Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


who whoDecember 27, 20111min3495
မကြာမှီ ရောက်လာတော့မည့် နှစ်သစ်ဆီသို့ ဦးတည်လျှက် နှစ်သစ်မင်္ဂလာ ယူကြဖို့ ရည်ရွယ်မိရာက ဒီစာလေး ရေးဖို့ ဖြစ်လာခဲ့ရပါတယ်။ အင်း…အရင်ဆုံး နှစ်သစ်ရဲ့အဓိပ္ပါယ်လေးကို ဖော်ကြည့်နေမိပါတယ်။ ယောဆရာတော်ကြီး ဟောကြားထားတာလေးကို သဘောကျလွန်းလို့ သေချာကို မှတ်ထားတာလေးပါ။ “နှစ်”ဆိုတာသည် ဘဝ ခန္ဓာရဲ့ အနှစ်ကို ပြောတာပါ။ ဘာတွေပါလိမ့်ဆိုတော့ ဒါန၊ သီလ၊ သမထ၊ ဝိပဿနာစတဲ့ ကောင်းမှုတွေဟာ ဘဝရဲ့ အနှစ်တွေပဲတဲ့နော်။ အဲဒီအနှစ်တွေကို နေ့စဉ်နှင့်အမျှ အသစ်အသစ်တွေ တိုးသည်ထက်တိုးဖို့ ကြိုးစားရမယ် လို့ ဆိုလိုပါတယ်။ အနှစ်တွေ အသစ်တိုးလာရင် ဘာတွေဖြစ်လာမလဲ။ မင်္ဂလာတွေလည်း တိုးလာမှာပေါ့နော်။ ဒါကြောင့်ပဲ “နှစ်သစ်မင်္ဂလာ ” လို့ အမည်လေးတပ်လို့ ကိုယ့်မှာရှိတဲ့ ကုသိုလ်အနှစ်တွေကို အသစ်အသစ်တွေ တိုးလို့ မင်္ဂလာတွေနဲ့ အလှဆင်ကြပါစို့လား………။ နှုတ်ဆက်မင်္ဂလာ […]


who whoDecember 26, 20111min4848
ဆဋ္ဌမမြောက်နေ့ တစ်နေ့ တစ်နေ့ ဗုဒ္ဓါနုဿတိ ဘာဝနာတွေပွားလာလိုက်တာ ခုဆို ဂုဏ်တော်ပေါင်း ငါးခုပြီးလို့ ခြောက်ခုမြောက်ကို ရောက်လာပါပြီ။ အင်း သိစရာအားလုံးကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိရှိတော်မူသော မြတ်ဘုရားရဲ့ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်ကတော့ အံ့ချီးမကုန်အောင် ထူးခြား မြင့်မြတ် လှတာ ကြောင့် ပွားများရင်းနဲ့တောင် ဉာဏ်တွေ ရွှင်လန်းလို့ လာရပါပြီ။ နောက်ထပ်လည်း မြတ်ဘုရားရဲ့ ဂုဏ်တော်တွေကို ထပ်တိုးသိချင်စိတ်တွေပါ တိုးလာရပါပြီ။ အထွတ်အထိပ်ဖြစ်သော သဗ္ဗညုတ ဉာဏ်တော်ကို ရတော်မူပြီးနောက် လောကဝိဒူ ဆိုတဲ့ လောကအားလုံးကို သိမြင်တော်မူသော ဂုဏ်တော်သို့ ဆက်ကြပါစို့။ လောကဝိဒူ ဂုဏ်တော် မြတ်ဘုရားရဲ့ ကြီးကျယ်သော ဉာဏ်တော်ကြီးက စိတ်တော် အစဉ်ဝယ် တွဲယဉ်၍ မကြာမကြာပါဝင်နေသောကြောင့် ရှင်တော်မြတ် ဘုရားသည် လောကဝိဒူ ဟုဆိုသော လောကအားလုံးကို သိမြင်တော် […]


