သစ်တုံးလေးဟာ ဟိုဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ ဒီဖက်ကမ်းကလည်းလွတ်လာခဲ့ပြီ။ နောက်ထပ် ရေလယ်မှာလည်းရေတွေအီသွားခြင်း ဘေးကလည်း ကျော်လွှားနိုင်ခဲ့ပြီ။ တွေ့တဲ့ကျွန်းပေါ်မှာလည်း သောင်တင်မနေပဲ ကွေ့ရှောင်တတ်လို့ ဆက်ပြီး သမုဒ္ဒရာဆီကို ခရီးဆက်လာခဲ့ပြီပေါ့။ အင်း…သူ့ခမျာအေးအေးချမ်းချမ်းအန ္တရာယ်ကင်းကင်း နေနိုင်ပြီ အောက်မေ့ပါတယ်။ နောက်ထပ် ထင်မထားတဲ့ဘေးအန ္တရာယ်တစ်ခုထပ်တွေ့ရပြန်ပါပြီ။ အဲဒါကတော့ သူ့သဘောလေးနဲ့သူဆောင်လို့ ဆက်ပြီးရေထဲမျှောနေတာကိုပဲ သူ့ဖာသူမနေရပဲ ဟောသူ့ကိုလူတွေက “ ဟေ့ ဒီသစ်တုံး လေးက အကောင်းလေးတော့ ၊ တို့တော့ အိမ်မှာသုံးရအောင် ဆယ်သွားမှပဲ ”ဆိုပြီး ဆယ်ယူတာခံလိုက်ရတယ်လေ။ သွားပါပြီ။သူ့ခမျာမယ် ရောက်ခါနီးမှ ပြီးကြလေရော…ဘယ်လိုလုပ်ဆက်သွားလို့ရတော့မလဲနော်။ လူတွေကသူ့ကို ဆယ် သွား ပါပြီဆိုမှဖြင့်……..။ ကဲဒီသစ်တုံးလေးကို နမူနာယူပြီးတို့တွေစဉ်းစားကြဦးစို့ ။ အဲဒီရဲ့ဆိုလိုရင်းကတော့ဖြင့် ကိုယ်နဲ့ရင်းနှီးသော သူတွေရဲ့ မြှောက်ပင့်မှုကြောင့် ကိုယ့်ကိုယ်ကိုယ်အဟုတ်ထင် သာယာသွားပြီး ကိုယ်သွားမယ့်လမ်းကိုမဆက်နိုင်တော့ပဲ လမ်းလွဲသွားတာမျိုးပေါ့နော်။ သူများကကိုယ့်ကိုယ်ချီးကျူးတဲ့အပေါ်သာယာပြီးသူများမြှောက်ပင့်တဲ့နောက် […]