gonbannatbeluuFebruary 3, 20111min871
မင်္ဂလာတရားတော် ၁။ အသေဝနာ စ ဗာလနံ မကောင်းတဲ့ အလေ့အကျင့်ရှိသူများကို ရှောင်ကြဉ်ပါ။ ၂။ ပဏ္ဍိတာနဉ္စ သေဝနာ ကောင်းတဲ့အလေ့အကျင့်ရှိသူများကို ပေါင်းသင်းဆက်ဆံပါ။ ၃။ ပူဇာ စ ပူဇနေယျာနံ ပူဇော်ထိုက်သူကို ပူဇော်ပါ။ (ရတနာမြတ်သုံးပါးကို ကိုးကွယ်ဆည်းကပ်ပါ။) ၄။ ပတိရူပ ဒေသဝါသော စ သင့်လျော်သည့် မိမိအတွက် အကျိုးဖြစ်ထွန်းစေသည့် အရပ်ဒေသတွင် နေထိုင်ပါ။ ၅။ ပုဗ္ဗေ စ ကတပုညတာ ပြုလုပ်သင့်သည့်အလုပ်များ၊ ကောင်းမှုကောင်းရာများကို ကြိုတင်ပြုလုပ်ထားပါ။ ကိုယ်ကဦးစွာ အားလုံးအပေါ် အကောင်းဆုံး ဆက်ဆံပါ။ ၆။ အတ္တ သမ္မာ ပဏိဓိ စ ကိုယ်နှုတ်နှလုံး သုံးပါးကို ကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်ပါ။ ၇။ ဗာဟု သစ္စဉ္စ သိသင့်သိထိုက်တာတွေ လေ့လာသုံးသပ်ထားပါ။ […]


introJanuary 28, 20111min23413
တစ်ရက်က intro တစ်ယောက် ထုံးစံအတိုင်းပေါ့။ သူငယ်ချင်းတွေနဲ့ အတူ ဂိမ်းဆိုင်ကထွက်ပြီး နံနက်စာစားဖို့ ထမင်းဆိုင်လေးကို ထွက်လာခဲ့တယ်… လမ်းထိပ်မှာဗျာ… အဒေါ်ကြီးတစ်ယောက် သူ့ကလေးကို အော်ဟစ်ပြီး ဆူပူနေတာ ကို ကြားလိုက်ရတယ်…. “ဟဲ့ စာကျက်ဆို ရင်မကျက်ဘူး၊ တစ်နေကုန် တစ်နေခမ်း နေပူထဲမှာ စောက်ကမြင်းကြော ထနေတာပဲ၊ ပြောလိုက်ရင်လဲ စောက်ဆင်ခြေချည်းပဲ၊ စာကျက်ဖို့ကျတော့ စောက်ပျင်းက ထူတယ်၊ နင့်အဖေ ပြန်လာမှ ငါ ပြန်တိုင်ဦးမယ်၊ လာ တက်တော့”၊ သူ့သားငယ် ကို အိမ်ပေါ်တက်ဖို့ ပြန်ခေါ်နေတာပါ… ဒါကို သူငယ်ချင်းတစ်ယောက်က ကြားတော့ “ဒီအန်တီကြီးကွာ… စောက်ရမ်း မိုက်ရိုင်းတယ်၊ ကလေးကို ဆုံးမတာ ကောင်းကောင်းပြောတာ မဟုတ်ဘူး” “အမယ်၊ မင်းကျတော့ မရိုင်းတာ ကျနေတာပဲ” မဟုတ်ဘူးကွ […]


nyimalayJanuary 26, 20111min1327
ကိုင်း….ဒီနည်းလေးကိုလုပ်ကြည် ့ …ခင်ဗျားနဲ ့ အသင့်တော်ဆုံးလို ့ ထင်လို ့ပေးလိုက်တာ…အင်းတွေ၊ဆေးတွေကိ ု လုပ်မနေနဲ ့ အဲဒါတွေက ဒီခေတ်မှာ မေတ္တာ၊သစ္စာကြီးတဲ ့သူမှသာအောင် မြင်နိုင်တယ် ။ အောက်လမ်းနည်းကျတော့ လဲ တဘဝစံ သက်သက်ဗျ…နောက်ဘဝခံပဲ…ကျွန်တော်လဲ အပြစ်မလွတ်လို ့ မပေးနိုင်ဘူးဗျို ့ …… အင်မတန်အပြစ်ကြီးတဲ ့နည်းတွေမို ့ပါ ။ သိချင်ရင်တော ့ ကဝေသာရ ကိုးစောင်တွဲကျမ်းကို ရှာဖတ်ကြည့်ဗျို ့ ။ ကျွန်တော်နည်းက တကယ်လုပ်ရင် ခဏတွင်းအကျိုးပေးမြန်ပြီး….နတ်လူသာဓုခေါ်မှာပါဗျာ….လုပ်ကြည့်ပါ … နည်းကတော ့ မေတ္တာမှော် သွင်းနည်းလို ့ မှတ်ထားပါ ။ မှော်ကို အောင်မြင်အောင်သွင်းနိုင်ရင် အောင်တဲ ့နေ ့က စပြီး ခင်ဗျား […]