who whoDecember 25, 20111min2502
ပဉ္စမနေ့ အရဟံ ဂုဏ်တော် ပြီးတော့ ဒီနေ့ကတော့ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် ကို ဆက်ကြရပါမယ်။ သမ္မာသမ္ဗုဒ္ဓ ဂုဏ်တော် ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို သတိနဲ့ စောင့်ရှောက်ထိန်းသိမ်းလာခဲ့ လို့ ဝိဇ္ဇာသုံးပါး၊ ဝိဇ္ဇာရှစ်ပါး စတဲ့ ဉာဏ်တော်တွေနှင့် ပြည့်စုံတော်မူခဲ့သော မြတ်ဘုရား…။ ထိုဉာဏ်တော်များကြောင့် စိတ်အစဉ်မှာ ကိလေသာတို့ မြူမှုန် မျှတောင် မရှိအောင်ထိ ကင်းစင်တော်မူသော မြတ်စွာဘုရား….။ အဲလို ကိလေသာ ကင်းစင်နေလို့ပဲ စိတ်တော်အစဉ် ကြည်လင်ဝင်းလက် တော်မူသော မြတ်စွာဘုရား….။ ထိုကဲ့သို့ ကြည်လင်သော စိတ်တော် အစဉ် ဝယ် တွဲယှဉ်၍ မကြာမကြာ ဖြစ်ပေါ်လာသော ဉာဏ်တော်ကား သိဖွယ် ဟူသမျှကို တစ်စွန်းတစ်စမျှ မကျန်အောင် လုံးဝကုန်စင် သိမြင်တော်မူနိုင်ပါ သော […]


who whoDecember 24, 20111min2303
ဒီတစ်ခေါက် တရားပွဲမှာ ဘာကုသိုလ်လေးများ ထပ်ဆောင်းရ ရင်ကောင်းမလဲလို့ အပြေးအလွှား စဉ်းစားလိုက်တော့ ဆရာတော် အရှင်ဆန္ဒာဓိကရဲ့ ဓမ္မစာအုပ်လေးတွေ ဝေမယ်ဆိုတဲ့ အကြံထွက်လာပါတယ်။ ဒါနဲ့ ညပိုင်းကျင်းပဖြစ်တဲ့ တရားပွဲလေးမှာ တရားနာလာသူ အပေါင်းကို ဓမ္မစာအုပ်လေးတွေ ဒါနလုပ်ဖြစ်ခဲ့တာပေါ့။ အဲဒီထဲကမှ ရလာတဲ့အသိလေးတစ်ခု။ ပြန်မျှမယ်ဆိုပြီး ဒီစာလေး ရေးဖြစ်သွားပါ တယ်။ စာအုပ်လေးရဲ့ခေါင်းစဉ်ကတော့ မြင့်မြတ်သော ဥပေက္ခာတဲ့။ မြင့်မြတ်သူတွေ၊ မြင့်မြတ်လိုသူတွေလုပ်တဲ့ ပါရမီအလုပ်က ဆယ်မျိုး တောင်ရှိပါတယ်နော်။ အဲဒါလေးကို အတိုချုံ့ပြရရင် ၁။ ဒါနပါရမီ (စွန့်ကြဲပေးကမ်းခြင်း) ၂။ သီလပါရမီ (ကိုယ်၊နုတ် တို့ ကျူးလွန်မှုမှ စောင့်ထိန်းခြင်း) ၃။ နေက္ခမ္မပါရမီ (ကာမဂုဏ်အာရုံ တွေမှ ရှောင်ခွာခြင်း) ၄။ ပညာပါရမီ (အတတ်မျိုးစုံ ၊ အသိမျိုးစုံ တို့ကို […]


