ဒီနေ့ ကျနော် ရေးချင်တာလေးကတော့“မီးလွတ်ကျင့်စဉ်” ဆိုတာလေးပေါ့။ ဟိုးအတိတ်တစ်ချိန်တုန်းကပေါ့။ ကျနော် တရားပွဲတစ်ခုကို သွားနာတော့ အဲဒီတရားပွဲက “ အထူးအလုပ်ပေး မီးလွတ်တရား” လို့ ရေးထားတာတွေ့ရပါတယ်။ ဒီတော့ ကျနော် စဉ်းစားတယ်။ မီးလွတ်က ဘာအဓိပ္ပာယ်လဲပေ့ါ။ အင်း.. တစ်ယောက်ယောက်ကို မေးကြည့်ဦးမယ်ဆိုပီး ဘေးက လူတစ်ယောက်ကို မေးတော့ သူကပြောတယ်။ အင်း..တရားပွဲက တနေကုန်ဆိုတော့ လူတွေက ထမင်းဗူးတွေနဲ့ အဝေးက လာရတော့ အိမ်မှာ ချက်ချိန်မရှိလို့ မီးငြိမ်းလို့ “မီးငြိမ်းတရားပွဲ”လို့ ရေးထားတာ နေမှာပေါ့လို့ဖြေတယ်။ ဒါပေမယ့် သူလည်း ကောင်းကောင်းမသိဘူးလို့ ပြန်ဖြေရှာတယ်။ ဒါနဲ့ ကျနော်လည်း ဘာရယ်မဟုတ် ဒီမီးငြိမ်းဆိုတဲ့ အဓိပ္ပါယ်လေးကို တရားဟောမယ့် ဆရာတော် ကြွမလာခင် လျှောက်စဉ်းစားကြည့်နေတယ်။ ကျနော် အရင်က ကြားဖူးတာတွေနဲ့ ဆက်စပ်တွေးနေတာပေါ့။ […]