kaiNovember 12, 201222min105031
Time မဂ္ဂဇင်းရဲ့ ၂၀၁၂ ခုအတွင်းအကောင်းဆုံးတည်ထွင်မှု ၂၅ ခု၊   (1) Indoor Clouds That’s not Photoshop. The Dutch artist Berndnaut Smilde has developed a way to create a small, perfect white cloud in the middle of a room. It requires meticulous planning: the temperature, humidity and lighting all have to be just so. Once everything is ready, Smilde […]


အတွေးအမြင်နဲ့ အကျင့် ………………………….. ညနေ ရုံးဆင်း၊ ဘတ်စကားပေါ်မှာ ခရီးသည်တွေ ကြိတ်ကြိတ်တိုးနေတဲ့ချိန်။ ကျွန်တော်က ဘတ်စကားရှ့ပိုင်းဘက် အသာတိုး၊ လက်ကိုင်တန်းလေးကို တင်းတင်းစွဲပြီး ကပ်ကပ်ညပ်ညပ် လိုက်ပါလာတယ်။ ကားကြပ်လို့ မောပြီး ဟနေရတဲ့အထဲ မြင်ရတဲ့ရှုခင်းကပါ ဒေါကို သစေတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်း သံဃာတော်များခုံမှာ မိန့်မိန့်ကြီး ထိုင်လိုက်လာတဲ့ ခပ်ရိုင်းရိုင်းငနဲကြောင့်ပါပဲ။ သူ့ဟာသူ စောစောတက်၊ စောစောထိုင်ခုံရလို့ သူ့ဟာသူ ထိုင်တာကို ဘာမှ မပြောလိုပေမယ့် သူ့အနားကပ်ပြီး ဝါကြီးကြီးသံဃာ လာရပ်လည်း ပြုံးပဲပြပြီး ထမပေး၊ အသက်ခြောက်ဆယ်ကျော် အဘွားကြီးလာရပ်လည်း အထုပ်ကလေး ကူယူပေးတာကလွဲလို့ နေရာဖယ်ပေးဖို့ စိတ်မကူး၊ ဗိုက်ကြီးသည်တစ်ယောက် တက်လာတော့လည်း တစ်ခြားတစ်ယောက်ကသာ နေရာပေးလိုက်ရ၊ သူကတော့ ဖင်ကြွဖို့ နည်းနည်းမှ မစဉ်းစားဘူး။ ကျွန်တော့်မှာ ဘေးကနေ […]


အကျင့်သံသရာ …………………………… “ကျုပ်တို့ဆိုတာ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အရာ၊ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အကျင့်”လို့ ဆိုကရေးတီးက ဆိုပါတယ်။ ဆိုကရေးတီးအဆိုနဲ့ ခင်ဆင်ဆင် အင်္ဂလိပ်ကဗျာတစ်ပုဒ်ကလည်း “ပထမ ငါတို့က အကျင့်တွေကို စလုပ်၊ နောက်ပိုင်းတော့ အကျင့်တွေက ငါတိုတို့ကို ပြန်လုပ်”လို့ ဆိုထားရဲ့။ ဗုဒ္ဓဝါဒ အယူအဆတစ်ခုမှာတော့ “မသိနိုးနားနဲ့ လွန်ကျူးမူတွေ လုပ်တယ်၊ အဲဒီ့လွန်ကျူးမူတွေက ကိုယ်နှုတ်စိတ်အင်္ဂါတွေထဲ စိမ့်ဝင်၊ အကျင့်တွေပါသွားတယ်၊ ရလာတဲ့ အရသာကို ခန္ဓာကိုယ်က ဆာလောင်တယ်၊ နောက်တစ်ခါ ထပ်လုပ်ဖို့ ကြိုးစားတယ်၊ အကျင့်တွေ ထပ်ပါ၊ ဒီလိုနဲ့ လူပေါ်မှာ အမူအကျင့်တွေ သံသရာလည်နေတယ်”လို့ ရှင်းပြပါတယ်။ အကျင့်ဟူသမျှ ကြီးကြီး ငယ်ငယ်၊ ဝင်ပူးသွားမိရင် လူနဲ့အကျင့်၊ အကျင့်နဲ့လူ ခွဲခြားမရ၊ တစ်သားတည်း ဖြစ်သွားကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။ ဒါဆိုရင် […]


အကျင့်  = အဆင့် …………………… “အကျင့်” လူတိုင်းရင်းနှီးတဲ့ စကားလုံးပါပဲ။ လူတိုင်းနဲ့ သိပ်မရင်းနှီးတာက အဲဒီ့အကျင့်ရဲ့ တစ်ဘဝတာ သက်ရောက်မှုပါ။ တိတ်တိတ်ပုန်း ခိုကပ်လိုက်ပါနေတဲ့ အဲဒီ့အကျင့်ရဲ့ မောင်းနှင်မှုအားကိုပါ။ တကယ်တော့ လူတစ်ယောက် ဘာဆိုတာကို အဆုံးဖြတ်ပေးတာ တစ်ခြားလူတွေမဟုတ်၊ သူ့မှာရှိတဲ့ အဲဒီ့အကျင့်တွေပါပဲ။ လူဖျင်းလူညံ့လား လူကောင်းလူတော်လား၊ ထုံထိုင်းသူလား ထက်မြက်သူလား၊ အလကားလူလား အရည်အချင်းရှိသူလား၊ လူ့ချဉ်ဖတ်လား လေးစားစရာလူလား၊ သုံးမရသူလား ကိုယ်ရည်ကိုယ်သွေးပြည့်သူလား၊ လူယုတ်မာလား အကြင်နာတရား ရှိသူလား။ အဲဒီအကျင့်က လူတစ်ယောက်ကို အောင်မြင်အောင်လုပ်တယ်၊ ကျရှုံးအောင်လုပ်တယ်။ ဂုဏ်သရေရှိအောင်လုပ်တယ်၊ ကျက်သရေမဲ့အောင်လုပ်တယ်၊ ဘဝခရီး ဖြောင့်ဖြူးအောင် ကူညီတယ်၊ ဘဝလမ်း ကြမ်းတမ်းအောင် ကျိန်စာတိုက်တယ်။ စီးပွားရေးမှာ၊ လူမှုရေးမှာ၊ အိမ်ထောင်ရေးမှာ၊ နေ့စဉ်ဖြတ်သန်းနေရတဲ့ လောကပတ်ဝန်းကျင်မှာ လူတစ်ယောက်မှာရှိထားတဲ့ အကျင့်တွေက […]


ငါ ဘယ်သူလဲ စကားထာ ……………………………………………. ငါဟာ မင်းရဲ့  ဆိုးတူကောင်းဖက် မင်းဘဝခရီးအတွက် အကူအညီကောင်း ဒါမှမဟုတ် မင်းထမ်းသွားကောင်းသွားရမယ့် ဝန်ထုပ်ဝန်ပိုး မင်းကို မိုးပေါ် မြှင့်တင်ပေးမယ့်သူဟာ ငါ ဒါမှမဟုတ် မင်းကို အောက်ဆုံးထိ ဆွဲချမယ့်သူလည်း ငါ ငါဆိုတာ မင်းရဲ့အမိန့်ပေးမှုအောက်မှာ မင်းတစ်ဝက်လုပ်ပြီးတဲ့အခါ ကျန်တာအားလုံး ငါ့တာဝန်။ မင်းကသာ ငါ့ကို ကပ်ထား ငါဆိုတာကို အလွယ်တကူ စီမံသွားလို့ ရရဲ့ မင်း ဘာဖြစ်ချင်တယ်ဆိုတာ နမူနာ တင်ပြ ငါ့က အလိုလို ဆက်လုပ်သွားရမယ့်သူ ငါဟာ အောင်မြင်သူအားလုံးရဲ့ အလုပ်အကျွေး ပြီး ကျရှုံးသူတွေရဲ့ ကျေးကျွန်လည်း ဖြစ်တယ် အောင်မြင်မှုတွေအတွက် ငါဟာ သော့ချက် ကျရှုံးသူတွေအတွက်တော့ ငါက လက်သည်။ ငါဟာ စက်ယန္တယားတော့မဟုတ် […]


