တရုတ်ကူမြူနစ်ကေဒါ ကြေးမုံဂျီးအဘိုး ရုရှားနိုင်ငံနဲ့ ပတ်သက်ပြီး ဆိတ်ဝင်စားဖွယ် မြက်ခင်းလေးတခုတွေ့လို့ ရွာသူသားများ သဟုတုဗ ဖြစ်စေဂျင်းငှာ ဘာသာပြန် ဝေငှပါသည်။ အမယ်မင်းရယ်ဒဲ့မှ… ရုရှားနိုင်ငံ အိမ်ထောင်စုအလိုက် ချမ်းသာကြွယ်ဝမှု ၃၅%သည် လူ ၁၁ဝ လက်ထဲတွင် ရှိနေသဖြင့် ကာရစ်ဘီယံ ကျွန်းနိုင်ငံ အနည်းစုမှလွဲလျင် ကမာ္ဘပေါ်တွင် မညီမျှမှု အမြင့်ဆုံးစံချိန် တင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီးတခု၏ အစီရင်ခံစာတွင် ဖော်ပြသည်။ နှိုင်းယှဉ်ကြည့်လျင် ကမာ္ဘအနှံ့ရှိ ဘီလျံနာများသည် စုစုပေါင်း ကြွယ်ဝမှု ၁-၂%မျှသာ ထိန်းချုပ်ထားနိုင်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ဝေသော ခရက်ဒစ်ဆွိစ်ဘဏ် အစီရင်ခံစာမှ ဆိုသည်။ ဓနဥစ္စာတန်ဖိုး ဒေါ်လာ၁၁ဘီလျံ ရှိတိုင်း ရုရှားဘီလျံနာတယောက်နှုန်း ထွက်သည်ဆိုလျင် ကျန်ကမာ္ဘ၌ ဒေါ်လာ ၁၇ဝဘီလျံ တယောက်နှုန်းသာ ရှိသည်။ (ကမာ္ဘ့ချမ်းသာကြွယ်ဝမှုကို ဘီလျံနာဦးရေနဲ့ စားပြတာ […]


Ma MaOctober 13, 20131min40624
၁၃. ၁၀. ၂၀၁၃ တနင်္ဂနွေနေ့ နံနက် ၉း၃ဝ နာရီမှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့်၊ ပန်ဒါဟိုတယ်တွင် ဘေးကင်းလုံခြုံ၍ ပြည်သူများ စိတ်ချစွာ စားသုံးနိုင်သော ရေကျိုငါးပိဈေးကွက်ကြီးတစ်ခု ဖြစ်ပေါ်လာရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။     အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်လုပ်ငန်းရှင်များအသင်း (ယာယီ)က တာဝန်ယူပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းက ကြီါ်မှုး၍ ကျင်းပပြုလုပ်ခဲ့ပါတယ်။   တိုဆွေးနွေးပွဲသို့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊  ရေကျိုငါးပိလုပ်ငန်းရှင်များ၊ ဆက်စပ်လုပ်ငန်းရှင်များ၊ စားသုံးသူပြည်သူများ၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းဥက္ကဌနှင့် အသင်းဝင်များ၊ မီဒီယာသမားများ တက်ရောက်ခဲ့ကြပါတယ်။     ရေကျိုငါးပိပြုလုပ်ရာမှာ ဓာတ်မြေဩဇာထည့်သွင်းပြုလုပ်သဖြင့် စားသုံးရန်မသင့်ကြောင်း မီဒီယာများမှတဆင့်  လူထုအကြားသို့ ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိနေသည့်ကိစ္စနှင့်ပတ်သက်ပြီး ထုတ်လုပ်သူ၊ စားသုံးသူကာကွယ်ရေးအသင်းနှင့် စားသုံးသူများက ရှု့ထောင့်ပေါင်းစုံမှ […]


