ဒေါ်လာ ၃၁၉သန်းတန် ထီလက်မှတ်တော့ သွားပြန်ပြီဗျို့.. $319M Jack Pot

US Mega Millions Winner

$319M Jack Pot

ရွာသူရွာသားအပေါင်း သဂျီးကောင်းမှုနဲ့ ရွာထဲမှာ အရည်မရ အဖတ်မရ ဘေးထိုင်ဘိုင်ကျ ဘုတော အတင်းပြောလို့ ကောင်းတုန်း တစုံတယောက်သောသူကတော့ ဒေါ်လာသန်းပေါင်းရာချီ ချမ်းသာတဲ့ သူဌေးကြီး ဖြစ်သွားပါပြီ။
နယူးယောက်ပြည်နယ် ခေါင်းဆောင်များ ဘတ်ဂျတ်လိုငွေ ယူအက်စ်ဒေါ်လာ၁ဝ ဘီလီလျံ ပြနေတာကို ဖြေရှင်းဖို့ နပန်းလုံးနေတဲ့ နေရာနဲ့ မလှမ်းမကမ်းရှိ အောဘယ်နီမြို့ထဲက အမယ်စုံရောင်း စတိုးဆိုင်လေးသည် စနေနေ့တုန်းက ငွေမိုးရွာချရာ နေရာအဖြစ် ဟိုးလေးတကျော် ဖြစ်သွားသည်။ သောကြာညကဖွင့်တဲ့ ပထမဆု အမေရိကန်ဒေါ်လာ ၃၁၉သန်းတန် ပေါက်ဂဏန်းကုို ပြည်နယ်လွှတ်တော်ရုံးနှင့် လမ်းအနည်းငယ် ဝေးသော Coulson News Center တွင်ရောင်းလိုက်ရသည်။
မီဂါမီလျံထီသမိုင်းမှာ ပဉ္စမမြောက်အများဆုံး ဆုကြေးပေါက်မဲကို စတိုးဆိုင်မှ ရောင်းလိုက်တယ်ဆိုတဲ့ သတင်း ပြန့်သွားပြီးကထဲက တမနက်လုံး ဖုံးသံမပြတ်မြည်နေပြီး လူအများ စည်ကားနေသည်။ အလွန်များတဲ့ ဆုကြေးကြောင့် ဒီအပတ် ထီရောင်းအားတက်တယ်၊ ဘယ်သူပေါက်သွားသလဲ သူမသိကြောင်း၊ တနင်္လာနေ့ ကြရင် ထီတာဝန်ရှိပုဂ္ဂိုလ်များထံမှ သိနိုင်မယ်ထင်ကြောင်း စတိုးမန်နေဂျာမှပြောသည်။ သူ့ဆိုင်မှာ ရုံးအမှုထမ်း အများအပြား ဝယ်ယူအားပေးကြသည်။
စတိုးဆိုင်မှာ အရင်က ဒေါ်လာ၃.၅သန်းတန် ပြည်နယ်ထီ ပေါက်ဖူးကြောင်း၊ ယခုလောက် ကြီးမားတဲ့ ဆုမဲတော့ မဟုတ်ကြောင်းပြောသည်။ ဘယ်သူပေါက်ပါစေဆိုတဲ့ ပုဂ္ဂိုလ်ခွဲခြားတဲ့ စိတ်ဆန္ဒလည်း သူ့မှာမရှိဘူး။ ဆုကြေးငွေကို အကျိုးရှိရှိ ကောင်းတဲ့ဖက်မှာ အသုံးပြုသူဖြစ်ပါစေလို့သာ မျှော်လင့်ကြောင်း စတိုးမန်နေဂျာက ပြောသည်။
ထီလက်မှတ်အရောင်း ပိတ်အပြီးမှာ နှစ်စဉ်ထုတ်ယူလျင်ရမဲ့ ဆုကြေးသည် ဒေါ်လာ၃၁၉သန်း ဖြစ်ပြီး ငွေသားတလုံးတခဲ ထုတ်ယူလျင် ဒေါ်လာ၂၀၂.၉သန်း ရှိသည်။ ထီဖွင့်ပွဲကို ၄၁ပြည်နယ်၊ ကိုလံဘီယာခရိုင်နှင့် ယူအက်စ်ဗာဂျင်ကျွန်းတို့တွင် ကျင်းပသည်။ (အမေရိကန်တွင် ပြည်နယ်၅ဝနှင့် ကိုလံဘီယာခရိုင် ပါဝင်သည်) မီဂါမီလျံသမိုင်းတွင် အကြီးဆုံး ဆုကြေးမှာ မတ်လ ၂၀၀ရတွင် ပေါက်သွားသော ဒေါ်လာ၃၉ဝသန်း ဖြစ်သည်။
ယခုပေါက်သော ဆုကြေးကတော့ ကံထူးရှင် တဦးထဲ အများဆုံးရသော ဆုကြေးအဖြစ် မီဂါထီဆုကြေး သမိုင်းတွင် ထူးခြားပြီး၂၀၀၅ခုနှစ် နိုဝင်ဘာလတုန်းက တဦးထဲ ရသွားသော ဒေါ်လာ၃၁၅သန်းထက် များသည်။ ဒီဇင်ဘာလမှစပြီး ပြည်နယ်လွှတ်တော် အဆောက်အဦး အနားတွင် ဒုတိယအကြိမ် ကြီးကြီးမားမားပေါက်ခြင်း ဖြစ်သည်။ ခရစ်စမတ်နေ့ကဖွင့်သော ဒေါ်လာ ၄၈.၈သန်းတန် ပါဝါဘောဆုလက်မှတ်ကို အောဘနီမြို့မှ မိုင်၃ဝ ဝေးသော စာရာတိုဂါနယ်မြေတွင် နေထိုင်သူ စုံတွဲတတွဲ ပေါက်ခဲ့သည်။
မီဂါထီလောင်းကစားကို နယူးယောက်ပြည်နယ်တွင် စတင်သော ၂၀၀၂ခုနှစ် ကစပြီး ပြည်နယ်တွင် ၂၄ကြိမ် ဆုကြီးပေါက်ဂဏန်း ထွက်သည်။ သောကြာနေ့ထီဖွင့်ပွဲ ပေါက်ဂဏန်းများမှာ ၂၂-၂၄-၃၁-၅၂-၅၄ + မီဂါနံပါတ် ၄ ဖြစ်သည်။ ထီပေါက်သူသည် တနှစ်အတွင်း ဆုကြေးကို တောင်းဆိုပိုင်ခွင့် ရှိပြီး ပထမဆု Jack Pot ကို ၂၅နှစ်ကြာ နှစ်စဉ်ခွဲဝေယူခွင့် သို့မဟုတ် တကြိမ်ထဲအပြတ် ငွေသားထုတ်ယူခွင့်ရှိသည်။
Mega Millions ticket worth $319M sold in New York
By MICHAEL VIRTANEN, Associated Press Michael Virtanen, Associated Press – Sat Mar 26, 11:45 am ET
http://news.yahoo.com/s/ap/20110326/ap_on_re_us/us_mega_millions_winner
ALBANY, N.Y. – Just down the hill from where New York’s leaders are wrestling with a $10 billion deficit, a tiny variety store in downtown Albany was abuzz Saturday with talk of a financial windfall.