silver heroNovember 3, 20121min1752
ပြောင်းလဲတိုးတက်နေပြီဖြစ်တဲ့ဒီမိုကရေစီနိုင်ငံတော်ကြီးမှာအနာဂတ်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာမျိုးဆက်သစ်လေး များနှင့်သက်ဆိုင်မှုရှိနေပါတယ်။မျိုးဆက်သစ်လူငယ်လေးများကိုအနာဂတ်ခေါင်းဆောင်ကောင်းတွေဖြစ်ဖို့ အတွက်မူလအခြေခံပုံစံသွင်းထုဆစ်၊ပျိုးထောင်ပေးသူတွေကမူလတန်း၊အလယ်တန်းဆရာ၊ဆရာမတွေဖြစ် ကြပါတယ်။စိတ်ဓါတ်၊စည်းကမ်း၊ပညာဆိုတဲ့ကျောင်းတော်ကြီးရဲ့ဆောင်ပုဒ်ကိုကလေးငယ်များရင်ထဲစတင် ထည့်ပေးသူတွေကလည်းမူလတန်း၊အလယ်တန်းပြဆရာ၊ဆရာမတွေဘဲဖြစ်ပါတယ်။သို့သော်မူလတန်းကလေးငယ်များကိုပြု စုပုံသွင်းပျိုးထောင်ရာတွင်မူလတန်း၊အလယ်တန်းပြဆရာ၊ဆရာမများအနေဖြင့်မိမိကိုယ်ကျိုးစီးပွားအတွက်သာ မရည်ရွယ်ဘဲအနာဂတ်တိုင်းပြည်တိုးတက်ရေး၊သာယာရေးတို့အတွက်စေတနာအမှန်ထားပြုစုပျိုးထောင်ရန် လိုအပ်ပါတယ်။အနာဂတ်မှာနိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ဆိုတာပညာတတ်လူငယ်မောင်မယ်များကိုမွေးထုတ် ပေးနေတဲ့ပညာရေးစနစ်နဲ့ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ဆရာ၊ဆရာမတွေအပေါ်အခြေခံမူတည်ပါတယ်။“ပညာ မြင့်မှလူမျိုးမြင့်မယ်”ဆိုတဲ့ဆောင်ပုဒ်ကိုလည်းလက်ကိုင်ထားကျင့်သုံးနေကြပြီဖြစ်ပါတယ်။အပေါ်အကျင်္ ီအဖြူ၊ အောက်လုံချည်အစိမ်းရောင်နှင့်ရိုးရှင်းသောယူနီဖောင်းဝတ်ဆင်ကြတဲ့ပညာရေးဝန်ထမ်းဆရာ၊ဆရာမများသည် နိုင်ငံတော်အတွက်အရေးကြီးသောသရုပ်ဆောင်များဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်ကောင်းများ၊နိုင်ငံဝန်ထမ်းကောင်း များ၊အတတ်ပညာရှင်များ၊နိုင်ငံတော်မှအားထားရသည့်ထက်မြတ်၊ထွန်းပေါက်သောလူသားများကိုမှော်ဝင်သောလက် အစုံဖြင့်မွေးထုတ်ပျိုးထောင်သူများဖြစ်သည်ကိုလေးနက်စွာခံစားနားလည်ကြရန်လည်းလိုအပ်ပါတယ်။ နုနယ်သောမူလတန်းအရွယ်ကလေးငယ်များ၏ဖြောင့်ဖြူးသောအနာဂတ်လမ်းကိုလျှောက်လှမ်းနိုင်ကြရန်ပညာရေးသည် ပန်းခင်းသောလမ်းအဖြစ်သာပုံဖော်စေချင်ပါတယ်။ယခုမျက်မှေက်ကာလတွင်နုနယ်သောကလေးငယ်များအတွက်အနာဂတ် ကိုငွေကြေးနှင့်ဖလှယ်ယူနေရသောပညာရေးဆူးခင်းအဆိပ်သင့်လမ်းမျိုးတွင်သာလျှောက်လှမ်းနေကြရသည်ဟုထင်မိပါတယ်။ အဆိပ်သင့်သောလက်များဖြင့်ပျိုးထောင်နေကြတယ်လို့လည်းထင်မိပါတယ်။သို့သော်ဆရာ၊ဆရာမအားလုံးကိုသိမ်းကြုံးသတ် မှတ်ထင်မြင်မိခြင်းမျ်ိုးမဟုတ်ပါ။သီလဂုဏ်၊သမာဓိဂုဏ်၊ ပညာဂုဏ်ပြည်စုံပြီးစေတနာ၊ဝါသနာ၊အနစ်နာဆိုတဲ့နာသုံးနာအပေါ်အခြေတည်တဲ့ရာခိုင်နှုန်းနည်းလူနည်းစု၊ ဆရာ၊ဆရာမများသည်တန်ဖိုးမဖြတ်နိုင်သောအနန္တဂိုဏ်းဝင်ဆရာသခင်များအဖြစ်ယခုအချိန်အထိလည်းရှိကြပါတယ်။ ယနေ့ခေတ်ပညာရေးလောကအများစုမှာပညာရေးပန်းခင်းအလယ်တွင်ဈေးကွက်စီးပွားရေးဆန်သော၊မိမိကိုယ်ပိုင်အချိန် များကိုပိုင်းခြားရောင်းစားကြသော (times seller)များအဖြစ်(သို့မဟုတ်)အသပြာဆရာများ အဖြစ်ရပ်တည်နေကြခြင်းသည်ပညာရေးလောကအတွက်အရောင်စွန်းညစ်ထေးရုံမျှမက၊လျှော်ဖွတ်ရခက်တဲ့အစွန်အ ထင်းများအဖြစ်တည်ရှိနေကြပါတယ်။အရောင်စွန်းညစ်ထေးသူများအနေဖြင့်ဆရာ၊ဆရာမဆိုတာစေတနာ၊ဝါသနာ၊အနစ်နာ၊ ဆိုတဲ့နာသုံးနာအပေါ်မှာသာအခြေတည်ရုံသာမဟုတ်ဘဲနိုင်ငံတော်အတွက်ကိုယ်စားပြုပုံဖော်၊ထု ဆစ်သူများအဖြစ်မိမိတန်ဖိုးနှင့်နိုင်ငံအတွက်အရေးပါပုံကိုလေးလေးနက်နက်နားလည်သဘောပေါက်ရန်လည်းလိုအပ်တယ် လို့ထင်မိတယ်။နိုင်ငံတော်၏လခစားပညာရေးဝန်ထမ်းဆရာ၊ဆရာမများသည်“ကျူရှင်”ဆိုသည့် ငွေကြေးအရလွယ်မှုတစ်ခုကိုသာမကြည့်သင့်ဘဲဆရာဆိုတဲ့မြင့်မြတ်ဂုဏ်တစ်ခုအတွက်ထည့်တွက်ငဲ့ကွက်သင့် တယ်လို့ယူဆမိတယ်။ပညာရေးလောကအတွက်ခေတ်စနစ်တွေပြောင်းလဲလာသော်လည်းဆရာ၊ဆရာမများ အတန်းပိုင်များကျူရှင်ပေးသောခေတ်သည်ပြုပြင်ပြောင်းလဲရခက်သည်ကိုတွေ့မြင်မိပါတယ်။မည်သည့်အတွက် ပြောင်းလဲရခက်သည်ကိုလည်းအဖြေရှာကြည့်သင့်ကြောင်းတွေးမိပါတယ်။မြန်မာတစ်နိုင်ငံလုံးရှိပညာရေးဝန်ထမ်းမျာဖြစ်သော