အမေရိကန်နိုင်ငံ ပြည်ထောင်စု ဗဟိုဘဏ်မှ အင်္ဂါနေ့တွင် ပုံစံအသစ်နှင့် ပိုတိကျကောင်းမွန်သည့် လုံခြုံရေး အစီအမံများပါသော ဒေါ်လာ၁၀ဝ ငွေစက္ကူ အသစ်ကို စတင်ထုတ်ဝေသည်။ နဂိုမူလ စီစဉ်ထားချိန်ထက် ၂နှစ်ကျော်ကြာ နောက်ကျ ထုတ်ဝေခဲ့ခြင်းလည်း ဖြစ်သည်။ ၁၀ဝတန် ဒီဇိုင်းအသစ်ကို ၂၀၁၂ခုနှစ်တွင် ထုတ်ပြန်ထားခဲ့သော်လည်း ထုတ်လုပ်ရေး နှောင့်နှေးမှုများကြောင့် အမှန်တကယ် ထုတ်ဝေမည့်နေ့ နောက်ဆုတ်လိုက်ရသည်။ ၂၀၁ဝ ဒီဇင်ဘာလတွင်း ပုံနှိပ်နေဆဲ ငွေစက္ကူသစ် တွန့်ကြေ သွားသဖြင့် မူလစီစဉ်ထားသည့်အတိုင်း ၂၀၁၁ခုနှစ်တွင် ရာတန်သစ် ထွက်မလာနိုင် ဖြစ်ခဲ့ရသည်။ နောက်ဆုံး ပြင်ဆင်ထားသော ၁၀ဝတန် ဒီဇိုင်းအား ၁၉၉၆ခုနှစ် မတ်လတွင် စတင်ထုတ်ဝေခဲ့သည်။ ခေတ်မှီ အဆင့်မြင့် ရာတန်စွင့် လူတိုင်းမှတ်မိတဲ့ ဘန်ဂျမင် ဖရန်ကလင် မျက်နှာပဲ ဒီဇိုင်းအသစ်တွင်း ဆက်သုံးထားပေမဲ့ ဘဲဥအဝန်းမျဉ်းလိုင်း […]


ဇီဇီOctober 9, 20132min28795
  စင်ကာပူနိုင်ငံသို့လာရောက်လည်ပတ်ရန်(မြန်မာနိုင်ငံသားများ)အတွက် Visa (ဗီဇာ ပြည်ဝင်ခွင့်)လုပ်ရန်လိုအပ်သည်။ ဗီဇာကို ၂မျိုးလျှောက်ထား နိုင်သည်။ (၁) မြန်မာနိုင်ငံရှိ စင်ကာပူသံရုံးသို့ သွားရောက်လျှောက်ထားခြင်း (၂) အွန်လိုင်းမှလျှောက်ထားခြင်း   (၁) သံရုံးတွင် လူကိုယ်တိုင်သွားရောက်လျှောက်ထားမည်ဆိုလျှင်  (i) သက်တမ်းခြောက်လကျော်ကျန်ရှိသည့် နိုင်ငံကူးလက်မှတ် Passport  (ii) စင်ကာပူနိုင်ငံသား (သို့မဟုတ်) အမြဲတမ်းနေထိုင်ခွင့်ရသူ PR (သို့မဟုတ်) စင်ကာပူနိုင်ငံမှ အဖွဲ့အစည်း၊ ကုမ္ပဏီ၊ လူပုဂ္ဂိုလ်၏ ခေါ်စာနှင့် I.C (Identification Card) မိတ္တူ (iii) လေယာဉ်လက်မှတ် အသွားအပြန် (နှစ်လ နေမည်ဆိုလျှင် ၃လ လက်မှတ်ဝယ်ပါ၊ လေးငါးရက် နေမည်ဆိုလျှင် နှစ်ပတ်လက်မှတ်ဝယ်ပါ)  (iv) Application Form for a Visa (Form IMM […]