who whoDecember 24, 20111min3095
စတုတ္ထနေ့ ဒီနေ့နဲ့ဆို လေးရက်တောင် ရှိပါပေါ့လား။ တစ်ရက် ၊ တစ်ရက် ကုသိုလ် အလုပ်တွေ လုပ်ပြီးတိုင်း “တစ်ရက်အောင်ပြီ”ရယ်လို့ ကြွေးကြော် လာခဲ့ကြတာ ခုဆို ကိုးရက်ဓိဋ္ဌါန်က လေးရက်မြောက်တောင် ရောက်လာပါပြီ။ ဒီနေ့ ပွားရမယ့် ဂုဏ်တော်ကတော့ အရဟံ ဂုဏ်တော်ပါပဲ။ အရဟံ ဂုဏ်တော် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝဗောဓိဆုကို တောင်းခဲ့ စဉ်က စလို့မြတ်ဘုရားရဲ့ ဂုဏ်ရည်တွေကိုမှန်းမျှော်ရင်း ဗုဒ္ဓါနုဿတိ ဘာဝနာ ပွားများ လာခဲ့ကြတာလေးကို ရောက်သလောက်ထိ ပြန်ပြီး ကြည်ညိုသဒ္ဒါ ပွားမိနေသည်။ ကိုယ်တော်တိုင် သစ္စာလေးပါးကို သိမြင်သလို သတ္တဝါ အနန္တတို့ကိုပါ သိမြင်အောင် ဟောပြတော်မူခဲ့သော မြတ်ဘုရားရဲ့ ဗုဒ္ဓေါ ဂုဏ် တော်၊ အဲလို ဆုတောင်းခဲ့တဲ့ အတိုင်း ပြည့်ဝစေဖို့ ပါရမီတွေဖြည့်ကျင့်ခဲ့တယ်။ ဘယ်လိုပါရမီတွေများ […]


who whoDecember 23, 20111min4723
တတိယနေ့ ဗုဒ္ဓေါနဲ့ သုဂတော ဂုဏ်တော်အရကိုပဲ မြတ်စွာဘုရားကို အထူး ကြည်ညိုမိနေပါပြီ။ ဒီနေ့ ဘာဂုဏ်တော်များ ဆက်ရပါ့မလဲဆိုတာလေးကို သိ ချင်စိတ်တွေ ဖြစ်နေကြပါတယ်။ ဝိဇ္ဇာစရဏ သမ္ပန္နဂုဏ်တော် ပထမတော့ ဘုရားဆုပန်တယ်။ နောက် ဆုပန်ချိန်ကစလို့ ဘုရား အဖြစ်ရောက်သည်အထိ ဘဝပေါင်း လေးသင်္ချေနဲ့ ကမာ္ဘတစ်သိန်းတိုင်အောင် သုဂတော ဂုဏ်တော်နဲ့ ပြည့်စုံတော်မူသော မြတ်ဘုရားရဲ့ ဂုဏ်တွေကို သိခဲ့ရ ပါပြီ။ ခု ဆက်လို့ ဝိဇ္ဇာစရဏ ဂုဏ်တော်အကြောင်းလေး လေ့လာရပါမယ်။ ဝိဇ္ဇာသည် အသိ ဖြစ်ပြီး စရဏသည် အကျင့်လို့ သိရပါမယ်။ အသိသာရှိပြီး အကျင့်မရှိရင် နိဗ္ဗာန်ကို မရောက်နိုင်ပါဘူးနော်။ အကျင့်သာရှိပြီး အသိဉာဏ် မပါပြန်ရင်လည်း လမ်းလွဲသွားနိုင်ပါတယ်။ ဒီနေရာမှာ စရဏဆိုသော ကျင့်ဖွယ်(၁၅)ပါးတို့နှင့် ပြည့်စုံတော်မူတယ်လို့ သိထားရမယ်။ […]


who whoDecember 22, 20111min3947
ဒုတိယနေ့ မနေ့က ဗုဒ္ဓေါဂုဏ်တော်အရ ဒို့ ဘုရားအလောင်းတော်ဟာ ဒီပင်္ကရာ မြတ်စွာဘုရားခြေတော်ရင်းမှာ ဝပ်ဆင်းလို့ ခန္ဓာကို လမ်းခင်းလျှက် သမ္မာ သမ္ဗောဓိ ဘုရားဆုကို ပန်ဆင်ခဲ့တယ်နော်။ ဒီနေ့ ဆက်သွားကြစို့ဆိုတော့ သုဂတောဂုဏ်တော်ကို သွားကြရမှာနော်။ သုဂတောဂုဏ်တော် သုက ကောင်းမွန်မြင့်မြတ်ခြင်းလို့ အဓိပ္ပါယ်ရပြီး ဂတ ကတော့ ကြွတော်မူခြင်းကို ဆိုလိုတယ်နော်။ ဒီတော့ အနက်က ဘယ်လိုဖြစ်သွားလဲဆို တော့ ကောင်းစွာ ကြွတော်မူခြင်းဆိုတဲ့ သဘောရောက်တယ်နော်။ အင်း…မနေ့ကပြောခဲ့သလို ဆုတောင်းခဲ့တဲ့ သုမေဓာရှင်ရသေ့ ဘဝမှ စလို့ နောက်ထပ် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပတ်လုံး ပါရမီ (၁၀)ပါး ဖြည့်ကျင့်လာခဲ့တယ်လေ။ အဲလို ဖြည့်နေစဉ် တလျှောက်လုံးမှာလည်း မိမိရဲ့ ကိုယ်၊ နုတ်၊ စိတ် သုံးပါးလုံးကို မှားယွင်းတဲ့ အယူတွေ မကပ်ငြိအောင် […]