ဆရာ၊၊ဆရာမများ“ကျူရှင်”သင်ကြားခြင်းမလုပ်ရဟုပညာရေးဝန်ကြီးဌာန၏လမ်းညွှန်မှုအတိုင်း ဥပဒေနှင့်စည်းကမ်းထုတ်ပြန်ထားသော်လည်းအပြစ်ဒဏ်နှင့်အပြစ်ပေးခြင်းအားနည်းနေသော ကြောင့်တိကျစွာလိုက်နာရန်ခက်ခဲကြပြီးချိုးဖောက်ရန်လွယ်ကူနေကြသည်ဟုထင်မြင်မိပါတယ်။ (Tutor) (tutorial)ဆိုသည့်အင်္ဂလိပ်ဝေါဟာရမှဆင်းသက်လာသော(tution)“ကျူရှင်”ဆိုတဲ့ဝေါဟာရမှာမြန်မာစကားမှဆင်းသက်လာ သည်မဟုတ်သော်လည်းမြန်မာပြည်တွင်ခေတ်စားအမြစ်တွယ်လာသည်မှာယနေ့တိုင်အောင်ဖြစ်ပါတယ်။မြန်မာပြည်အဝှမ်းမှာ ထွန်းကားခေတ်စားလျှက်ရှိသောကျူရှင်ပေးခြင်းမှာ(အတတ်ပညာဖြင့်စီးပွားရှာ ခြင်း)တစ်မျိုးအဖြစ်အလွတ်သင်၊အပြင်သင်များအတွက်သင့်လျှော်သော်လည်းအစိုးရလခစားဆရာ၊ဆရာမများ အတွက်တားမြစ်ချက်တစ်ခုဖြစ်နေပါတယ်။သို့သော်မုန့်လုံးစက္ကူကပ်နေကြသောဆရာမများနှင့်မူလတန်းကျောင်းသားမိဘများ ၏သူပြိုင်ကိုယ်ပြိုင်အနိုင်ကြဲချင်ကြတဲ့ပညာရေးပြိုင်ဆိုင်မှုတွင်သန့်ရှင်းသောလောကစွန်းထင်းညစ်ပေရသည်ဟုထင်မိပါတယ်။ ကလေးငယ်ချင်းယှဉ်ပြိုင်မှုအသွင်မဟုတ်ဘဲမိဘများစိတ်၊ကလေးခန္တာကိုယ်အသွင်ဖြင့်ပြိုင်ဆိုင်ကြသဖြင့်အတန်းပိုင်ဆရာမကိုလက်ဆောင်ပေး၊ ချဉ်းကပ်၊ကျူရှင်အပ်ဖြစ်လာကြတယ်။နာသုံးနာအခြေပြုအရင်းတည်တဲ့ပျိုးထောင်လက်တွေကိုအဆိပ်သွင်းကြ တယ်လို့ထင်မိပါတယ်။အဆိပ်သွင်းခံရတဲ့ပျိုးထောင်လက်တွေအဆိပ်သင့်လာတဲ့အခါ၊အမြစ်တွယ်လာတဲ့အခါ စီးပွားရေးတစ်ခုအသွင်ပြောင်းလဲ၊အကွက်ချစီမံ၊ရွေးချယ်သင်ကြားပြီးအချိန်ပေး၊မေးခွန်းပေး၊ကျူရှင်ပေးတဲ့ အရောင်၊အရေပြား၊ကြွယ်ဝမှုခွဲခြားတဲ့ပညာသင်စနစ်တွေထွန်းကားလာတယ်လို့မြင်မိပါတယ်။ကျူရှင်တက်နိုင်တဲ့ကလေးတွေ မှာတော့စာမေးပွဲဖြေရင်အားလုံးအဆင်ပြေချောမွေ့ပြီး၊အတန်းပိုင်ကျူရှင်မအပ်နိုင်တဲ့ကလေးတွေမှာတော့မည်သို့နေကြမည် ကိုတွေးကြည့်သင့်တယ်လို့ထင်ပါတယ်။မူလတန်းအရွယ်မှာဘဲပညာရေးကိုငွေ ကြောင့်ခွဲခြားခံရတဲ့ကလေးငယ်တွေရဲ့ညှိုးငယ်သွားတဲ့စိတ်ဓါတ်ကိုဘယ်လိုကုစားကြမလဲလို့အလေးထားတွေး ပေးစေချင်ပါတယ်။မိဘငွေကြေးတတ်နိုင်လို့အတန်းပိုင်ဆရာမရဲ့ကျူရှင်တက်ရတဲ့ကလေးတွေမှာလဲငါ့မိဘ တွေငွေကြေးအကုန်အကျခံပေးတာဘဲ၊ငါတို့ပိုက်ဆံတတ်နိုင်လို့သင်ရတယ်ဆိုတဲ့ငွေကြေးနဲ့ပညာရေးကိုယှဉ်တွဲတဲ့အမြင်မျိုး […]


