အင်း…အနီးကပ်ရန်သူသုံးယောက်ကိုတော့ တွေ့ပါပြီ။ သူတို့တွေက ဘယ်အချိန်ကတည်းကများ ကိုယ့်ခန္ဓာအိမ်ထဲရောက်နေကြပါလိမ့်ဆိုတာရယ်၊ သူတို့ရဲ့ ခေါင်းဆောင်က ဘယ်သူများလဲဆိုတာရယ် သိချင်တာကြောင့် ဒီနေ့ တော့ဖြင့် မနက်မိုးလင်းကတည်းက သူတို့ ဝင်လာမယ့် ပုံစံကို ကြည့်ဖို့ စောင့် နေပါပြီ။ အင်း…အရင်ဆုံးကတော့ ကာမာသဝက အရင်ဆုံး ဝင်လာပါပြီ။ ဒီနေ့ ဘယ်သူ့ ဆွမ်းကျွေးကိုတော့ဖြင့် မသွားလို့ မဖြစ်ပေဘူး။ အပြန်ကျရင်တော့ ဈေးဝင်ဦးမှပဲရယ်လို့ စတွေးမိလိုက်တာနဲ့ပဲ အော..ကာမာသဝရေ.. ရောက် လာပါပေါ့လား ဆိုတာ တန်းသိလိုက်ပါပြီ။ မကြာပါဘူး…။ အော်..ဒီရက်ပိုင်း အလုပ်တွေများနေတာတောင် ကျန်းမာနေတာ တော်သေးရဲ့။ ဘာပဲဖြစ်ဖြစ် လူကလည်း ကျန်းမာလို့ လှူချင်တန်းချင်တာလည်း လှူနိုင်တန်းနိုင်နေတာကို က အရတော်တဲ့ ဘဝပဲ လို့ တွေးလုံးတွေက ပေါ်လာပြန်ပါတယ်။ ဟော…ဒီရန်သူက ဘယ်သူပါလိမ့်မယ်။ သတိနဲ့ ကြည့်လိုက်တော့မှ […]