satan.jpg

တလောက အင်တာနက်ဆိုက်တခုမှာ မာရ်နတ်အကြောင်း မေးတာတွေ့လို့ မာရ်နတ်သည် နတ်ကောင်းလား၊ နတ်ဆိုးလားဆိုတာ ရှာဖွေစပ်စုမိပါတယ်။ နတ်ခြင်းတူမတူ မသိပေမဲ့ မာရ်နတ်လိုမျိုး အစွမ်းဆုံး နတ်ဆိုးမျိုးသည် ဘာသာတိုင်းမှာ ရှိပါတယ်။ ခရစ်ယာန်လိုစေတန်၊ မွတ်စလင်မှာရှိုက်တန်၊ အခြားဘာသာတွေမှာလည်း နာမည်တမျိုးမျိုးနဲ့ ရှိပါတယ်။ ပစ္စုပ္ပန်ဝါဒီများကတော့ ဆိုးသွမ်းတဲ့စိတ်လို့ ဆိုမယ်ထင်ပါတယ်။ သူတို့ကိုတော့ ဒီပို့စ်မှာဘေးမဲ့ လွှတ်ထားပါတယ်။ မှတ်မိသလောက် မာရ်နတ်သည် နတ်ပြည်ခြောက်ထပ်မှာ အပေါ်ဆုံးနတ်ပြည်က (နာမည်မေ့) နတ်သားပါ။ အဲဒီနတ်တွေက ဘယ်လောက်စွမ်းသလဲဆို ရထားတဲ့ စည်းစိမ်ခံစားမှုတွေအပြင် မိမိ အလိုရှိရာကို တောင့်တလိုက်ရုံမျှနဲ့ ပြည်စုံပါတယ်။ ဖန်ဆင်းဖို့တောင် မလိုတော့တဲ့သဘောပါ။ (သူ့ထက်နိမ့်တဲ့ နတ်တမျိုးက လိုရာပြည့်စုံဖို့ ဖန်ဆင်းရသေးတယ်၊ ကျန်အောက်ဖက် လေးထပ်က နတ်တွေကတော့ ရှိထားတဲ့စည်းစိမ်ကိုပဲ စံစားရပါတယ်။ အကြမ်းမျဉ်း နားလည်ထားတာပါ)။ အမေးပုစာ္ဆမှာ အသောကမင်းကြီးရဲ့ […]


ကျွန်တော်တို့ ဘုရားရှင် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းမှာ သီတင်းသုံးနေတော်မူစဉ်တုန်းက ကောသမ္ဗီမြို့က လူတစ်ယောက်ဟာ သာသနာ့ဘောင်ထဲကို ဝင်လာတယ်။ သူက ကောသမ္ဗီမှာပဲနေတော့ သူ့ကို ကောသမီ္ဗကိုယ်တော်လို့ပဲ ခေါ်ကြတယ်။ ဘုရားရှင်လက်ထက်က ရဟန်းတော်တော်များအားလုံးဟာ ဘယ်မှာပဲ ဝါဆိုဆို ဝါကျွတ်တာနဲ့ ဘုရားရှင်ရှိရာအရပ်ကို ပြန်ကြွလာကြပါတယ်။ တရားထိုင်နေခဲ့ရင်လည်း ဘယ်အဆင့်ကို ရောက်ပြီ။ တရားမေးမြန်းလိုတဲ့ ပုဂ္ဂိုလ်တွေလည်း ဘယ်လိုတရားက ဘယ်သို့ဆိုပြီး မေးမြန်းဖို့ရယ် ဂါရဝပြုဖို့ရယ် အကြောင်းမျိုးစုံနဲ့ လာကြပါတယ်။ အဲလိုနဲ့ ဒီကောသမ္ဗီကိုယ်တော်လည်း ကြွလာတော့မယ်ဆဲဆဲပေါ့။ သူကျောင်းထိုင်တဲ့ ကျောင်းဒကာတွေက သင်္ကန်းနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေ လာလှူတယ်။ သူက “တော်ပါပြီတကာတို့ ပြန်ယူသွားပါ” “ဘာဖြစ်လို့လဲဘုရား” “အလှူမခံချင်လို့ မဟုတ်ပါဘူး။ ဦးဇင်းဆီမှာ ဒီပစ္စည်းကို သင့်တင့်လျှောက်ပတ်အောင် စီမံပေးနိုင်တဲ့ ကိုရင်တွေမရှိဘူး၊ အဲဒါကြောင့်ပါ” “ဟာ ဒါဆို တပည့်တော်ဆီမှာ […]