ကျနှတ်သည် အောက်ပါ အချက်များကို တောင်းဆိုပါသည်။ ၁။ ကျနှတ်ကို ကနေ့မှစ ကြယ်လေးလုံးပေးပါ။ ၂။ ကျနှတ်အား ကိုယ့်ပိုစ့် သူများပို့စ် အကုန်လုံးကို အက်ဒစ်လုပ်ပိုင်ခွင့်ပေးပါ။ ၃။ ကျနှတ်ရေးသမျှစာများ ပို့စ်များအား စတစ်ကီပေးပါ။ ၄။ ကျနှတ်ရေးသော ပို့စ်များတွင် အနည်ဆုံး ကွန်းမန့် ၄ဝရှိပေးရမည်။(ကွန်းမန့်များသည် အိယောင်ဝါး မဟုတ် အမှန်အကန် အပြန်အလှန် ဆွေးနွေးချက်များ ဖြစ်ရမည်) ၅။ သူများပိုစ့်တွင် ကျနှတ်ကွန်းမန့်ပေး မေးမြန်းပါက ပိုစ့်ပိုင်ရှင်က ၄၅ မိနစ်အတွင်း တလေးတစား ပြန်ဖြေရမည်။ ၆။ ကျနှတ်ကွန်းမင့်များ ပို့စ်များအား ပွိုင့်များများပေးရမည်။ ၇။ ရွာထဲတွင် အလှူရှိပါက အလှူခံနေပါက အလှူမထည့်ချင်နေ ဒါက စနစ်ကြောင့် ဘယ်လိုပြုပြင်သင့်တယ် ဘာညာ စသဖြင့် သီအိုရီလိုလို ဒတ်သနလိုလို […]


manawphyulaySeptember 27, 20121min2235
အရောင်းဝန်ထမ်းတွေမှာ ဘာတွေလိုအပ်နေသလဲ။ ဘာတွေ ကွာခြားနေသလဲဆိုတာကို ဆိုင်က ပြန်ထွက်လာပြီး ဝယ်သူများကို ဘာကြောင့် ဆက်ထိန်းထားနိုင်ပြီး တစ်ချို့က လက်လွတ်ဆုံးရှုံးခံသနည်း သုံးသပ်မိတော့ ညံ့ဖျင်းသော လူမှုဆက်ဆံရေးက ၄၉ % နှင့် အာရုံစူးစိုက်မှု လွန်စွာအားနည်းခြင်းက ၂ဝ ရာခိုင်နှုန်းဆိုတဲ့ ၇ဝ % နီးပါးသည် ဆက်ဆံရေး၏ ရလဒ်ဖြစ်ပြီး ပြိုင်ဘက်ထက် ဈေးလျော့ရောင်းခြင်း ၁၅%နှင့် ပြိုင်ဘက်၏ ကုန်ပစ္စည်းထက် အရည်အသွေးသာခြင်း ၁၅ % ဆိုတဲ့ ၃၀%သည်သာ ယှဉ်ပြိုင်ခြင်း၏ ရလဒ်ဖြစ်တာကို တွေ့ရှိရပါတယ်။ ရောင်းချခြင်းဆိုသည်မှာ ကုန်ပစ္စည်းကို ဝယ်သူများက ၎င်း၏အလိုကို ဆန့်ကျင်၍ ဝယ်လိုက်ရသည်ဆိုသည့် ခံစားမှုမျိုး မဖြစ်ပေါ်စေဘဲ ထိုကုန်ပစ္စည်းကို ဝယ်ယူရန် လိမ္မာပါးနပ်စွာ ညွှန်းဆိုခြင်းပင် ဖြစ်ပါတယ်။ တကယ်လို့ ရောင်းချခြင်းသည် ကျွန်မတို့ရဲ့ပင်မလုပ်ငန်းဖြစ်နေခဲ့ရင် […]