kaiDecember 21, 20111min3215
ရဟန်းသံဃာတော်များသည် ဘုရားရှင်လက်ထက်ကထဲကပင် အစုအဖွဲ့နှင့် နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ်တိုင်အောင်ပင် ဖြစ်ပါတယ်။ နောင်လည်းပဲ အစုအဖဲ့ွ အနေနှင့်ပင် ဆက်လက် နေသင့် နေကြရမှာဖြစ်ပါတယ်။တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်းတခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲနဲ့ နေတဲ့ ပေါင်းစုထားတဲ့ အဖဲ့ွအစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖဲ့ွနေစရာ မလိုတဲ့ သဘောပါ။ ဗုဒ္ဓက သူ့ သာသနာတော်သို့ ဝင်ရောက်လာသူ မှန်သမျှကို ဝိနည်းသိက္ခာပုဒ်အတိုုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိ အမှတ်ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်းချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ […]


mandalarthuDecember 20, 20116min4028
သီရိလင်္ကာနိုင်ငံ မှ  မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်   မြတ်စွာဘုရားရှင်၏ လက်ဝဲအောက်စွယ်တော်ကိုမူ အရှင်သာရိပုတ္တရာ၏ တပည့်ခေမာ ရဟန္တာသည် ဘုရားရှင်၏အလောင်းတော်ကို တေဇောဓာတ်လောင်ကျွမ်းနေစဉ် စန္ဒကူးနံ့သာ ထင်းပုံထက်မှ ဆောင်ယူကာ ဇမ္ဗူဒိပ်ကျွန်း၊ ကလိင်္ဂတိုင်း၊ ဒန္တပူရ (Dantapura) ပြည့်ရှင်ဗြဟ္မဒတ် မင်းအား ပေးအပ်ကိုးကွယ်စေသည်။ ထိုစွယ်တော်မြတ်ကို ဒန္တပူရမြို့တွင် နှစ်ပေါင်း (၈ဝဝ) ကျော် သည့်တိုင် မင်းဆက်ဆက် ပူဇော်ကိုးကွယ်ခဲ့ကြသည်။ *******သီရိလင်္ကာနိုင်ငံ မှ  မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော် ပုံ (၁၉၂၀)******* *******သီရိလင်္ကာနိုင်ငံ မှ  မြတ်ဗုဒ္ဓ၏ လက်ဝဲအောက်စွယ်တော်******* ကလိင်္ဂ၏အရှင်သခင် ဂုဟသိဝမင်း (Guhasiva) လက်ထက်တွင် စွယ်တော်ကို အကြောင်းပြု၍ စစ်ဖြစ်လေ၏။ ဂုဟသိဝမင်းသည် စစ်ပွဲအတွင်း ပျောက်ဆုံးမှုအန္တရာယ်နှင့် ရင်ဆိုင် နိုင်သဖြင့် သီရိလင်္ကာကျွန်းမှ သူ၏အမွေတော် မဟာသေန […]


