ဓာက်တော်တောင်ဘုရားသည် ကျောက်ဆည်မြို့နယ်တွင်ရှိပြီး မြန်မာနိုင်ငံအတွင်းရှိ တန်ခိုးကြီး ထင်ရှားကျော်ကြားသော ဘုရားများတွင် အပါအဝင်ဖြစ်သည်။ ဓာက်တော်ဘုရားသည် ဂေါတမမြတ်စွာဘုရား အပါအဝင် ဘုရားလေးဆူတို့၏ ဓာက်တော်များ ကိန်းဝပ်ရာ ဘုရားလေးဆူနှင့်တကွ ရဟန္တာအရှင်မြတ်များ သီတင်းသုံးတော်မူခဲ့သော လှိုဏ်ဂူတော်ဖြစ်သဖြင့် တန်ခိုးကြီးပါသည်။ ဓာက်တော်ဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလဆန်း (၈) ရက်နေ့မှစပြီး တပေါင်းလပြည့်နေအထိ စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။ ဓာက်တော်လှို်ဏ်ဂူတော်အထက် တောင်ပေါ်တွင် နတ်ရေကန်ရှိပါသည်။ ထိုနတ်ရေကန်သည် သိကြားမင်းက ထိုလှိုဏ်ဂူတော်သို့ဘုရားရှင် ကြွရောက်လာသည်ကို သိသဖြင့် ဘုရားရှင်၏ မျက်နှာသစ်တော်ရေ၊ သောက်တော်ရေ၊ လက်ဆေးတော်ရေ၊ သုံးဆောင်တော်ရေ၊ ခြေဆေးတော်ရေ၊ သန့်စင်တော်ရေတို့နှင့်တကွ ကိုယ်တော်သုံး သပ္ပာယ်ရန် နတ်ရေကြည်တို့ကို လူတို့လည်းမြင်စေရန် တောင်တော်အထက် လှိုဏ်ဂူဝ၏ အလယ်တွင် အလွန်သန့်စင်ကြည်လင်သောရတနာတို့နှင့် ကာရံလျက် နတ်ရေကန်ကို နတ်တို့၏ တန်ခိုးတော်ဖြင့် ဖန်ဆင်းတော်မူခဲ့သည်ဟု ဓာက်တော်တောင်သမိုင်းစာအုပ်တွင် […]