manawphyulaySeptember 26, 20121min35710
ဒီနေ့တော့ မနေနိုင်လို့ ပြောချင်တာတွေ ပြောဖို့ တာစူလိုက်တာကတော့ ကျွန်မတို့ နေစဉ် ကြုံတွေ့နေတဲ့ ဈေးရောင်းသူနှင့် ဈေးဝယ်သူတွေရဲ့ ဆက်ဆံရေးကို တင်ပြချင်ပါသည်။ လူတိုင်း နေ့စဉ် ကြုံတွေ့နေရတာတွေကတော့ ဈေးဝယ်ခြင်းနှင့် ရောင်းချခြင်းကဏ္ဍရပ်ပါပဲ။ ဒီလုပ်ငန်းစဉ်ကတော့ လူတိုင်း မကြုံတဲ့သူတွေ ရှိမှာ မဟုတ်ပါဘူး။ ဒီတော့ မြင်တွေ့ကြုံရတာတွေကတော့ ဝယ်သူတွေအပေါ် ဆက်ဆံတဲ့ ရောင်းချသူတွေရဲ့ စိတ်နေစိတ်ထားကို ကျွန်မ သုံးသပ်ကြည့်မိပါသည်။ နေ့တိုင်း တစ်နည်းမဟုတ် တစ်နည်း သင်လည်း တွေ့ဆုံနေရမှာကတော့ သင်ဟာ ဝယ်သူနေရာကနေလား ဒါမှမဟုတ် ရောင်းချသူနေရာကနေလား ဆိုတာကို သုံးသပ်ကြည့်မယ်။ ဝယ်သူနေရာက သုံးသပ်ပြီး ရောင်းချသူတွေ ဘာတွေလိုအပ်နေသလဲဆိုတာ ကျွန်မ နားလည်သလောက် ခံစားကြည့်မိသည်။ တဖြည်းဖြည်းနဲ့ ရောင်းချသူတွေရဲ့စိတ်ထားဟာ ဝယ်သူတွေ အပေါ် ဆက်ဆံတာဟာ အတော် ဆိုးဆိုးဝါးဝါး […]


alinsettSeptember 10, 20121min69119
ကျွန်တော်.. ချစ်သော ရွာသူရွာသားများ.ကို… ကျွန်တော် ဝန်ခံစရာလေးတွေ.ရှိလာပါပြီ။ ကျွန်တော်..ဂေဇက် ထဲမှာ… စာတွေ ရေးခဲ့တဲ ့ကာလ တလျှောက်… ကျွန်တော်.ရေးတဲ ့ပိုစ်တိုင်းလိုလိုကို… ဖတ်ရှု ကြ / ဝေဖန် ဆွေးနွေးကြ / အကြံတွေ ပြုကြ နဲ ့… အင်မတန် စိုစိုပြေပြေ ရှိခဲ့ပါတယ် ။ အဲင်္ဒီလို…. ကျွန်တော့်ကို နွေးထွေးစွာကြိုဆိုပြီး.. အသိမှတ်ပြု.လက်ခံပေးကြလို ့လည်း…. ကျွန်တော်..စာတွေ ဆက်ရေးဖို ့/ အတွေးတွေ.ကို ဆက်တွေးဖို ့..အားအင်တွေ..ပြန်လည်ရရှိပါတယ် ။ ဒါကြောင့်..ဒီလို… ကျွန်တော့်အတွေးနဲ ့ အရေးတွေကို… ဖတ်ရှု./ ဝေဖန် / ဆွေးနွေး./ အကြံပေးကြ သူများ..အားလုံးကို.ကျွန်တော်က ချစ်ခင်လေးစားစွာ.. ကျေးဇူးတင်နေပါတယ်နော် ။ ____________________ ကျွန်တော်..အလင်းဆက် ဟာ […]