The winning ticket for Friday night’s $319 million Mega Millions lottery jackpot was sold at Coulson’s News Center, just blocks from the New York Capitol building, a lottery official announced.
The phone rang non-stop Saturday morning, and a steady stream of customers passed through the newsstand and magazine shop to get coffee, the daily paper and, of course, lottery tickets, as word spread that the store sold the fifth-largest jackpot in Mega Millions history.
Store manager Steve Gallucci said lottery sales were up this week with the skyrocketing jackpot, but he didn’t know yet who won. He expects to find out Monday from gaming officials.
“A lot of office people come in,” he said. “A lot of regulars.”
Coulson’s, which opened in 1895, sits on a broad avenue across the street from the massive Gothic-style D&H Railroad’s former headquarters and just around the corner from Jack’s Oyster House, a storied restaurant where Albany’s power brokers have for decades wandered down the hill from the ornate Capitol to cut deals over dinner and drinks.
The newsstand, with an unremarkable storefront adorned with signs advertising beer, cigarettes and other standard convenience store fare, is a regular stop for state employees who dominate the work force here.
Gallucci said the store had a $3.5 million state Lotto winner before, but nothing this big.
He said he has no preference who he hoped would win.
“I just hope it is somebody who’s going to use the money in a good way,” he said.
The final sales numbers pushed the annuity value of the prize to $319 million, with a cash value of $202.9 million, for the drawing that includes 41 states, the District of Columbia and the U.S. Virgin Islands.
The largest jackpot in Mega Millions history was $390 million in March 2007, and there have been three others higher than Friday’s prize.
But the most recent winning ticket has the distinction of being the largest jackpot for a single winning ticket in the game’s history, eclipsing one worth $315 million that was sold in California in November 2005.
It’s the second big lottery win around New York’s Capitol since December. A couple from Saratoga County, about 30 miles north of Albany, won a $48.8 million Powerball jackpot on Christmas Day.
The Mega Millions jackpot-winning ticket has been sold in New York 24 times since the game started in the state in 2002.
The earliest the winner, or winners, can claim the prize is Monday, because lottery offices in Schenectady are closed for the weekend, New York Lottery spokeswoman Carolyn Hapeman said.
The winning numbers in Friday’s drawing were: 22, 24, 31, 52, and 54, and 4 as the Mega ball.
Hapeman said the winner has a year from the date of the drawing to claim the prize and that the holder of the winning jackpot ticket has the option of taking the prize over 25 years or as a cash payout.