who whoDecember 20, 20111min1830
အဓိဋ္ဌါန်ခြင်းနှင့် ပတ်သက်လို့ နှလုံးသွင်းသင့်ပုံလေးကို အနည်း အကျဉ်း ပြောပြပါဦးမယ်။ “ကောင်းမှုကုသိုလ်လုပ်တဲ့အခါ ငါတော့ ဘယ်နှရက် တော့ အောင်မြင်အောင် လုပ်ရမယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး စည်းကမ်း ချတဲ့ သဘောနဲ့ ဓိဋ္ဌါန်ပြီးလုပ်ရပါမယ်။ အဲလို ဓိဋ္ဌါန်နဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီး ကုသိုလ်အမှုကို မပျက်အောင် တုပ်နှောင်ထားတဲ့အခါမှာ ဦးတည်ချက်က ဒီနေရာမှာ နှစ်မျိုးကွဲ သွားတယ်နော်။ တချို့သော သူတွေက အဲလို ဓိဋ္ဌာန်တဲ့ အတွက်ကြောင့် ဘာတွေဖြစ် ရပါလို၏ ညာဖြစ်ရပါလို၏ရယ်လို့ ကိုယ်ရချင်၊ လိုချင်တဲ့ အပေါ်မှာ ဆုတောင်း ကြတယ်နော်။ အဲဒါမျိုးကတော့ အကျိုးကို ဦးတည်ပြီးလုပ်တဲ့ အဓိဋ္ဌါန်လို့ သိထားကြနော်။ တနည်း အကျိုးကောင်းစေဖို့ လုပ်တာပေါ့။ တို့တွေ ခုလုပ်ကြမယ့် အဓိဋ္ဌါန်ကကျတော့ အဲလို မဟုတ်ဘူး။ […]


who whoDecember 19, 20111min2103
ကျနော်တို့ လာမယ့် ၂၁ ရက်နေ့ကစလို့ ၉ ရက်တိတိ ဓိဋ္ဌါန် လို့ ကုသိုလ်လုပ်ကြမယ်ဆိုတဲ့ အစီအစဉ်လေးကို သိပြီးဖြစ်ပါမယ်နော်။ တကယ်တော့ အဲလို ကုသိုလ်အလုပ်တွေကို လစဉ်လဆန်းတိုင်းမှာ စပြီး ဓိဋ္ဌါန် နဲ့ လုပ်ဖြစ်ခဲ့တာတော့ ကြာပါပြီ။ အင်း..ကြုံကြိုက်တဲ့လူတွေကိုတော့ ပြောဖြစ် ပေမယ့် တစ်ခါတလေကျတော့လည်း ထူးပြီး မခေါ်ဖြစ်ပါဘူး။ အင်း …ဒီတစ်လတော့ ဘာရယ်မဟုတ်ပဲ စိတ်ထဲမှာ ဝိုင်းဝိုင်း ဝန်းဝန်း နဲ့ကို ကုသိုလ်တွေ ပြိုင်တူ အားရ ပါးရ အင်တိုက်အားတိုက် လုပ်ချင်တဲ့ ဆန္ဒ က ပေါ်နေပြန်တာကြောင့် ခုလို ဆိုဒ်မှာတင်ပြီး ဖိတ်ခေါ်ဖြစ်သွားတာပါပဲ။ ကျနော့စိတ်ကူးထဲမှာတော့ ကိုယ်နဲ့ ဆက်နွယ်နေတဲ့ ကိုယ့်ပတ်ဝန်း ကျင်က မိတ်ဆွေ အပေါင်းအသင်းများအားလုံးကို ခုလို ကုသိုလ် ဓိဋ္ဌါန်တွေ […]


who whoDecember 17, 20111min3086
မနက်ကမှ အမှတ်မထင် ဖတ်လိုက်ရသော စာလေး တစ်ပိုဒ် Like a withered leaf are you now; Death’s messengers await you You stand on the eve of your departure, Yet you have made no provision For your journey! (အို ဒကာ) သင်သည် ယခုအခါ ဖျော့တော့သော ဖက်ရွက်ရော်နှင့်တူ၏။ သေမင်းတမန်တို့သည်လည်း သင်၏ အနီး၌ စောင့်နေကုန်၏။ သင်သည် ဘဝအဆုံးကို ရောက်ချေပြီ။ သင့်မှာ (ဘဝတစ်ပါးသို့ သွားရန် ကောင်းမှုတည်းဟူသော) ရိက္ခာလည်း မရှိ။ ဒီစာလေးဆုံးတော့ စာအုပ်ပိတ်လို့ ခဏစဉ်းစားမိတယ်။ […]