လူ့ဘဝက ခဏတာပါဘဲ ……. ဖြတ်သန်းနေရချိန် ကြာရှည် လွန်းလှတယ် ထင်ရပေမဲ့ ကျော်ဖြတ်ပြီးသွားတဲ့ အချိန်တွေ၊ နေရာတွေ၊ မှတ်ရမှုတွေ၊ အကြောင်းအရာတွေနဲ့ အခြားခြားတွေဟာ ပြန်တွေးကြည့်ရင် ခဏလေးနဲ့ ပြီးပြတ်ခဲ့သလိုပါဘဲ။ ကျနော်ဟာ လက်ရှိဘဝတာမှာ အများနဲ့သက်ဆိုင်မှု အားလုံးအတွက် ဧည့်ကြိုဆိုတဲ့ နေရာလေးမှာ ရပ်တည်နေခဲ့ဖူးပါတယ်။ အလုပ်ရခဲ့ပုံက ဒီလိုပါ။ ရဟန်းတို့ … သူမိုက်တို့သည် ဤနှစ်မျိုးတည်း။ အဘယ်နှစ်မျိုးတို့နည်း ဟူမူ (၁) မိမိတို့ မကျရောက်သော တာဝန်ကို ဆောင်ရွက်သော သူသည်လည်းကောင်း (၂) မိမိသို့ ကျရောက်သော တာဝန်ကို မဆောင်ရွက်သော သူသည်လည်းကောင်း ဤနှစ်မျိုးတို့တည်း။ ဗာလဝဂ် ( အင်္ဂုတ္ထိရ် ပါဠိတော် မြန်မာပြန်) ဆရာ သစ္စာနီ၏ တာဝန်နှင့်သူမိုက်  (နွယ်နီမဂ္ဂဇင်း၊ မတ်လ ၂၀၁၀) မှ ကူးယူပါသည်။ ဒီစာလေး ဖတ်မိတာက တစ်ကြောင်း၊ လက်ရှိလဲ မန်းဂဇက်ထဲမှာ […]


si toneAugust 25, 20121min53820
*Si Tone က မိန်းကလေးဖက်ကနေ ရေးထားတာပါ………* ဘာပဲဖြစ်ဖြစ်အားပေးပါနော်…………. တစ်နေ့ Si Tone သိပ်ချစ်ရတဲ့သူက… Si Tone ဆီကို စက်ဘီးလေးနဲ့ လာပြီး လျှောက်သွားဖို့ လာခေါ်တော့ Si Tone သူ ့ကိုချစ်တဲ့စိတ်ကလေးနဲ့ သူ ့စက်ဘီးလေးရဲ့ အနောက်က ထိုင်ခုံးလေး မှာ ထိုင်ပြီး သူခေါ်ရာအနောက် ကိုလိုက်သွားပါတယ်………….. တစ်နေရာရောက်တော့ သူစက်ဘီးလေးကိုရပ်ပီး အဲဒီနေရာလေးသွား စကားပြောမယ်ဆိုပီး Si Tone ရဲ့ လက်ကလေးကို ကိုင်ပြီး အဒီနေရာလေးကိုခေါ်သွားပါတယ်……… အဲဒီနေရာလေးက အပြာရောင်သန်းနေသော ရေကန် ရယ် စိမ်းစိုနေသော သစ်ပင်ကြီး နဲ့ စုံတွဲခုံတန်းလေးရှိပါတယ်…. တကယ်ကိုလှပါတယ်…. ဒါပေမဲ့အဲဒီနေရာလေးက Si Tone အတွက် အဓိပါွယ် မရှိတဲ့နေရာလေးပါ.. Si […]


si toneAugust 23, 20122min86138
Si Tone အထင် အက က လူတွေအတွက် မရှိမဖြစ် လိုအပ်တယ်လိုထင်တယ်….. Si Tone က အက ဝါသနာ ပါတဲ့သူတစ်ယောက်ပါ… Si Toneက အကနဲ့ ပက်သက်ရင် အကုန်ဝါသနာပါ ပါတယ်… အော်…….. မေ့နေလို့…… အက မှာ အမျိုးအစားတွေ အများကြီးရှိပါတယ်……. အဲဒါတွေက… ( ရုးိရာအက ၊ ဘဲလေးအက ၊ b-boy အက ၊ b-girl အက ၊ sexy အက ၊ street အက ၊ rapper အက ၊ k-pop အက ၊ Cha cha အက ၊ Robot […]