7 comments

  • nature

    March 27, 2011 at 6:09 pm

    သိတာနောက်ကျသွားလို့မထိုးဖြစ်လိုက်ဘူး။

  • char too lan

    March 28, 2011 at 5:49 am

    ၂၂-၂၄-၃၁-၅၂-၅၄ ဆိုတော့ ….
    ဟိုဟာနဲ့ပေါင်း ဒီဟာနဲ့ နှုတ်လိုက်ရင် ……
    သေချာတယ် တစ်ကွက်ထဲပဲ အာစရာမလိုဒေါ့ဘူး 🙂

  • ogga

    March 28, 2011 at 3:19 pm

    အဲဒီ ထီကို မြန်မာနိုင်ငံကနေ ထိုးလို့ရသလား?

  • mG

    March 28, 2011 at 5:21 pm

    ထီဆုကြီးတွေထဲမှာ ဒီတခေါက်ကတော့ အရူးဖြစ်လောက်အောင် လူတွေကို ဆွဲဆောင်ထားတဲ့ ဆုကြေးပဲဗျ။တော် တော် စိတ် လှုပ် ရှား စ ရာ ပဲ နော် ။ ပေါက် တဲ့ လူ က တော့ တော် တော့ ကို စိတ် ထိန်း ထား မှ ရ မှာ ။ အ ပျော် မ လွန် ဖို့ ပေါ့ ။ရူး သွား မှာ တောင် ကြောက် ရ တယ်။ ကိုကြောင်ကြီး
    ရေကျေးဇူးတင်ပါဗျာ။

  • MaMa

    March 29, 2011 at 12:24 am

    သူတို့ဆီက ဆုထုတ်ပေးပုံကလည်း နှစ်ရှည်စီမံကိန်းနဲ့ဆိုတော့ တစ်မျိုးကောင်းတယ်။ မြန်မာပြည်မှာလို ထီပေါက်ပြီး ငွေအများကြီး တစ်ခါတည်းရ။ လုပ်ချင်တာတွေ လျှောက်လုပ်ပြီး ခဏလေး (၁နှစ် ၂နှစ်လောက်) နဲ့ အရင်ဘဝမျိုး ပြန်ရောက်သွားတာမျိုးတွေ သိပ်မရှိတော့ဘူးပေါ့။

  • nature

    March 29, 2011 at 1:29 pm

    ogga ရေမြန်မာနိုင်ငံကနေထိုးချင်ရင်တော့သူကြီးကိုအကူအညီတောင်းလိုက်ပါ။ ကျွန်တော့်ယောက်ဖက အမေရိကန်မှာရှိတော့ Gtalk နဲ့လှမ်းမှာလို့ရတယ်။ ကျွန်တော်က နံပါတ်စိုက် ယောက်ဖက ငွေစိုက် ပေါက်ရင် တစ်ယောက်တစ်ဝက်ပေါ့။

Leave a Reply