မြန်တျန့်ပြည်ဂျီးမှာ အကြွေးဝယ်ခွင့် ခရက်ဒစ်ကတ် ခေတ်စားလာဒေါ့မှာမို့ ဒီနေ့ အီးဟောင်းဒေါ့ကွန်းမှာ တင်ထားတဲ့ “သေသူ ခရက်ဒစ်ကတ်အကြွေး မည်သူပေး” သဟုတုဗဖြစ်ဖွယ်စာကို စေတနှာနဲ့ ဘာသာပြန် ဝေငှ လိုက်ပါဒယ်။ မိမိ ခြစ်ခင်ကြင်နာသူကို ဆုံးရှုံးရလို့ ဝမ်းနည်းကြေကွဲ ဖြစ်တုံးမှာ တပူပေါ် နှစ်ပူဆင့် ကျန်ရစ်သူများ အနေနဲ့ နောက်ထပ် ဆိတ်မကောင်း ဖြစ်စရာ ကြုံရတာ ပြပါဆို အကြွေးလာတောင်းသူ ဖြစ်ပါတယ်။ (debt collector ခေါ်သဗျ.. ဒင်းရို့ကလည်း သူ့ပညာနဲ့သူ… ဖုံးတဂွမ်ဂွမ်ဆက် စာတဂျီဂျီပို့ပေါ့ဗျာ။ အကြွေးမဆပ်ဘဲ လစ်ပြေး သွားရင်တော့ သူ့ဆိုရှယ်နံပါတ်နဲ့ ရေမြေအဆုံး လိုက်ပေဒေါ့၊ ကမာ္ဘမကြေစဒမ်း..။ ဖုံးဆက်ရင် လေသံအမျိုးမျိုး တဖက်သား အခြေအနေကြည့် ပြောရတယ်။ ချော့သင့်တန်ချော့ ခြောက်သင့်တန်ခြောက်၊ ရသလောက် နှိုက်ယူဂျပါဒယ်။ ဟိုကလည်း […]


ဇီဇီSeptember 25, 20131min28417
လေယာဉ်ပေါ်မှာဝေတဲ့ အဖြူရောင်ကတ်ပြားလေး (သို့မဟုတ်) White Card ခေါ် (Disembarkation / Embarkation) DE Card အကြောင်း White Card (ဝှိုက်ကတ်) ဆိုသည်မှာ ပြည်ပသို့သွားရောက်တိုင်း အဆိုပါ နိုင်ငံသား (သို့မဟုတ်) နေထိုင်လုပ်ကိုင်နေသူ မဟုတ်သော၊ အလည်အပတ် လာသူများ ဖြည့်ရသည့် သုံးခေါက်ချိုး ကတ်ပြားဖြစ်သည်။ လေယဉ်ပေါ်တွင် အခမဲ့ဝေသည့် အဆိုပါကတ်ကို လေယဉ်ပေါ်တွင် ပြည့်စုံအောင်ဖြည့်ပြီး လေယဉ်ပေါ်မှဆင်းသည့်အခါ လူဝင်မှုကြီးကြပ်ရေး (Immigration) ကောင်တာတွင် ပတ်စ်ပို့ (Passport) နှင့်အတူပြရသည်။  ဖြည့်ရမည့်အချက်အလက်များမှာ အမည်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ မွေးသက္ကရာဇ်၊ နိုင်ငံသား၊ တည်းခိုမည့်နေရာ၊ နေထိုင်မည့်ကာလ၊ စသည် တို့ဖြစ်သည်။ သတိပြုရန်မှာ အချက်အလက်အားလုံးကို အက္ခရာစာလုံးအကြီး (Block Letter, e.g, A […]


manawphyulaySeptember 20, 20131min1181
လူတိုင်း အရွယ်ရောက်လာရင် အလုပ်လုပ်ကြရမှာ ဖြစ်ပါတယ်။ အလုပ်လုပ်ပြီးဆိုရင်ဖြင့် ကိုယ် ဘယ်နေရာမှာ ဘာအပိုင်းကို တာဝန်ယူလုပ်ဆောင်ရမှာလဲ။ ဘာတွေပြင်ဆင်ထားရမလဲ။ တချို့ကျပြန်တော့ တဖြည်းဖြည်း အသက်သာ ကြီးလာတာ ဘာအလုပ်မှမလုပ်ဘဲ သင်တန်းတွေပဲ တက်နေသူများ ဒုနဲ့ဒေးပါပဲ။ မည်သူမဆို လိုအပ်ချက်များကတော့ အနည်းနဲ့အများ ရှိနေကြမှာ အမှန်ပါပဲ။ ဒီလိုလိုအပ်ချက်များကို လုပ်ငန်းခွင်ဝင်ရင်းဖြင့် သင်ယူသွားရင်လည်း ရနိုင်ပါတယ်။ ဒီလိုပဲ အောင်မြင်တိုးတက်ဖို့အတွက် ကြိုးစားမှုကိုလည်း သင်ယူလေ့လာနေခြင်းကနေ အောင်မြင်မှု ပန်းတိုင်ကို အရောက်သွားရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူတချို့ရဲ့ အတွေးအခေါ်ကျပြန်တော့ အလုပ်တစ်ခုရရှိပြီဆိုရင် သင်ယူလေ့လာဖို့ မလိုတော့ဘူးလို့ တွေးထင်ကောင်း တွေးထင်တတ်ကြပါတယ်။ သင်လည်း ဒီလိုအယူအဆ ခေါင်းထဲဝင်လာရင်တော့ အမြန် နှင်ထုတ်သင့်ပါတယ်။ သင်က လက်ရှိအနေအထားမှာ ရပ်တန့်မနေချင်ဘူးဆိုရင်တော့ အမြဲသင်ယူပါ။ လေ့လာပါ။ စူးစမ်းပါ။ သင်ယူရုံနဲ့ […]