ၾကယ္ေလးJanuary 15, 20111min1538
ဘားအံမြို ့၊ ဇွဲကပင်ခန်းမှာ ပြီးခဲ့တဲ့ ၂၀၁ဝ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်နေ ့က စပြီး ကျင်းပခဲ့တဲ့ နံပါတ် (၁) စိတ်ဓါတ်မြှင့်တင်ရေးသင်တန်းမှာ သင်္ဃန်းခြုံပြထားတဲ့ အတုအယောင် သာသနာဖျက်တစ်ဦးက သီချင်းဖွင့်ပြပြီး မော်ဒယ်တွေကနေတာကို ပြကာ လိုက်ကခုံခိုင်းခဲ့တဲ့ပွဲမှာ အဲ့ဒီ သီချင်းက တရုတ်သီချင်းဖြစ်ပြီး Alex Du 杜德伟 သီဆိုထားတဲ့ “脫掉” “ချွတ်ပြစ်လိုက်” လို့အမည်ရတဲ့ သီချင်းဖြစ်ကြောင်း သိရှိရပါတယ်။ စာသားတွေထဲက တစ်ကြောင်း နှစ်ကြောင်းလောက် ဘာသာပြန်ရရင်တော့ “စည်းကမ်းတွေများနေတယ် ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက် ” နောက်ဆုံး “အပေါ်အဝတ်တွေ အောက်ခံတွေပါ ချွတ်ပြစ်လိုက် ချွတ်ပြစ်လိုက်” လို့ ဆိုနေတာ ဖြစ်ကြောင်းပါ။ မူရင်း တရုတ်သီချင်းက ဒီမှာပါ။ http://www.youtube.com/watch?v=ZMjQXJysTdQ&feature=player_embedded fake […]


myohan006January 12, 20111min25410
သူငယ်ချင်းတစ်ယောက်က လာမေးပါတယ်။ “ငါ့ကောင်မလေးကို Gmail password ပေးသိထားတယ်ကွာ။ နောက် ငါ တစ်နေ့ တစ်နေ့ ချက်သမျှတွေလဲ ပြီးတာနဲ့ Trash ထဲထိလိုက်ဖျက်တော့ သူဘာမှ မသိဘူး” အားလုံးအဆင်ပြေတယ်။ မပြေတာက ငါ တစ်နေ့တစ်နေ့ အင်တာနက် သုံးပြီး ကြည့်သမျှ Web Site အားလုံးနီးပါး သူသိနေတယ်။ ဘာလို့လဲ။ အဲလိုမေးတော့ ကျွန်တော်သဘောကျသွားပါတယ်။ တော်တော်များများလဲ သိပြီးဖြစ်မှာပါ။ Google account စဖွင့်ကတည်းက “Enable  Web History ” ဆိုတာလေးကို ကျွန်တော်တို့တွေ Check ဖြုတ်ခဲ့ဖို့ သတိမထားဖြစ်ကြတာများပါတယ်။ အဲ့ဒီတော့ Google က ကျွန်တော်တို့ mail ကို Sign in ဝင်ပြီးတာနဲ့ ကြည့်သမျျှ Siteအားလုံးကို […]


