သီရိလင်္ကာလို့ခေါ်တဲ့သီဟိုဠ်နိုင်ငံမှာ Vesak Festival လို့ခေါ်တဲ့ ဝိသာခါပွဲသဘင်ကို ခန်းခန်းနားနားကျင်းပလေ့ရှိတယ်။ ဝိသာခါပွဲသဘင်ကို ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လရဲ့ လပြည့်နေ့မှာကျင်းပတယ်။ ဝိသာခါနက္ခတ်နဲ့ယှဉ်တဲ့လဆိုတာ မြန်မာလမှာတော့ ကဆုန်လဖြစ်တယ်။ အင်္ဂလိပ်လမှာတော့ မေလဖြစ်တယ်။ ကဆုန်လ (မေလ)ရဲ့ လပြည့်နေမှာ ဝိသာခါပွဲသဘင်ကို ကျင်းပလေ့ရှိတယ်။ ဗုဒ္ဓဘာသာဝင်တွေကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရှင် ကဆုန်လ လပြည့်နေ့မှာ မွေးဖွားတယ်၊ ဘုရားအဖြစ်သို့ ရောက်တယ်၊ ပရိနိဗ္ဗာန်စံတယ်။ (ဗျာဒိတ်တော်ခံယူတာလဲ ကဆုန်လပြည့်နေ့ပါဘဲ) ဘုရားရှင်ရဲ့ ဘဝဖြစ်တော်စဉ်မှာ ဒီလိုအရေးကြီးတဲ့ ဖြစ်ရပ်ကြီးသုံးခုက တိုက်တိုက်ဆိုင်ဆိုင် ဒီကဆုန်လရဲ့ လပြည့်နေ့မှာ ဖြစ်ပျက်ခဲ့တာ။ ဒါ့ကြောင့် ကဆုန်လပြည့်နေ့ဆိုရင် သီဟိုဠ်ဗုဒ္ဓဘာသာဝင်တွေ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းမတွေပေါ်ထွက်ပြီး ဝိသာခါပွဲသဘင်ကို ကျင်းပကြတယ်။ ကဆုန်လ (မေလ) လပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် တကယ့်ကို နေ့ထူးနေ့မြတ်ကြီးပေါ့။ ဒါပေမဲ့ အခြားအခြားသောဘာသာဝင်တွေရဲ့ တမန်တော်နေ့တွေလို ဗုဒ္ဓဘာသာဝင်တွေရဲ့ […]