ရွာသူရွာသားအပေါင်း သဂျီးကောင်းမှုနဲ့ ရွာထဲမှာ အရည်မရ အဖတ်မရ ဘေးထိုင်ဘိုင်ကျ ဘုတော အတင်းပြောလို့ ကောင်းတုန်း တစုံတယောက်သောသူကတော့ ဒေါ်လာသန်းပေါင်းရာချီ ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပါပြီ။ နယူးယောက်ပြည်နယ် ခေါင်းဆောင်များ ဘတ်ဂျတ်လိုငွေ ယူအက်စ်ဒေါ်လာ၁ဝ ဘီလီလျံ ပြနေတာကို ဖြေရှင်းဖို့ နပန်းလုံးနေတဲ့ နေရာနဲ့ မလှမ်းမကမ်းရှိ အောဘယ်နီမြို့ထဲက အမယ်စုံရောင်း စတိုးဆိုင်လေးသည် စနေနေ့တုန်းက ငွေမိုးရွာချရာ နေရာအဖြစ် ဟိုးလေးတကျော် ဖြစ်သွားသည်။ သောကြာညကဖွင့်တဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၃၁၉သန်းတန် ပေါက်ဂဏန်းကုို ပြည်နယ်လွှတ်တော်ရုံးနှင့် လမ်းအနည်းငယ် ဝေးသော Coulson News Center တွင်ရောင်းလိုက်ရသည်။ မီဂါမီလျံထီသမိုင်းမှာ ပဉ္စမမြောက်အများဆုံး ဆုကြေးပေါက်မဲကို စတိုးဆိုင်မှ ရောင်းလိုက်တယ်ဆိုတဲ့ သတင်း ပြန့်သွားပြီးကထဲက တမနက်လုံး ဖုံးသံမပြတ်မြည်နေပြီး လူအများ စည်ကားနေသည်။ […]