အကျွနှုပ်တို.ရန်ကုန်မြို့ရှိလှိုင်သာယာစက်မှုဇုံမှ လက်လုပ်လက်စား အလုပ်သမားများဘဝအားကြားသိရသောအခါ လုံးဝစိတ်မကောင်းဖြစ်ရပါသည်။ နိုင်ငံခြားသားကမြန်မာအလုပ်သမများကို ရိုက်နှပ်ခြင်းမှာဘယ်လိုနည်းနဲ့မှလက်ခံနိုင်စရာ အကြောင်းမရှိပါ၊ ထိုကိစ္စကိုဆိတ်ဆိတ်ငြီမ်နေသောအထက်လူကြီးများကိုလည်း ရွံရှာမိပါသည်။ ထို.ကြောင့်ယ္ခုလိုကိစ ္စနောက်မဖြစ်ရပဲနဲ့လုပ်ငန်းရှင်များကို အလုပ်သမားများမှသင်ခန်းစာပေးခြင်းကို ကျနော်တင်ပြပေးချင်ပါသည်။ ၁၉၇၀-၇၅ နောက်ပိုင်းကာလတုန်းက အမေရိကန်နိုင်ငံမှာအလုပ်ရှင်နှင့် အလုပ်သမားများကြားပဋိပက္ခ အကြီးအကျယ်ဖြစ်ခဲ့ဖူးပါသည်။ ကျနော်တို.နိုင်ငံမှာ ဖြစ်သလိုပဲအခြေခံလုပ်အားခ လုံလောက်စွာမရရှိခြင်းမှစကာ ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ခဲ့ပါသည်။ ထို.နောက်အလုပ်သမားအများစုက အလုပ်ရှင်ရဲ့ လုပ်ငန်းမှန်သမျှကိုထော်လော်ကန့်လန်.တွေကြီးလုပ်ပြခဲ့ပါသည်။ ဘယ်လိုလုပ်သလဲဆိုရင်ဗျာ ဥပမာအထည်ချုပ်စက်ရုံဆိုပါတော့-အလုပ်သမားတွေက အထည်တွေကိုတလွဲချုပ် ၊အထည်လိပ်တွေကိုဖျက်စီးပြစ်တယ်၊ဈေးကွက်ထဲမဝင်အောင် အထည်တွေကိုချုပ်ရိုးမသေသပ်အောင် လုပ်ပစ်တယ်၊ အဲဒီလိုနဲ.အဲဒီကုမ္မဏီဒေဝါလီခံသွား ပါရောဗျာ၊ အလုပ်ရှင်နှင့်အလုပ်သမား အပေးအယူမမျှတလျှင် ဘယ်လောက်ပဲအင်အားကြီးပါစေ အလုပ်သမားပါမွှားများ စည်းလုံးညီညွှတ်လျှင် ဒင်းတို.ပြိုလဲသွားမည်မှာ ဧကန်မုချပင်ဖြစ်ပါတော့သည်။