manawphyulayJanuary 11, 20111min1243
ရွှေမော်ဓောဘုရားသည် မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများအနက် တစ်ဆူအပါအဝင်ဖြစ်၍ သင်တိုင်းစေတီခေါ် မကိုဋ်စေတီမျိုးဖြစ်သည်။ ပဲခူးမြို့၏ အရှေ့ပိုင်း ဟင်္သာကုန်းအစုတွင် အနောက်ဖက်ဆုံးကျသော ပဲကူး၊ သုဒဿန၊ မြင်းသီတ၊ မရင်သိန္န၊ မဓဝါ ဟူ၍ ခေတ်အလိုက် အမည်ပြောင်းခဲ့သော ကုန်းငယ်ပေါ်၌ ရွှေမော်ဓောစေတီတည်ရှိသည်။ ယခုအခါ၌မူ ထိုကုန်းကို ရွှေမော်ဓောကုန်းဟု အခေါ်များသည်။ ရွှေမော်ဓောစေတီ တည်သည့်နှစ်များနှင့် ဌာပနာသည့် ပစ္စည်းအကြောင်းကို အမျိုးမျိုးဆိုကြသည်။ အချို့က ဘုရား ပရိနိဗ္ဗာန် မစံမီကပင် တည်သည်ဟု လည်းကောင်း၊ အချို့က ဘုရား ပရိနိဗ္ဗာန်စံပြီးမှ တည်သည်ဟုလည်းကောင်း၊ အချို့က ဘုရားဆံတော်ကို ဌာပနာသည်ဟုလည်းကောင်း၊ အချို့က သွားတော်ကို ဌာပနာသည်ဟု လည်းကောင်း ရေးသားကြသည်။ သို့ရာတွင် ဘုရားဒါယိကာမ ဟံသာဝတီ ဘုရင်မ ရှင်စောပုနှင့် သားမက်တော် ဘုရားဒါယိကာ ဓမ္မစေတီမင်းတို့ […]


manawphyulayJanuary 9, 20111min1394
ကျိုက်သံလန်စေတီ၊ ၊ ထိုစေတီမှာ မော်လမြိုင်မြို့ပေါ်တွင် အထင်ရှားဆုံး စေတီ ဖြစ်ပါတယ်။ မြို၏အရှေ့ဖက် သံလင်တောင်စွယ်တွင် တည်ရှိပြီးတော့ စေတီသမိုင်းနှင့် စပ်လျဉ်း၍ အဆို ၂ မျိုး ကွဲပြားလျက် ရှိတယ်။ တစ်မျိုးမှာ သာသနာနှစ် ၂၃၆ တွင် ယခု မော်လမြိုင် ခေါ် ရမ္မာဝတီမြို၏မှ မွတ်ပိရာဇာမင်းသည် သထုံပြည်မှ သွားတော် ဓာတ်တစ်ဆူရရှိခဲ့သဖြင့် မြတ်စွာဘုရားသခင် ကြွရောက်နားနေတော်မူဖူးရာ နာဂဝသီတောင်လည်းခေါ် သံလင်တောင်စွယ်တွင် ဌာပနာ၍ စေတီတည်ခဲ့ကြောင်း။ ဆံတော်ဓာတ်ကိုလည်း ဌာပနာကြောင်းနှင့် အဆိုရှိသည်၊ ဘုရားတည်ရာတောင်ကို အစွဲပြု၍ စေတီကိုလည်း ကျိုက်သံလင်စေတီဟု ခေါ်တွင်လေသည်၊ ယခုအခါ စကား ရွေ့လျောလာသဖြင့် ကျိုက်သံလန် ဖြစ်လာသည်၊ ရှေးအခါက ထိုစေတီ တည်ထားရာ တောင်ခြေသည် ပြိုပျက်အံ့သကဲ့သို့ ရှိသောကြောင့် မွန်ဘာသာဖြင့် […]


manawphyulayJanuary 8, 20111min1113
တစ်နှစ်မှာ တစ်ခါ တစ်ပတ် ရ ရက် ဆွမ်းဆန်စိမ်းလှည့် မေတ္တာဝါဒီပရဟိတကျောင်း လှိုင်မြို့နယ်မှ သံဃာတော်များကို ၂ ရက်နေ့ ရ ရက်နောက်ဆုံးအလှည့် ဆွမ်းခံမှာ သံဃာတော် မိဘမဲ့ကလေးများ အပါး ၉ဝ ကျော်အတွက် ကြက်သားဆန်ပြုတ် အလှူလေးတစ်ခုကို ကုသိုလ်ယူမိပါတယ်ရှင်။ နှစ်ကူးတဲ့ အချိန်သမယမှာ ငါ ဘာတွေလုပ်မလဲ ကောင်းမှုနဲ့စတဲ့ ကုသိုလ်ကို ပြုမှ ဒီဘဝကော နောင်သံသရာမှာ ဝဋ်ဒုက္ခက လွတ်ဖို့ မေတ္တာ ရှေ့ထားမိပါတော့တယ်။