါ။ ကျွန်တော် လက်ရှိ ရေးဖြစ် နေတဲ့ သရော်စာ ဆောင်းပါးတွေ အကြောင်း ဖြစ်ပါတယ်။ အဲဒီ အသံဖိုင်လေးကို ကျွန်တော် Mediafire မှာ Upload လုပ်ပြီး ပြန်တင်ထား လိုက်ပါတယ်။ အောက်က လင့်ခ်မှာ Download လုပ်ပြီး နားဆင်နိုင်ပါတယ်။   Mediafire Download […]