ဇီဇီSeptember 18, 20133min42417
  စင်ကာပူမှာ အလုပ်လာရှာတော့မယ်ဆိုရင် (၂) If you come to Singapore for job hunting (2) နေထိုင်စရာ အိမ်အရင်ရှာ  စင်ကာပူမှာ အလုပ်လာရှာတဲ့အခါ အဓိကလိုအပ်သည်မှာ နေထိုင် စရာ အိမ်ဖြစ်ပါသည်။ ဆွေမျိုး၊ အသီမိတ်ဆွေ ရှိလျှင် ကိစ္စမရှိပါ။ မရှိလျှင် နေစရာအိမ် စီစဉ်ထားရန်လိုအပ်ပါသည်။ စင်ကာပူတွင် ဆွေမျိုး၊ အသိမိတ်ဆွေ ရှိလျှင် ယင်းတို့အိမ်တွင်နေထိုင်ရန် အရင်မေးမြန်းပါ၊ အဆင်မပြေပါက မိမိ အတွက် အခန်းဌားထားပေးဖို့ အကူအညီတောင်းပါ။ H + M တွင်လည်း short term အခန်းကြော်ငြာများတင်ပေးပါမည်။ H + M Page ကိုအမြဲကြည့်ပါက သိနိုင်ပါသည်။ (H + M […]


manawphyulaySeptember 17, 20133min1523
Center for Vocational Training (CVT) Vacancy Announcement The Center for Vocational Training, with school facilities and office in Yangon provides vocational training according to the dual apprenticeship model in Switzerland, which combines Practice with Theory. CVT works closely with a wide range of training companies.We are recruiting for 80~100% job the one who can work […]


ဇီဇီSeptember 11, 20133min34113
1) Passport & Visa ပတ်စ်ပို့ နှင့် ဗီဇာ ပထမဆုံး ပတ်စ်ပို့လုပ်ရပါသည်။ ဒါကို လူတိုင်းသိပြီးသားဖြစ်ပါသည်။  ပတ်စ်ပို့ရပြီးလျှင် စင်ကာပူ Visa (ဗီဇာ) လျှောက်ရပါသည်။  ဗီဇာသည် သံရုံးဗီဇာ နှင့် စင်ကာပူ (Immigration Checkpoint Authority)  ICA, (လူဝင်မှုကြီးကြပ်ရေး) မှပေးသော e-Visa ဟူ၍ (၂) မျိုးရှိပါသည်။ e-Visa သည် အချိန်မကုန်၊ အလုပ်မရှုပ်ပါ။ Multiple Entry (စင်ကာပူသို့ ၃လအတွင်း အကြိမိကြိမ်ဝင်ထွက်နိုင်)သောကြောင့် အကယ်၍ နေထိုင်ခွင့်ရသည့် ၂ လအတွင်း အလုပ်မရ၍ မလေးရှားသို့ စတေးရှောင်လျှင်လည်း ပြန်သုံးလို့ရပါသည်။ (ဗီဇာထပ် မလျှောက်ရတော့ပါ။) အသေးစိတ်ကို http://www.facebook.com/HplusMPage “Singapore Visa & Stay […]


ムラカミSeptember 10, 20131min43729
ရန်ကုန်မှာ ၂နှစ် တိုကီယို ၂နှစ် နာဂိုရွာ ၂နှစ်. စုစုပေါင်း ၆နှစ်အလုပ်လုပ်ခဲ့တဲ့ကန်ပနီက ခုပဲထွက်ခဲ့ပီဖစ်ပါကြောင်း အနာဂတ်ကို ဘာမှမမြင်ထားပါကြောင်း. ကျားမေမေကို လက်ထပ်တော့မှာဖြစ်ကြောင်း အမျိုးတွေကိုအသိပေးလိုက်ပါကြောင်း


San Hla GyiSeptember 6, 20131min69668
ကြာတော့ ကြာပါပြီ။ လွန်ခဲ့သော နှစ်အတော်ကြာက ဆိုပါတော့။ ထိုနေ့က အလုပ်ပိတ်ရက် ဖြစ်သဖြင့် ကိုယ့်ဘာသာကိုယ် အပြင်မသွားတော့ပဲ ရေဒီယိုဖွင့်ပြီး ငြိမ့်နေမိသည်။ မှတ်မှတ်ရရ ဖွင့်ထားသည်က RFA အစီအစဉ် ဖြစ်ပါသည်။ ထိုစဉ်က ထိုအစီအစဉ်များမှာ ပြည်တွင်းတွင် အတော်လေး ကြောက်ရသော အစီအစဉ်များ ဖြစ်ပါသည်။ ယခုကဲ့သို့ လွတ်လပ်စွာ နားမထောင်နိုင်သေး ဆိုပါတော့။ အချို့ဆို အသံလည်း ကျယ်ကျယ် မဖွင့်ရဲကြ။ အိမ်ထဲ ကျိတ်နားထောင်ရသည် ဆိုသော အသံလွှင့် အစီအစဉ်များ ဖြစ်ပါသည်။ အသံမိပြီးစ နားထောင်ကာစပင် အိမ်ရှေ့မှ အသံကြားရသည်။ အိမ်ရှေ့သာ ဆိုသော်လည်း တကယ်တော့ ကိုယ့်အခန်းနဲ့ ဧည့်ခန်းမှာ နီးနီးလေးပဲ။ “အကိုရေ ဧည့်သည်လာတယ်ဗျ”  လှမ်းခေါ်လိုက်သူက အလည်ရောက်နေသည့် ညီဝမ်းကွဲလေး။ ဒါနဲ့ ဘယ်သူပါလိမ့် […]


kaiAugust 30, 20131min35916
ကျွန်တော့်ဘဝမှာ အလုပ်တွေအများကြီး လုပ်ကိုင် ခွင့်ရခဲ့ပါတယ်။ ပြည်တွင်းမှာရောပြည်ပမှာပါ အလုပ်မျိုးစုံ။ ဒီအလုပ်တွေအထဲမှာ ကျွန်တော်အခင်မင်ဆုံးအလုပ်က ကျောင်းဆရာအလုပ်ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာရေးဝန်ထမ်းတစ်ယောက်အနေနဲ့ လုပ်ခဲ့ရတာကို ကျေနပ်တယ်၊ သဘောကျတယ်။ ဒါကြောင့်လည်း အခုအချိန်ထိ အခွင့်ရတိုင်းစာသင်တယ်၊ ဟောပြော တယ်၊ ဆွေးနွေးတယ်။ ပညာရေးလောကကြီးဟာ အခုခေတ်မြန်မာနိုင်ငံမှာ ရေပန်းစားနေတာ တွေ့ရတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ဆွေးနွေးနေကြတယ်။ ကွန်ရက်တွေလည်း အများကြီးပဲ။ နေပြည်တော် မှာလည်း မကြာခဏ အစည်းအဝေးတွေ၊ အလုပ်ရုံဆွေးနွေး ပွဲတွေ လုပ်နေကြတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လည်း အခုလိုပဲ ဦးစားပေးပြီး တိုင်ပင်နေကြတယ်။ ဆွေးနွေးနေကြတယ်၊ ရန်ကုန်တက္ကသိုလ်နဲ့ ပတ်သက်ပြီး လည်း ပြောနေကြတယ်။ အခုလိုဖြစ်လာတာကို ကျွန်တော့်အနေနဲ့ ကြိုဆိုမိပါ တယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ ပြောကြ၊ […]